Channel Myanmar

Ron Perlman

Day of the Fight (2023)
Day of the Fight (2023) IMDb Rating 7/10သာမန်ရိုးရိုးရုပ်ရှင်ကားတစ်ကားထက်ပိုတဲ့ အနုပညာလက်ရာတွေနဲ့ ကြည့်ရှုရမယ့် အမေရိကန် Drama "Day of the Fight"………… ကမ္ဘာ့လက်ဝှေ့ချန်ပီယမ်ဟောင်း မိုက်ကီက ဆယ်စုနှစ်အကြာ ထောင်ကလွတ်လာပြီး သူ့ရဲ့ ပထမဆုံးအကြိမ် ထိုးသတ်မယ့် ပွဲအတွက် ပြင်ဆင်နေခဲ့ပါတယ်...သူနဲ့အတူ ထိုးသတ်ရမယ့်သူကတော့ လက်ရှိကမ္ဘာ့ချန်ပီယမ်တစ်ယောက်ဖြစ်ပါတယ်... အရေးကြီးတဲ့ သူ့ရဲ့ ပွဲအတွက် ပြင်ဆင်နေချိန်မှာ အတိတ်ကနေ ရုန်းထွက်ဖို့ ကြိုးစားရုန်းကန်နေရတဲ့ မိုက်ကီတစ်ယောက် သူ့အမှားတွေကို ပြင်ဆင်ဖို့ကြိုးစားနေပုံတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်.... သူချစ်ရသူတွေနဲ့ ဆက်သွယ်ပြီး အမှားတွေကို ပြင်ဆင်ဖို့ ကြိုးစားနေတဲ့ မိုက်ကီနေရာမှာ ကိုယ်တိုင်ရောက်ရှိနေသလိုမျိုး ခံစားကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်....စိတ်ဖိစီးမှု၊ ခွင့်လွှတ်မှု၊ အချစ်၊ မိဘမေတ္တာစတဲ့ ခံစားချက်ပေါင်းစုံကို တွေ့မြင်ရမှာ ဖြစ်သည့်အပြင် လက်ဝှေ့သမားတစ်ယောက်ရဲ့ ဘဝ၊ ကြိုးစားရုန်းကန်မှုများစသည်တို့ကိုလည်း မြင်တွေ့ရပါမယ်... ဒီဇာတ်ကားမှာ အကောင်းဆုံးအချက်ကတော့ လက်ဝှေ့ပွဲကောင်းတစ်ပွဲကိုပါ အပိုအနေနဲ့ ကြည့်ရှုနိုင်မှာ ဖြစ်လို့ လက်ဝှေ့ချစ်သူတွေအတွက်တော့ လက်မလွှတ်တမ်း ...
movie

Day of the Fight (2023)

Fantastic Beasts and Where to Find Them (2016) 7.3
Fantastic Beasts and Where to Find Them (2016) Fantastic Beasts and Where to Find Them (2016) IMDb - 7.3/10____Rotten - 74% Won 1 Oscar. Another 14 wins & 53 nominations.   ဒီဇာတ်လမ်းဟာ ဟယ်ရီပေါ်တာဇာတ်လမ်းတွေရဲ့ မှော်လောကထဲမှာ ဖြစ်ပျက်ခဲ့တဲ့အကြောင်းတွေပါပဲ။ ဒါပေမယ် ဖြစ်ပျက်နေတဲ့ကာလဟာ ၁၉၂၆ ဖြစ်ပြီး ကျောင်းအုပ်ဆရာကြီး အဲဘတ်စ် ဒန်ဘယ်လ်ဒိုးရဲ့လူငယ်ကာလဖြစ်ပါတယ်။ အဲဒီကာလရဲ့ နာမည်ကြီးမှော်နက်ဆရာကတော့ ဟယ်ရီစာအုပ်ထဲမှာ နာမည်ဖော်ပြခဲ့တဲ့ ဂရင်ဒီဝေါလ်ပါ။ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကောင်ကတော့ မှော်ပညာ နဲ့ မှော်သတ္တဗေဒ ပညာရှင်  နျု စကန်မန်ဒါပါ(ဟယ်ရီတို့ ကာလမှာ နျုရဲ့စာအုပ်တွေဟာ ကျောင်းအတွက် ပြဌာန်းစာအုပ်ဖြစ်လာခဲ့ပါတယ် ဟက်ဂရစ်လက်စွဲပေါ့)။ နျုဟာ လန်ဒန်ကနေ နယူးယောက်ကို မှော်သတ္တဝါဆန်းတွေ အပြည့်ပါတဲ့ လက်ဆွဲအိတ်တစ်လုံးနဲ့ ရောက်လာခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ နယူးယောက်မှာ အဖြေရှာမရတဲ့ ထူးဆန်းတဲ့တိုက်ခိုက်မှုတွေ ပေါ်ပေါက်နေပါတယ်။ အမေရိကန်အခေါ် ...
movie

