Channel Myanmar

Rusty Meyers

Pay It Forward (2000)
Pay It Forward (2000) Pay It Forward (2010) *********************ဒီကားလေးဟာ ၂၀၀၀ ခုနှစ်က ထွက်ရှိခဲ့လေတော့ တော်ရုံသတိထားမိကြမယ်မထင်ဘူးဗျ...ဒီကား အဓိက လုပ်ဖြစ်ရတဲ့အကြောင်း (၂) ချက်ရှိပါတယ်...ပထမအချက်က စာရေးဆရာမ ဂျူး ရေးသားထားတာကိုဖတ်မိလို့ပါ....ဆရာမ ရေးသားသုံးသပ်ထားတွေဟာ အတော်စိတ်ဝင်စားဖို့ကောင်းသလို...သူမကိုယ်တိုင်ညွှန်းပြီဆိုတော့ ဒီကားလေးကို လုပ်ဖြစ်သွားပါတယ်...ဒုတိယ အချက်က  A.I. Artificial Intelligence ဇာတ်ကားထဲမှာ...ကလေးအရွယ်စက်ရုပ်အဖြစ်သရုပ်ဆောင်ပြီး...ကျွန်တော်တို့နှလုံးသားတွေကို...ကြေကွဲဆိုနင့်ပြိုကျအောင် အလဲထိုးခဲ့ဖူးတဲ့ ကလေးသရုပ်ဆောင် Haley Joel Osment ကြောင့်ပါ။ဇာတ်လမ်းအကျဉ်း --------------အဖေနဲ့ကွဲသွားတဲ့ အမူးသမားအမေနဲ့အတူနေရတဲ့ အလယ်တန်းကျောင်းသားလေးတစ်ယောက်ဟာ...ကျောင်းမှာ ဆရာကနေ တစ်နှစ်လုံးစာ လုပ်ရမယ့် Social Studies သင်ခန်းစာ Project တစ်ခု လုပ်ခိုင်းလာတဲ့အခါ...သူ့ရဲ့အသက်အရွယ်နဲ့မတန်လောက်အောင် သိပ်ကိုလှပတဲ့ စိတ်ကူးလေးတစ်ခု ရသွားပါတယ်။ အဲဒါကတော့ ဘာဖြစ်မလဲ...ဒီဇာတ်ကားလေးနဲ့ပတ်သက်ပြီး ပြောချင်တာက ခင်ဗျားဟာ ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်နေနေ...ဘယ်လိုကားအမျိုးအစားကိုမှ ကြိုက်နှစ်သက်သည်ဖြစ်စေ...ခင်ဗျားရဲ့ အသက်ဟာ ဘယ်အရွယ်ကိုပဲရောက်နေနေ...ခင်ဗျားရဲ့နှလုံးသားဟာ ခံစားနိုင်စွမ်း အကန့်အသတ်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ..ဒီကားလေးကို ဒေါင်းကြည့်ကြပါလို့ တိုက်တွန်းပါရစေ...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Sherlock ဖြစ်ပါတယ်.....File Size : 2.54GB / 953MB Quality : WEB-DL ...
movie

Pay It Forward (2000)

