Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ryu Seung-su
6.7
All for Love (2005)
All for Love (2005) ********************IMDb 6.7 ရှိပြီး နာမည်ကြီး မင်းသမီးကြီး Uhm Jung Hwan နဲ့ မင်းသားကြီး Hwang Jung Min တို့ ပါဝင်ထားတဲ့ အချစ်၊ဟာသ ဇာတ်လမ်းလေးတစ်ခု တင်ဆက်ပေးချင်ပါတယ်…။အားလုံးရဲ့အချစ်တော် Jung Kyung Ho ရဲ့ ပွဲဦးထွက်ရုပ်ရှင်လည်းဖြစ်သလို မင်းသမီး Kim Yoo Jung ကလည်း ကလေးသရုပ်ဆောင်အနေနဲ့ ပါဝင်ထားပါသေးတယ်…။ဒီဇာတ်လမ်းလေးကတော့ ဆိုးလ်မြို့ရဲ့ တစ်ပတ်တာအတွင်း ဖြစ်ပျက်တဲ့ အဖြစ်အပျက်တွေကို ဖန်တီးထားတာဖြစ်ပါတယ် ..ပုံတုံးတုံးစုံထောက်နာနဲ့ စိတ်ပညာရှင်ဟောယူဂျောင်တို့ရဲ့အချစ်ဇာတ်လမ်း...။ငွေကြေးအခက်အခဲတွေ အကြွေးတွေနဲ့ပြည့်နေတဲ့ ညားခါစစုံတွဲ ချန်းဟူနဲ့ ဆွန်းအယ်တို့ရဲ့ ဇာတ်လမ်း…။စိတ်ဝေဒနာကြောင့် ကုသမှုခံနေရတဲ့ အရင်က သီလရှင်ဖြစ်ခဲ့ဖူးတဲ့ ဆူဂယောင်းနဲ့ .. ရောဂါကြောင့် အိပ်ရာထဲလဲနေရတဲ့ နာမည်ကြီးအဆိုတော် ဂျောင်ဟွန်းတို့ရဲ့ အချစ်ဇာတ်လမ်း…။ဘတ်စကတ်ဘောကစားသမား ဘတ်ဆောင်းဝမ်နဲ့ ရောဂါသည်သမီးရဲ့ သံယောဇဥ်...။အချစ်ကို စတင်တဲ့သူတွေ၊ အချစ်တစ်ခုကို အဆုံးသတ်တဲ့သူတွေ၊ ပျော်ရွှင်စရာ၊ ဝမ်းနည်းစရာတွေနဲ့ လူပေါင်းများစွာရဲ့ တစ်ပတ်အတွင်း ဖြစ်ပျက်သွားတဲ့ ...
movie
All for Love (2005)
7.0
Happiness (2007)
Happiness (2007)*****************IMDb..... 7.0 ဒီတစ်ခါမှာတော့ Hwang Jung-min၊ Im Soo-jung နဲ့ Gong Hyo-jin တို့လို တကယ့် ထိပ်တန်းသရုပ်ဆောင်တွေပါဝင်ထားပြီး သူ့ခေတ်သူ့အခါတုန်းက ရုံဝင် အရမ်းကောင်းခဲ့တဲ့ Happiness ဆိုတဲ့ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ပြိုးပြိုးပြက်ပြက် မီးရောင်တွေအောက်က ကလပ်ပိုင်ရှင် ယောင်းဆူ...ကလပ်ပိုင်ရှင်ပီပီ အရက်၊ဆေးလိပ် အကုန်သောက်ရာကနေ အသည်းခြောက်ရောဂါကဖြစ် စီးပွားရေးကလည်းတစ်စတစ်စ ဆုတ်ယုတ်လာပြီး နောက်ဆုံး နယ်မြို့လေးမှာရှိတဲ့ စောင့်ရှောက်ရေးဂေဟာမှာ နေဖို့ဖြစ်လာတော့တယ်။ယောင်းဆူ စောင့်ရှောက်ရေးဂေဟာကို ရောက်လာပြီးနောက်မှာပဲ အဲဒီမှာရှိနေတဲ့ နာတာရှည်အဆုတ်ရောဂါသည်လေးအွန်ဟီးနဲ့ လူငယ်ချင်း သဘောကျရာကနေ နှစ်ယောက်အတူ အပြင်ထွက်နေဖို့ လုပ်ပါတော့တယ်။ရောဂါသည်နှစ်ယောက် တစ်အိုးတစ်အိမ် ထူထောင်တာ အဆင်ပြေပါ့မလား..မြို့ကြီးသားယောင်းဆူကရော နယ်ဘက်မှာ သူနေခဲ့တဲ့ ဘဝနဲ့ လုံးဝ မတူတော့တဲ့ ဘဝတစ်ခုမှာ နေနိုင်မှာလား..ယောင်းဆူရဲ့ ရည်းစားဟောင်း ဆူယွန်းပေါ်လာတဲ့အခါမှာရော ဘယ်လိုတွေဆက်ဖြစ်မှာလဲဆိုတာတွေကိုသရုပ်ဆောင်ချက် အမိုက်စားတွေနဲ့ လှလှပပ ပုံဖော်ထားတဲ့ကားလေးဖြစ်တဲ့အတွက် ကြည့်ကြည့်လိုက်ပါဦးနော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ MMyo ပဲ ဖြစ်ပါတယ်။) File ...
