Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ruby Dee
Baby Geniuses (1999)
ဇာတ်လမ်းကတော့ အမွှာကလေးနှစ်ယောက်ဖြစ်တဲ့ ဆလိုင် နဲ့ ဝစ် (Leo, Gary နဲ့ Myles Fitzgerald) တို့ကို သိပ္ပံစမ်းသပ်မှုတစ်ခုအတွက် ရည်ရွယ်ပြီးမွေးဖွားခဲ့တာပါ။ဆလိုင်ကို ဒေါက်တာအယ်လီနာကင်ဒါ(Kathleen Turner)က ယူထားပြီး ဝစ်ကိုတော့ ဒန် (Peter MacNicol) နဲ့ ရော်ဘင် (Kim Cattrall)တို့က မွေးစားထားခဲ့ပါတယ်။ တစ်သက်လုံး စမ်းသပ်မှုတွေအောက်မှာ ကြီးပြင်းလာခဲ့ရတဲ့ ဆလိုင်ဟာ အကြိမ်ကြိမ်ထွက်ပြေးဖို့ကြိုးစားခဲ့ပြီး နောက်ဆုံးတစ်ကြိမ်မှာတော့ လွတ်မြောက်သွားခဲ့ပါတယ်။ ဒါကို ပြန်လိုက်ဖမ်းတဲ့လူတွေက ဝစ်ကို လူမှားဖမ်းခေါ်သွားတဲ့အခါ အရင်ကမသိရသေးတဲ့လျှို့ဝှက်ချက်တွေ ပေါ်ပေါက်လာပါတယ်။ဒီဇာတ်လမ်းဟာ Box office မှာ အတော်လေးအောင်ပွဲခံခဲ့ပြီး ၂၀၀၄ ခုနှစ်မှာ Sequel ဖြစ်တဲ့ Superbabies: Baby Geniuses 2 ထပ်ထွက်လာခဲ့ပေမယ့် သရုပ်ဆောင်မှုများ၊ ဟာသ၊ အထူးပြုလုပ်ချက်များ၊ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာတို့ ပြင်းပြင်းထန်ထန်ဝေဖန်ခံခဲ့ရပါတယ်။ ဒီဇာတ်ကားမှာ တစ်ခုတည်းသော အမှတ်ပေးစရာကတော့ ...
movie
Baby Geniuses (1999)
5.3
A Simple Wish (1997)
A Simple Wish (1997)Fairy Godmother ဆိုတဲ့ နတ်သမီးအသွင်နဲ့ အဘွားအိုတွေကိုငယ်ဘဝက ကြည့်ရှုဖူးတဲ့ကာတွန်းဇာတ်လမ်းတွေမှာ မကြာခဏမြင်ရဖူးပါတယ်။စိတ်နှလုံးသားဖြူစင်သူတွေရဲ့ဆုတောင်းတစ်ခုကို ဖြည့်ဆည်းပေးတတ်ကြတဲ့Motherly Figure ဇာတ်ကောင်တွေလည်း ဖြစ်ကြပါတယ်။ဒီဇာတ်လမ်းလေးမှာတော့ နတ်သူငယ်ခေါင်းကိုင်အမေ၊ ဆန်တာဘိုးဘိုး၊ သွားနတ်သမီးစတာတွေကို အကြွင်းမဲ့ယုံကြည်ထားသူကလေးမလေးတစ်ယောက်ရဲ့ဖြူစင်တဲ့ဆုတောင်းလေးတစ်ခုအကြောင်းကို တင်ဆက်ထားတာဖြစ်ပါတယ်။ဘရော့ဒ်ဝေးပြဇာတ်ရုံမှာ ဖျော်ဖြေမယ့် ပြဇာတ်အတွက် ဇာတ်ကောင်နေရာကိုလိုချင်နေတဲ့ အန်နာဘယ် နဲ့ ချာလီတို့ရဲ့ဖခင်ဖြစ်သူ အိုလီဗာဟာလူရွေးပွဲမှာတော့ ကံမကောင်းခဲ့ဘဲ နာမည်ရပြီးသားသရုပ်ဆောင်တစ်ယောက်ရဲ့နောက်ကနံပါတ် (၂) နေရာသာ ချိတ်သွားခဲ့ပါတယ်။သာမန်မြင်းလှည်းမောင်းသမားတစ်ယောက်ဖြစ်ပေမယ့်အသံဩဇာ ပါရမီပါသူ ဖခင်အတွက်သူလိုချင်တဲ့ ပြဇာတ်သရုပ်ဆောင်ဘ၀ရရှိအောင်ဖြည့်ဆည်းပေးချင်နေတဲ့ အန်နာဘယ်ဟာFairy Godmother တစ်ယောက်ဖြစ်နေပေမယ့်ယောကျ်ားဘဝကို ပိုင်ဆိုင်ထားသူဖြစ်တဲ့မာရေးနဲ့ တွေ့ဆုံဖို့ အကြောင်းဖန်လာခဲ့ပါတယ်။အရွယ်ရောက်ခါစဖြစ်တဲ့ အစ်ကိုဖြစ်သူ ချာလီ နဲ့နတ်သမီးပုံပြင်တွေအကြောင်းကို ငြင်းခုန်ပြီး အိပ်ရာဝင်သွားတဲ့ညမှာပဲမောင်နှမနှစ်ယောက်ရဲ့ အိပ်ခန်းထဲကိုFairy Godmother တစ်ယောက်ဖြစ်တဲ့မာရေး ရောက်ရှိလာခဲ့ပါတယ်။ဆုတောင်းတစ်ခုကို ဖြည့်စွမ်းပေးမယ့် သူဖြစ်ကြောင်း သိသိချင်းမှာပဲ ဖခင်ဖြစ်သူ လိုချင်နေတဲ့ဇာတ်ကောင်နေရာအတွက် ဆုကို တောင်းပေးခဲ့ပါတယ်။မာရေးကလည်း ဆုတောင်းဖြည့်ပေးတော့မယ့်ဆဲဆဲမှာFairy Godmother များ နှစ်စဉ်တွေ့ဆုံပွဲကျင်းပရာကိုအလျင်စလို ...
movie
A Simple Wish (1997)
The Tall Target (1951)
The Tall Target ဆိုတာက အရပ်အမောင်းကောင်းတဲ့ သမ္မတကြီးလင်ကွန်းကို ရည်ညွှန်းတာပါ။ ၁၈၆၁ ခုနှစ်မှာ နယူးယောက်ရဲဌာနက ဆာဂျင့်ကနေဒီဟာ သမ္မတလောင်းလင်ကွန်းကို ကျမ်းသစ္စာမဆိုခင် ဘာတီမိုးမှာမိန့်ခွန်းပြောတုန်း လုပ်ကြံမယ်ဆိုတာကို သတင်းအတိအကျရထားလို့ အထက်ကိုတင်ပြပေမဲ့ အထက်က ဂရုမစိုက်တော့ ကိုယ်တိုင်ကိုယ်ကျ ရထားစီးကာ ဘာတီမိုးကိုလိုက်သွားရတယ်။နယူးယောက်ကနေ ဝါရှင်တန်ထိသွားမယ်ရထားပေါ်မှာ ကနေဒီအတွက်နေရာဦးပေးထားတဲ့ သူ့မိတ်ဆွေကြီးကပါ အသတ်ခံလိုက်ရတော့ ကနေဒီဟာ သူကိုယ်တိုင်ပါ အန္တရာယ်ရှိနေမှန်း သိသွားခဲ့ပေမဲ့ ရထားပေါ်မှာ မသမာသူတွေကိုရှာရင်း သမ္မတလောင်းကြီးလင်ကွန်းကို သတိပေးဖို ခရီးဆက်ရပါမယ်။ ဒီဇာတ်ကားဟာ တကယ်ဖြစ်ပျက်ခဲ့တဲ့ Baltimore Plot ဆိုတဲ့ အဖြစ်အပျက်ကို ရိုက်ကူးထားတာပါ။ File size…(1.4 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:18:00 Genre... Adventure, Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su
movie
The Tall Target (1951)
8.0
Do the Right Thing (1989)
