Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Rukmini Vasanth
7.4
Ace (2025)
Ace (2025) "နှလုံးလှလူမိုက် ဘို့ကန်နန်"ဒီတစ်ခါတော့ CM Bollywood ပရိသတ်ကြီးအတွက် နာမည်ကျော်တမီလ်မင်းသားကြီး ဗီဂျေးစည်သူပတီနဲ့ယိုဂီဘာဘူတို့ ပါ၀င်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်သစ်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်က မှုခင်းဇာတ်လမ်းပေမဲ့ အချစ်နဲ့ဟာသပါရောနှောတင်ဆက်ထားတာ ဖြစ်ပါတယ်။ကန်နန်ဟာပြစ်မှုကျူးလွန်ပြီး ထောင်ကျခဲ့ပေမဲ့ တကယ်တမ်းကတော့ စိတ်ထားကောင်းပြီး ကူညီပေးတတ်သူပါ။ အဲဒီစိတ်ကပဲ သူ့ကိုပြစ်မှုကျူးလွန်မိအောင်လုပ်သလို ဖြစ်နေခဲ့တာလို့ ဆိုရမလိုပါပဲ။သူထောင်ကထွက်လာချိန်မှာတော့ ဘ၀သစ်စပြီး ပြဿနာတွေနဲ့ဝေးအောင်နေမယ်လို့ ဆုံးဖြတ်ထားပါတယ်။ ဒါပေမဲ့ ကံကြမ္မာကတော့ သူ့ကို အဲဒီအတိုင်းနေခွင့်မပေးခဲ့ဘဲ ပြဿနာတွေထဲ၀င်ပါမိစေဖို့ အကြောင်းဖန်လာခဲ့ပါတယ်။သူနေတဲ့နေရာသစ်မှာ ရူကူဆိုတဲ့ မိန်းမချောလေးနဲ့ မထင်မှတ်ဘဲ ဆုံတွေ့ခဲ့ရပါတယ်။ စစချင်းမှာ မတည့်ခဲ့ပေမဲ့ နောက်ပိုင်းမှာ မိန်းကလေးရဲ့သနားစရာဘ၀ပြဿနာအကြောင်း သိလိုက်ရတဲ့အခါ.... အဲဒီအပြင် မတရားမှုတွေ မကောင်းတဲ့လူတွေနဲ့ ဆုံလာရတဲ့အခါ...ဘ၀အသစ်ပြန်စဖို့ ဆုံးဖြတ်ထားတဲ့ ကန်နန်တစ်ယောက် အရင်လိုဘ၀ထဲပြန်ရောက်ပြီး ပြဿနာတွေထဲ ၀င်ပါရဖို့ ဖြစ်လာပါတော့တယ်။အဲဒီလိုပြဿနာတွေကြားထဲမှာ ကန်နန် ဘာတွေကြုံရဦးမလဲ အရင်လိုထောင်ထဲပြန်၀င်ရဦးမလားဆိုတာကို အချစ်နဲ့ဟာသလေးပါနှောပြီး စိတ်၀င်တစားဆက်လက်ကြည့်ရှုကြရမှာပါ။(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ဖြစ်ပါတယ်။) File size… 10.1 GB / 2.87 GB / 1.45 GB Quality…WEB DL ...
