Channel Myanmar

Roschdy Zem

36th Precinct (2004) 7.1
36th Precinct (2004) 36th Precinct(2004)*********************IMDb...7.2,,,Rotten..100%ပဲရစ်မြို့ပေါ်မှာ ဒုစရိုက်အမှုတွေ အများအပြားကျူးလွန်နေလျက်ရှိပြီး ရဲတပ်ဖွဲ့ကို အမြဲတမ်းလိုလိုဒုက္ခပေးတာကြာပြီ... ဒီမြို့မှာပဲ လီယိုဗရင့်ခ်စ် နဲ့ ဒန်းနစ်ကလီယန်ဆိုတဲ့ ရဲအရာရှိနှစ်ယောက်ဟာရာထူးတိုးအောင်အပြိုင်အဆိုင် ယှဉ်ပြိုင်နေတဲ့ ရဲနှစ်ယောက်ဖြစ်တယ် ...သူတို့မြို့က နာမည်ကြီးဆုံးလူဆိုးဂိုဏ်းအဖွဲ့ရဲ့သတင်းကိုရဖို့အတွက် နှစ်ဦးနှစ်ဖက်လုံးဟာ လူဆိုးတစ်ချို့နဲ့ပူးပေါင်းပြီး သတင်းနှိုက်ကြတယ်..၂ယောက်လုံးဟာလည်း အရည်အချင်းရှိတဲ့သူတွေ... လူဆိုးဂိုဏ်းကလည်း အဖွဲ့တောင့်တဲ့အပြင်တကယ့်လက်ရဲဇက်ရဲတွေ... သူတို့ ၂ယောက်စုံစမ်းတာအောင်မြင်မလား.... ကြားထဲမှာဘယ်လိုပြသနာပေါင်းစုံကြုံတွေ့ရမလဲဆိုတာကိုတော့   Action , Crime တွေကိုမှ ကြိုက်တဲ့သူတွေအဖို့ဒီကားက နင်းကန်လန်းတယ်လို့ သတင်းကောင်းပါးပါရစေ....ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zwel Zan Aung ဖြစ်ပါတယ်... File Size : 2.38 GB, 709 MB Quality : Blu-Ray 1080p, 720p Format…mp4 Duration…01:51:00 Genre :  Action , Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Zwel Zan Aung Encoded by AHtet
movie

36th Precinct (2004)

Madame Claude (2021) 5.4
Madame Claude (2021)  Madame Claude (2021)မဒမ်ကလောက် ဒါမှမဟုတ် ဖာနန်ဒီဘရူနက်လို့ ၂၀ ရာစုနှောင်းပိုင်းက အာဏာရှင်သဖွယ်ဖြစ်သွားတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းကို ဖြစ်ရပ်မှန်ဇာတ်လမ်ပေါ် အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။အခု ဒီ ၂၀၂၁ ထဲမှာ ထွက်ရှိထားတဲ့ ဇာတ်ကားကတော့ နောက်ဆုံး ပြန်လည်အသက်သွင်းထားတဲ့ ဇာတ်လမ်းဖြစ်ပြီတော့ ၂၀၀၀ ခုနှစ်မပြည့်ခင်တုန်းက ထွက်ခဲ့တဲ့ OG ဇာတ်ကားလည်းရှိပါသေးတယ်။ ဇာတ်အိမ်အကျဉ်းမဒမ်ကလောက်ဟာ ၁၉၆၀ နှောင်းပိုင်းမှာ ပြည့်တန်ဆာခေါင်အဖြစ်နာမည်ကြီးခဲ့သူတစ်ယောက်ပါ။ဘယ်လောက်တောင် အာဏာရှိခဲ့လဲဆိုရင် ကျင့်ဝတ်အရ အောက်တန်းကျတယ်လို့ ဆိုနိုင်တဲ့အလုပ်ကိုလုပ်နေပေမယ့် အစိုးရပိုင်းလူကြီတွေနဲ့ပေါင်းသင်းဆက်ဆံရပြီးနောက်ကွယ်က ဖြစ်ရပ်တချို့ကို ကြိုးကိုင်ခြယ်လှယ်နိုင်တဲ့အထိ အာဏာရှိခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ငယ်စဉ်က ဖြစ်ရပ်ဆိုးရှိခဲ့တဲ့ မဒမ်ကလောက်ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ လမ်းပေါ်ရောက်သွားခဲ့တဲ့အချိန် ခေတ်ကာလရေစီးကြောင်းအရလည်း ကမ္ဘာစစ်ဖြစ်ပြီး သွေးအေးစစ်ပွဲ ဒါမှမဟုတ်တိုင်းပြည်တွေပြည်လည်နာလည်ထူခါစ စစ်အေးကာလမှာ ယောက်ျားသားတွေရဲ့ ရမ္မက်ကြီးပုံကို အရသာတွေ့သွားပြီ အဲဒီကနေ အမြတ်ထုတ်ရာကနေ အာဏာတဖြည်းဖြည်းရလာခဲ့ပါတယ်။ဒီဇာတ်လမ်းထဲမှတော့ သူရဲ့ ဘဝအစ သူ့ရဲ့သက်တမ်းတစ်လျှောက် နောက်ကွယ်နေ ပြည့်တန်ဆာလောကကို ဘယ်လိုကြိုးကိုင်ခြယ်လှယ်ခဲ့လဲ၊ဒါ့အပြင်နောက်ဆုံးမှာ ရာဇဝတ်မှုကြီးတွေရဲ့ ဖြစ်မြဲဓလေ့အတိုင်း ဘယ်လိုလုံးပါးပါးသွားလဲဆိုတာကို ဖြစ်ရပ်မှန်သဖွယ် ...
movie