movie
Happiness (2007)
7.4
The Front Line (2011) Go-ji-jeon
The Front Line (2011)IMDb Rating (7.4) / Rotten Tomatoes (69%) ဒီဇာတ်ကားအညွှန်းမရေးခင်ပြောချင်တာတခုရှိသေးတယ်ဒီဇာတ်ကားကိုကြည့်ပြီးမှ အိမ်ကအဒေါ်တွေဘာလို့ကိုရီးယားကားကို အငမ်းမရကြည့်လဲဆိုတာကို ကိုယ်ချင်းစာမိသွားတယ်။အရင်က ကိုရီးယားကားဆိုမကြည့်ဖြစ်ဘူး။ ဒီဇာတ်လမ်းထဲမှာ ၁၉၅၀ ဝန်းကျင်တောင်မြောက်ကိုရီးယားစစ်ပွဲကိုအခြေခံပြီးရိုက်ကူးထားတယ်။၂နိုင်ငံ အပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်မထိုးခင် အရို ကေတောင်ကုန်းနဲ့ပါတ်သက်ပြီး ၂ဖက်ခေါင်းဆောင်တွေအငြင်းပွါးကြတယ်။ ဒီတောင်ကုန်းကို ၂ဖက်တပ်တွေအလုအယက်သူတပြန်ကိုယ်တပြန်သိမ်းနေရင်းနဲ့မှနောက်ဆုံးဘယ်လိုဇာတ်သိမ်းသွားမလဲ။တောင်ကိုရီးယားတွေဘက်က မိကျောင်းတပ်ခွဲကဒီတိုက်ပွဲကိုအဆုံးထိတိုက်ရပြီးနောက်ဆုံးသူတို့ဘယ်လိုတွေဇာတ်သိမ်းသွားကြလဲ?အသက်ရောရှင်ရဲ့လား?တောင်ကုန်းလေးရယ်စစ်မြေပြင်ရယ် အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးတာရယ်နေရာ၃ခုပဲပါပေမယ့် အချစ်အမုန်း အယူဝါဒ...အစုံကိုသရုပ်ဖော်သွားတဲ့ဒီကားကစစ်ကားကောင်းတကားဖြစ်သလို ၂ဖက်တပ်တွေရဲ့ သရုပ်ကိုပီပြင်အောင်သရုပ်ဖော်ထားတဲ့ ဇာတ်ကားကောင်းတကောင်းဖြစ်လို့မလွတ်တမ်းကြည့်သင့်တဲ့ဇာတ်ကားကောင်းတကားဖြစ်ပါတယ်။ File size…(3.7 GB) / (1.5 GB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Action,Drama,War Duration….02:14:02 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by Jia
movie
The Front Line (2011) Go-ji-jeon
7
The President’s Barber (2004)
The President's Barber (2004)******************************IMDb... 7သရုပ်ဆောင်ကြီး Song Kang Ho နဲ့ Moon So Ri တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့သမ္မတနဲ့ တစ်ရပ်ကွက်ထဲမှာ နေထိုင်ရင်း သမ္မတရဲ့ ဆံသဆရာ ဖြစ်လာတဲ့ ဇာတ်လမ်းလေးနဲ့မိတ်ဆက်ပေးပါရစေ။ဆံပင်ညှပ်ဆိုင်လေး ဖွင့်ရင်း လုပ်ကိုင်စားသောက်နေတဲ့ သာမန် အညတရ ဆံသဆရာဆောင်းဟန်မိုရဲ့ ဆံပင်ညှပ်ဆိုင်ကို ရုတ်တရက်ဆိုသလိုပဲ ဗဟို ထောက်လှမ်းရေး ဌာနက အရာရှိ တစ်ဦးရောက်ရှိလာပြီး ဆောင်းဟန်မိုဟာ ဒီရပ်ကွက်ထဲမှာ အချိန်အတော်ကြာ နေလာတဲ့သူ ဖြစ်တာကြောင့်မြောက်ကိုရီးယားသူလျှိုကို ဖမ်းပေးရမယ်ဆိုပြီး အမိန့် ထုတ်သွားခဲ့တယ်။အဲဒီ အမိန့်အတိုင်းအတိုင်းလည်း သူလျှိုကို အမိအရ ဖမ်းဆီးပေးနိုင်ခဲ့တဲ့ အပြင် ရိုးသားကြိုးစားတယ်ဆိုပြီးသမ္မတကြီးက ဆောင်းဟန်မိုကို အိမ်ပြာတော်မှာ ရာထူးတစ်နေရာပေးလိုက်တော့တယ်။အဲဒီအချိန်ကစလို့ ဆောင်းဟန်မိုတို့ မိသားစုရဲ့ဘဝဟာ အမှတ်မထင် တစ်ဆစ်ချိုး ပြောင်းလဲသွားခဲ့တယ်။အိမ်ပြာတော်အထိ ခြေဆန့်နိုင်ခဲ့တဲ့ သာမန် ဆံသဆရာ တစ်ယောက်ရဲ့ဘဝဟာ ရှေ့လျှောက်ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ ...