movie
Ace (2025)
8
Bhairathi Ranagal (2024)
Bhairathi Ranagal (2024) "ရှာမှရှားတဲ့ သူလိုလူ"ဇာတ်အိမ်ကောင်းကောင်းကောင်းကိုမှ ကြည့်ချင်တဲ့ ပရိသတ်ကြီးအတွက် ဘောလိဝုဒ် အက်ရှင်-ဒရာမာဇာတ်လမ်းတစ်ပုဒ်ကို မိတ်ဆက်ပေးချင်ပါတယ်။ တရားဥပဒေဘက်ကကြည့် လူဆိုးဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ အများပြည်သူအတွက် သူရဲကောင်းဖြစ်နေတဲ့ ပုဂ္ဂိုလ်တစ်ဦးရဲ့ဘ၀ဇာတ်ကြောင်းကို အလှည့်အပြောင်းများစွာနဲ့ တင်ဆက်ရိုက်ကူးထားတာ ဖြစ်ပါတယ်။လူဆိုးတစ်ယောက်အဖြစ် တရားဥပဒေက တံဆိပ်တပ်ခံထားတဲ့ ဘဟိုင်ရာသီရာနဂယ်ဟာ ငယ်စဉ်ကတည်းက ထောင်ထဲမှာ ကြီးပြင်းခဲ့ရသူပါ။ သူ့ရွာအကျိုးအတွက် အကြမ်းဖက်သလိုဖြစ်ခဲ့ရာက ထောင်းနန်းစံခဲ့ရတဲ့ ရာဂနယ်ဟာ ထောင်ထဲမှာ အလကားမနေဘဲ ဥပဒေပညာကို ကြိုးစားသသင်ယူခဲ့ပါတယ်။ ထောင်ကထွက်လာချိန်မှာလည်း ရှေ့နေအဖြစ် သူ့ရပ်ရွာအကျိုးကို ဆောင်ရွက်ခဲ့ပါတယ်။ သူ့ရပ်ရွာက ပြည်သူတွေအတွက်တော့ သူဟာ နတ်ဘုရားတစ်ပါးလို ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ ဇာတ်လမ်းက ဒီမှာတင်ပြီးဆုံးသွားတာ မဟုတ်ပါဘူး။ ငယ်စဉ်ကတည်းက ဘ၀မလှခဲ့တဲ့ ရာနဂယ်တစ်ယောက် ရှေ့နေဘ၀မှာလည်း အလှည့်အပြောင်းများစွာ ကြုံတွေ့လာရပါတယ်။အစကတည်းက ကံကြမ္မာရဲ့မျက်နှာသာပေးခြင်းကို မခံရတဲ့ ရာနဂယ်ကို ကံတရားက ဘယ်လိုကျီစားဦးမှာလဲ... တရားမျှတမှုနဲ့ မတရားမှုတွေကြားမှာ ဘယ်လိုဓားစာခံဖြစ်ဦးမှာလဲ... ရှေ့ဆက်ပြီး သူ ဘယ်လို ကြံ့ကြံ့ခံရင်ဆိုင်သွားမလဲဆိုတာ စိတ်၀င်စားစရာ ဆက်လက်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။) File size… 2.5 GB / ...
movie
Bhairathi Ranagal (2024)
6
Appudo Ippudo Eppudo (2024)
Appudo Ippudo Eppudo (2024) "တာရာနှင့်စသော ဇာတ်လမ်းတစ်ပုဒ်"အသစ်ထွက်ရှိလာတဲ့ တေလဂူး မှုခင်းဒရာမာ ဇာတ်လမ်းတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်မင်းသမီးအချောအလှလေးဖြစ်တဲ့ Rukmini Vasant ပါဝင်ထားပြီး ဇာတ်လမ်းအကျဉ်းကတော့ ပြိုင်ကားမောင်းချင်တဲ့ အိပ်မက်တွေနဲ့ ပျော်ပျော်နေတတ်တဲ့ ရီရှီက တစ်နေ့မှာ ဆွဲကြိုးဖြတ်လုတဲ့ သူခိုးတစ်ယောက်ကို လိုက်ဖမ်းပေးရာကနေ တာရာဆိုတဲ့ အချောအလှလေးနဲ့ စတင်သိကျွမ်းခဲ့ပါတယ် မြင်မြင်ချင်းချစ်မိသွားခဲ့ပြီး ဖွင့်ပြောဖို့ တုံ့ဆိုင်းနေခဲ့တယ်နောက်တော့ သူ့မှာရည်းစားရှိနှင့်နေတာ သိသွားတဲ့အခါ လက်လျှော့လိုက်ပြီး အိပ်မက်တွေနောက်လိုက်ဖို့ ဘော်ဒါတစ်ယောက်နဲ့အတူ လန်ဒန်ကိုထွက်သွားခဲ့တယ်နှစ်နှစ်အကြာမှ တာရာ့ကိုမထင်မှတ်ထားဘဲ ပြန်တွေ့တဲ့အခါမှာတော့ ...အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size… 2.5 GB / 1.5 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Appudo Ippudo Eppudo (2024)