Madame Claude (2021)

2021
Elyas (2024) 5.8
Elyas (2024) ဒီတစ်ခါမှာတော့ John Wick လို ဖိုက်တင်ခန်းတွေပါတဲ့ ၂၀၂၄ ခုနှစ်ထွက် ပြင်သစ်အက်ရှင်ကားတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။အယ်ယာစ့်ဟာ အာဖကန်နစ္စတန်ကပြန်လာတဲ့ ပြင်သစ်စစ်ပြန်ဟောင်းတစ်ယောက်ပါ။ စိတ်ကျန်းမာရေးအခြေအနေအကြောင့် စစ်တပ်ကအထုတ်ခံရပြီးနောက်ပိုင်း လောကကြီးနဲ့အဆက်သွယ်ဖြတ်နေခဲ့ပါတယ် ။ တစ်ရက်မှာ အရှေ့အလယ်ပိုင်းက သူဌေးမိသားစုတစ်စုအတွက် လုံခြုံရေးအလုပ်လက်ခံမိရာက ဒီမိသားစုကိုလိုက်နေတဲ့ ကြေးစားအဖွဲ့နဲ့ ငြိပါတော့တယ်။ သူဌေးသားအမိကို သက်စွန့်စံဖျားလိုက်ကာကွယ်ရင်း ပြန်ဂွင်ဆင်ခံရတဲ့အခါ ဘယ်သူက သူ့ကိုဂွင်ဆင်ပြီး လုပ်ကြံနေတာလဲ သူကာကွယ်နေတဲ့ မိသားစုနောက်ကွယ်မှာ ဘာတွေရှိလဲဒီမိသားစုကို ကြေးစားအဖွဲ့တွေ ဘာကြောင့် လိုက်ဖမ်းနေတာလဲ စတဲ့မေးခွန်းတွေကို သူ့ရဲ့ စစ်သားအရည်အချင်းနဲ့ စစ်ပွဲအတွေ့အကြုံတွေကိုသုံးပြီး အဖြေရှာဖို့ ဖြစ်လာပါတယ်။One man army အက်ရှင်ဇာတ်ဝင်ခန်းတွေကို ကြိုက်တဲ့ ပရိတ်သတ်တွေအတွက် Elyas ဆိုတဲ့ ပြစ်သစ်အက်ရှင်ကားကောင်းကို တင်ဆက်လိုက်ရပါတယ်။ File size… 1.6 GB / 820 MB Quality…1BluRay 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 39m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Morizz
movie

Elyas (2024)

