Channel Myanmar

Rowan Atkinson

Never Say Never Again (1983) 6.1
Never Say Never Again (1983) ဒီဇာတ်ကားကတော့ James Bond Film စီးရီးတွေထဲကမှမင်းသားကြီး ရှောင်ကွန်နရီရဲ့ ဂန္တဝင်ကားတစ်ကားပဲဖြစ်ပါတယ်။1983 ခုနှစ်တုန်းက ထွက်ရှိပြီးတော့ အဲဒီခေတ်အဲဒီအခါတုန်းက အခြေအနေနဲ့ဆိုရင်တော်တော့်ကိုအောင်မြင်ခဲ့တဲ့ဇာတ်ကားကောင်းတစ်ကားလို့ပြောလို့ရပါတယ်။ဂျိမ်းစ်ဘွန်းဇာတ်ကားတွေရဲ့ထုံးစံအတိုင်း ဗြိတိသျှလျှို့ဝှက်ထောက်လှမ်းရေးတွေ၊အက်ရှင်တွေ၊ စိတ်လှုပ်ရှားစရာတွေ တပုံကြီးပါမယ်။ဒီကားမှာတော့ SPECTRE အဖွဲ့ဟာ ဗြိတိန်နိုင်ငံထဲမှာရှိတဲ့ အမေရိကန်အစိုးရလက်အောက်ကအမေရိကန်လေတပ်စခန်းကနေ နျူကလီးယားဒုံးကျည်နှစ်လုံးကို ခိုးယူသွားပြီးတော့ဒီနိုင်ငံတွေဆီကို ခြိမ်းခြောက်အကျပ်ကိုင်ပါတယ်။ အဲဒါကြောင့် ဗြိတိသျှအစိုးရဟာ ၀၀၇ အေးဂျင့်ကိုအသုံးချပြီးတော့ ဒီလက်နက်တွေကိုပြန်ယူဖို့ကြိုးစားပါတော့တယ်။ဂျိမ်းစ်ဘွန်းဇာတ်ကားတွေကတော့ ဟိုအရင်ကတည်းက ခေတ်မီခဲ့တဲ့ဇာတ်ကားတွေဖြစ်ပြီးနာမည်တစ်ခုနဲ့ရပ်တည်လာတာဖြစ်တဲ့အတွက် မကောင်းတဲ့ကားရယ်လို့မရှိဘူးလို့ပြောလို့ရပါတယ်။မင်းသားကြီးရှောင်ကွန်နရီဟာလည်း ခေသူမဟုတ်တဲ့အတွက် ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။File size…    2.47 GB / 1.16 GB Quality… BluRay 1080p / 720p Format… mp4 Audio... AAC Duration…. 2h 14m Genre ..... Action/Thriller/ Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated... by Htet Aung
movie

Never Say Never Again (1983)