Lay the Favorite (2012) 4.8
Lay the Favorite (2012) Lay the Favorite (2012) ==================အရက်စားပွဲထိုး ဖြစ်ချင်နေတဲ့ အကသမား မိန်းကလေး ဘတ်က Las Vegas ကို ပြောင်းလာပြီးတဲ့နောက်မှာ ဒင့်ခ်ဆိုတဲ့ လောင်းကစားသမားတစ်ယောက်နဲ့ တွေ့ခဲ့ တယ်။ ဘတ်က ကိန်းဂဏန်းတွေလည်းတော်ပြီး ဉာဏ်ကောင်းတာမို့ အလုပ်ရှာနေ ရာက ဒင့်ခ်ရဲ့ လောင်းကစားဒိုင်မှာ အလုပ်ရသွားတယ်။ နောက်တော့ ဘတ်က သူ့ရဲ့ အလုပ်ရှင် ဒင့်ခ်ကိုပါ ကြွေလာတယ်။ ဒါပေမဲ့ ဒင့်ခ်မှာက ဘာအလုပ်မှမလုပ်ဘဲ သူ့ ယောကျ်ားပိုက်ဆံပဲ လိုက်ဖြုန်းနေတဲ့ ကျူးလစ်ဆိုတဲ့ မိန်းမရှိနေတယ်။နောက်တော့ ဘတ်က ဒင့်ခ်ကို ဆွဲဆောင်ပြီး ကျူးလစ်နဲ့သူနဲ့ကြား ရွေးချယ်ခိုင်းပါ တော့တယ်။ နောက်ပိုင်းမှာ ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာတော့ ဇာတ်လမ်းထဲမှာ စိတ်ဝင်တစား ဆက်ကြည့်ရှုရမယ့် လောင်းကစား၊ အချစ်ဟာသဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ ဒီဇာတ်လမ်းက Beth Raymer ဆိုတဲ့ မိန်းကလေးရဲ့ တကယ့်ဖြစ်ရပ် မှန်ကို ရိုက်ကူးထားတာပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.69 GB) / (679 ...
movie

Lay the Favorite (2012)

2012
Bleach (2022)
Bleach (2022) Bleach (2022)ဒီကားလေးကတော့ Horror ပရိတ်သတ်တွေ သဘောကျမယ့် ကားမျိုးဗျ။ ဇာတ်လမ်းဆုံးထဲ အထိ ရင်တမမနဲ့ ကြည့်နေရသလို ကြောက်နေရတယ်။ မြန်မာပေါသရဲကားတွေလိုတော့ မဟုတ်ဘူးပေါ့ဗျာ။ ဇာတ်လမ်းကလည်း နည်းနည်းဆန်းတယ် ဆိုမလား။ သူ‌ဌေးတစ်ယောက်ကနေ သူများအသားနာကျင်မှုကနေ ကျေနပ်မှုရှာတက်တဲ့ ရုပ်ရှင်ဒါရိုက်တာကို ငွေတွေ ပုံပေးပြီး အရက်စက်ဆုံး အပြင်းထန်ဆုံး ဇာတ်ကားကို ရိုက်ခိုင်းလိုက်တာပါပဲ။ အဲ့ဒီမှာ ဒါရိုက်တာဖြစ်တဲ့ ဂျိုနာပက်တန်ဟာ သူရက်ရက်စက်စက် သတ်ဖြတ်ခဲ့ဖူးတဲ့သူတွေရဲ့ တစ္ဆေတွေနဲ့ တကယ့်အပြင်မှာ သူ့နောက်လိုက်နေတဲ့ စုံထောက်တွေကို ဘယ်လို တစ်ပက်ရိုက်မလဲဆိုတာ ကြည့်ရူရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းဟာ သာမန်ကြည့်နေကျ ဇာတ်လမ်းလို မဟုတ်တာကြောင့် ထူးဆန်းတဲ့ ဇာတ်ကားတွေမှ ကြည့်ရူချင်တဲ့သူတွေက အကြိုက်တွေ့ပါလိမ့်မယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Hetang ပဲ ဖြစ်ပါတယ်။Genre..... Horror, Thriller Quality…. 1080p | 720p | 480p File size… 1.2GB | 680MB | 329MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar ...
movie

Bleach (2022)