The Edge of the Blade (2023) 6.6
The Edge of the Blade (2023)  ဒီဇာတ်ကားဟာ ပြင်သစ်နိုင်ငံသမိုင်းကို နောက်ခံထားပြီး (၁၈၈၀) ခုနှစ်များအချိန်ကို ဇာတ်အိမ်တည်ထားပါတယ်။ ပဲရစ်မြို့မှာ စီးချင်းထိုးပွဲတွေကို ဥပဒေပုဒ်မ တွေထုတ်ပြီး တားမြစ်ထားတာတောင် လူကြိုက်များနေတုန်းပါပဲ။ သြဇာတိက္ကမနဲ့ ပြည့်စုံတဲ့ ဓားဆရာ ကလီးမွန့်လာကက်ဇ်ဟာ ဘဝတစ်ဆစ်ချိုး ပြောင်းလဲသွားမယ့် ကြမ်းတမ်းမှုတွေနဲ့ ကြုံတွေ့နေရချိန် မာရီရို့စ် အက်စတီဆိုတဲ့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ အမျိုးသမီးကို စီးချင်းထိုးအနုပညာ လောကနဲ့ ထိတွေ့စေလိုက်ပါတယ်။ တစ်ယောက်စီရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့ ကြုံလာတဲ့အခါ သူတို့ ဘယ်လောက်အထိ ခရီးဆက်နိုင်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။ဒီဇာတ်ကားထဲက မာရီရို့စ် အက်စတီ ဒီဗက်ဆယ် ဆိုတာ (၁၈၄၆-၁၉၁၅) အထိ ပြင်သစ်သမိုင်းမှာ အမှန်တကယ်ရှိခဲ့တဲ့ အမျိုးသမီး အခွင့်အရေးတန်းတူရရှိရေး လှုပ်ရှားမှုမှာ တက်ကြွပါဝင်ခဲ့တဲ့ ပြင်သစ်လူမျိုး အမျိုးသမီးဖြစ်ပါတယ်။ (၁၉၉၆)ခုနှစ်က နာမည်ကြီးဇာတ်ကား The Crow: City of Angels မှာ Ashe Corven ...
movie

The Edge of the Blade (2023)

Collision (2013) 5.9
Collision (2013)  ဒီတစ်ခါ ဘာသာပြန်တင်ဆက်ပေးလိုက်တဲ့ရုပ်ရှင်လေးကတော့ နာမည်အတိုင်းပဲကားမတော်တဆမှုတစ်ခုကနေ အစပြုတဲ့ဇာတ်လမ်းတစ်ပုဒ်ပါ ။စကော့ထ်နဲ့ တေလာတို့ ကြင်စဦးဇနီးမောင်နှံဟာမော်ရိုကို နိုင်ငံကို ဟန်းနီးမွန်းထွက်လာရင်း သဲကန္တာရထဲမှာကားမတော်တဆဖြစ်ခဲ့ပါတယ် ။ဒီလိုကနေ ကားမတော်တဆဖြစ်ပြီး ကန္တာရထဲမှာသောင်တင်နေခဲ့ရတာတော့ သူတို့လင်မယားနှစ်ယောက်တည်းမဟုတ်ပါဘူး ။ သူတို့ကားကို အသည်းအသန် ကပ်လိုက်လာတဲ့ထရားဗစ် ၊ မီးလောင်နေတဲ့ကားထဲက အော်ဒရေ ၊ပေတိပေစုတ်ပုံစံနဲ့ လူထူးဆန်း အိုမာ ၊ ဆိုင်ကယ်ပျက်ပြီးကန္တာရထဲမှာ သောင်တင်သွားရတယ်ဆိုတဲ့ ဆလာ တို့နဲ့အတူသူတို့လင်မယားဟာ ကန္တာရထဲက ထွက်ရဖို့ ကြိုးစားပါတော့တယ် ။ နောက်ကြောင်းမသိတာမို့ အချင်းချင်းမယုံကြတဲ့သူတို့တွေဟာ ဘယ်လို စခန်းသွားကြမလဲ ။ကန္တာရထဲကနေရော ဘယ်သူတွေက ထွက်သွားနိုင်ကြမှာလဲ ။သေချာတာတော့ အဲဒီလူငါးယောက်ရဲ့ နောက်ကွယ်မှာဆက်နွယ်မှုတွေ ရှိနေတယ်ဆိုတာပါပဲ ။ ဒါ့အပြင် ဂွကျကျနဲ့ဆရာလုပ်တတ်တဲ့ လူထူးဆန်း အိုမာဆီမှာ စိန်ရိုင်းတုံးတွေလည်းရှိနေတယ်ဆိုတာကို သိလိုက်ရတဲ့အခါ... အိုမာဟာ ဘယ်လိုလူလဲ ။စိန်တုံးတွေက ဘယ်သူ့ဆီရောက်သွားမလဲ ။ စကော့ထ်နဲ့တေလာတို့ လင်မယားကရော ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာကို ...
movie

Collision (2013)

