Channel Myanmar

Ryo

Casshern (2004)
Casshern (2004) ဒီဇာတ်ကားကတော့ လူသားမျိုးနွယ်ကို ခြိမ်းခြောက်နေတဲ့ ရန်သူအသစ်ကို တိုက်ထုတ်ဖို့အတွက် superhuman စွမ်းအားနဲ့ အသက်ပြန်ရှင်လာခဲ့တဲ့ လူငယ်တစ်ံယောက်အကြောင်းကို ရိုက်ကူးထားတဲ့ ဂျပန် sci-fi ကားပဲဖြစ်ပါတယ်။ဒီရုပ်ရှင်မှာ စစ်ပွဲတွေရဲ့ အကျိုးဆက်တွေအပေါ် လေးလေးနက်နက်သုံးသပ်ချက်တွေကို တွေ့မြင်ရမှာဖြစ်ပြီး အက်ရှင်ပြကွက်အကြမ်းစားတွေနဲ့ သူ့ခေတ်သူ့အခါက အကောင်းဆုံး CGI တွေပေါင်းစပ်ထားတဲ့အတွက် ကြည့်ရတာ အရသာတစ်မျိုးတော့ဖြစ်နေမှာပါ။ ဇာတ်သွားက ကြည့်ရတာရှုပ်ထွေးနိုင်ပေမယ့် ရှုပ်ထွေးတာကိုမှကြိုက်တဲ့သူတွေအတွက်ကတော့ ဇာတ်ကားကောင်းလို့ပြောလို့ရပါတယ်။ File size…(1.6 GB) Quality….Webrip  720p Format…mp4 Duration….01:40:00 Genre... Drama, Horror, Science Fiction  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min
movie

Casshern (2004)

All the Long Nights (2024) 7.2
All the Long Nights (2024) All the Long Nights(2024)ဖူဂျီဆာဝ ဆိုတဲ့ကောင်မလေးက တစ်လတစ်ခါ ရာသီမလာခင် အချိန်မှာ PMS ခေါ် ပြင်းထန်တဲ့ရာသီမလာခင်ဖြစ်တဲ့ ရောဂါကိုခံစားနေရတာပါ။PMS ခံစားရတဲ့အချိန်တွေမှာဆိုရင် သာမာန် သဘောကောင်းတဲ့ ဖူဂျီဆာဝက အခြားတစ်‌ယောက်လိုကို အပေါက်ဆိုး အပြစ်မြင်တတ်ပြီး ဒေါသထွက်လွယ်လာခဲ့ပါတယ်။ဒီလိုစိတ်မတည်မငြိမ်ဖြစ်တဲ့ အချိန်မှာပဲ ရာမာဇိုဆိုတဲ့ panic disorder ခေါ် ကြောက်စိတ်ကို မထိန်းချုပ်နိုင်တဲ့ရောဂါရှိတဲ့ကောင်လေးတစ်ယောက်အပေါ် ဒေါသတွေပုံချလိုက်မိပါတော့တယ်။ဒီလိုနဲ့ သူတို့ချင်း ရင်းနှီးလာတာနဲ့အမျှ တစ်ယောက်ရောဂါတစ်ယောက်သိပြီး နားလည်မှုရှိစွာနဲ့ တစ်ယောက်နဲ့တစ်ယောက်ကူညီပေးကြရင်းနဲ့ နှောင်ကြိုးတွေတဖြည်းဖြည်းရစ်ပတ်လာကြပါတယ်။ဘာသာပြန်နဲ့ အညွှန်းကိုတော့ Kim မှ ရေးသားပေးထားပါတယ်Genre..... Drama Quality…. 1080p WEB-DL | 720p WEB-DL File size… 5.17GB | 1GB Format… mp4 Duration…. 1h 59min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Kim Encoder ..... Aaron
movie

All the Long Nights (2024)