7.9
Bagheera (2024)
Bagheera 2024 အမှန်တရားဘက်တော်သား Imdb 7.8စူပါဟီးရိုးကာတွန်းတွေဖတ်ပြီး စူပါပါဝါတွေများရလာမလားဆိုပြီး တိုက်ပေါ်ကခုန်ချခဲ့တဲ့ ကလေးဘဝတုန်းကဗီဒန့် အစွမ်းတွေရမလာဘဲ ဆေးရုံတန်းရောက်သွားလို့ အမေဖြစ်သူက တရားချရတယ်"စူပါပါဝါတွေရှိမှ လူစွမ်းကောင်းမဟုတ်ဘူး လူတွေအသက်ကိုကယ်ပေးတဲ့ဆရာဝန်တွေ လူဆိုးတွေကို ကိုယ်ကျိုးမငဲ့ဘဲ ဖမ်းပေးတဲ့ရဲအရာရှိတွေလည်း လူစွမ်းကောင်းတွေပဲ"ဒီစကားတစ်ခွန်းကိုရှေးရှုပြီး ရဲအရာရှိလုပ်ဖို့ဆုံးဖြတ်ထားလိုက်ပါတယ် ဒီကလေးကြီးလာတော့လည်း ရွှေတံဆိပ်ဆုရှင်ရဲတစ်ယောက်ဖြစ်လာခဲ့ပါတယ် သူတာဝန်ကျတဲ့နေရာမှာတော့ ဘယ်ရဲမှမထိရဲတဲ့ ထိတ်ထိတ်ကြဲဆိုတဲ့ လူဆိုးတွေရဲ့ရိပ်မြုံပေါ့ ဆိုတော့သူတစ်ယောက်တည်းနဲ့တစ်မြို့ဖြစ်နေတော့ သူရည်မှန်းထားသလို လူစွမ်းကောင်းဖြစ်လာမလားဆိုတာကိုတော့ ...( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~ Linn ~ KKKZ ~ Alex ~ Thaw တို့ပဲဖြစ်ပါတယ် ) File size… (2.3 GB) / (1.2 GB) Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 38mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ V ~ Linn ~ KKKZ ...
movie
Bagheera (2024)
7
Sapta Sagaradaache Ello – Side B (2023)
Sapta Sagaradaache Ello Side B (2023) "မေ့ပြီလား"မနှစ်ကတင်ခဲ့တဲ့ Side A ရဲ့ နောက်ဆက်တွဲဖြစ်တဲ့ ဟင်ဒီအချစ်ဒရာမာကားလေးကို အဆွေးဓာတ်ခံရှိတဲ့ ပရိသတ်တွေအကြိုက် တင်ဆက်ပေးလိုက်ပါတယ်ကိုယ်မလုပ်ခဲ့တဲ့ အပြစ်တစ်ခုအတွက် ထောင်ဆယ်နှစ်ကျပြီး ပြန်ထွက်လာတဲ့ မာနူတစ်ယောက် လေထဲအတူ တိုက်အိမ်ဆောက်ဖူးတဲ့ ချစ်သူ ပရီယာလည်း အိမ်ထောင်ကျ၊ဘဝမှာ ကျန်တာဆိုလို့ ထောင်ကရခဲ့တဲ့ အမာရွတ်တစ်ခုနဲ့ အတိတ်က မေ့ဖျောက်မရတဲ့ မှတ်ဉာဏ်တစ်ချို့နဲ့အတူ တွဲရက်ပါလာတဲ့ ဒဏ်ရာတွေပါပဲဘဝသစ်စဖို့ ကြိုးစားရင်း သူ့မိတ်ဆွေတစ်ယောက်ညွှန်းတဲ့အတိုင်း ဟိုအတန်းက သဘောမနောကောင်းတဲ့ ပြည့်တန်ဆာလေးနဲ့ သွားအိပ်ပြီး ရင်းနှီးသွားကြရင်း သူ့အမြင်တချို့ ပြောင်းလာတယ်ဒီအချိန်မှာပဲ ပရီယာတစ်ယောက် အိမ်ထောင်ကျလို့ ရွှေဘုံပေါ် စံနေပါပြီ သူ့ဘဝသူပျော်နေပါပြီ ဆိုတဲ့ အထင်နဲ့ အမြင် လွဲနေတာကို တွေ့လိုက်ရတဲ့အခါမှာတော့...တစ်စစီကျိုးပဲ့သွားတဲ့ အတိတ်ဘဝက အိပ်မက်တစ်ချို့ကို ပြန်လည်ဆက်စပ်ဖို့ သူကြိုးစားလို့ အောင်မြင်မှာလား ဒီတစ်ကြိမ်မှာရော ရှေ့ကားကလို မျက်ရည်တွေနဲ့ပဲ အဆုံးသတ်ရဦးမှာလားဆိုတာကိုတော့သီချင်းကအစ အဆွေးရော့ခ်သီချင်းတွေ ထည့်သွင်းထားပြီး ဟာသလုံးဝမနှောပဲ အပီအပြင်ဆွေးရဦးမယ့် ဇာတ်လမ်းလေးဖြစ်ကြောင်း ညွှန်းလိုက်ပါတယ်အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ...