IMDb 8/10, RT 92% ရရှိထားတဲ့ Comedy/Drama ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Cannes ရုပ်ရှင်ပွဲတော်က ဆုအပါအဝင် ဆုပေါင်း ၂၁ ဆုနဲ့ အော်စကာမှာလည်း nomination ဝင်ခဲ့တဲ့ ဒီ ဇာတ်ကားထဲမှာ ဒါရိုက်တာဖြစ်သူ Spike Lee က မူကီအဖြစ် ကိုယ်တိုင်ပါဝင်ထားတဲ့အပြင် ဆုံးပါးသွားပြီဖြစ်တဲ့ မင်းသားကြီး Danny Aiello ကလည်း ပါဝင်သရုပ်ဆောင်ထားတာပါ။ဘရွတ်ကလင်းက လူမည်းအများစု နေထိုင်တဲ့ ရပ်ကွက်လေးတစ်ခုမှာ အမေရိကန်-အီတလီ လူဖြူဖြစ်သူ ဆယ်လ်က သားနှစ်ယောက်နဲ့အတူ ပီဇာဆိုင်လေးဖွင့်ထားပါတယ်။ သူတို့လူမျိုးတူတွေရှိတဲ့ရပ်ကွက်မှာ သွားဖွင့်လို့ရပေမဲ့ တခြားပီဇာဆိုင်တွေ ရှိနှင့်နေပြီးတာမို့ လူမည်းတွေရှိတဲ့ ရပ်ကွက်ထဲ ဖွင့်ထားခဲ့တာဖြစ်ပြီး ခေတ်အဆက်ဆက်က လူမည်းတွေကပဲ သူ့ဆိုင်ကို အားပေးလာခဲ့ကြတာပါ။ သူ့ဆိုင်မှာ သူ့သားနှစ်ယောက်အပြင် မူကီဆိုတဲ့ လူမည်းကောင်လေးကိုလည်း ပီဇာတွေ လိုက်ပို့ဖို့ ခန့်ထားပါသေးတယ်။ မူက ကတော့ သူ့သားအကြီးကောင်နဲ့ ...
movie
Do the Right Thing (1989)
6.5
Jungle Fever 1991
Unicodeဒီရုပ်ရှင်ကတော့ မင်းသားကြီး ဝီစလီစနိုက် နဲ့ ဆမ်မြူရယ်ဂျက်ဆန်တို့ နုစဉ်အခါက ရိုက်ထားတဲ့ ဒရာမာ ကားလေးပါ။ ဒီရုပ်ရှင်လေးက အိမ်ထောင်ရေးပညာပေး ဖြစ်သလို ဆေးစွဲနေတဲ့လူတစ်ယောက်ရဲ့ မိသားစုကို ဒုက္ခပေးပုံအစုံစုံကိုလည်း ပြထားသလို၊ ဆေးသမားတစ်ယောက်က ဆေးသုံးနိုင်ဖို့ ဘယ်လောက်ထိ လိမ်နိုင်ပတ်နိုင်မလဲဆိုတာလည်း တွေ့မှာပါ။ ဇာတ်သိမ်းကတော့ မကောင်းဘူးဆိုတာ တွေ့မှာပေါ့။ ဒီရုပ်ရှင်ဟာ ကျွန်တော်တို့ရဲ့ မာသာဖာကာကြီး ဆမ်မြူရယ်ရဲ့ မှတ်ကျောက်တစ်ခုလို့ပြောလို့ရပါတယ်။ ဆမ်မြူရယ်တစ်ယောက် ဆေးစွဲပြီးမြောင်းထဲရောက်ခဲ့တဲ့ ဘဝကနေ ဆေးဖြတ်ပြီးခါစမှာပဲ ဒီရုပ်ရှင်မှာ ဆေးသမားအဖြစ် သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံခဲ့ရတာပါ။ အဲဒီအတွက်ပဲ သူအကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့တာလည်း ပါပါလိမ့်မယ်။ဇာတ်လမ်းအကျဉ်းလူမည်းအမျိုးသား ဖလစ်ပါက ချစ်ရတဲ့ဇနီးနဲ့ ကလေးနဲ့ အိမ်ထောင်ရှင်ကောင်း တစ်ဦးပေါ့။ တစ်ရက်မှာ သူ့ရဲ့အတွင်းရေးမှူး လူဖြူမလေး အန်ဂျီနဲ့ ဖောက်ပြန်မိသွားတယ်။ ဒီသတင်းက အကြောင်းကြောင်းနဲ့ သူ့အိမ်သူ ဒရူးဆီ ပေါက်သွားတဲ့နောက် အိမ်ပေါ်ကနေ နှင်ချခံရတယ်။ အဲဒီကာလက လူဖြူလူမည်း ...
