Channel Myanmar

Ryan Jason Cook

Maze Runner: The Scorch Trials (2015) 6.3
Maze Runner: The Scorch Trials (2015) Maze Runner: The Scorch Trials (2015) ************************************* IMDb.....6.3  အားလုံးပဲစောင့်မျှော်နေကြတဲ့ Maze Runner 2 လာပါပြီ.. ဒီ Maze Runner 2 မှာတော့သောမတ်စ် ဆိုတဲ့ကောင်လေးကို WCKD အဖွဲ့က အဖွဲ့ဝင်တွေ ခေါ်ဆောင်သွားတာနဲ့ အစပျိုးထားပါတယ်...နှစ်တွေကြာလာတဲ့ အချိန်မှာတော့ သောမတ်စ်နဲ့အတူ ကျန်ရှိနေသေးတဲ့ ဂလိတ် အဖွဲ့ဝင်တွေကိုမစ္စတာ ဂျန်ဆန်က ကယ်တင်ခဲ့တယ်.. သူကတော့ WCKD အဖွဲ့ဝင်တွေရဲ့ ရန်ကနေ ကယ်တင်ပေးဖို့လို့ပြောပေမဲ့ သောမတ်စ်က မသင်္ကာလို့ စုံစမ်းလာတဲ့ အခါမှာတော့ မစ္စတာ ဂျန်ဆန်ကလည်း WCKD အဖွဲ့နဲ့ပူးပေါင်းလုပ်ကိုင်နေတယ်ဆိုတာကို သူ သိလာခဲ့ရပါတယ်.. ဒီနောက်ပိုင်းမှာတော့ သူတို့တွေဘယ်လိုကြိုးစားရုန်းကန်ကြမလဲဆိုတာကိုတော့ ရုပ်ရှင်ထဲမှာ ဆက်လက်ရှုစားလိုက်ပါဦး.. (ဇာတ်ကားအညွန်းရေးသူကတော့ Carey Nyein ပဲဖြစ်ပါတယ်)   File Size : 1.89GB/ 980MB Quality : Blu-Ray 1080p 5.1 CH/720p Format…mp4 Duration…02:12:00 Genre : ...
movie

Maze Runner: The Scorch Trials (2015)

Sicario: Day of the Soldado (2018) 7.3
Sicario: Day of the Soldado (2018)  Genre – Action, Crime, Thriller IMDB – 7.0/10 ၂၀၁၅ ခုနှစ်က ထွက်ခဲ့တဲ့ ပထမဆုံး Sicario ကားကိုကြည့်ဖူးပြီး ကြိုက်တယ်ဆိုရင်တော့ ဒီကားကလည်းရွှေပေါ့ဗျာ။ ပထမကား Rating 7.6 ကို မမှီပေမဲ့ ကြည့်ရတာလုံးဝ အရသာ မလျော့သွားပါဘူး။ ဒါတောင် ဒါရိုက်တာကပထမကားက Denis Villeneuve မဟုတ်တော့ပဲ StefanoSollima ပြောင်းသွားတာပါ ဒါပေမဲ့ ဒီ အငွေ့အသက်အတိုင်းပါပဲ။သရုပ်ဆောင်တွေကလည်း ရှေ့ကားထဲက ဘဲကြီးနှစ်ပွေJosh Brolin နဲ့ Benecio Del Toro တို့ပဲ ပြန်ပါဝင်ထားပါတယ်၊Emily Blunt ရဲ့ ဇာတ်ကောင်ကတော့ ဒီဇာတ်လမ်းအတွက်မလိုအပ်တော့လို့ ဖြုတ်ထားခဲ့ပါတယ်တဲ့။ ဇာတ်လမ်းအကြောင်းပြောရမယ်ဆို ရှေ့ကားရဲ့အဖြစ်အပျက်တွေဖြစ်ပြီး နှစ်နည်းနည်းမှာ တည်ဆောက်ထားတဲ့ပုံပါပဲ။ အစိုးရရဲ့လူသိမခံချင်တဲ့ ပြဿနာတွေ ဒိုင်ခံဖြေရှင်းတဲ့ မက်တစ်ယောက်လည်းအာဖရိကကို ရောက်နေပါပြီ။ အာလေဟန်ဒရိုကလည်း ပထမကားထဲမှာလုပ်စရာရှိတာလုပ်ပြီးတော့ ကိုလမ်ဘီယာမှာ သွားအနားယူနေပါပြီ။အဲဒီမှာပဲ အမေရိကန်နိုင်ငံမှာ အသေခံဗုံးခွဲပြီး ...
movie

Sicario: Day of the Soldado (2018)

2018
4K HEVC
The Last Stand (2013) 6.3
The Last Stand (2013) The Last Stand (2013) ================အားလုံးရဲ့အချစ်တော် အက်ရှင်မင်းသားကြီးအာနိုးရဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ဒီဇာတ်ကားဟာ ကိုးရီးယားဒါရိုက်တာ Kim Jee Woon က သူ့ရဲ့ပထမဆုံးအမေရိကန်ရုပ်ရှင်ပွဲဦးထွက်အနေနဲ့ ရိုက်ကူးခဲ့တာပါ။ပြီးတော့ မင်းသားကြီးအာနိုးကလည်း Terminator3 ဇာတ်ကားပြီးနောက်ပိုင်း ပထမဆုံးအဓိကဇာတ်ဆောင်နေရာကပြန်လည်ပါ၀င်လာတာဖြစ်ပါတယ်။အာနိုးဟာ တစ်ချိန်က အယ်လ်အေပီဒီရဲ့ မူးယစ်ရဲတပ်ဖွဲ့မှာပါ၀င်ခဲ့သူဖြစ်ပြီး ၅နှစ်ကြာပြီးတဲ့နောက်မှာတော့ ဆွန်မာတန်ဆိုတဲ့နယ်စပ်မြို့လေးရဲ့ နယ်ထိန်းအဖြစ်အေးအေးချမ်းချမ်းဖြတ်သန်းနေတာဖြစ်ပါတယ်။ဒါပေမယ့် ဒုစရိုက်သမားကြီး ဂါဘရီယယ်ကောတက်စ်ကအက်ဖ်ဘီအိုင်လက်ထဲကနေ ထွက်ပြေးလာခဲ့ပြီးသူ့ရဲ့အဖွဲ့သားတွေနဲ့အတူ ဆွန်မာတန်ဆီလာနေတာ သိလိုက်ရပါတယ်။ဒီလိုနဲ့ အာနိုးလည်း အေးချမ်းနေလို့မရတော့ဘဲဒုစရိုက်သမားကြီးကောတက်စ်ကိုတားဆီးနိုင်ဖို့ ကြိုးစားရပါတော့တယ်။လက်နက်အပြည့်အစုံနဲ့ လူအင်အားများတဲ့ကောတက်စ်တို့အဖွဲ့ကို နယ်ထိန်းရဲလူနည်းစုလေးကဘယ်လိုတွေတားဆီးသွားမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်တာကြောင့်အက်ရှင်ကားချစ်သူတွေကြည့်သင့်တဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size…  1.8 GB /  925 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 50m Genre .....  Action , Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Jaka
movie

The Last Stand (2013)