Fantastic Beasts and Where to Find Them (2016)

2016
4K HEVC
Scooby-Doo! Pirates Ahoy! (2006) 6.5

Scooby-Doo! Pirates Ahoy! (2006)

Pacific Rim (2013) 6.9
Pacific Rim (2013) Pacific Rim (2013)IMDb Rating (6.9) / Rotten Tomatoes (72 %)အမေရိကန် စိတ်ကူးယဉ်သိပ္ပံ Monster ရုပ်ရှင် ဖြစ်တဲ့ Pacific Rim ဟာ 2013 မှာစတင်ထွက်ခဲ့ပြီး Monster ရုပ်ရှင်ကြိုက်တဲ့ သူတွေကြားမှာ အရမ်းအောင်မြင်မှုရရှိခဲ့ဖူးပါတယ်။ အကြောင်းအရာကတော့ အနာဂတ်ကာလမှာ Kaiju လို့ခေါ်တဲ့ ပင်လယ်သမုဒ္ဓရာထဲ ဧရာမ မွန်းစတားကြီးတွေရဲ့ ကျူးကျော်တိုက်ခိုက်မှုကို လူသားတွေဟာ ဧရာမစက်ရုပ်ကြီး (Jaegers) တွေ တည်ဆောက်ပြီး ပြန်လည်တိုက်ခိုက်ခဲ့တဲ့ အကြောင်းပါ။2013 မှာ ထွက်ရှိခဲ့တဲ့ Pacific Rim ဟာ visual effects၊ action scene တွေနဲ့ ပတ်သက် အများအပြား ချီးကျူးခံခဲ့ရပေမဲ့ U.S Box office မှာ underperforming ဖြစ်ခဲ့ပါတယ်။ သို့သော်လည်း တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့တော့ အရမ်းအောင်မြင်မှု ...
movie

Pacific Rim (2013)

2013
4K HEVC
Absolution (2024) 5.3
Absolution (2024)  Absolution (2024)IMDb Rating (5.3) / Rotten Tomatoes (52%) Taken ကားနဲ့ အဖေခန်းတွေမှာ နာမည်ကြီးခဲ့တဲ့ မင်းသားကြီး လီယံနီဆင်ဟာ ဒီရုပ်ရှင်မှာတော့ အဘိုးဖြစ်လာပါပြီ။အသက်ကြီးလာတဲ့ လက်ဝှေ့သမားဟောင်း ဂန်းစတားကြီးဟာ ကုလို့မရတဲ့ ဦးနှောက်ရောဂါတစ်ခုဖြစ်နေတာ သိပြီးတဲ့နောက်မှာသူအကြာကြီး ပစ်ထားခဲ့တဲ့ သားသမီးတွေ မြေးတွေကို ပြန်ကူညီဖို့ ကြိုးစားပါတော့တယ်။သူ့ရဲ့မှတ်ဉာဏ်တွေ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေရင်းကပဲ သူ့မိသားစုအတွက် ကောင်းတာတစ်ခုခုလုပ်ပေးဖို့ ကြိုးစားနေတာပါ။ဒါပေမဲ့ သူ့လို ဂန်းစတားတစ်ယောက်အတွက် ကောင်းတာတစ်ခုလုပ်ဖို့ တတ်တဲ့ပညာကလည်း မကောင်းတာတွေပဲဖြစ်နေတော့ လူမိုက်တွေ၊ဂန်းစတားတွေနဲ့အသက်လုပြီး သူ့သမီးနဲ့မြေးကို ကူညီဖို့ ကြိုးစားရပါတော့တယ်။Action, Thriller အမျိုးအစားကိုမှ မိသားစုဒရာမာတွေနဲ့မို့ ကြည့်လို့ကောင်းပါလိမ့်မယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr. Anderson ဖြစ်ပါတယ်။)File size…(3 GB) / (1.1 GB) / (700MB) Quality….WEB-DL 4K HEVC ...
movie

