Channel Myanmar

Ronald Guttman

August Rush (2007) 7.4
August Rush (2007)  2007 ခုနှစ်က ထွက်ရှိခဲ့တဲ့ August Rush ဆိုတဲ့ ဇာတ်ကားလေးကိုတော့ အားလုံးသိကြမယ်ထင်ပါတယ်။ Musical Drama အမျိုးအစားဖြစ်ပြီးတော့ ဆုတွေအများကြီးပတ်ယူခဲ့တဲ့အပြင် 2008 ခုနှစ် Oscar ဆုပေးပွဲမှာလည်း အကောင်းဆုံးသီချင်းဆုအတွက် ဆန်ကာတင်စာရင်းထဲဝင်ခဲ့ပါသေးတယ်။Freddie Highmore, Keri Russell,Jonathan Rys Meyers, Terrence Howard, Robin Williams စတဲ့ နာမည်ကြီးသရုပ်ဆောင်များစွာပါဝင်ထားပြီးတော့ Kirsten Sheridan ရိုက်ကူးထားပါတယ်။ဇာတ်လမ်းအကျဉ်း……လွန်ခဲ့တဲ့ 12 လောက်တုန်းက Washington Square ရဲ့ လရောင်လွှမ်းတဲ့ ခေါင်မိုးလေးတစ်ခုပေါ်မှာ ငယ်ရွယ်တဲ့ဆယ်လိုသမားလေး Lyla Novecek နဲ့ အိုင်းရစ်ချ် အဆိုတော်လေး Louis Connelly တို့ဟာ (Moondance) လို့ခေါ်တဲ့လမ်းဘေးဂီတပညာရှင်ဖျော်ဖြေပွဲကအပြန်မှာ တွေ့ခဲ့ကြပြီးတော့ ချစ်ကျွမ်းဝင်သွားကြပါတယ်။သူမဘဝရဲ့ ကြည်နူးစရာအကောင်းဆုံးညကို ဖြတ်သန်းပြီးတဲ့အခါမှာတော့ Lyla ဟာ Louis ကိုပြန်လာပြီးတွေ့မယ်လို့ကတိပေးခဲ့ပါတယ်။ ဒါပေမယ့်လဲ သူမအဖေရဲ့တားဆီးမှုတွေကြောင့် ...
movie

August Rush (2007)

2007
All You Need Is Blood (2023) 5.5
All You Need Is Blood (2023)  ဒီတစ်ခါတော့ cm ပရိသတ်ကြီးကို ပေါ့ပေါ့ပါးပါးHorror comedy ဇာတ်ကားလေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်...။ဇာတ်ကြောင်းကတော့ ဘက်ကီဆိုတဲ့ ဆယ်ကျော်သက်ကောင်လေး တစ်ယောက်က ရုပ်ရှင်ရိုက်ကူးတာကို ရူးသွပ်ခုံမင်သူတစ်ယောက်ဖြစ်ပြီး အမြဲတမ်း ရုပ်ရှင်ပွဲတော်တွေမှာသူရိုက်ကူးတဲ့ ဗီဒီယို အတိုအစလေးတွေကို ပေးပို့ယှဉ်ပြိုင်ပေမယ့်လည်း တစ်ခါမှ အောင်မြင်မှု မရရှိသေးပါဘူး။တစ်နေ့မှာ သူတို့အိမ်ရှေ့က ကွင်းပြင်ထဲကို အာကာသထဲကအမျိုးအမည်မသိတဲ့ အရာတစ်ခု ကျလာခဲ့ပါတယ်။အဲဒီအရာကို သွားထိကိုင်လိုက်မိတဲ့ ဘက်ကီရဲ့ အဖေဖြစ်သူဟာဇွန်ဘီတစ်ကောင်အဖြစ်ကို ကူးပြောင်းသွားပါတော့တယ်။ရလာတဲ့ အခွင့်အရေးကို လက်လွတ်မခံဘဲ ဘက်ကီတစ်ယောက်ဇွန်ဘီရုပ်ရှင်ကို ရိုက်ကူးဖို့ ကြိုးစားရင်း ဘယ်လိုမျိုး အလွဲလေးတွေဖြစ်ကြမလဲဆိုတာကို ဟာသနှောပြီး ရိုက်ကူးထားတဲ့ ဟော်ရာဇာတ်လမ်းလေး ဖြစ်တာမို့ အားပေးကြည့်ရှုလိုက်ကြပါဦးလို့....။  File size… (1.41GB) / (785MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 40m Genre ….. Comedy , Horror Subtitle….Myanmar Subtitle ...
movie

All You Need Is Blood (2023)