movie
The President’s Barber (2004)
Oh! Brothers (2003)
Oh! Brothers (2003)************************Squid Game မှ မင်းသားကြီး Lee Jung Jae နဲ့ The Roundup,My Wife is a Gangster စတဲ့ ဇာတ်ကားတွေမှာ ပါဝင်ခဲ့တဲ့မင်းသားကြီး Lee Beom Soo တို့ အတွဲညီညီနဲ့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ဟာသဇာတ်ကားလေးကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းကတော့..အိုဆန်းဝူ (Lee Jung Jae) ဟာ ချမ်းသာပြီး ဖောက်ပြန်နေတဲ့သူတွေရဲ့နောက်ကိုခိုးလိုက်ပြီးဓာတ်ပုံရိုက်ရင်း အသက်မွေးဝမ်းကျောင်းပြုနေတဲ့ ဓာတ်ပုံဆရာတစ်ယောက်ပါ။တစ်နေ့မှာတော့ ဆန်းဝူတစ်ယောက် သူ့အဖေဆုံးတဲ့သတင်းကို ကြားလိုက်ရပြီးအဖေရဲ့ နောက်မိန်းမကလည်း ဘယ်ကိုရောက်မှန်းမသိ ပျောက်သွားတဲ့အတွက်သူ့အဖေရဲ့အကြွေးတွေက သူ့ဆီကို ပုံကျလာပါတယ်။ဒါကြောင့် သူ့မိထွေးကိုရှာဖို့ ရှားပါးရောဂါတစ်ခုကြောင့် အသက်၁၂နှစ်ပဲရှိသေးပေမဲ့လူလတ်ပိုင်းယောက်ျားကြီးလို ရုပ်ရင့်နေတဲ့ အဖေတူအမေကွဲ ညီလေးအိုဘုံဂူ (Lee Beom Soo) ကို အရင်လိုက်ရှာရပါတော့တယ်။ချက်ကလွဲပြီး ဘာဆို ဘာမှမတူကြတဲ့ သူတို့၂ယောက် ပထမဆုံးတွေ့ဆုံပြီးအကြွေးဆပ်ဖို့ ...
movie
Oh! Brothers (2003)
7.5
6/45 (2022)
6/45 (2022)IMDb - 7.5/10ပိုစတာထွက်ကတည်းက တမျှော်မျှော်ဖြစ်ခဲ့ရတဲ့ကားလေး နောက်ဆုံးတော့ ထွက်လာပါပြီတောင်ကိုရီးယားနဲ့မြောက်ကိုရီးယားအချစ်ဇာတ်လမ်းတွေပဲကြည့်နေရတာ ရိုးနေတဲ့သူတွေအတွက် 6/45 ကတော့ တောင်မြောက်ကိုရီးယားနှစ်နိုင်ငံကြားက ဟာသကားလေးလို့ ပြောလို့ရပါတယ်ပေါက်ရင် ဆုကြေးငွေ သန်းပေါင်း ၅၇၀၀ ကျော်ကို ရရှိနိုင်မယ့် ထီလက်မှတ်လေးတစ်စောင်ဟာ ကံစီမံရာကိုလိုက်ပြီး လမ်းဘေးအရက်ဆိုင်ကနေ တောင်ကိုရီးယားစစ်တပ်ထဲက တပ်ကြပ်ကြီး ဘတ်ချွန်းဝူရဲ့ လက်ထဲအထိ ရောက်လာခဲ့ပါတယ်ဒီလိုနဲ့ ဘတ်ချွန်းဝူရဲ့လက်ထဲမှာ ဒီထီလက်မှတ်လေးဟာ သန်းပေါင်း ၅၇၀၀ အထိ ရရှိမယ့် ထီပထမဆုကြီးကို ဆွတ်ခူးလိုက်ပြီးတဲ့နောက် ကံစီမံရာအတိုင်း လေဟုန်စီးပြန်ပါလေရောတောင်မြောက်နယ်နိမိတ်စည်းမှာ ကင်းစောင့်နေတဲ့ တပ်ကြပ်ဘတ်ချွန်းဝူရဲ့လက်ထဲကနေ လွတ်ထွက်လာတဲ့ ဒီထီလက်မှတ်လေးကတော့ မြောက်ကိုရီးယားဘက်ကို ရောက်ရှိသွားခဲ့တဲ့နောက်...ပြဒါးတစ်လမ်း သံတစ်လမ်းလိုဖြစ်နေတဲ့ တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံရဲ့ စစ်တပ်နှစ်ခုကြားမှာ ပဋိပက္ခတွေပဲ ဖြစ်လာမလား၊ ဒါမှမဟုတ် ဒီထီလက်မှတ်အကြောင်းကို သိနေကြတဲ့ နှစ်နိုင်ငံကစစ်သားတွေ အချင်းချင်းပေါင်းစည်းသွားမလားသေချာတာကတော့ တောင်ရောက်လိုက်မြောက်ရောက်လိုက်ဖြစ်တဲ့ ထီလက်မှတ်လေးရဲ့ နောက်ဆုံးအခြေချရာနေရာကို ပါးစပ်မစေ့တမ်း ရယ်ရင်းမောရင်း စောင့်ကြည့်ရမှာဖြစ်ပါတယ်အားလုံးစောင့်မျှော်နေကြတဲ့ကားဖြစ်လို့ အခုပဲ လက်မလွှတ်တမ်း ကြည့်ရှုလိုက်ကြပါဦးမင်းသားတွေကလည်း ပရိသတ်အကြိုက် ဒိတ်ဒိတ်ကြဲ မင်းသားတွေပဲမို့ ကြည့်ရတာ အားရစရာပါ။Love ...