2013
Those Who Wish Me Dead 2021 6.3
Those Who Wish Me Dead 2021 ဒီရုပ်ရှင်မှာတော့ အန်ဂျလီနာ ဂျိုလီက ဦးဆောင်ပါဝင်ထားပါတယ်။ကျန်တဲ့သရုပ်ဆောင်တွေကိုလည်း ရင်းနှီးထားတဲ့သူ များမှာပါ။Game of Thrones ထဲက လက်သန်း ရယ်Marvel's Punisher ကြီးရယ် ပါပါသေးတယ်။ဇာတ်လမ်းကတော့ action thriller ပါပဲ။ဂျိုလီကတော့ မီးသတ်အဖွဲ့ခေါင်းဆောင်ပေါ့။တစ်နေ့မှာ သူနဲ့သူအဖွဲ့ တောမီးကို ငြိှမ်းနေတုန်းမှာလေကြောင်းတွက်ဆမှု မှားယွင်းခဲ့လို့ လူ ၃ ယောက် အသက်ဆုံးခဲ့ရပါတယ်။အဲဒီ စိတ်ဒဏ်ရာတွေနဲ့ ပေပေတေတေ နေထိုင်နေတုန်းမှာသူ့ဆီကို ကောင်လေးတစ်ယောက် လူသတ်သမားတွေလက်က ထွက်ပြေးပြီး ရောက်လာပါတယ်။ကောင်လေးကို လိုက်သတ်တဲ့လူတွေလက်က ကယ်ပြီးလျို့ဝှက်ချက်တွေကို ဖွင့်ချနိုင်ဖို့ တောမီးကြီးတစ်ခုကိုပါ အံတုပြီး ပြေးကြရပါတော့တယ်.... File size…(1.7 GB) and (1 GB) Quality….BluRay 1080p and 720p Format…mp4 Duration….01:40:00 Subtitle….Myanmar Subtitle (Hardsub) Encoder…. Mr. Anderson Translator... Mr. Anderson  
movie

Those Who Wish Me Dead 2021

Only the Brave (2017) 8.0
Only the Brave (2017) ဒီဇာတ်ကားလေးက ၂၀၁ရခုနှစ်ထွက် Rating 8 ရရှိထားတဲ့ Biography/Drama ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။တကယ့်ဖြစ်ရပ်မှန်တစ်ခုကိုအခြေခံရိုက်ကူးထားတာဖြစ်ပြီး ပါဝင်သည့်သရုပ်ဆောင်များဟာလည်း ထိပ်တန်းသရုပ်ဆောင်များ ဖြစ်ပါတယ်။ဇာတ်ကားလေးဟာ ၂၀၁၃ခုနှစ် ဇွန်လ၂၈ရက်တွင်ဖြစ်ပွားခဲ့တဲ့ Yarnell Hill တောမီးလောင်မှုဖြစ်ရပ်မှန်ကို အခြေခံထားတာပါ။Granite Mountain Hotshots မီးသတ်အဖွဲ့ဝင် ၁၉ဦးအသက်ပေးဆပ်ခဲ့ရတဲ့ အမေရိကကန်နိုင်ငံရဲ့ သမိုင်းတွင် တောမီးလောင်မှုကြီးတစ်ခုဖြစ်ပါတယ်။Hotshot ဆိုတဲ့အဖွဲ့အစည်းဟာ စစ်တပ်မှာဆိုရင် အထူးတပ်ဖွဲ့ဝင်တွေလိုပါပဲ။အထူးမီးသတ်တပ်ဖွဲ့ပဲဖြစ်ပြီး သူတို့ရဲ့လေ့ကျင့်မှုတွေဟာလည်း အလွန်ပြင်းထန်ပါတယ်။ဒီဇာတ်ကားမှာအဲဒီဖြစ်ရပ်ဆိုးကြီးမှာ အသက်ပေးသွားခဲ့ကြတဲ့ အထူးမီးသတ်တပ်ဖွဲ့တွေကို ဂုဏ်ပြုရိုက်ကူးထားတာဖြစ်ပြီး နာမည်ကြီးသရုပ်ဆောင်များစွာဖြင့် အားဖြည့်ထားတဲ့အတွက် ကြည့်ရှုရတာတန်စေမယ့်ဇာတ်ကားမျိုးပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကို အရသာပျက်သွားမှာရယ် ကိုယ်တိုင်ကြည့်ရှုစေချင်တာရယ်ကြောင့် မရေးပြတော့ပါဘူး။Rating အနေနဲ့ရောတော်တော်မြင့်မြင့်လေးရထားတာဖြစ်ပြီး Biography/Drama ဇာတ်ကားကောင်းဖြစ်တာကြောင့် ကြည့်သင့်တဲ့ဇာတ်ကားလို့ပဲညွန်းချင်ပါတယ်။ File Size : (0.99 GB) and (400 MB) Quality : Blu-Ray 720p Running Time : 2hr 14min Format : Mp4 Genre :Biography, Drama Subtitle : ...
movie

Only the Brave (2017)

2017