Love Actually (2003) 7.6
Love Actually (2003) Love Actually (2003)IMDb Rating (7.6) / Rotten Tomatoes (64 %)နာမည်ကျော်သရုပ်ဆောင်ကောင်းတွေဖြစ်တဲ့ မင်းသားကြီး Liam Nesson , Alan Rickman,Bill Nighy ,Hugh Grant Kingsman မင်းသားကြီး Colin Firth, မစ္စတာဘင်းမင်းသားကြီး Rowan Atkinson ချစ်စရာမင်းသမီးချောလေး Keira Nightly နဲ့ Laura Linney တို့ကိုတစ်နေရာထဲမှာမြင်လိုက်ရတာနဲ့တင် အချိန်ပေးရကျိုး နပ်မယ့်ရုပ်ရှင်ဖြစ်တဲ့အပြင် ဖွဲ့စည်းထားတဲ့ဇာတ်လမ်းအသွားအလာလေးကလဲ အပြစ်ဆိုရက်စရာမရှိ နှစ်လိုဖွယ်ကောင်းလွန်းတယ်လို့ညွှန်းရမယ့် ဇာတ်ကားလေးတကားပါ။intertwined stories လို့ခေါ်တဲ့ ဇာတ်လမ်းတစ်ခုထဲမှာမတူညီတဲ့ဇာတ်လမ်းလေးတွေကို ယှက်နွယ်ပြီးပြသွားလေ့ရှိပုံစံရုပ်ရှင်ကားမျိုးတွေကို သဘောကျတတ်တဲ့သူတွေပိုပြီးအကြိုက်တွေ့မှာပါ ဝမ်းသာခြင်း ကြည်နူးခြင်း ဝမ်းနည်းရခြင်းတွေနဲ့ Love actually ဇာတ်ကားဟာ Drama/Comedy/ Romance စသဖြင့် ရသမျိုးစုံကိုပေးတဲ့ Family Type Friendship အသားပေးထားတာဖြစ်တဲ့အတွက် မိသားစုနဲ့အတူ အချိန်ပေးပြီးကြည့်ရန်လည်းအသင့်တော်ဆုံးပါပဲအညွှန်းလေးအကျဉ်းချုပ်ပြောရရင်....မူးယစ်ဆေးဖြတ်ပြီးအဆိုတော်ပြန်လုပ်ခပ်ကြောင်ကြောင်စကားလုံးတွေပြောပြီး ခရစ္စမတ်သီချင်းတစ်ပုဒ်ကိုဆိုနေတဲ့ခေတ်ဟောင်းအဆိုတော်အဘိုးကြီးတစ်ယောက်အမေရိကားကိုရောက်မှစော်ကြည်မယ်ထင်ပြီးမိမိမွေးရပ်မြေကိုစွန့်ခွာချင်နေတဲ့ဗြိတိန်သားငနဲလေးတစ်ယောက်အချစ်ဆုံးသူငယ်ချင်းရဲ့မင်္ဂလာပွဲကိုအခမ်းအနားဆုံးဖြစ်အောင်ပြင်ဆင်ပေးပြီးကင်မရာလေးနဲ့ရိုက်ပြီး အမှတ်တရပုံရိပ်ကိုတိတ်တခိုးခံစားချက်တွေနဲ့အတူ ခိုးပြီးသိမ်းဆည်းထားတဲ့ကောင်လေးတစ်ယောက်ဝန်ထမ်းကောင်မလေးကိုအပေါ်မှာ ချစ်စိတ်ဝင်မိရာကနေ အမေရိကန်သမ္မတကိုတောင် ချေပနိုင်တဲ့စကားတွေပြောဖြစ်သွားရာကနေ ပြည်သူရဲ့အချစ်တော်အင်္ဂလန်ဝန်ကြီးချုပ်တစ်ယောက်ဖောက်ပြန်တဲ့မိန်းမကိုလက်ပူးလက်ကြပ်မိပြီး စိတ်နာနာနဲ့ ပြင်သစ်ကတော့ရွာလေးဘက်ကို ခရီးထွက်အနားယူရာမှတွေ့ဆုံခဲ့သော ပေါ်တူဂီမလေးကိုချစ်မိသွားတဲ့လူတစ်ယောက်Real sex ...
movie

Love Actually (2003)