movie
Jungle Fever 1991
7.8
American Gangster(2007)
American Gangster(2007) ************************ IMDB...7.8,,,Rotten...87% Denzel Washington နဲ့ Russell Crowe တို့ အပြိုင်ကျဲထားတဲ့ဒီကားကြီးဟာ ဟောလိဝုဒ်ရဲ့အကောင်းဆုံးရုပ်ရှင်စာရင်းထဲမှာ ထည့်ကိုထည့်ရမယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ အမေရိကန် ဗီယက်နမ် စစ်ပွဲကာလအတွင်းက အမေရိကန် နိုင်ငံရဲ့ ကာလကို အခြေတည်ရိုက်ထားတဲ့ဒီဇာတ်ကားက သုံးနာရီနီးနီးလောက်ကြာမြင့်ပေမယ့် ဘယ်လိုမှငြီးငွေ့မသွားအောင် ဖမ်းစားနိုင်ခဲ့ပါတယ်။1969ဝန်းကျင်အမေရိကန်နိုင်ငံက လာဘ်စားမှု တွေ ဒုစရိုက်မှု တွေ မူးယစ်ဆေးဝါးဘိန်းစတဲ့ မကောင်းမှု တွေနဲ့ ရှု ပ်ထွေးပွေလီနေပါတယ်။ ဖရန့်က ဂန်စတားအဖွဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်တယ်....အဲ့ဒီခေတ်များဆီက ဖရန့်တို့အဖွဲ့ဟာ အင်အားကြီးလွန်းတယ်....ဖရန့်ဟာ အဓိကသော့ချက်ပေါ့... လူမိုက်ဆိုပေမယ့် အားလုံးကိုဉာဏ်ကိုလွှာသုံးလေ့ရှိတယ်...ရဲတွေကိုလည်း အိပ်ကပ်ထဲထည့်ထားတတ်သလို အတားအဆီးတွေကိုလည်း ဖယ်ရှားတဲ့နေရာမှာ လက်ရွံနေလေ့မရှိဘူး....ပြောရရင် ဖရန့်တို့အဖွဲ့ကိုထိရဲတဲ့သူတောင်မရှိဘူးဆိုရမယ်... ဒီအချိန်မှာပဲ အခြားရဲတွေနဲ့မတူတဲ့အမှတ်တရားကိုမြတ်နိုးတဲ့ Richie Roberts တစ်ယောက်ရှိလာခဲ့တဲ့အချိန်မှာတော့... ဒီကားက အတော်များများလည်းကြည့်ပြီးလောက်ပြီ..ဒါပေမယ့် ပြန်လည်ခံစားလည်း တကယ့်ကိုရသမြောက်လွန်းတယ်... ဒန်ဇယ်ရဲ့ အကောင်းဆုံးဆိုတာထက် ဒီဘက်ခေတ်ရုပ်ရှင်အဆင့်အတန်းတွေနဲ့ တန်းယှဉ်နိုင်ဆဲပဲ.....File Size…(3.5GB)(1.3GB)&(618MB) Quality… Blu-Ray 720p Format…mp4 Duration…02:37:00 Subtitle…Myanmar Subtitle(Hardsub) Encoder...Phyo Pyae Translated by..Chan Myae Thu Aung
movie
American Gangster(2007)
2007