Channel Myanmar

Rosalinde Mynster

Hagen (2024) 6.2
Hagen (2024)   Hagen (2024)IMDb Rating (6.2) ဒီဇာတ်ကားလေးကတော့ Nibelung ဒဏ္ဍာရီဇာတ်လမ်းတစ်ပုဒ်ကို ပြန်လည်ပြင်ဆင်ရေးသားရိုက်ကူးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလူသားတွေနဲ့ ရှေးဟောင်းဒဏ္ဍာရီလာသတ္တဝါတွေရောနှောတည်ရှိနေကြချိန် ဟေဂန်ဆိုတဲ့စစ်သည်တစ်ဦးရဲ့ တိုက်ပွဲတွေကြားထဲမှာရှင်သန်ရင်း သူငယ်ချင်းသံယောဇဉ် သစ္စာစောင့်သိမှု ဆုံးဖြတ်ရခက်တဲ့ရွေးချယ်မှု၊သစ္စာဖောက်မှု ရှုပ်ထွေးပွေလီလှတဲ့ အချစ်ခံစားချက်တွေအကြောင်းကို ရှေးဟောင်းအလယ်ခေတ်အပြင်အဆင်တွေနဲ့ ခံစားကြည့်ရှုရမယ့် ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။အဓိကဇာတ်ကောင်ဖြစ်တဲ့ ဟေဂန်ဟာ သူ့ရဲ့တိုင်းပြည်နဲ့သခင်တွေအပေါ်မှာ သစ္စာရှိရှိကာကွယ်စောင့်ရှောက်ခစားနေရင်း အမှတ်မထင်ပဲ သူတို့ဆီကို စိဖရစ်လို့ခေါ်တဲ့ နဂါးသတ်သူရဲကောင်းတစ်ယောက်ရောက်ရှိလာချိန်မှာသူတို့ကြိုးစားပမ်းစားထိန်းသိမ်းစောင့်ရှောက်ထားတဲ့ တိုင်းပြည်ငြိမ်းချမ်းရေးအပေါ်ဘယ်လိုတွေသက်ရောက်မှုရှိလာမှာလဲ?တစ်ချိန်ထဲမှာ ကျူးကျော်စစ်တွေစတင်ခံရပြီး မဟာမိတ်လိုနေချိန်မှာ တာဝန်ဝတ္တရားတွေနဲ့ ချစ်ခြင်းမေတ္တာဘယ်အရာတွေကိုဦးစားပေးမှာလဲ?စွမ်းအားကြီးလွန်းလှတဲ့ ဒဏ္ဍာရီလာသတ္တဝါတွေဖြစ်တဲ့ နဂါးတွေ နတ်သူငယ်တွေ ဗယ်လ်ကာရီတွေရဲ့လွှမ်းမိုးမှုအပေါ်မှာရော လူသားတွေဘယ်လိုရင်ဆိုင်တုံ့ပြန်ကြမလဲဆိုတာတွေရှုပ်ထွေးပွေလီလှတဲ့အချစ်ဇာတ်လမ်းတွေနဲ့ ရောယှက်တင်ဆက်ထားပုံကို ဇာတ်လမ်းလေးထဲမှာကြည့်ရှုခံစားကြည့်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Usa-Chan ဖြစ်ပါတယ်။) File size… (2.3 GB) / (1.2 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Drama, Fantasy Duration….02:19:14 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Usa-Chan
movie

Hagen (2024)