movie
6/45 (2022)
2022
7.3
The Good, the Bad, the Weird (2008)
IMDb Rating (7.2) / Rotten Tomatoes (82%)ကိုရီးယားရဲ့ ဒိတ်ဒိတ်ကြဲမင်းသားတွေဖြစ်ကြတဲ့ လီဗျောင်ဟွန်း , Jung Woo-sung , Song Kang-Ho တို့ ပါဝင်ထားပြီးနာမည်ကျော်ဂန္တဝင်ရုပ်ရှင်ကားကြီး The Good,The Bad and The Ugly (1966) ကို အခြေခံရိုက်ကူးထားတာပါ။ထူးခြားတာကတော့ သာမန်ကောင်းဘွိုင်ကားတွေလိုမဟုတ်ဘဲ ခွီနေရမယ့် Comedy အမျိုးအစားလဲ ဖြစ်ပါတယ်။ရှုခင်းကောင်းကောင်းတွေမှာ အက်ရှင်စွန့်စားခန်းတွေနဲ့ ခွီနေရမယ့် အနောက်တိုင်းစတိုင်ကောင်းဘွိုင်အမျိုးအစား ကိုရီးယားရုပ်ရှင်ကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့ နာမည်နဲ့လိုက်အောင် စရိုက်စုံတဲ့ လူရှုပ် ၃ ယောက် ဂျပန်စစ်တပ် တရုတ်ဓားပြတွေကြားထဲက ရတနာမြေပုံကို လုကြမှာပါ။2008 ခုနှစ်ရဲ့ ဆုပေးပွဲတွေမှာလဲ အောင်ပွဲခံခဲ့တဲ့ဇာတ်ကားဖြစ်ပြီး Rating တွေလဲ ကောင်းသလို သရုပ်ဆောင်တွေလဲ အလန်းတွေမို့BluRay 1080p Quality နဲ့ ပြန်လည်ခံစားဖို့ တင်ဆက်လိုက်ပါတယ်။ File size…(3.8 GB)/(1.5 GB) Quality….BluRay ...
movie
The Good, the Bad, the Weird (2008)
2008
6.7
April Snow (2005)
April Snow (2005) ~ IMDb Rating - 6.7/10 ~၁ အစတုန်းကတော့အဲ့ဒီလူက ကျွန်မအတွက် အသင့်လျော်ဆုံးသူလို့ ထင်ခဲ့မိတဲ့အချိန်တွေရှိခဲ့ဖူးတာပေါ့... သူ့အတွက်ပဲ တစ်သက်လုံး ဝေယျာဝစ္စလုပ်ပေးခဲ့တဲ့ ကျွန်မပုံစံက ငြီးငွေ့စရာကောင်းနေခဲ့တာလား... အဲဒီလူကြောင့်ပဲ ရှင်နဲ့ကျွန်မနဲ့ ဆုံတွေ့ခွင့်ရခဲ့တယ်။ကျွန်မ ဟိုးအစကတည်းက ရှင်နဲ့တွေ့ခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲ.... နွေမှာ နှင်းမကျသလို ရှင်နဲ့ကျွန်မလည်း ပေါင်းစပ်လို့ရနိုင်ပါ့မလား....၂ ချစ်ခြင်းဆိုတာ အခြေအနေအချိန်အခါပဲတဲ့။ အချစ်စစ်ကို စောတွေ့လို့လည်းမကောင်း နောက်ကျမှ တွေ့လို့လည်းမကောင်းဘူးလို့တော့ ကိုယ်ကြားဖူးတာပဲ။ နွေဦးကိုချစ်တဲ့မင်းရယ် ဆောင်းကိုချစ်တဲ့ကိုယ်ရယ် မတူညီမှုများစွာနဲ့ အချင်းချင်းချစ်မိကြတဲ့အထိ ချစ်ခြင်းဟာ ဆန်းကြယ်တယ်မို့လား။ တစ်ခုသောကံကြောင့် တို့ဝေးခဲ့ကြရင် တစ်ခုသောကံကြောင့် ကိုယ်တို့ပြန်ဆုံမယ်လို့ ကိုယ်ယုံတယ်။ အဲဒီအချိန်မှာ မင်းအတွက်နောက်မကျသလို ကိုယ့်အတွက်မစောနေခဲ့ရင် ကံမဆုံခဲ့တဲ့အချစ်တွေ ကံဆုံရဦးမှာပေါ့။ ဆောင်းထက်နွေဦးကို ပိုချစ်ပေမဲ့ နှင်းစက်တွေကို သဘောကျတယ်လို့ မင်းပြောဖူးတယ်နော်။ တစ်နေ့နေ့မှာတော့ မင်းရဲ့နွေဦးမှာ ကိုယ့်ရဲ့နှင်းစက်တွေကြွေကျ နွေဦးနှင်းတွေ လှပနေမှာပေါ့။ ခုတော့ "ငါမြင်နေကျ အရင်လိုအပြုံးတွေ ပြုံးပြဖို့တော့ မင်းအားတင်းထား"...။၃ April ...
