Channel Myanmar

Ruby Modine

Happy Death Day 2U (2019) Happy Death Day To You 6.2
Happy Death Day 2U (2019) Happy Death Day To You Happy Death Day 2U (2019)IMDb Rating (6.2) / Rotten Tomatoes (72%)ဒီကားက 2017 တုန်းကထွက်ရှိခဲ့တဲ့ Happy Death Day ရဲ့အဆက်ဇာတ်ကားလေးဖြစ်ပါတယ်။ ပထမကားမှာ တက္ကသိုလ်ကျောက်းသူလေးတစ်ယောက် ရုတ်တရက်သူ့မွေးနေ့မှာ မနက်အိပ်ရာနိုးလာတော့ ပုံမှန်လိုပဲတနေ့တာကုန်ဆုံးပေမဲ့ အဲဒီနေ့ညမှာ လူသတ်သမားတစ်ယောက်ရဲ့ သတ်ဖြတ်ခြင်းခံခဲ့ရပါတယ်။ Happy Birthday မဖြစ်ဘဲ Happy Death Day ဖြစ်လာရတဲ့အကြောင်းအရင်းကတော့ သူအသတ်ခံရပြီးပေမဲ့ အဲ့ဒီနေ့ သူ့မွေးနေ့မှာပဲ ပြန်နိုးလာပြန်ပြီး အရာရာတိုင်းကတပုံစံတည်းဖြစ်နေပါတယ်။ ပြောရရင် သူ့မွေးနေ့မှာပဲ ပြန်ပြန်နိုးလာပြီး ညရောက်ရင်အသတ်ခံရလိုက် နိုးလာလိုက်နဲ့ Happy Death Day ကိုဆင်နွဲခဲ့ရတာပါ။ပထမကားမှာ သူ့ကိုသတ်တဲ့လူကိုဖော်ထုတ်နိုင်ပြီး ဇာတ်သိမ်းသွားပေမဲ့ ဒီဒုတိယကားမှာတော့သူ့လိုဖြစ်တဲ့နောက်တစ်ယောက်ပေါ်လာပါတယ်။ အစကတော့ သူ့လိုနောက်တစ်ယောက်ဆိုပြီးကူညီပေးပေမဲ့ ကောင်းကျိုးထက်ဆိုးကျိုးများပြီးသူပါအရင်လိုပြန်ဖြစ်သွားပါတယ်။ ဒါပေမဲ့အရာရာက အသတ်ခံရတာကလွဲလို့ အရင်လိုမဟုတ်တော့ပါဘူး။ဘာတွေကွဲပြားသွားမလဲဆိုတာတော့ စိတ်ဝင်စားစရာပါ.. ရှေ့ကားမှာတော့ ဘာလို့နေ့တစ်နေ့ထဲမှာပိတ်မိနေရတာလဲဆိုတာကို ထည့်မပြထားဘဲ Mystery ဆန်ဆန်ထားခဲ့ပေမဲ့ ဒီကားမှာတော့ အကြောင်းအရင်းကိုဖော်ပြထားပြီး အဲ့ပြသနာအရင်းအမြစ်ကိုဖြေရှင်းမှပဲ သူလွတ်မြောက်နိုင်မှာပါ။ ကဲ...ဒီတော့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ......။ခုကားမှာတော့ Mystery ထက် Sci-Fi ဖက်နွယ်ပြီးသွားတဲ့အတွက် ...
movie