The Girl with a Bracelet (2019) 6.6
The Girl with a Bracelet (2019)  ဒီတစ်ခါမှာတော့ The Girl With A Bracelet ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအကျဥ်းလေးကတော့လစ်ဆီဆိုတဲ့ဆယ်ကျော်သက်ကောင်မလေးဟာ သူမမိသားစုနဲ့အတူ ကမ်းခြေမှာဆော့ကစားပျော်ပါးနေတုန်း ရဲတွေရောက်လာပြီး သူမကိုဖမ်းခေါ်သွားပါတယ် ဖမ်းခေါ်သွားရတဲ့အကြောင်းကတော့ သူမရဲ့သူငယ်ချင်း ဖလော်ရာတစ်ယောက် ရက်ရက်စက်စက်အသတ်ခံရတဲ့ကိစ္စမှာ သူမကိုသံသရှိသူအဖြစ်ဖမ်းဆီးသွားကြတာပါ ဒီလိုနဲ့သူမဟာတရားရင်ဆိုင်ရပါတယ် ဒီအမှုကိုစစ်ဆေးလာတာ နှစ်နှစ်ကျော်လောက်အထိ ပြစ်ဒဏ်မချရသေးသလို သက်သေတွေလည်းအတိအကျဘာမှမရှိသေးပါဘူးအဲဒါကြောင့် တရားခွင်မှာ သူမရဲ့သူငယ်ချင်းတွေ မိသားစုတွေ အားလုံးကို မျက်မြင်သက်သေအဖြစ်ရုံးခေါ်စစ်ဆေးမေးမြန်းပါတော့တယ် အဆုံးသတ်မှာ ဖလော်ရာကို သတ်တဲ့တရားခံကဘယ်သူလဲ တကယ်ပဲလစ်ဆီကသတ်ခဲ့တာလား........သတ်ရတဲ့အကြောင်းရင်းကရော...... ဒါမှမဟုတ် အခြားတစ်ယောက်ကပဲသတ်ခဲ့တာလား......ဒီဇာတ်ကားလေးထဲမှာ တရားခွင်ကိုပဲ အဓိကထားရိုက်ကူးသွားပြီး ဖလော်ရာနဲ့လစ်ဆီတို့​သူငယ်ချင်းနှစ်ယောက်မှာ ဘာပြဿနာတွေရှိခဲ့ကြလဲ ရဲတွေကရော ဘာကြောင့် သူမကိုပဲသံသယဝင်နေတာလဲဆိုတာ ကြည့်ရှူရမှာပါ File size…(1.45 GB)/(738 Mb) Quality….BluRay 1080p / 720p Format…mp4 Duration….01:35:00 Genre...Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby Jane
movie

The Girl with a Bracelet (2019)

Other People’s Children (2022) 6.8
Other People’s Children (2022)  အခုတင်ဆက်ပေးမဲ့ဇာတ်ကားလေးရဲ့နာမည်ကတော့ ထူးထူးဆန်းဆန်းပါပဲ။ကိုယ့်ကလေးမဟုတ်တဲ့သူများရဲ့ကလေး Other People's Children ပဲဖြစ်ပါတယ်။ဒီဇာတ်ကားလေးကတော့ နာမည်လေးအတိုင်းပဲ တခြားသူရဲ့ကလေးနဲ့ သွားပတ်သတ်မိတဲ့ကောင်မလေးတစ်ယောက်ရဲ့ အကြောင်းကိုရိုက်ကူးထားတဲ့ မိသားစုဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်။IMDb Rating 6.8 အထိရရှိထားပြီး Rotten Tomatoes မှာတော့91  ရာခိုင်နှုန်းအထိရရှိထားပါတယ်။ရေချယ်ဆိုတဲ့အမျိုးသမီးတစ်ယောက်က ကျောင်းတစ်ခုမှာစာသင်ပေးနေတဲ့ဆရာမဖြစ်ပြီး အချစ်ရေးကံမှာတော့ညံ့ဖျင်းလှပါတယ်။အခုလည်း အသည်းကွဲလာပြီးသိပ်မကြာခင်မှာပဲသူ့ရဲ့ဂစ်တာသင်တန်းကအလီဆိုတဲ့ ကလေးတစ်ယောက်အဖေနဲ့ငြိသွားပါတော့တယ်။သူတို့နှစ်ယောက်ကအတူတူနေတာကြာလာတဲ့အခါမှာတော့ အလီရဲ့သမီးဖြစ်သူလီလာနဲ့ရေချယ်တို့ကိုမိတ်ဆက်ပေးခဲ့ပါတော့တယ်။လီလာကချစ်စရာကောင်းတဲ့အပြင်ရေချယ့်ကိုလည်းချစ်တော့ သူတို့သုံးယောက်သားက မိသားစုကြီးတစ်ခုလိုတောင်ဖြစ်နေပါပြီ။ဒါပေမယ့် အဲ့လိုပျော်ရွှင်နေတဲ့မိသားစုလေးရဲ့ဘဝထဲကို အလီ့ရဲ့ကွာရှင်းထားတဲ့ မိန်းမအဲလစ်ပြန်ရောက်လာတဲ့အခါမှာတော့ဘယ်လိုရှုပ်ထွေးပြီး ဝမ်းနည်းစရာကောင်းတဲ့အဖြစ်အပျက်တွေဖြစ်လာမယ်ဆိုတာကိုရိုက်ကူးတင်ဆက်ထားတဲ့ ဒရာမာဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်... File size…1.54 GB/ 711 MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 43m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Other People’s Children (2022)

