Channel Myanmar

Roy Barker

Lone Wolf (2021)
Lone Wolf (2021) Lone Wolf (2021) ဟာ Australian Found Footage ရုပ်ရှင်ဖြစ်ပြီး Trailer, Sci-fi, Mystery, and Drama အမျိုးအစားဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ လွန်ခဲ့တဲ့ 1907 ခုနှစ်က စာရေးဆရာ Joseph Conrad ရေးသားခဲ့တဲ့ A Secret Agent ဝတ္ထုကို ပြန်လည်ဆန်းသစ်ပြီး Australia နိုင်ငံရဲ့ အနာဂတ်ကာလတစ်ခုကို အခြေတည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းAustralia နိုင်ငံရဲ့ အနာဂတ်ကာလတစ်ခုမှာ အတွေးအမြင်ဝါဒီတစ်ဦးဖြစ်တဲ့ Winnie ဆိုတဲ့ ကောင်မလေးနဲ့ Conrad ဆိုတဲ့ သူ့ကောင်လေးတို့နှစ်ဦးဟာ မကြာခင်ကျင်းပမယ့် G20 ထိပ်သီးအစည်း‌အဝေးပွဲကို ဆန့်ကျင်တားဆီးဖို့ ကြိုးစားနေကြပါတယ် တစ်ချိန်တည်းမှာ လုံခြုံရေးစောင့်ကြည့်ကင်မရာတွေကို နေရာတိုင်းလိုလိုတပ်ဆင်ထားရတဲ့အနေအထားတစ်ခုလည်းရှိနေပါသေးတယ် ကိုယ်ယုံကြည်ရာလမ်းကိုလျှောက်လှမ်းနေကြတဲ့ တက်ကြွလှုပ်ရှားသူတွေဟာ G20 ကိုတားဆီးဖို့ ကြိုးစားကြရင်း မမျှော်လင့်ပဲ အစိုးရအဖွဲ့ရဲ့လျှို့ဝှက်ထောင်ချောက်ဆင်ထားတဲ့ဂွင်ထဲဝင်သွားကြတဲ့အခါ သူတို့ရဲ့အခြေအနေတွေ ဘယ်လိုပြောင်းလဲသွားနိုင်မလဲအစိုးရအဖွဲ့ကရော သူတို့ရဲ့အကြံအစည်တွေအောင်မြင်သွားမလား နောက်ထပ်ရွေးကောက်ပွဲမှာ အနိုင်ရပြီး ...
movie

Lone Wolf (2021)

The Dressmaker (2015) 7.0
The Dressmaker (2015) The Dressmaker (2015)================= IMDb Rating - 7.0/10လူနေကြဲပါးလှတဲ့ တောမြို့လေးတစ်မြို့မှာ ကလေးမလေးတစ်ယောက်ဟာ သူနဲ့ရွယ်တူကောင်လေးတစ်ယောက်ကို သတ်လိုက်တယ်လို့ စွပ်စွဲခံရပြီး တစ်ရပ်တစ်ကျေးအပို့ခံခဲ့ရတယ်။ နောက်၂၅နှစ်အကြာမှာ သူနာမည်ကြီး အဝတ်ချုပ်သမဖြစ်ပြီးနောက် အဲဒီမြို့ကလေးဆီပြန်ရောက်လာခဲ့တယ်။ သူလုပ်ခဲ့လား သူမလုပ်ခဲ့လားတော့ သူလည်းသေချာမသိသလို ဘယ်သူမှလည်း သေချာမသိကြပါဘူး။ ဒါပေမဲ့ လူတွေရဲ့လှံဟာမြေနိမ့်တဲ့အရပ်ကိုပဲ စိုက်တတ်တဲ့ သဘာဝအတိုင်း သူ့ကိုပယ်ကြဉ်ထားခဲ့ကြတယ်။သူကတော့ သူတတ်တဲ့အတတ်နဲ့ ဒီလူတွေနဲ့ ပြန်အဆင်ပြေဖို့ ကြိုးစားကြည့် ခဲ့တာပေါ့။ ဒါမေမဲ့လည်း အားလုံးပြောကြသလို သူတကယ်ပဲ ကျိန်စာမိနေလား မသိရအောင် သူ့ဘေးကလူတွေပဲ ထိခိုက်လာတဲ့နောက်......ခင်မောင်ရင်ပြောဖူးတဲ့စကားရှိတယ်။ " ဘ၀ကိုယ်တိုင်ကိုက အမှားတွေနဲ့ ပြည့်နေတာပဲမို့လား။ စမ်းတဝါးဝါးလျှောက်ရင်း အမှားတွေကြုံရင်း ပြန်ပြင်ဆင်ရင်းနေရတာကိုက ဘ၀ပါပဲ။ ဒီလိုပဲ ကျုပ်လည်း အမှားတွေကို လုပ်တယ်။ ဒါကြောင့်ပဲ ကျုပ်ရှင်သန်နေတာပေါ့။ အမှားတွေလုပ်နေတယ် ဆိုတာ ရှင်သန်နေလို့ပဲကိုး"တဲ့။လူတွေဟာ အမြဲအမှားတွေလုပ်နေကြ ပြန်ပြင်ဆင်နေကြတာပါပဲ။ မြေနိမ့်လို့ အခွင့် အရေးမရခဲ့သူတို့ကတော့ ပြင်ရခက်ကြတယ်။ ဒီလောကထဲရောက်လာကတည်းက မှားဖို့ ပြင်ကြဖို့ ရောက်လာတာလို့ ဆိုကြတယ်မို့လား။ အဲ့တော့လက်မလျှော့တမ်း ပြင်ကြဆင်ကြတာပေါ့။ ခင်ဗျားမှာလည်း အမှားတွေရှိဖူးတယ်ဆို ဒီရုပ်ရှင်ဟာ ခင်ဗျားကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။တစ်ချိန်က ပန်းချီတစ်ချပ်နဲ့ ကမ္ဘာကိုကိုင်လှုပ်ဖူးတဲ့ မမကိတ်ဝင်းစလက်က အဓိကဇာတ်ကောင်အဖြစ်သရုပ်ဆောင်ထားသလို ...
movie

The Dressmaker (2015)

2015