4K HEVC
Rat Race (2001) 6.5
Rat Race (2001) 90's born တော်တော်များများ ငယ်ငယ်တုန်းကကြည့်ဖူးခဲ့ကြမယ့် Rat Race ဆိုတဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားမှာ တကယ့်ဒိတ်ဒိတ်ကြဲ ဟာသသရုပ်ဆောင်များစွာပါ၀င်ထားပြီးတစ်ကားလုံး မနားတမ်းကို ရယ်နေရတာမို့ စိတ်ပင်ပန်းမပျော်ရွှင်‌နေသူတွေ၊ comedy ကြိုက်သူတွေကြည့်သင့်တဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ လက်စ်ဗီးဂတ်စ်က ကာစီနိုကြီးတစ်ခုရဲ့ပိုင်ရှင်ဖြစ်တဲ့ ဒေါ်နယ်ဆင်ကလဲ ဟာလောင်းကစားလုပ်ဖို့အကြံကြီးကြီးတစ်ခု ရလိုက်ပါတယ်။တိရစ္ဆာန်ပြိုင်ပွဲတွေလောင်းရတာရိုးလာလို့ သူတို့ထက်ပိုပြီးဉာဏ်ကောင်း၊ ကောက်ကျစ်၊ ယုတ်မာနိုင်တဲ့ လူသားတွေကို ပြိုင်ခိုင်းဖို့ပါ။ ဒီအတွက် သူ့ကာစီနိုထဲမှာ ဆန်ကာတင်ရွေးချယ်ဖို့ အကြွေစေ့တွေ ထည့်ထားပေးပြီးသူတို့ထဲကမှ အနိုင်ရရှိသူကို ဒေါ်လာ၂သန်းဆုငွေမက်လုံးပေးထားပါတယ်။ပြိုင်ပွဲ၀င်တွေလည်း အင်မတန်များပြားတဲ့မက်လုံးကြောင့် ပြိုင်ပွဲကို၀င်ပြိုင်ဖြစ်ကြပြီးသူဌေးဒေါ်နယ်နဲ့ သူ့အပေါင်းအပါတွေကတော့အနိုင်ရရှိသူကို ခန့်မှန်းရင်း လောင်းကစားလုပ်ကြမှာဖြစ်ပါတယ်။ ဒီလိုလူလူချင်း ဂုတ်ခွနင်းနဲ့ကိစ္စကြီးဟာ အဆုံးသတ်မှာ ဘယ်လိုဖြစ်သွားမလဲ။ပြိုင်ပွဲ၀င်တွေထဲ ဘယ်သူက ဒေါ်လာ၂သန်းပိုင်ဆိုင်သွားမလဲဆိုတာကိုရယ်ရင်းမောရင်းကြည့်ရှုရမှာဖြစ်တာကြောင့်ကြည့်မိလို့ နောင်တမရစေမယ့် old school comedy လေးတစ်ကားလို့ ညွှန်းပေးလိုက်ပါတယ်။  File size…    1.4 GB /  785 MB Quality… Web-Rip 1080p / 720p Format… mp4 Duration…. 1h ...
movie

Rat Race (2001)

2001
Wonka (2023) 7.3
Wonka (2023) Wonka (2023) ~ IMDb - 7.3/10, RT - 82%, Meta - 66% ~အားလုံးမျှော်နေတဲ့ ချစ်စရာ Willy Wonka ရဲ့ မအောင်မြင်ခင်အရွယ်က Musical ဇာတ်လမ်းလေး လာပါပြီ။ ဒီဇာတ်လမ်းမှာ ဝမ်ကာဟာ ငယ်ငယ်က သူ့အမေနဲ့ ထားခဲ့တဲ့ ကတိတစ်ခု ရည်ရွယ်ချက်တစ်ခုကို ဖြည့်ဆည်းဖို့၊ သူ့ရဲ့ ချောကလက်ပညာတွေကို ထုတ်ပြဖို့ မြို့လေးတစ်မြို့ကို ရောက်ခဲ့ပါတယ်။အောင်မြင်မှုဆိုတာတော့ လွယ်လွယ်နဲ့ မရနိုင်တာ လူတိုင်းအသိပါ။ အလားတူပဲ ဝမ်ကာဟာလည်း သူ့ရဲ့ ပန်းတိုင်ကို လျှောက်လှမ်းတဲ့ ခရီးမှာ အခက်အခဲတွေ ပြဿနာတွေ ရန်သူတွေ မိတ်ဆွေတွေ ရခဲ့ပါတယ်။မိမိဘက်က လက်မလျှော့သ၍ အိပ်မက်တွေဟာ ပျက်စီးမသွားဘူးဆိုတဲ့ Message လေးကို အကအလှတွေ မြိုင်ဆိုင်တဲ့ သီချင်းတွေ သီဆိုရင်း Timothée Chalamet က အဓိကဦးဆောင် ...
movie