movie
Sapta Sagaradaache Ello – Side B (2023)
2023
8.7
Sapta Sagaradaache Ello – Side A (2023)
Saptha Sagaradaache Ello Side A (2023)IMDB 8.8 ရရှိထားတဲ့ 777Charliesနဲ့ ပရိတ်သတ်တွေအားပေးမှုကိုရရှိခဲ့တဲ့ မင်းသား Rakshit Shettyရဲ့ Kannada ဘာသာစကား အချစ်ဒရာမာဇာတ်လမ်းလေး တင်ဆက်ပေးလိုက်ပါတယ်အချစ်ကားဆိုပေမယ့် "လက်တွေ့ကျတဲ့ သရုပ်ဖော်မှု၊ ကဗျာဆန်တဲ့ visual storytelling" ဆိုပြီးတော့ ရုပ်ရှင်ဝေဖန် ရေးဆရာများက ချီးကျူးထားကြပါတယ်သီချင်းသံတွေနဲ့ အတင်းလုပ်ယူထားတာမရှိပဲ သဘာဝကျကျ ရိုးစင်းတဲ့ ဒိုင်ယာလော့ လေးတွေနဲ့ အချစ်ကို လက်တွေ့ကျကျ သရုပ်ဖော်ထားတယ်လို့ ဝေဖန်ရေးဆရာတွေက ဆိုပါတယ်ဇာတ်လမ်းအကျဥ်းကတော့ မာနူနဲ့ ပရီယာတို့ ချစ်သူနှစ်ဦးက အခြေခံ လူတန်းစားဖြစ်တာနဲ့အညီ အိပ်မက်တွေနောက်လိုက်ရင်း နှစ်ယောက်အတူ အိမ်လေးတစ်လုံးငှားပြီး အခြေချဖို့အတွက် ကြိုးစားနေကြသူတွေပါမာနူက သူဌေးရဲ့ ကားမောင်း တောက်တိုမယ်ရ လုပ်ပေးရပြီး ပရီယာကတော့ အ ဆိုတော်ဖြစ်ဖို့ ကြိုးစားနေသူပါ ပရီကာက ချုပ်ချယ်သမျှ ဆူပူသမျှ မြည်တွန်သမျှကို မာနူကလည်း အရာရာသည်းခံပြီး ချစ်တတ်ပါတယ်ဆိုလို့ ပရီယာကလည်း မချစ်တတ်တာတော့ မဟုတ်ပါဘူး တခါတလေတော့ သူ့ချစ်သူကောင်လေးကိုချစ်ကြောင်း နုနုရွရွ ပြောတတ်ပါသေးတယ်"ရို" တယ်ဆိုလို့ နှစ်ယောက်တစ်ကမ္ဘာ မှော်လောကကြီးမှာ နောက်ခံသီချင်းဖွင့်ပြီး ကနေဖို့ အချိန်မရှိပဲ ...
movie
Sapta Sagaradaache Ello – Side A (2023)