2022
Simran (2017) 5.2
Simran (2017) Simran (2017) IMDb - 5.2/10_____Rotten - 70%    Simranရုပ်ရှင်ဇာတ်ကားဟာ ၂၀၁၇ခုနှစ်ကထွက်ရှိခဲ့တဲ့ အိန္ဒိယရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ Imdb rating 5.2 ရရှိထားပြီး Kangana Ranaut,Sohum Shah,Hiten Kumar တို့ ပါဝင်သရုပ်ဆောင်ထားတဲ့အက်ရှင်ဒရာမာဇာတ်ကားလေးဖြစ်ပါတယ်။ ပရိသတ်တို့သာ ငွေကြေးအခက်အခဲ ရင်ဆိုင်ရမယ်ဆိုရင် ဘယ်လို ဖြေရှင်းကြမလဲ။ မုန့်ဖိုးလိုတာဆိုရင်တော့ အလုပ်ခဏထွက်လုပ်ရုံပဲလေ။ ခုကားမှာကျတော့ ကိန်းကြီး လိုအပ်နေတာဗျ။ ပြီးတော့ ဒီကားမှာက အိမ်ထောင်ကွဲအမျိုးသမီးဆိုတော့ငွေလိုလာတဲ့အခါ တော်တော် ဒုက္ခတိုးရတယ်ဗျာ။ အဲ့လိုနဲ့ လမ်းမှားရောက်ပြီး လမ်းပျောက်သွားတဲ့ မိန်းမတစ်ယောက်နဲ့ ဇာတ်လမ်းက ဘဝသရုပ်ဖော် ပီသလာတယ်ဗျာ။ ဇာတ်လမ်းကလည်း တစ်ခန်းပြီးတစ်ခန်း ရှေ့ဆက်ဘာဖြစ်မလဲဆိုတာကို စိတ်ဝင်တစားနဲ့ ကြည့်ရမယ့် ကားလေးပါ။    ဇာတ်လမ်းအကျဉ်းကတော့ ကွာရှင်းထားတဲ့တစ်ခုလပ်တစ်ယောက်ဖြစ်သူ Pratful Patel ဟာ မိဘတွေနဲ့အတူနေထိုင်ရင်း သူမပိုင်အိမ်တစ်လုံးဝယ်ဖို့ကြိုးစားနေသူတစ်ယောက်ပါ။ တစ်နေ့မှာတော့ဖခင်ဖြစ်သူနဲ့ရန်ဖြစ်ပြီး Las Vegas ကိုထွက်သွားပါတော့တယ်။ Las Vegasမှာ လောင်းကစားလုပ်ရင်း အစပိုင်းမှာအနိုင်ရရှိခဲ့ပေမယ့်နောက်ပိုင်းမှာအရှုံးကြီးရှုံးပါတော့တယ်။ တဖြည်းဖြည်းနဲ့လောင်းကစားစွဲသွားတဲ့သူဟာ ရှိသမျှပိုက်ဆံအကုန်ကုန်ရုံတင်မက ငွေတိုးချေးစားတဲ့သူတွေဆီကနေပိုက်ဆံချေးလောင်းကစားလုပ်ခဲ့ပါတယ်။ အကုန်ရှုံးပြီးတဲ့နောက်မှာ အကြွေးပြန်ဆပ်ဖို့အတွက် ဘဏ်ဓားပြတိုက်တဲ့သူတစ်ယောက်ဖြစ်လာပါတော့တယ်။ ဒီကြားထဲ အကြပ်အတည်းဆိုက်နေတဲ့သူမဟာ အချစ်သစ်နဲ့ဆုံစည်းဖို့အကြောင်းဖန်လာခဲ့ပါတယ်။ ဒါပေမဲ့သူ တစ်ကယ်ပဲ အချစ်သစ်နဲ့လက်တွဲသွားရမှာလား...... သူမလုပ်ခဲ့တဲ့ဒုစရိုက်မှုတွေပေါ်သွားမှာလား..... အဆုံးသတ်မှာ ဘယ်လိုနိဂုံးချုပ်ရမလဲဆိုတာ ပရိသတ်တွေပဲကြည့်လိုက်တော့နော်    File Size : (900 ...
movie

Simran (2017)

2017