Wonka (2023)

2023
4K HEVC
Johnny English Strikes Again (2018) 6.2
Johnny English Strikes Again (2018) IMDb Rating (6.2)ထုံးစံအတိုင်း အင်္ဂလန်ပြည်ကြီး ဒုက္ခရောက်ပြီဆို ဂျွန်နီအင်္ဂလစ်ရှ်ဝင်ကယ်ရပြန်ပါဦးမယ်။ဗြိတိန်ထောက်လှမ်းရေးအဖွဲ့တစ်ခုလုံးက အေးဂျင့်တွေရဲ့ အချက်အလက်တွေကို ဟက်ကာတစ်ယောက်က ဖွင့်ချသွားတဲ့အတွက် ဝန်ကြီးချုပ် အခက်ကြုံလာရပါတယ်။လက်ရှိအေးဂျင့်တွေရဲ့ အချက်အလက်တွေ ပေါ်သွားပြီဖြစ်လို့ ထောက်လှမ်းရေးအဖွဲ့ကြီးအနေနဲ့ ရွေးစရာမရှိတော့ပြန်ပဲ ခေတ်ဟောင်းက အေးဂျင့်ဟောင်းကြီး ဂျွန်နီကို ခေါ်သုံးရပြန်ပါတော့တယ်။မစ္စတာ အင်္ဂလစ်ရှ်တစ်ယောက် ရုပ်တည်ကြီးနဲ့ ဘယ်လိုတွေ ဖောက်ပြီး တလွဲတွေလုပ်ပြမလဲဆိုတာ....။Johnny English ဇာတ်ကား ၃ ကားရှိပြီး ၃ ကားလုံးကို ဒီမှာ https://channelmyanmar.to/?s=Johnny+English ကြည့်လို့ရပါတယ်။ File size… (2.8 GB)/(1 GB) / (500 MB) Quality…BluRay 4K EHVC/1080p HEVC /720p Format…mkv/mp4 Duration….01:28:31 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Littleneo
movie

Johnny English Strikes Again (2018)

2018
4K HEVC
Johnny English Reborn (2011) 6.3
Johnny English Reborn (2011) IMDb Rating (6.3)ဒါကတော့ ၂၀၀၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ Mr.Bean ရဲ့ Johnny English အဆက်ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့...ပထမဇာတ်ကားမှာတုန်းက ဘုရင်မကြီးရဲ့သူရဖူကိုကာကွယ်နိုင်ခဲ့တဲ့ ဂျွန်နီဟာ သမ္မတ လုံခြုံရေးတာဝန်တစ်ခုမှာ မအောင်မြင်ခဲ့လို့ အထုတ်ခံခဲ့ရပြီး Batman လို တိဘက်က ဘုန်းတော်ကြီးတွေဆီမှာ ပညာဆည်းပူးရင်း ဇာတ်မြုတ်နေခဲ့ပါတယ်။တစ်နေ့မှာတော့ MI-7 ဟာ သူပါမှကိုရတော့မယ့် စစ်ဆင်ရေးတစ်ခုပေါ်ပေါက်လာချိန်မှာ ဂျွန်နီကို ပြန်လည်ခေါ်ယူပါတော့တယ်။ ဒီခါမှာတော့ Johnny English ရဲ့ ရင်သက်ရှုမောဖွယ် စွန့်စားခံတွေ ပြန်လည်စတင်ပါတော့တယ်။ဂျွန်နီဟာ အမြဲတမ်းတလွဲတွေလုပ်ပေမယ့် သူ့ရဲ့ဖြူစင်သောအမှားတွေနဲ့ အင်္ဂလန်ပြည်ကို ဘယ်လိုထပ်မံကယ်တင်ဦးမလဲဆိုတာ...။Johnny English ဇာတ်ကား ၃ ကားရှိပြီး ၃ ကားလုံးကို ဒီမှာ https://channelmyanmar.to/?s=Johnny+English ကြည့်လို့ရပါတယ်။ File size… (1.6 GB) / (800 MB) Quality…BluRay 1080p HEVC /720p Format…mkv/mp4 Duration….01:41:21 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya ...
movie