Happy Death Day 2U (2019) Happy Death Day To You

2019
Happy Death Day (2017) 6.6
Happy Death Day (2017) Happy Death Day (2017)IMDb Rating (6.6) / Rotten Tomatoes (71%)Thiller ဇာတ်ကားကောင်းလေးကြည့်ချင်သူများအတွက် ဒီကားကတော့ လုံးဝအမိုက်စားပါပဲ။ Before I Fall ဇာတ်ကားလေးနဲ့ပုံစံတူပါတယ်။ ဒီကားလေးမှာကတော့ပိုပြီးစိတ်လှုပ်ရှားစရာကောင်းပြီး Mystery ဆန်တဲ့ပုံစံကိုတွေ့ရမှာပါ။ လူ့ရုပ်သကန်ကိုသေချာပြဆိုနိုင်တဲ့ဇာတ်ကားမျိုးတွေပါ။ လူဆိုတာမျိုးကဘာမှမဖြစ်ခင်မှာတော့ဘာမှမဖြစ်သလိုပေါ့ပေါ့နဲ့ကိုယ့်ယူဆချက်နဲ့ကိုယ်နေထိုင်ကြပေမယ့် တကယ်တမ်းအကျဉ်းကျပ်ထဲရောက်ချိန်မှာတော့ပြောင်းလဲလာတတ်ကြတာပါပဲ။ဇာတ်လမ်းလေးကတော့... ထရီဇာဆိုတဲ့ကောလိပ်ကျောင်းသူလေးတစ်ယောက်ဟာတနင်္လာနေ့တစ်မနက်မှာ ကာတာဆိုတဲ့ကျောင်းသားအဆောင်လေးထဲမှာနိုးထလာခဲ့ပါတယ်။ ညဖက်ပါတီမှာအသေသောင်းကျန်းပြီးယောကျာ်လေးတစ်ယောက်ရဲ့အခန်းမှာရောက် မနက်အိပ်ရာနိုးရတယ်ဆိုတာကိုကြည့်ခြင်းအားဖြင့်ထရီဇာရဲ့ဇာတ်ကောင်သဘာဝကိုသိနိုင်ပါတယ်။ ခေတ်ဆန်ဆန်ပိုက်ဆံရှိမိဘအသိုင်းအဝိုင်းကလာပြီးကိုယ်စိတ်ထင်သလိုလုပ်နေတဲ့ကျောင်းသူလေးတစ်ယောက်ပါပဲ။ဒီနေရာမှာဇာတ်ကားကိုစိတ်ဝင်စားစေတာကတော့အဲဒီနေ့ဟာသူ့မွေးနေ့ဖြစ်နေပါတယ်။ မနက်နိုးလာကတည်းကညအထိပုံမှန်လိုပဲဖြတ်သန်းလာခဲ့ပေမယ့် ညနက်ပိုင်းပါတီကိုသွားတဲ့လမ်းရောက်တဲ့အချိန်မှာပဲသူ့ဘဝစကြမ်းပြီလို့ပြောရမှာပါပဲ။ ညဖက်ပါတီကိုသွားရင်လမ်းမှာလူတစ်ယောက်ရဲ့လက်ချက်နဲ့အသတ်ခံလိုက်ရတာပါ။ဇာတ်လမ်းကအဲဒီမှစတာပါ။ သူအသတ်ခံလိုက်ရပြီးရုတ်တရတ်ပြန်နိုးလာပါတယ်။ နိုးလာတဲ့နေရာကလည်းမနက်ကသူနိုးလာတဲ့အခန်းသူနိုးလာတဲ့ပုံစံအတိုင်းသူ့မွေးနေ့မှာပဲသူပြန်နိုးလာခဲ့တာပါ။အိပ်မက်လိုလိုဘာလိုလိုနဲ့ဦးနှောက်ခြောက်နေရင်းထရီဇာတစ်ယောက် အဲဒီညမှာလူသတ်သမားလက်ချက်နဲ့နောက်တစ်ခါအသတ်ခံလိုရပြီးတဲ့အခါမှာတော့ သူပြန်လည်နိုးထလာချိန်မှာ Happy Birthday မဟုတ်ပဲ Happy Death Dayဖြစ်နေပြီး ရက်တစ်ရက်ထဲမှာပဲပိတ်မိနေတော့တာပါပဲ။ထရီဇာတစ်ယောက် အဲဒီတစ်ရက်တည်းမှာပဲအဖန်တလဲလဲနိုးထလာလိုက်သေဆုံးလိုက်နဲ့သံသရာလည်နေရင်း လူတွေအကြောင်း၊သူ့အကြောင်းကိုသူပိုသိလာပါတော့တယ်။ သူ့ပတ်ဝန်းကျင်ကလူတွေအကြောင်းပိုသိလာတယ်။ ဟန်ဆောင်မှုတွေကြားကလူတွေရဲ့မျက်နှာဖုံးတွေကိုလည်းမြင်လာပါတယ်။ တဖြေးဖြေးနဲ့စိတ်ညစ်လာတဲ့ထရီဇာတစ်ယောက်၊ ဘဝမှာသူ့စိတ်တိုင်းကျလုပ်ချင်ရာလုပ်ခဲ့တဲ့ထရီဇာတစ်ယောက် အခုတော့သူလိုချင်တာမနက်ဖြန်ဆိုတဲ့ဆုတောင်းပဲရှိပါတော့တယ်။ဒါဟာကျွန်တော်တို့သတိမပြုမိတာဒါရိုက်တာပြလိုက်တာပါပဲ။ မနက်ဖြန်ပေါင်းများစွာရှိတဲ့အချိန်တုန်းကတန်ဖိုးမထားပဲအီလေးဆွဲခဲ့ပေမယ့် အဲဒီမနက်ဖြန်ကိုလက်လွှတ်လိုက်ရချိန်တစ်နည်းအားဖြင့် နောက်ထပ်အခွင့်အရေးမရှိတော့ချိန်မှာတမ်းတကြတာသဘာဝပါပဲ။ဒီကားလေးကတော့ စိတ်လှုပ်ရှားစရာ၊စဥ်းစားစရာလေးတွေနဲ့တင်ဆက်ထားတဲ့အတွက်တစ်မျိုးတစ်ဖုံခံစားမှုရစေမှာပါ။ လူသတ်သမားကရောဘယ်သူလဲ၊ ဘာကြောင့်သူ့ကိုသတ်ရတာလဲ၊ Happy Birthdayနေ Happy Death Day ဖြစ်သွားရှာတဲ့ထရီဇာတစ်ယောက်ရော အဲဒီသံသရာထဲကလွတ်မြောက်နိုင်မှာလားဆိုတာကတော့........။Happy Death Day (2017) နဲ့ Happy Death Day 2U (2019) ဆိုတဲ့ အဆက်ရုပ်ရှင် ၂ ကားရှိပြီး ၂ ကားလုံးကို CM မှာ တင်ဆက်ထားပါပြီ။ File size…(1.4 GB )/(940 MB) Quality….BluRay 1080p HEVC / ...
movie