movie
April Snow (2005)
2005
6.1
Hard Hit (2021)
Hard Hit (2021)အခုတစ်ခေါက်မှာတော့ တောင်းဆိုနေကြတဲ့ ပရိတ်သတ်ကြီးအတွက် ဂျွန်လ ၂၃ရက်ကမှ အသစ်စက်စက် ထွက်ရှိ ရုံတင်ထားတဲ့ ကိုရီးယား Action/Thriller ဇာတ်ကားကြီးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်IMDB 6.0/10 ရရှိထားတဲ့ကားကောင်းတစ်ကားဖြစ်ပြီးCast တွေအနေနဲ့ကတော့ နာမည်ကြီး အချစ်တော်မင်းသား Ji Chang-Wook နဲ့ Seo-book,Rampant အစရှိတဲ့ ဇာတ်ကားကြီးတွေမှာပါဝင်ဖူးတဲ့ ဝါရင့်သရုပ်ဆောင် Woo Jin-Joတို့က ပါဝင်အားဖြည့်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ Baro ဘဏ်မန်နေဂျာဖြစ်သူ လီဆောင်းဂူ ဆိုသူမှာ တစ်ရက် ကလေးတွေကို ကျောင်းလိုက်ပို့ဖို့လုပ်ရင်း ထူးဆန်းတဲ့ ဖုန်းတစ်ခုကို လက်ခံရရှိခဲ့ပါတယ်အဲ့ဖုန်းကိုဆက်တဲ့သူက ဘယ်သူဆိုတာမသိရဘဲ အဲဒီလူက လီဆောင်းဂူကားမှာ ဗုံးတပ်ဆင်ထားကြောင်း ပြောဆိုခဲ့ပြီး အဲ့ဗုံးက ကားပေါ်က သူဆင်းလိုက်တာနဲ့ ပေါက်မယ်ဆိုတဲ့အကြောင်းကိုလည်း ထိတ်လန့်ဖွယ် ပြောပါတယ် ကားပေါ်မှာ လီဆောင်းဂူနဲ့အတူ သူရဲ့သားဖြစ်သူ မင်ဂျွန်းနဲ့သမီးဖြစ်သူ အယ်အင်းတို့လည်း အတူရှိနေခဲ့ပါတယ် ကလေးနှစ်ယောက်နဲ့ ဗုံးတပ်ဆင်ထားတဲ့ကားပေါ်မှာ ရှိနေတဲ့အခါ ဘယ်လို လွတ်မြောက်အောင်ကြိုးစားမလဲ ဘယ်လိုအဆုံးသတ်မယ်ဆိုတာတော့ ရင်တမမနဲ့ ခံစားကြည့်ရှုရဦးမှာပါဒီကားထဲမှာ ဘဝအတွက် သင်ခန်းစာယူစရာတချို့လည်းရနိုင်လို့ အက်ရှင်ကားလည်းကြည့် အနှစ်သာရ အချို့လည်းခံစားနိုင်မယ့် ကားကောင်းလေးတစ်ကားဖြစ်ကြောင်း ...