The Duel (2023) 5.5
The Duel (2023)  ဂျူးလိယက်ဆီဇာရဲ့ဝတ်ရုံမှာ ဘရူးတက်စ်ရဲ့ဓားချက်ကအနက်ဆုံးဖြစ်နေသလိုပဲ လူရင်းထိုးတဲ့ဓားက ရန်သူထက်ပိုနက်တတ်ပါသတဲ့။ဆမ် ကယ်ဗင် ဝူဒီ ကောလင်ဆိုတဲ့ သိပ်ချစ်ကြတဲ့ သူငယ်ချင်းလေးယောက်။ဒီထဲမှာမှ ဝူဒီနဲ့ကောလင်ကတော့ ညီအစ်ကိုရင်းထက်ပိုတယ်ဆိုတဲ့သံယောဇဉ်နဲ့ အချစ်ဆုံးသူငယ်ချင်းတွေပေါ့။ဒါပေမဲ့ ကောလင်တစ်ယောက် ဝူဒီလက်ထပ်ဖို့အထိ ရည်ရွယ်ထားတဲ့အက်ဘီဆိုတဲ့ကောင်မလေးနဲ့ ကောလင်အတူအိပ်လိုက်တယ်ဆိုတာကိုဝူဒီသိသွားချိန်မှာတော့ လှပတဲ့ခင်မင်မှုတွေထဲ မုန်တိုင်းဝင်တော့တာပါပဲ။အသည်းနှလုံးကိုထိ‌တော့ အူနုကျွဲခတ်သလို ရှူးရှူးရှဲရှဲဖြစ်နေတဲ့ ဝူဒီတစ်ယောက်ကောလင်အဖေရဲ့ နောက်ဆုံးချန်ရစ်ခဲ့တဲ့ပစ္စည်းကို ဖျက်ဆီးလိုက်ချိန်မှာပြန်ဆက်ဖို့မဖြစ်နိုင်တော့တဲ့ ညီအစ်ကို သူငယ်ချင်းဆက်ဆံရေးဒီအချိန်မှာ ဝူဒီတစ်ယောက် ကောလင်ကို လူကြီးလူကောင်းပီပီ သိက္ခာရှိရှိတစ်ယောက်ချင်းယှဉ်ပြိုင်တိုက်ခိုက်ပြီး သူတို့ကြားက ရန်ကြွေးကိုချေဖို့စိန်ခေါ်လိုက်ချိန်မှာတော့.....အချစ်နဲ့စစ်မှာမတရားတာမရှိဆိုတဲ့ဆောင်ပုဒ်ကိုဆွဲကိုင်လို့ ဒီနှစ်ယောက်ကြားကစီးချင်းတိုက်ပွဲရဲ့အဆုံးသတ်က ဘာဖြစ်မလဲဆိုတာ ရှုစားကြပါဦး။ File size…2.02GB / 1.01GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 40m Genre ….. Drama , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Darcy
movie

The Duel (2023)

The Believer (2001) 7.1
The Believer (2001) The Believer (2001)~ IMDb - 7.1/10, Rotten Tomatoes - 82% ~ဒီရုပ်ရှင်က ဒါရိုက်တာ Henry Bean ရဲ့ မာစတာပိစ်လို့ ပြောလို့ရတယ်။ သူ့ရဲ့ရုပ်ရှင်တွေက အတွေးအခေါ်ပိုင်းဆိုင်ရာကို နက်နက်နဲနဲသေချာရိုက်ပြတတ်တယ်။ ဒါကတော့ ထောင်စုနှစ်နဲ့ချီအမြစ်တွယ်လာခဲ့တဲ့ ဂျူးမုန်းတီးရေးအကြောင်းပေါ့။ Ryan Gosling ကလည်း ဒီလိုရုပ်ရှင်တွေနဲ့မှ ကံပါတယ်ထင်ပါရဲ့။ သူ့ရဲ့ ခပ်အေးအေးမျက်နှာပေါက်က အဖြေထုတ်ရခက်တဲ့ အတွေးတွေကို ပိတ်ကားချထားမှန်း မြင်သာရတယ်။အဓိကဇာတ်ကောင် ဒန်နီယယ်ဘေးလင့် (Ryan Gosling) က နာဇီတစ်ယောက်။ ပိုထူးခြားတာက သူကိုယ်တိုင်က ဂျူးဖြစ်နေပါရက် ဂျူးတွေကို သိပ်မုန်းတီးနေခဲ့တာပဲ။ ဂျူးနာဇီတစ်ယောက်ပေါ့လေ။ ဘာသာရေးကို မေးခွန်းထုတ်ရာကစလို့ သူ့ရဲ့ အစွန်းရောက်အတွေးအခေါ်တွေရဲ့ ခေါ်ဆောင်မှုနောက်လိုက်ရင်း နီယိုနာဇီလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တယ်။ ဂျူးတွေနဲ့ပတ်သက်လို့ သူပြောတဲ့စကားတွေက သိပ်ကို အစွန်းရောက်လွန်းတယ်။ အဲဒါတွေကြောင့် သူ့ကို ဂျူးဖြစ်မယ်လို့ ဘယ်သူမှ ...
movie

The Believer (2001)