Happy Death Day (2017)

2017
On Our Way (2021) 5.4
On Our Way (2021)  ဒီဇာတ်လမ်းရဲ့ အဓိက ဇာတ်ကောင်ဟာ သူ့ရဲ့အိမ်မက်ကို လိုက်ခဲ့ပြီး မမျှော်လင့်တဲ့ ခရီးတစ်ခုကို ကြုံတွေ့ရတဲ့ လူငယ်တစ်ဦး ဖြစ်ပါတယ်။ဇာတ်လမ်းမှာ အဓိက ဇာတ်ကောင်ဟာ သူ့ရဲ့ အိမ်မက်ဆိုး Trauma တွေရှိတဲ့တဲ့ ဘဝတစ်ခုကနေ လွတ်မြောက်ဖို့ ကြိုးစားနေသူ ဖြစ်ပြီး သူ့ရဲ့ ပန်းတိုင်တွေကို ပြည့်ဝစေဖို့ သင်ယူနေရတဲ့ အကြောင်းအရာတွေကို ဖော်ပြထားပါတယ်။ဇာတ်လမ်းမှာ လူငယ်တွေရဲ့ အိမ်မက်တွေ၊ ပန်းတိုင်တွေကို ဆီလျော်စွာဖော်ပြထားပြီး လမ်းခရီးတစ်ခုမှာ ကြုံတွေ့ရမယ့် အတားအဆီးတွေကို ကူးဖြတ်ရင်း ဘယ်လိုအောင်မြင်နိုင်မလဲ ဆိုတာကိုလည်း ဆွေးနွေးထားပါတယ်။ဒီဇာတ်ကားဟာ ရိုးရှင်းပြီး ထိထိမိမိရှိတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ပရိသတ်တွေ ကြည့်ရှုခံစားနိုင်အောင် ဖန်တီးထားတဲ့ ရုပ်ရှင် ဖြစ်ပါတယ်။ File size…(1.5 GB)/(680 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:31:00 Genre... Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nikobaby
movie

On Our Way (2021)