movie
Hard Hit (2021)
2021
5.9
Doomsday Book (2012)
[Unicode]ဒီဇာတ်ကားလေးကတော့ Korean science fiction anthology film အမျိုးအစားလေးဖြစ်ပြီး လူသားတွေရဲ့ပျက်စီးခြင်းသဘောတရားကို ဇာတ်အိမ်သုံးမျိုးနဲ့ချပြထားတဲ့ကားလေးဖြစ်ပါတယ်The Brave new World: ဇွန်ဘီတွေပါဝင်နေတဲ့လောကကြီးThe Heavenly Creature: စက်ရုပ်လေးတစ်ရုပ်ရဲ့ လူသားနဲ့မခြားနားတဲ့ အသိတရားပိုင်ဆိုင်ထားခြင်းHappy Birthday: ကမ္ဘာပျက်ကိန်းကြုံခါနီးအချိန် မိသားစုတစ်စုရဲ့ဆန်းကြယ်တဲ့ဖြစ်ရပ်ကြားက အသက်ရှင်ကျန်မှုမတူညီတဲ့ဇာတ်အိမ်သုံးမျိုးနဲ့ မတူညီတဲ့စိတ်ခံစားမှုတွေကိုခံစားရစေမှာပါ( အညွှန်းရေးသားထားသူကတော့ Shoon Thu Thu Chain ဖြစ်ပါတယ် ) [Zawgyi]ဒီဇာတ်ကားလေးကတော့ Korean science fiction anthology film အမျိုးအစားလေးဖြစ်ပြီး လူသားတွေရဲ့ပျက်စီးခြင်းသဘောတရားကို ဇာတ်အိမ်သုံးမျိုးနဲ့ချပြထားတဲ့ကားလေးဖြစ်ပါတယ်The Brave new World: ဇွန်ဘီတွေပါဝင်နေတဲ့လောကကြီးThe Heavenly Creature: စက်ရုပ်လေးတစ်ရုပ်ရဲ့ လူသားနဲ့မခြားနားတဲ့ အသိတရားပိုင်ဆိုင်ထားခြင်းHappy Birthday: ကမ္ဘာပျက်ကိန်းကြုံခါနီးအချိန် မိသားစုတစ်စုရဲ့ဆန်းကြယ်တဲ့ဖြစ်ရပ်ကြားက အသက်ရှင်ကျန်မှုမတူညီတဲ့ဇာတ်အိမ်သုံးမျိုးနဲ့ မတူညီတဲ့စိတ်ခံစားမှုတွေကိုခံစားရစေမှာပါ( အညွှန်းရေးသားထားသူကတော့ Shoon Thu Thu Chain ဖြစ်ပါတယ် ) File size__( ...
movie
Doomsday Book (2012)
6.5
Black Money(2019)
Black Money(2019)2019 က ထွက်ရှိထားတဲ့ Black Money ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်...ဒီဇာတ်ကားလေးကတော့ ဖြစ်ရပ်မှန်ကို အခြေခံရို်က်ကူးထားတာ ဖြစ်ပြီး တောင်ကိုရီးယား အရာရှိတစ်ချို့ရဲ့ အကျင့်ပျက် ခြစားမှုတွေကိုလည်း ဖော်ပြထားပါတယ်....ရန်မင်ယော့ဟာ ဆိုးလ်ဗဟို အမှုစစ်ရုံးရဲ့ အမှုစစ်တစ်ယောက်ဖြစ်ပါတယ်....တစ်နေ့တော့ ဘတ်ဆူယောင်းဆိုတဲ့ကောင်မလေးဟာ ကိုယ့်ကိုကိုယ်သတ်သေသွားတယ်...သတ်မသေခင်မှာ အမှုစစ်ဘတ်ဆူယောင်းဟာ သူမကို လိင်ပိုငး်ဆိုင်ရာအကြမ်းဖက်တယ်လို့ဆွေမျိုးတွေကိုစာပို့ခဲ့တယ်...ဒီစွပ်စွဲကြောင့် အမှုစစ်ရန်မင်ယော့ဟာ အစွပ်စွဲခံရပါတော့တယ်...နောက်ပိုင်းသူဟာ ဒီကိစ္စမှာ ကျူးလွန်ခဲ့ခြင်းမရှိကြောင်းကိုသက်သေပြဖို့ကြိုးစားတဲ့အခါမှာဒီသတ်သေမှုဟာ ထင်သလောက်မရိုးရှင်းတဲ့အပြင် ပြဿနာပေါင်းစုံရဲ့ဇာစ်မြစ်ဖြစ်ကြောင်းသိလာရတဲ့အခါမှာတော့....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Han Thu Aye ပဲဖြစ်ပါတယ်...File Size : (900 MB) and (547 MB) Quality : Blu-Ray 720p Format…mp4 Duration…01:55:00 Genre : Crime , Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Han Thu Aye Encoded by ...