2024
A Copenhagen Love Story (2025) 6.3
A Copenhagen Love Story (2025)  ဒီတစ်ခေါက်မှာတော့ လက်တွေ့ဘဝနဲ့ တစ်သားတည်းဖြစ်အောင်ရိုက်ကူးတင်ဆက်ပြထားတဲ့ ဒိန်းမက်စ‌ကားပြော ရုပ်ရှင်တစ်ကားကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ဒီဇာတ်ကားထဲက အဓိကဇာတ်ကောင် မီယာဟာအတော်အသင့်အောင်မြင်နေပြီဖြစ်တဲ့ စာရေးဆရာမတစ်ဦးပါ။မီယာက ခါတိုင်းဆို မနူးမနပ် တက္ကသိုလ်‌ကျောင်းသားအရွယ်မောင်လေးတွေနဲ့ပဲ တွဲခုတ်လေ့ရှိသူပါ။ ဒါပေမဲ့ သူ့ရဲ့ စာအုပ်မိတ်ဆက်ပွဲနေ့မှာ သူငယ်ချင်းနဲ့အတူပါလာတဲ့ အီမီးဆိုသူနဲ့ဆုံဖြစ်ပြီး ဒိတ်ကြည့်တဲ့အခါ အဆင်ပြေတဲ့အတွက် တွဲဖြစ်သွားပါတယ်။ ကိုယ့်ထက်အသက်ငယ်တဲ့လူတွေနဲ့ပဲတွဲလေ့ရှိတဲ့မီယာက သူနဲ့သက်တူရွယ်တူ ကလေး ၂ယောက်အဖေ အီမီးကိုအတည်တကျချစ်မိသွားပြီး အီမီးနဲ့အတူနေဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲဒီမှာ အီမီးရဲ့ကလေးနှစ်ယောက်ကိုလည်း သူကိုယ်တိုင်ပြုစုစောင့်ရှောက်ပေးရင်းနဲ့မှ ကိုယ်တိုင်ဝမ်းနဲ့လွယ်မွေးတဲ့ရင်သွေးလိုချင်လာတဲ့အတွက် အီမီးနဲ့ အတူ ကလေးယူဖို့ကြိုးစားပါတော့တယ်။တစ်ချို့သောသူတွေအတွက် သားသမီးရဖို့ဆိုတာ လွယ်ကူတယ်ဆိုပေမဲ့လည်း မီယာနဲ့အီမီးတို့အတွက်ကတော့ မလွယ်ကူခဲ့ပါဘူး။ဒီလိုနဲ့သူတို့နှစ်ယောက် ရင်သွေးလေးရဖို့အတွက် ဆေးရုံဆေးခန်းတွေပြ ကုထုံးတွေခံယူရင်း အခက်အခဲမျိုးစုံကိုကျော်ဖြတ်ရပုံကိုရိုက်ကူးတင်ဆက်ပြထားတာပါ။တကယ့်လက်တွေ့ဘဝမှာလည်း သားသမီးရင်သွေးရရှိဖို့အတွက်ခက်ခဲရုန်းကန်နေတဲ့သူတွေရှိမယ်ဆိုရင် ဒီဇာတ်ကားကတကယ်ကိုဆေးတစ်ခွက်ဖြစ်စေမှာပါ။ဒီရုပ်ရှင်ဟာ မီယာနဲ့ အီမီးတို့ကြားက စိတ်ခံစားချက် ရသမျိုးစုံအပြင်မျိုးဆက်ပွားကျန်းမာရေးအကြောင်းကိုပါသေချာလေး ‌ရိုက်ကူးပြထားတဲ့ ရုပ်ရှင်တစ်ကားဖြစ်ကြောင်း ညွှန်းလိုက်ချင်ပါတယ်။  File size… (1.37 GB) / (669 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv ...
movie

A Copenhagen Love Story (2025)