2001
27 Dresses (2008) 6.1
27 Dresses (2008) 27 Dresses (2008)~ IMDb rating - 6.1/10 ~မိန်းကလေးတွေ သူတို့ ဆွေမျိုးသူငယ်ချင်းတွေအတွက် သတို့သမီးအရံလုပ်ပေးတယ်ဆိုတာ ဆန်းတဲ့ကိစ္စမဟုတ်ပါဘူး။ ဒီဇာတ်လမ်းထဲက ဂျိန်းကတော့ သတို့သမီးအရံအဖြစ် 27 ကြိမ်တောင် လုပ်ပေးခဲ့ပါတယ်။ဂျိန်းငယ်ငယ်က အမ၀မ်းကွဲရဲ့မင်္ဂလာပွဲမှာ သတို့သမီးကို အကူအညီပေးလိုက်နိုင်တာကစပြီး မင်္ဂလာပွဲတွေကို သဘောကျခဲ့တာပါ။ ဂျိန်းအသက်ကြီးလာတော့ သူ့သူငယ်ချင်းတွေရဲ့ မင်္ဂလာပွဲတွေမှာ အစအဆုံးမညည်းမညူပဲ အကူအညီတောင်းသမျှ အကုန် လုပ်ပေးခဲ့ပါတယ်။ ဥပမာ တစ်ရက်တည်းမှာ နှစ်ပွဲတစ်ပြိုင်နက်တက်ပြီး အရံလုပ်ပေးရတာမျိုးပေါ့။ ဂျိန်းက သူ၀တ်ခဲ့ရတဲ့ အရံ၀တ်စုံတွေအားလုံးကိုလည်း ဗီရိုကြီးတစ်လုံးနဲ့အပြည့် သိမ်းဆည်းထားပြီး သူ့ရဲ့ ကိုယ်ပိုင်လက်ထပ်ပွဲရောက်လာမယ့်နေ့ကို စောင့်ဆိုင်းနေသူပါ။ ဂျာနယ်ထဲက သူ့အကြိုက်ဆုံးစာရေးဆရာရေးတဲ့ မင်္ဂလာပွဲအကြောင်း ဆောင်းပါးတွေကိုလည်း သိမ်းထားခဲ့ပါတယ်။ အချစ်ရေးမှာတော့ အလုပ်က ဘော့စ် ဂျော့ကို တိတ်တခိုးချစ်နေခဲ့ပြီး ဘာမဆိုအကုန်လုပ်ပေးခဲ့ပါတယ်။ဂျိန်းမှာ ညီမတစ်ယောက်နဲ့ ဖခင်ပဲရှိပြီး ညီမဖြစ်သူ တက်စ်ကို အရမ်းအလိုလိုက်အကြိုက်ဆောင်ပေးခဲ့ပါတယ်။ မထင်မှတ်ဘဲ အလုပ်ပါတီကို ...
movie

27 Dresses (2008)

2008
The Hunt for Red October(1990) 7.6
The Hunt for Red October(1990) IMDb...7.6,,,,,,Rotten....86 ပုံမှန်ထက်မီတာ၂၀ပိုရှည်ပြီးကြီးမားတဲ့ ရေငုတ်သင်္ဘောကိုရုရှားတို့တည်ဆောက်ပြီးစီးသွားခြင်းအားဗြိတိသျှတို့ထောက်လှမ်းမိသွားတယ်.....အဖျက်စွမ်းအားကြီးမားတဲ့ နျူးကလိယားဗုံးတွေသယ်ဆောင်နိုင်သလို ခြေရာခံဖို့ခက်ခဲလှတဲ့အဲ့ဒီရေငုတ်သင်္ဘောဟာ အမေရိကန်ရေငုတ်သင်္ဘောတွေလှည့်လည်နေတဲ့နေရာမှာ သွားလာနေတယ်....ဒီရေငုတ်သင်္ဘောဟာ ဘာကြောင့်ဒီပတ်ဝန်းကျင်ကိုရောက်လာတာလဲ ဘာလက်နက်တွေပါလဲ သို့လော သို့လော မေးခွန်းတွေဟာ အမေရိကန်တို့အဖို့ အတော်ခေါင်းစားနေပါတယ် CIA ကကျွမ်းကျင်ပညာရှင်ကလည်း အဆိုပါ သင်္ဘောကိုဦးစီးတဲ့ Captain ဟာ ထူးချွန်တဲ့ခေါင်းဆောင်ကြီးကိုယ်တိုင်ဖြစ်နေကြောင်းကိုအတည်ပြုပါတယ်.......စစ်ကားနဲ့နိုင်ငံရေးဘက်ကိုအနည်းငယ်စိတ်ဝင်စားရုံနဲ့မီလီစက္ကန့်လေးတောင်ကျော်မကြည့်ချင်လောက်အောင်ကာင်းတဲ့ ဇာတ်ကားကြီးပါ..ဒီလိုမျိုးတွေစိတ်မ၀င်စားဘူးဆိုရင်တော့ဒေါင်းရကျိုးနပ်မှာမဟုတ်ပါဘူး.....နာမည်ကြီးမင်းသားကြီး တွေဖြစ်တဲ့ Sean Connery ,Alec Baldwin,Scott Glenn ပါဝင်သရုပ်ဆောင်ထားပါတယ်...... File Size…(900MB) and (368MB) Quality…BluRay 720p Format…mp4 Duration…02:15:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae Translated by Honest Abe 
movie


1990