Goemon (2009) 6.6
Goemon (2009) Goemonဂျပန်သမိုင်းနဲ့ပတ်သက်တဲ့ဇာတ်လမ်းတွေ နင်ဂျာတွေ ရှိုးဂန်းတွေအကြောင်း စိတ်ဝင်စားတဲ့သူတွေ အတွက် ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ အရှင် နိုဘုနဂါက ဂျပန်ပြည်ကို စုစည်းဖို့ကြိုးစားခဲ့ပြီး သူ့ရည်ရွယ်ချက်တွေ မအောင်မြင်ခင်မှာပဲ သူ့ရဲ့ယုံကြည်ရတဲ့ လက်အောက်ခံက လုပ်ကြံတာကိုခံခဲ့ရပါတယ်။အဲဒီနောက်မှာတော့ အရှင် ဟိဒဲရောရှိက နန်းတက်လာပြီး ဆယ်စုနှစ်ကျော်ကြာအောင် အုပ်ချုပ်နေခဲ့ပါတယ်။ ၁၅နှစ်ခန့်အကြာမှာတော့ သူဟာ စစ်အင်အားစုစည်းပြီး ကိုရီးယားနဲ့တရုတ်ကို တိုက်ခိုက်သိမ်းပိုက်ဖို့ကြံစည်နေပါတယ်။အဲဒီအချိန်မှာ လျင်မြန်ဖြတ်လတ်ပြီး ဆင်းရဲသားတွေအပေါ်ကျ ကြင်နာတတ်တဲ့ ရော်ဘင်ဟုလိုမျိုး သူခိုးတစ်ယောက်က ရှိနေပါတယ်။ သူ့ရဲ့နာမည်ကတော့ ဂိုအဲမွန်ဖြစ်ပြီးတော့ လူတွေကသူ့ကိုသဘောကျကြပြီး ဖမ်းမမိနိုင်တဲ့သူခိုး တစ်ယောက်ပါ။ အများစုအမြင်မှာတော့ သူခိုးတစ်ယောက်ပေမဲ့ သူ့မှာ လျှို့ဝှက်ထားတဲ့အတိတ်နဲ့ ဆက်နွယ်မှုတွေက ရှိနေပါတယ်။ ဂိုအဲမွန်ရဲ့အကြောင်း ထီးနန်းနဲ့နန်းတွင်းရဲ့စစ်ပွဲတွေအကြောင်း နင်ဂျာတွေအကြောင်းကို ကြည့်ရှုရမဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ )File Size__(1.4GB) Quality__WEB-DL_720p IMDb Rating__6.6/10 Format__mp4 Duration__02:08:00 Type__Action, History Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin ...
movie

Goemon (2009)

Azumi (2003) 6.9
Azumi (2003) Azumi (2003)IMDB Rating (6.9)ဂျပန်နင်ဂျာဆာမူရိုင်းကားဆိုတာ ဒါမျိုးလို့ ဆိုရလောက်အောင် Azumi ဇာတ်ကား ၂ ကားလုံးက အခုတ်အဖြတ် အတိုက်အခိုက်တွေနဲ့ နာမည်ကြီးခဲ့တဲ့ တကယ့်ဖိုက်တာ ဂျပန်ကားတွေပါပဲ။ဇာတ်လမ်းကတော့ Azumi ဆိုတဲ့ ဂျပန် နင်ဂျာမလေး တစ်ယောက်အကြောင်းကို အခြေပြုထားပါတယ်... သူမဟာ ရုပ်ကလေးလှပြီးနုဖတ်နေပေမယ့် လူသတ်ဖို့ မျက်တောင်မခတ်တမ်း ရက်စက်တတ်သူ ဖြစ်ပြီး လူပုံစံ ပျော့ပျောင်းသလောက် စိတ်ဓါတ်ခိုင်မာသူ တစ်ယောက်လဲ ဖြစ်ပါတယ်... အုပ်ချုပ်ရေး အဖွဲ့တစ်ခုကို ဆန့်ကျင်တော်လှန်သူခေါင်းဆောင်တစ်ယောက်ဟာ နှစ်ပေါင်းများစွာတိုင် ကလေး တစ်ချို့ကို ဓါးသိုင်း လက်ထပ် သင်ကြားပျိုးထောင်ခဲ့ပါတယ်...အဲ့ဒီ့ကလေးတွေ အရွယ်ရောက်ပြီး ပညာစုံလာတဲ့အခါမှာ လူရောစိတ်ရောမာကျောလာဖို့နဲ့ တာဝန်တွေကို လုံးဝလိုက်နာဖို့ ပြင်းထန်တဲ့ သင်ခန်းစာကို ရက်စက်စွာ သင်ကြားပါတော့တယ်။ အဲ့ဒီ့ သင်ခန်းစာထဲမှာ ရက်စက်တတ်တဲ့ လူသတ်သမားအချို့သာ အသက်ရှင်ကျန်မှာဖြစ်ပြီး ဒီထဲမှာ မိန်းမလှလေး Azumi ဟာလဲ ပါဝင်ခဲ့ပါတယ်။အာဇုမိဟာ Jidaigeki အမျိုးအစား ရုပ်ရှင်တစ်ကားပါ။ Jidaigekiဆိုတာကတော့ ဂျပန်သမိုင်းရဲ့ 1603 ...
movie

Azumi (2003)

2003