Channel Myanmar

Ron Roggé

Angels in the Outfield (1994) 6.2
Angels in the Outfield (1994) Roger Boman ဆိုတဲ့ မိဘစွန့်ပစ်ခံထားရတဲ့ ကလေးလေးတစ်ယောက်ကBaseball အသင်းတစ်ခုကို စိတ်နှစ်နှစ်နဲ့ အားပေး‌နေတဲ့ ကလေးတစ်ယောက်ပါ။ဒီကလေးက နတ်သားတွေကို မြင်ရပါတယ်။Roger တစ်ယောက် အားပေးတဲ့အသင်းက သူသာအားပေးနေရတာ အမြဲရှုံးနေတဲ့အသင်းပေါ့။အဲဒီလိုနဲ့ Roger က အသင်းရဲ့ မန်နေဂျာနဲ့ တွေ့ပြီး အသင်းထဲကို ရောက်လာတယ်။အမြဲရှုံးနေတဲ့ ၎င်းအသင်းကို Roger က သူ မြင်နေရတဲ့နတ်သားတွေအကူအညီနဲ့ ဘယ်လိုမျိုး နိုင်အောင် ကြိုးစားသွားမလဲဆိုတာကိုစိတ်ဝင်တစား ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။File size…    2.36 GB /  1.37 GB Quality… WED-RIP 1080p / 720p Format… mp4 Audio... AAC Duration…. 1h 42m Genre ..... Comedy/Drama/Family/Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated... by Darth Stephen
movie

Angels in the Outfield (1994)

Obsessed (2009)
Obsessed (2009) ဒီဇာတ်ကားလေးကတော့ ထူးထူးခြားခြား နာမည်ကျော်အဆိုတော် ဘီယွန်ဆေး ပါဝင်သရုပ်ဆောင်ထားပြီး ဘီယွန်ဆေးနှင့် လီဆာဖိုက်ရမယ့် ဇာတ်ကားလေးပါ။ဇာတ်လမ်းအကျဉ်းကတော့ ဒဲရက်ချားစ်ဟာ ကုမ္မဏီကြီးတစ်ခုမှာ ရာထူးလစာ ကောင်းကောင်းနှင့် အလုပ်လုပ်ကိုင်နေပြီး ရှာရွန်ဆိုတဲ့ဇနီးသည်ချောချောလေးနှင့်အတူ ကိုင်ဆိုတဲ့သားလေးတစ်ယောက် ပိုင်ဆိုင်ထားပြီး စိတ်သဘောထားကောင်းတဲ့အတွက် သွားလေရာမျက်နှာပန်းပွင့်ပြီး အဘက်ဘက်က ပြည့်စုံသူတစ်ဦးပါ။ဒီလိုသာယာနေတဲ့သူ့ဘဝကို မုန်တိုင်းစတင်ဝင်ရောက်တိုက်ခတ်လာတာကတော့ လီဆာဆိုတဲ့အမျိုးသမီးတစ်ယောက် အစမ်းခန့်ဝန်ထမ်းအနေနဲ့ သူတို့ကုမ္ပဏီကို ဝင်ရောက်လာတဲ့အချိန်ပါပဲ။ ဒဲရက်က လီဆာကို သဘောရိုးနဲ့ ပြောဆိုဆက်ဆံလိုက်ပေမယ့် လီဆာတစ်ယောက်ကတော့ တစ်ယောက်တည်းရူး စိတ်ကူးတွေယဉ်ပြီး ဒဲရက်ကို မရမကပိုင်ဆိုင်အောင် ကြိုးစားလာပါတော့တယ်။ ဘာမှမဖြစ်လောက်ပါဘူး ပြီးသွားမှာပါလို့ ဒဲရက်တစ်ယောက်ထင်ထားခဲ့ပေမယ့် လီဆာက လက်မလျှော့ဘဲ မထင်ထားတာတွေလုပ်လာတဲ့အခါ ဒဲရက်တစ်ယောက် ဘယ်လိုဒုက္ခလှလှတွေ့မလဲ သူနှင့်သူမိသားစု ဒီဒုက္ခကနေရော ရုန်းထွက်မလဲဆိုတာ ရင်တမမ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.8 GB)/(884 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre...Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo
movie

Obsessed (2009)