Johnny English Reborn (2011)

1080p HEVC
Johnny English (2003) 6.2
Johnny English (2003) IMDb Rating (6.2)မင်းသားကြီး Rowan Atkinson ကို မစ္စတာဘင်းအဖြစ် လူသိများကြသလို ဂျွန်နီအင်းဂလစ်ရှ်အဖြစ်လဲ မှတ်မှတ်သားသားရှိကြမှာပါ..." အမှားဆိုတာ ငါ့အဘိဓာန်မှာ မရှိဘူး" ပြောတတ်တဲ့ ဂျွန်နီအင်းဂလစ်ရှ်ဆိုတာ အမြဲတမ်းတလွဲတွေပဲ လုပ်တတ်တဲ့ အင်္ဂလန်နိုင်ငံကိုကယ်တင်နေကျ သူရဲကောင်းအေးဂျင့်တစ်ယောက်ပါပဲ။ဒီကားကတော့ အင်းဂလစ်ရှ်ရဲ့ စပိုင်အေးဂျင့်ဘဝစတင်ဖြစ်ပေါ်လာပုံပါ။MI5 တို့ MI6 တို့ MI7 တို့ဆိုတာ အင်္ဂလန်ပြည်ရဲ့ လျှို့ဝှက်အေးဂျင့်ဌာနတွေပေါ့...ဒီဌာနမှာ အင်းဂလစ်ရှ်ရယ် သူဘာမှားမှားသူ့ဖက်က အမြဲနေတဲ့ သူ့တပည့်ကျော် ဘော့ရယ်က တောက်တိုမယ်ရ လုပ်ရတာပါ...တစ်နေ့တော့ အတော်ဆုံးအေးဂျင့်ဝမ်းဆိုတဲ့လူ သေသွားပါတယ်...သေပုံက အင်းဂလစ်ရှ်သေချာရှာဖွေပေးလိုက်တဲ့ ရေငုတ်သင်္ဘောကုတ်က အမှားကြီးဖြစ်နေလို့ အေဂျင့်ဝမ်းခမျာ ရေငုတ်သင်္ဘောထဲ ဝင်မရဘဲ သေသွားတာပါ..ဒါ့အပြင် ကျန်တဲ့အေးဂျင့်တွေလဲ အလုံခြုံဆုံးဆိုတဲ့ MI7 ဌာနချုပ်မှာ ဗုံးပေါက်လို့ အကုန်ကိစ္စချောသွားပါတယ်။ဒါကြောင့်မလို့ လျှို့ဝှက်အေးဂျင့်ဌာနမှာ အသက်ရှင်ကျန်ရစ်တာဆိုလို့ တောက်တိုမယ်ရ အင်းဂလစ်ရှ်ရယ် သူ့တပည့်ကျော်ဘော့ရယ်ပဲ ရှိပါတော့တယ်။ဒီလိုချိန်ခါမှာ ဝန်ကြီးချုပ်က အေးဂျင့်ဝမ်းကိုင်တွယ်နေတဲ့ကိစ္စတွေကို ဆက်လက်စုံစမ်းဖို့  ဖိအားပေးလာတဲ့အခါမှာတော့ ...
movie

Johnny English (2003)