Fear (2023)
Fear (2023) Fear (2023)ကြောက်ရွံ့မှုသဘောတရားကို အခြေတည်ပြီးရိုက်ကူးထားတဲ့ Horror ကားသစ်တစ်ကားဖြစ်ပါတယ်။ရွန်နဲ့ သူ့ချစ်သူတို့ဟာ ပိတ်ရက်ကို သူငယ်ချင်းတွေနဲ့ အတူတူပျော်ရွှင်စွာ ဖြတ်သန်းဖို့ ခရီးထွက်လာကြပါတယ်။ အခြေအနေက ဗိုင်းရပ်စ်ပိုးတွေ ကူးစက်မှု ငြိမ်နေတဲ့ကာလဖြစ်ပြီး ရွန်က သူ့ချစ်သူကို လက်ထပ်ခွင့်တောင်းမှာ ဖြစ်တဲ့အတွက် သူငယ်ချင်းတွေအားလုံး ဆုံဖြစ်အောင် လာကြတာပါ။ရွန်က နာမည်ကြီးအကောင်းအားအကောင်းဆုံး ၀တ္ထုရေးဆရာဖြစ်ပြီး သူ့ရဲ့နောက်ထွက်မယ့်စာအုပ်အတွက် လေ့လာစုဆောင်းနေတုန်းဖြစ်ပါတယ်။ သူတို့တွေ တည်းခိုရမယ့်နေရာက စတော်ဘယ်ရီတည်းခိုရိပ်သာပါတဲ့။ အဲဒီရိပ်သာက လှပတဲ့တောအုပ်ထဲမှာရှိပြီး ပိတ်ရက်ကို အပန်းဖြေချင်သူတွေအတွက် ငှားပေးတာပါ။ အစက ရောက်ရောက်ချင်းမှာ ရွန်က ချစ်သူ ဘီရန်ကာကို လက်ထပ်ခွင့်တောင်းဖို့ စီစဉ်ထားတာဖြစ်ပေမယ့် တကယ်တမ်းကျတော့ မတောင်းဖြစ်လိုက်ပါဘူး။ ရိပ်သာမှာ သူတို့ကိုချက်ကင်၀င်ပေးတဲ့ အမျိုးသမီးကြီးက သူတို့အဖွဲ့ကို ဓာတ်ပုံရိုက်ပေးပြီး လက်ဆောင်အဖြစ် သူတို့ကိုယ်ပိုင်လုပ်တဲ့ ဝိုင်တစ်ပုလင်းပေးခဲ့ပါတယ်။ညနေဘက်မှာ ရွန်တို့သူငယ်ချင်းတစ်စု စုဝေးကြတုန်း ရွန်က ဒီဒေသနဲ့ ဒီရိပ်သာရဲ့ သမိုင်းကြောင်းပုံပြင်ကိုပြောပြပါတယ်။ ဒီဒေသက အရင်က အမေရိကန်လက်အောက်မခံခင် ...
movie

Fear (2023)

2023
Satanic Panic (2019) 5.7
Satanic Panic (2019) ဒီကား​လေးက​တော့Horror Comedyကား​လေးပါဆမ်ဆိုတဲ့​ကောင်မ​လေးတစ်​ယောက်သူရဲ့ပထမဆုံးအလုပ်လုပ်တဲ့​နေ့မှာပဲအလွဲ​တွေကိုကြုံခဲ့ရတာ​ပေါ့သူမရဲ့အလုပ်က​တော့ပီဇာပို့​ပေးရတာပါသူမပထမဆုံးညဘက်သွားပို့​ပေးရမယ့်​နေရာက​တော့​မေးလ်​ဘေစင်​ပေါ့အဲ့ကိုသွား​ပေးပို့ရင်းနဲ့ ​စေတန်နတ်ဆိုးကိုကိုးကွယ်​နေတဲ့လူတစ်စုနဲ့​တွေ့ဆုံခဲ့တာ​ပေါ့အဲ့အုပ်စုဟာ​စေတန်ရဲ့တမန်​တော် ဘယ်ဖိုမက် ကိုဆင့်​ခေါ်ဖို့အပျိုစင်ကိုရှာ​ဖွေနေခဲ့ကြတာ​ပေါ့ဖြစ်ချင်​တော့ဆမ်ဟာအဲ့ကို​ရောက်ရှိသွားခဲ့ပြီးသူမအပျိုစင်ဖြစ်တာကိုသိသွားတဲ့အတွက်အဲ့အုပ်စုဟာဖမ်းချုပ်ပြီးယစ်ပူ​​ဇော်ဖို့စီစဉ်ခဲ့ကြတယ်အဲ့ညမှာ​တော့သူမဘယ်လို​တွေဖြတ်သန်းခဲ့ရလဲဘာ​​လိုအလွဲ​​လေး​တွေဖြစ်ခဲ့မလဲဆိုတာကိုကြည့်ရှု့ရမှာဖြစ်ပါတယ် File Size : ( 833 MB , 260 MB)Quality :  WEB-DL 720pRunning Time : 1 hr 25 minFormat : Mp4Genre : Horror , ComedySubtitle : Myanmar Subtitle (Hard Sub)Translated by  NeveEncoded by Moe Myint Lwin
movie

Satanic Panic (2019)

2019