Channel Myanmar

Ruby Max Fury

My First Film (2024) 6.0
My First Film (2024)  ရုပ်ရှင်တွေဟာ လူတိုင်းနဲ့မစိမ်းတဲ့ အနုပညာတစ်ခုပါ။ရုပ်ရှင်တွေကနေတစ်ဆင့် ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ အားရကျေနပ်မှု၊မွန်းကြပ်မှု စသဖြင့် ရသမျိုးစုံကို ခံစားရနိုင်ပါတယ်။ဒီလို ကြည့်ရှုသူတွေကို ရသမျိုးစုံပေးနေတဲ့ ရုပ်ရှင်တွေကိုဖန်တီးရတာကရော ထမင်းစားရေသောက်သလိုလွယ်ကူနေမယ်လို့ထင်မိပါသလား။ အဲလိုထင်နေရင်သိပ်ကိုမှားသွားပါလိမ့်မယ်။ကိုယ်တွေကြည့်ရတဲ့ ရုပ်ရှင်ဇာတ်ကား ၁ကားစာရဖို့ အတွက်ရုပ်ရှင်ဖန်တီးသူတွေဟာ နှစ်နဲ့လနဲ့ချီအချိန်ပေးကာရိုက်ကူးကြရပါတယ်။အထူးသဖြင့် အစစအရာရာမှာငွေက အခရာကျတဲ့ ဒီလိုခေတ်ကြီးထဲမှာရုပ်ရှင်လောကဟာ တက်သစ်စ လူငယ်ရုပ်ရှင်ဖန်တီးသူတွေအတွက်တိုးပေါက်ဖို့ လုံးဝမလွယ်ကူတဲ့ ရပ်ဝန်းတစ်ခုပါ။ဒီဇာတ်ကားဟာလည်း ဇာတ်ကားနာမည်ထဲကအတိုင်း ပထမဆုံးရုပ်ရှင်ကိုရိုက်ကူးဖို့ ကြိုးစားနေတဲ့ လူငယ်ဒါရိုက်တာ / filmmaker ဗီတာရဲ့အကြောင်းပါ။ဗီတာဟာ သူ့ရဲ့ပထမဆုံး Feature film ကိုရိုက်ကူးဖို့အတွက်ရိုက်ကူးရေးဘတ်ဂျက် မဖြစ်စလောက်လေးလက်ထဲကိုင်ပြီးသူ့ဇာတိမြို့လေးမှာ လူငယ်တစ်စုနဲ့ ကြိုးစားကြပုံကို ဇာတ်အိမ်တည်ထားပါတယ်။ ဒါရိုက်တာဖြစ်တဲ့ ဗီတာတစ်ယောက် မလွယ်ကူတဲ့လမ်းကိုလျှောက်ရင်း စိတ်ပိုင်းဆိုင်ရာအထပ်ထပ်ပြိုလဲရပုံကို ရိုက်ကူးတင်ဆက်ပြထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ခုပါ။ဇာတ်လမ်းအေးတယ်ထင်ရပေမဲ့ မထင်မှတ်ထားလောက်အောင် အဆုံးထိဆွဲခေါ်သွားနိုင်ပြီး လူငယ် filmmaker တွေရဲ့ဘဝကို အများကြီးထင်ဟပ်စေတဲ့ ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ကြောင်း recommendပေးလိုက်ပါရစေ။  File size…2.11GB / 998MB Quality…WEB-DL 1080p 5.1CH / ...
movie

My First Film (2024)