2003
1080p HEVC
Four Weddings and a Funeral (1994) 7.1
Four Weddings and a Funeral (1994) "ပထမမင်္ဂလာဆောင်" ကိုယ်က အနှောင်အဖွဲ့ကိုကြောက်တတ်တဲ့ လွတ်လပ်သူပေါ့။ မင်္ဂလာဆောင်အခမ်းအနားတွေနဲ့ မိတ်ဆွေဖြစ်ခဲ့ပြီး မင်္ဂလာဆောင်ခြင်းဆိုတာနဲ့ ရန်သူဖြစ်ခဲ့တာပေါ့။ ဒီမင်္ဂလာပွဲမှာ ကိုယ်မင်းကို ပထမဆုံးစတွေ့ခဲ့တယ်။ ချစ်တယ်ဆိုတာ အိပ်နေရတာလောက် မကောင်းဘူးလို့ထင်ထားတဲ့ ကိုယ်...အဲဒီနေ့မှာအချစ်ဆိုတာကို ပါးပါးလေး စတွေ့မိခဲ့တယ်။ မင်းအရမ်းလှနေတယ်။ ကိုယ်တို့ အတူ ကြည်နူးစရာညတစ်ညကိုဖြတ်သန်းခဲ့ပြီး ရိုးရိုးလေးပဲ နှစ်ဦးသဘောတူ ခွဲခွာခဲ့ကြတယ်။ ကိုယ်တို့ဘဝရဲ့ အရေးအကြီးဆုံးအရာတစ်ခု ဆုံးရှုံးသွားမှာကို သိရက်နဲ့တောင်မှပေါ့။ "ဒုတိယမင်္ဂလာဆောင်" ဒီမင်္ဂလာဆောင်ကိုလည်း ကိုယ်နောက်ကျပြန်ပြီ။ ပြီးတော့မင်းရဲ့ သတို့သားဖြစ်မယ့် အခွင့်အရေးမှာလည်း နောက်ကျခဲ့ရပြီ။ ပြီးတော့ ဒီမင်္ဂလာဆောင်တွေကို မုန်းတတ်လာပြီ။ စိတ်ဓာတ်အကျဆုံးအချိန်မှာ မင်းနဲ့တွေ့ခဲ့ပြီး နောက်ထပ် ကြည်နူးစရာညတစ်ညရခဲ့တယ်။ ဒီလိုညမျိုး ဘယ်တော့မှမရနိုင်တော့ဘူးဆိုတဲ့ ခံစားချက်နဲ့အတူ ကိုယ်နှလုံးသားထဲမှာ ကျိတ်ငိုခဲ့ရတယ်။ "တတိယမင်္ဂလာဆောင်" ကိုယ်အမုန်းဆုံးမင်္ဂလာဆောင်ပေါ့။ ကိုယ် မင်းကို ကိုယ့်ရဲ့ခံစားချက်တွေကို ပွင့်လင်းပြခဲ့ပေမဲ့ ဒီဖြစ်စဉ်ကြီးဖြစ်လာတာကို မတားဆီးနိုင်ခဲ့ဘူး။ ကိုယ်ချစ်တဲ့သူက တခြားသူရဲ့ရင်ခွင်ထဲမှာရှိနေတာကို ကြည့်ရတာ အချစ်အပေါ်ထားတဲ့ကိုယ့်ရဲ့ ယုံကြည်မှု ကိုယ့်နှလုံးသားလို တစ်စစီ ကြေမွသွားခဲ့တယ်။ "သေဆုံးခြင်း" ချစ်တဲ့ သူငယ်ချင်းတစ်ယောက်ဆုံးရှုံးလိုက်ရတာ နှလုံးသားတစ်စိတ်တစ်ပိုင်း ...
movie