The Innocent (2022) 6.7
The Innocent (2022) The Innocent (2022)~ IMDb - 6.7/10, Rotten Tomatoes - 98% ~Little Women (2019) ထဲက မမ Saoirse Ronan ရဲ့ဇာတ်ကောင်အတွက် နောက်ဆုံးမှာပေါ်လာတဲ့ ဖူးစာရှင်ဖြစ်သူ ခန့်ခန့်ညားညား တောင့်တောင့်ဖြောင့်ဖြောင့်ကြီးကို မှတ်မိကြမလား မသိဘူး။ အဲဒီသရုပ်ဆောင်မင်းသား Louis Garrel ကိုယ်တိုင် ရေးသားရိုက်ကူး ပါဝင်သရုပ်ဆောင်ထားတဲ့ ပြင်သစ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။အမေတစ်ခု သားတစ်ခုနေလာတဲ့ အာဘဲလ်တစ်ယောက် အမေဖြစ်သူ နောက်အိမ်ထောင် ထူတော့မယ်ဆိုတဲ့အခါ စိတ်ခုစရာကြုံလာပါတယ်။ ပြဿနာကတော့ အမေ့ချစ်သူက လက်ရှိအချိန်မှာ ထောင်၅နှစ်ကျနေတဲ့သူပဲဖြစ်ပါတယ်။ တားမရတဲ့အဆုံး တရားခံဘဝနဲ့ထောင်ထဲရှိနေတုန်းပဲ လက်ထပ်ပွဲကျင်းပလိုက်ကြပေမဲ့ ပထွေးအဖြစ် ထောင်ကလွတ်လာတဲ့နောက်ပိုင်း အာဘဲလ်ရဲ့ အမြင်မကြည်မှုတွေ သံသယတွေနဲ့က သူ့အမေရဲ့ အိမ်ထောင်ရေးမှာ သာယာစေပါ့မလား။ အာဘဲလ်ဟာ အမေ့ကို ကာကွယ်ဖို့အသင့်ဖြစ်နေတဲ့ သားတစ်ယောက်ပေမဲ့ ပြစ်မှုကျူးလွန်ဖူးသူတစ်ယောက်ကရော တစ်ခါ အပြစ်သားဖြစ်ရင် ...
movie

The Innocent (2022)

2022
The Cold Light of Day (2012) 4.9
The Cold Light of Day (2012)  ဘရုစ် ဝီလီ နဲ့ စူပါမန်းမင်းသား ဟင်နရီကဗေးလ်တို့ သားအဖအဖြစ် သရုပ်ဆောင်ထားတဲ့ အက်ရှင်ကားကို ကြည့်ဖူးပြီလား။ မကြည့်ဖူးသေးရင် ဒီမှာကြည့်လို့ရပါပြီ။ ဒီရုပ်ရှင်ထဲမှာ ဟင်နရီက ကုမ္ပဏီလေးတစ်ခုကို ဦးစီးနေတဲ့ စီးပွားရေးသမားတစ်ယောက်ပါ။ သူ့အဖေ ဘရုစ်ကတော့ သံရုံးမှာ ယဉ်ကျေးမှုနဲ့ဓလေ့ထုံးတမ်းဆိုင်ရာကိုယ်စားလှယ်အနေနဲ့ အလုပ်လုပ်နေတဲ့သူပေါ့။ တစ်ရက်မှာတော့ စပိန်နိုင်ငံ၊ မက်ဒရစ်မြို့မှာ မိသားစုတွေ အားလပ်ရပ် အပမ်းဖြေဖို့ ချိန်းကြတာကြောင့် အဖေနဲ့မတည့်ပေမဲ့ မအားတဲ့ကြားက အရောက်လာပေးခဲ့ပါတယ်။ ရောက်လာပြီးတဲ့အချိန်မှာတော့ သူ့အဖေရဲ့ ဇာတ်ရှုူပ်တွေကြားထဲမှာကြားညပ်သွားပြီး ကြောက်စရာအဖွဲ့အစည်းတွေနဲ့ ရင်ဆိုင်ရပါတော့တယ်File size…(1.82GB/(945MB)/(487MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:33:00 Genre...Action / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson
movie

The Cold Light of Day (2012)