movie
Black Money(2019)
6.5
Finding Mr. Destiny (2010)
[Unicode]Finding Mr.Destiny(2010)IMDb rating - 6.5/10ဒီကားကတော့ Kim Joon Ok Chatgiဆိုတဲ့musical playကို adaptationလုပ်ပြီးပြန်ရိုက်ထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ Box office မှာလည်း 7.5millionsထိရရှိခဲ့တဲ့ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။ Romance/Comedyဖြစ်ပြီးတော့ ဇာတ်ဝင်ခန်းတွေကလည်းတော်တော်ရယ်ရတဲ့အပြင် အိန္ဒိယနိုင်ငံမှာရိုက်ကူးထားတဲ့sceneတွေလည်းပါတာမို့ ကြည့်ရကျိုးနပ်စေမဲ့ဇာတ်ကားတစ်ကားဖြစ်မှာပါ။ Male lead ဟန်ဂီဂျွန်းအဖြစ် ဆယ်ကျော်သက်အမျိုးသမီးလေးတွေရဲ့အချစ်တော် ဦး Gong Yooကပါဝင်သရုပ်ဆောင်ထားပါတယ်။*ဆောဂျီဝူး*ဆိုတဲ့မိန်းကလေးက ရှိုးပွဲမန်နေဂျာတစ်ယောက်ပါ။ သူက'ကံကိုယုံပြီးဆူးပုံနင်း'ဆိုသလို ကံကိုအလွန်အမင်းယုံကြည်ပုံအပ်ထားတတ်တဲ့သူမျိုးပါ။ လွန်ခဲ့တဲ့၁၀နှစ်တုန်းက အိန္ဒိယကိုအလည်သွားစဉ်မှာ ကင်ဂျုံဝုဆိုတဲ့သူ့အချစ်ဦးကိုစတွေ့ခဲ့ပြီး ခရီးစဉ်အတွင်းမှာပဲသူနဲ့ချစ်သူတွေဖြစ်ခဲ့ပါတယ်။ဒီလူဟာသူ့ရဲ့Mr.destinyဟုတ်မဟုတ်စမ်းသပ်ချင်တဲ့ဂျီဝူးက သူတို့နှစ်ယောက်ကိုရီးယားကိုပြန်ရောက်ရင်တွေ့မယ်ဆိုပြီး ချိန်းဆိုထားတဲ့နေရာကိုရောက်အောင်မသွားခဲ့ပါဘူး။ ဒီလိုနဲ့ပဲသူ့အချစ်ဦးနဲ့အဆက်အသွယ်ပြတ်ကာ ၁၀နှစ်လုံးသူ့ရဲ့အလုပ်ထဲမှာပဲစိတ်နှစ်ထားပြီး ပြင်ပြင်ဆင်ဆင်လည်းမရှိ၊အချစ်ရေးကိုလည်းစိတ်မဝင်စားတဲ့သူတစ်ယောက်ဖြစ်လာပါတယ်။*ဟန်ဂီဂျွန်း*ကတော့ ခရီးသွားအေဂျင်စီမှာအလုပ်လုပ်တဲ့အေးဂျင့်တစ်ယောက်ပါ။ သူ့ရဲ့ရိုးသားလွန်းပြီးခရီးသွားတွေအပေါ်အလွန်အမင်းစိုးရိမ်ပေးတတ်တဲ့စိတ်ကြောင့်ဖောက်သည်တွေပျက်ရတဲ့အတွက် အလုပ်ထုတ်ခံရပါတယ်။ ဒါနဲ့သူလည်းနောက်အလုပ်သစ်ရှာရင်း "အချစ်ဦးရှာဖွေရေးအကျိုးဆောင်လုပ်ငန်း"ကိုစတင်လိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ဒီလိုပါ - အချစ်ဦးကိုမေ့မရနိုင်ဖြစ်ပြီးလက်ထပ်ဖို့နောက်ကျနေတဲ့ဆောဂျီဝူးအတွက်စိတ်ပူတဲ့သူ့အဖေက ဂျီဝူးကျေနပ်အောင်သူ့အချစ်ဦးကိုရှာပေးဖို့ ဂီဂျွန်းရဲ့အကျိုးဆောင်လုပ်ငန်းဆီရောက်လာပါတယ်။ ဒီလိုနဲ့သူတို့နှစ်ယောက်ဟာ ဘယ်ဆီရောက်နေမှန်းမသိတဲ့"ကင်ဂျုံဝု"ကို နာမည်တစ်ခုတည်းနဲ့တစ်နိုင်ငံလုံးနှံ့အောင်အတူတူလိုက်ရှာကြတာတွေကို ဟာသတွေရော romanceတွေနဲ့ပါကြည့်ရှုရမှာပါ။ ကင်ဂျုံဝုနဲ့ဂျီဝူးဘာလို့ကွဲသွားလဲဆိုတာကိုသိရရင်ဒေါသဖြစ်မိနိုင်ပေမဲ့ ဇာတ်သိမ်းပိုင်းမှာတော့ဂျီဝူးရဲ့Mr.destinyအစစ်ကဘယ်သူလဲ ဘယ်လိုကြောင့်လဲဆိုတာကိုသိရရင် ကျေနပ်မိမှာပါ။ဂျီဝူးတစ်ယောက် "ကံကြမ္မာကိုယုံကြည်မိတာမှန်လားမှားလား"သိချင်ရင်တော့ ဒီကားလေးထဲမှာဆက်လက်ကြည့်ရှုကြပါဦးနော်။( အညွှန်းရေးသားထားသူကတော့ Ingyin San ဖြစ်ပါတယ် )[Zawgyi]Finding Mr.Destiny(2010)IMDb rating ...