1994
Hot Shots! Part Deux (1993) 6.6
Hot Shots! Part Deux (1993) Unicodeမနေ့ကတင်ပေးခဲ့တဲ့ Hot Shot Part 1 ရဲ့အဆက်လာပါပြီ။ ဒီကားကတော့ ရုပ်ရှင်ပရိသတ်တွေရဲ့အချစ်တော် စတားလုံးရဲ့ Rambo ဇာတ်ကားကို သရော်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် ဆာဒမ်ဟူစိန်ကိုလဲသရော်ထားပြီး Basic Instinct ကိုပါ ဟာသအဖြစ်ထည့်ထားပါသေးတယ်။ဒီ Part 2 မှာတော့ သူရဲကောင်းကြီး တော်ပါဟာလေဟာ ချစ်သူ ရမန်ဒါနဲ့ကွဲကွာသွားပြီး အာရှမှာ ဇာတ်မြုပ်နေခဲ့ပါတယ်။ တစ်ဖက်မှာလဲ အမေရိကန်အစိုးရက အရှေ့အလယ်ပိုင်းဒေသမှာ ဖမ်းခံထားရတဲ့ အမေရိကန်ဓားစာခံတွေကို ကယ်ထုတ်တာ လုံးဝမအောင်မြင်ဘူးဖြစ်နေခဲ့ပါတယ်။ အဲ့ဒါကြောင့် ထုံးစံအတိုင်း တော်ပါဟာလေကို ပြန်ခေါ်ဖို့ကြိုးစားခဲ့ရပြီး ဓားစာခံတွေကို ဘယ်လိုကယ်ထုတ်မလဲ၊ တော်ပါဟာလေနဲ့ ရမန်ဒါတို့ကရော ဘာကြောင့်ကွဲကွာသွားရတာလဲ၊ ဆာဒမ်ဟူစိန်ကိုရော ဘယ်လိုရှင်းကြမလဲဆိုတာတော့ ဆက်လက်ခံစားကြည့်ရှုကြပါ။ဒီကားမှာ နာမည်အကြီးဆုံးကတော့ ကြက်နဲ့မြားပစ်တဲ့အခန်းပါ။ ဒါ့အပြင် နာမည်ကြီးရုပ်ရှင်တွေထဲက ဇာတ်ဝင်ခန်းတွေကိုပါ သရော်ထားပြီး Part 1 တုန်းကထက်တောင် ပိုပြီးရယ်ရပါသေးတယ်။ Part 1 ကြည့်ပြီးတဲ့သူတွေအတွက်တော့ Part 2 နဲ့ဆို အချိတ်အဆက်ပိုမိသွားပြီး ပိုရယ်နေရမှာပါ။ အခု ...
movie

Hot Shots! Part Deux (1993)

1993
Mr. Bean’s Holiday (2007) 6.4
Mr. Bean’s Holiday (2007) Mr. Bean's Holiday (2007)__________IMDb - 6.4/10အက်ရှင်တွေ အချစ်တွေ အကြမ်းတွေ များလာတော့ ဒီတစ်ခါ ပရိသတ်ကြီးပေါ့ပေါ့ပါးပါး လေးဖြစ်သွားအောင် Mr.Bean's Holidayလေး တင်ပေးလိုက်ပါတယ် Mr.Beanရယ်လို့ အသံကြားလိုက်ရုံနဲ့ ရုပ်ရှင် ခရေဇီတွေရော သာမန်ရုပ်ရှင်ပရိသတ်တွေပါ အလိုလို အူမြူးလာတတ်ကြပါတယ်။ဒီ Mr.Bean's holidays ဟာ ဆိုရင်လည်း ရုပ်ရှင် ပရိသတ်တွေ တော်တော်များများ အထူးနှစ်ခြိုက်ခဲ့ကြတဲ့ ဇာတ်ကားတစ်ကားပါ။ 'Old but gold' ဆိုတဲ့စကားဟာ ဒီ ဇာတ်ကားလေး အတွက်လည်း မှန်တယ်ခင်ဗျ။ မြန်မာစာတန်းထိုး နဲ့မှ ကြည့်ရတာ ဖီးလ် ပိုရှိတယ်ဆိုတဲ့ ချစ်ပရိသတ်ကြီးတွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်လမ်းလေးရဲ့ အစမှာတော့ Mr.Beanက ကံကောင်းတယ်ဗျ။ကန်းနက်စ် ကို ခရီးသွားဖို့ လက်မှတ်ရယ် ဗွီဒီယိုကင်မရာလေးတစ်လုံးရယ် ယူရို ၂၀၀ ရယ် မဲပေါက်ခဲ့တာကိုး (ဒါတောင်ဆရာသမားက တေ့လွဲ လွဲဦးမို့) ...
movie

Mr. Bean’s Holiday (2007)