Darkland (2017) 6.6
Darkland (2017) Darkland (2017)~ IMDb - 6.6/10, Rotten Tomatoes - 56% ~ဒီကားလေးက ဒိန်းမတ် အက်ရှင်ဒရာမာမှုခင်းကားလေးတစ်ကားဖြစ်ပါတယ်။ ဇိတ်က အောင်မြင်တဲ့နှလုံးခွဲစိတ်ဆရာ၀န်တစ်ယောက်ဖြစ်ပြီး စတိိန်းလို့ခေါ်တဲ့ ဇနီးချောချောလေးတစ်ယောက်ရှိတဲ့အပြင် သားတစ်ယောက်လည်းရတော့မှာပါ။ သောကြာညတစ်ညမှာ မိတ်ဆွေတွေနဲ့ ညစာစားနေတုန်း ညီဖြစ်သူ "ရာဇင်း" ရောက်လာပြီး အကူအညီလာတောင်းပါတယ်။ ဇိတ်ကငြင်းလိုက်ပြီး နောက်တစ်ရက်မှာတော့ ညီဖြစ်သူက ဆေးရုံရဲ့အရေးပေါ်ခန်းကို ဒဏ်ရာအပြည့်နဲ့ရောက်ရှိလာပြီး သေဆုံးသွားပါတော့တယ်။အဲဒီနောက်ပိုင်း ဇိတ်ရဲ့ဘ၀က ကမ္ဘာကြီးပြောင်းပြန်လှန်လိုက်သလိုဖြစ်သွားတော့တာပါ။ အမှုကို ရဲတွေလက်အပ်ထားခဲ့ပေမဲ့ ဒီကကိုလှရွှေတွေလိုပဲ သိပ်အကူအညီမဖြစ်တော့ အပြစ်ရှိစိတ်ရှိနေတဲ့ဇိတ်က သူကျင်လည်ခဲ့ဖူးတဲ့ဘ၀ကိုပြန်သွားပြီး ညီဖြစ်သူအတွက် တရားမျှတမှုကို လိုက်ရှာပါတော့တယ်။ဒီကားရဲ့ဇာတ်ညွှန်းဆရာတစ်ဖြစ်လဲ ဒါရိုက်တာက သူ့ရဲ့ညီ ဂိုဏ်းတစ်ခုနဲ့ပတ်သက်မိပြီး ဒုက္ခရောက်ခဲ့ဖူးတဲ့ လက်တွေ့ဘ၀အတွေ့အကြုံကိုမူတည်ပြီး ရိုက်ခဲ့ပါတယ်လို့ဆိုထားပါတယ်။ ‌ဆုတွေလည်း (၇)ခုလောက် ရထားပြီး Nomi (၁၉)ခုလောက်ရထားတဲ့ ဒီကားလေးကို အားလုံးပဲကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size ...
movie

Darkland (2017)

2017
A Royal Affair (2012) 7.5
A Royal Affair (2012) A Royal Affair (2012)၁၈ရာစုနှစ် ဒိန်းမတ်နန်းတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အိမ်ထောင်ရေးဖောက်ပြန်မှုကို အခြေတည်ပြီးရိုက်ကူးထားတဲ့ Biography ကားလေးပါ။ဇာတ်လမ်းကတော့ ဗြိတိန်နိုင်ငံဖွားဖြစ်တဲ့ ဘုရင်မဟာ ဒိန်းမတ်ဘုရင်နဲ့ လက်ထပ်ခဲ့ပြီးနောက်မှာ ဘုရင့်ရဲ့ ကိုယ်ပိုင်သမားတော်နဲ့ ဖောက်ပြားမိခဲ့ပါတယ် ။ ဘယ်လိုတွေကြောင့်လဲဆိုတော့ ဘုရင်ကြီးဟာ စိတ်ပေါ့သွပ်နေပြီး တ‌ဇောက်ကမ်းလုပ်တတ်တဲ့ အမူအကျင့်ရှိပါတယ်။ဒါကို ငယ်ရွယ်လှပ ပညာတတ်ဖြစ်တဲ့ ဘုရင်မကြီးက အလိုမကျခဲ့ပါဘူး။ ထိုခေတ်ထိုကာလဟာ ရှေးရိုးစွဲအယူအဆတွေကနေ ခေတ်သစ်အတွေးအမြင်တွေကျယ်ပြန့်လာတဲ့ကာလဖြစ်ပါတယ်။ဘုရင့်သမားတော်ဟာ ခေတ်သစ်အတွေးအမြင်ရှိသူတစ်ယောက်ဖြစ်ပြီး သူ့ရဲ့အတွေးအခေါ် အယူအဆတွေကပဲ ဘုရင်မကြီးနဲ့ နီးစပ်သွားစေပါတယ်။ တော်ဝင်မျိုးနွယ်ကြား ဖောက်ပြန်မှူကို ရိုက်ကူးထားတယ်ဆိုပေမယ့် ဒိန်းမတ်နိုင်ငံတိုးတက်ရေးအတွက် ဘုရင်၊ ဘုရင်မနဲ့ သမားတော်တို့ သုံးဦးသား အတွဲညီညီ ပူးပေါင်းဆောင်ရွက်ခဲ့တာကိုလည်း မြင်တွေ့ရမှာပါ။နန်းတွင်းကားတို့ရဲ့ထုံးစံအတိုင်း အတိုက်အခံတွေ၊ ဖောက်ပြားမှုတွေ၊ လှည့်ကွက်တွေကြား ရင်တမမကြည့်ရှုရမယ့်ကားကောင်းလေးဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Themes ပါ။)File Size          : 2.8GB, 736MB, ...
movie

A Royal Affair (2012)

2012