movie
Finding Mr. Destiny (2010)
6.4
Double Agent ( 2003 )
Zawgyi*******ဒီဇာတ်ကားလေးကတော့ rating 6.3ရရှိထားသောActionကားကောင်းလေးတစ်ကားဖြစ်သည့်အပြင်တောင်မြောက်၂နိုင်ငံကြားမှပဋိပက္ခတွေပြင်းထန်တဲ့အချိန်မှာရိုက်ထားခြင်းပဲဖြစ်ပါတယ်စစ်အေးတိုက်ပွဲတွေဖြစ်နေတဲ့ ၁၉၈၀လောက်ကိုအခြေခံပြီးရိုက်ထားတဲ့ဒီကားလေးထဲမှာဆိုရင်မြောက်ကိုရီးယားရဲ့အေးဂျင့်တစ်ယောက်ဖြစ်တဲ့လင်ဗြောင်ဟိုဟာမြောက်ကိုရီးယားကနေထွက်ပြေးပြီးတောင်ကိုရီးယာကိုခိုလှုံဖို့ကြိုးစားရာကနေဇာတ်လမ်းစတင်ပါတော့တယ် အဲ့ဒီလိုထွက်ပြေးရာကနေတောင်ကိုရီးယားအေးဂျင့်တွေကသူ့ကိုကယ်တင်လိုက်ပြီးသူတို့ဆီမှာခိုလှုံခိုင်းပြီးတဲ့နောက်မှာတော့ လင်ဗြောင်ဟိုတစ်ယောက်တောင်ကိုရီးယား လုံခြုံရေးနဲ့စီမံခန့်ခွဲရေးရုံးမှာအလုပ်လုပ်ရတဲ့အခါမှာတော့ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ ရင်တမမနဲ့စောင့်ကြည့်ရမယ့်ကားလေးပဲ ဖြစ်ပါတယ်ဒီဇာတ်ကားမှာဆိုရင် Romatic Doctor Kimကားထဲက doctor kimနေရာမှာသရုပ်ဆောင်တဲ့မင်းသားကြီး Han Suk Kyu က အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်တာကြောင့် စုံထောက်ဇာတ်ချစ်မြတ်နိုးသူများအတွက်နောင်တမရစေမယ့်ဇာတ်လမ်းမျိုးဖြစ်တာကြောင့် ဆက်ဆက်ကြည့်ကြဖို့တိုက်တွန်းလိုက်ပါတယ်နော် Unicode*******ဒီဇာတ်ကားလေးကတော့ rating 6.3ရရှိထားသောActionကားကောင်းလေးတစ်ကားဖြစ်သည့်အပြင်တောင်မြောက်၂နိုင်ငံကြားမှပဋိပက္ခတွေပြင်းထန်တဲ့အချိန်မှာရိုက်ထားခြင်းပဲဖြစ်ပါတယ်စစ်အေးတိုက်ပွဲတွေဖြစ်နေတဲ့ ၁၉၈၀လောက်ကိုအခြေခံပြီးရိုက်ထားတဲ့ဒီကားလေးထဲမှာဆိုရင်မြောက်ကိုရီးယားရဲ့အေးဂျင့်တစ်ယောက်ဖြစ်တဲ့လင်ဗြောင်ဟိုဟာမြောက်ကိုရီးယားကနေထွက်ပြေးပြီးတောင်ကိုရီးယာကိုခိုလှုံဖို့ကြိုးစားရာကနေဇာတ်လမ်းစတင်ပါတော့တယ် အဲ့ဒီလိုထွက်ပြေးရာကနေတောင်ကိုရီးယားအေးဂျင့်တွေကသူ့ကိုကယ်တင်လိုက်ပြီးသူတို့ဆီမှာခိုလှုံခိုင်းပြီးတဲ့နောက်မှာတော့ လင်ဗြောင်ဟိုတစ်ယောက်တောင်ကိုရီးယား လုံခြုံရေးနဲ့စီမံခန့်ခွဲရေးရုံးမှာအလုပ်လုပ်ရတဲ့အခါမှာတော့ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ ရင်တမမနဲ့စောင့်ကြည့်ရမယ့်ကားလေးပဲ ဖြစ်ပါတယ်ဒီဇာတ်ကားမှာဆိုရင် Romatic Doctor Kimကားထဲက doctor kimနေရာမှာသရုပ်ဆောင်တဲ့မင်းသားကြီး Han Suk Kyu က အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်တာကြောင့် စုံထောက်ဇာတ်ချစ်မြတ်နိုးသူများအတွက်နောင်တမရစေမယ့်ဇာတ်လမ်းမျိုးဖြစ်တာကြောင့် ဆက်ဆက်ကြည့်ကြဖို့တိုက်တွန်းလိုက်ပါတယ်နော် Translated & Review By XiaoEncoded By LK
movie
Double Agent ( 2003 )
2003