Road to Boston (2023) 8.2
Road to Boston (2023) Road to Boston (2023)၁၉၄၇ ခုနှစ်...အဲအချိန်က ကိုရီးယားနိုင်ငံက ဂျပန်လက်အောက်ကနေ လွတ်လပ်ရေးရပြီးခါစဖြစ်လို့ ဘယ်သူကမှ အသိအမှတ်မပြုကြတဲ့ နိုင်ငံသေးလေးတစ်ခု...၁၅၈၆ ခုနှစ် အိုလံပစ်မှာ မာရသွန်ရွှေတံဆိပ်ဆုရခဲ့တဲ့ ဆုန်းဂီဂျောင်းဟာ ဂျပန်အလံကိုဖုံးခဲ့တာကြောင့် ကစားသမားဘဝကနေ အနားယူလိုက်ရပေမဲ့ ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာ ပြန်ကျင်းပမယ့် အိုလံပစ်ကို ဝင်ပြိုင်နိုင်ဖို့ အားထုတ်ခဲ့ပါတယ်အိုလံပစ်ဝင်ဖို့ကို ဘော်စတွန်နိုင်ငံတကာပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ လိုအပ်နေတဲ့အခြေအနေအရောက်မှာ ဆောယွန်းဘို့ဆိုတဲ့အရိုင်းတုံးလေးကို နည်းပြဆုန်းဂီဂျောင်းနဲ့ နည်းပြနမ်ဆွန်းယုံးတို့က သင်ကြားပေးခဲ့ကြပါတယ်ဒါပေမဲ့ ကိုရီးယားက ဒုက္ခသည်နိုင်ငံဖြစ်နေသေးတော့ ကျော်ဖြတ်ရမှာတွေက မလွယ်ကူခဲ့ပါဘူး... အဲတော့ ဘော်စတွန်မှာ မာရသွန်သွားပြိုင်ကြမယ့် သူတို့သုံးယောက်ဟာ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်မလဲဆိုတာ ကြည့်ရတာတန်စေမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်ထူးခြားတာက တကယ့်ဖြစ်ရပ်မှန်ကို ပြန်ရိုက်ကူးထားခြင်းဖြစ်ပြီး ကာယကံရှင်တွေကတော့ အခုချိန်မှာ ကွယ်လွန်သွားကြပြီဖြစ်ပါတယ်.. ဒါပေမဲ့ သူတို့ရဲ့ကြိုးစားအားထုတ်မှုကတော့ အခုချိန်ထိ ကျန်ရှိနေဆဲပါ..Main cast အနေနဲ့ Ha Jung Woo, Im Si Won, Bae Sung Woo, Park Eun Bin တို့လို နာမည်ကျော်တွေချည်းပဲ ...
movie

Road to Boston (2023)

2023
The Animal (2001)
The Animal (2001)  ပါးစပ်မစေ့ပဲနဲ့ ရယ်နေရမယ့် ဟာသကားလေး လာပါပြီဗျာတစ်ခုတော့ပြောမယ် IMDB Rating သွားမကြည့်လိုက်နဲ့ဒီကားမှာတော့ အဲဒီဟာ တကယ်မှားတယ်၊ ကြည့်ကြည့်လိုက်မင်းသား Rob Schneider ရဲ့ အဖောက်သရုပ်ဆောင်ချက်တွေနဲ့တင် တန်စေရမယ်။ ဇာတ်လမ်းအကျဉ်းလေးက ဒီလို ကိုယ်တွေဆရာသမားမာဗင်ဆိုတာ သောက်တလွဲကောင် အရှုံးသမား၊ အဖေကရဲဖြစ်ခဲ့လို့ ရဲဖြစ်ချင်ပေမဲ့ အရည်အချင်း မပြည့်မှီတဲ့ကောင်ရဲဖြစ်ဖို့ စာမေးပွဲ ဖြေတိုင်းလည်း အမြဲကျနေကြ၊ ကြိုက်တဲ့ဆော်လေးကလည်း သဘာဝထိန်းသိမ်းရေးနဲ့ တိရစ္ဆာန်ချစ်ဘာညာပေါ့ဗျာ။ စခန်းမှာလည်း အကုန်လုံး ဝိုင်းနှိမ်ခံထားရတော့တစ်ရက်ကျ တစ်စခန်းလုံး ဘောပွဲသွားနေကြတုန်း ဓားပြမှုဖုန်းဝင်လာတယ်၊ အရာရှိတွေ ဆက်မရတဲ့အဆုံး သူကိုယ်တိုင်သွားကယ်တင်ရာကနေ လမ်းမှာတင် ကားမှောက် ခွေးဖြစ်ပါလေရော သေလုနီးပါးပဲ။ ဒါပေမဲ့ နောက်နေ့ကျ ပြန်ကောင်းလာတယ်ထင်တာ တကယ်က မဟုတ်ဘူး သူပျောက်နေတာ ၈ ရက်လောက်ရှိနေပြီ နောက်ပြီး သူ ထူးဆန်းနေတယ် သတ္တဝါပေါင်းစုံလိုပြုမူနေပြီး ထိန်းချုပ်မှု လွတ်လွတ်သွားတယ်။ တကယ်တမ်းအဲဒီအတွက် အဖြေက သူ ကားမှောက်နေတဲ့အချိန် ...
movie

The Animal (2001)