Absolution (2024)

2024
4K HEVC
Scooby-Doo! in Where’s My Mummy? (2005) 6.6
Scooby-Doo! in Where’s My Mummy? (2005) အီဂျစ်က ပြန်လည်ထူထောင်ရေးစခန်းမှာ မထင်မှတ်ထားဘဲဘုရင်မကလီယိုပတ်ထရာရဲ့ ရှေးဟောင်းလိုဏ်ဂူကို ‌တစ်နေ့မှာ ရှာဖွေတွေ့ရှိခဲ့ကြပါတယ်ထူးဆန်းထွေလာဖြေရှင်းကြတဲ့ စကူဘီတို့ဟာလည်း အခင်းဖြစ်ရာနေရာကိုတစ်လက်စတည်း ရောက်ရှိသွားကြပါတော့တယ်ကျိန်စာတွေအထပ်ထပ်ခတ်ပြီး ထောင်ချောက်တွေနဲ့စနစ်တကျစီမံထားတဲ့မသေမျိုးမံမီစစ်သည်တွေရှိနေတဲ့ဂူထဲမှာ ဘယ်လိုဖြစ်ရပ်ဆန်းတွေဖြစ်နေတာလဲအဲဒီဖြစ်ရပ်ဆန်းတွေကို စကူဘီတို့အုပ်စု ဘယ်လိုဖြေရှင်းသွားကြမလဲဆိုတာကိုသမိုင်းကြောင်းတွေ ဒဏ္ဍာရီတွေနဲ့ စပ်လျဉ်းပြီး စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ movie တစ်ခုပဲဖြစ်ပါတယ်  File Size :  1.8 GB, 868 MB Quality : WEB-DL 1080p / 720p Running Time : 1hr 15min Format : Mp4 Genre : Adventure, Comedy, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by : SO Encode by : Thit San Khant
movie

Scooby-Doo! in Where’s My Mummy? (2005)

The Great War (2019) 7.0
The Great War (2019) The Great War (2019) **********************၁၉၁၄ ဂျူလိုင် ၁၈ကနေ ၁၉၁၈ နို၀င်ဘာ ၁၁ အထိကြာညောင်းခဲ့တဲ့ ပထမကမ္ဘာစစ်ကြီးအတွင်းမှာနောက်ဆုံးမိနစ်အထိတိုက်ပွဲ၀င်ခဲ့သူတစ်ယောက်ရှိတယ် ၁၉၁၈ နို၀င်ဘာ ၁၁ရက် မနက် ၁၁နာရီအချိန်မှာဂျာမနီကအပစ်ခတ်ရပ်စဲမယ်လို့ကြေညာလိုက်သော်ငြားလည်း မဟာစစ်ကြီးမပြီးဆုံးခင် အဲ့၁၁လမြောက်ရဲ့ ၁၁ရက်နေ့ မနက်၁၁ နာရီမတိုင်မချင်းမှာ အင်အားကြီးပြင်သစ်တွေက အမေရီကန်ကိုဆက်လက်တိုက်ခိုက်ဖို့တွန်းအားပေးခဲ့တယ် ပြင်သစ်တွေအတွက်နယ်နိမိတ်တချို့ရလိုရငြားပေါ့ ဒါပေမယ့်ဂျာမနီဖက်ကလဲ သူ့မြေတွေမပါချင်ဘူး ဆိုတော့ကာအပစ်ခတ်ရပ်စဲကြပြီဖြစ်ပေမယ်လို့ နောက်ဆုံးမိနစ်မတိုင်ခင်ထိ အတိုက်အခိုက်တွေရှိကြတုန်းပဲထိုအချိန်မှာ ရန်သူ့စစ်ကြောင်းထဲထိရောက်နေတဲ့လူမဲစစ်သားတပ်စုကို ပြန်လည်ခေါ်ယူဖို့ အထက်ကအမိန့်အရ စာသင်ကြီးဝီလီယမ်ရေဗာစ်ဆိုင်းပြင်းရတော့တယ် ဒီလူမဲစစ်သားတွေကိုပြန်ခေါ်ဖို့ မစ်ရှင်က ရေဗာစ်အတွက်နောက်ဆုံးမစ်ရှင်ပဲ... ဒါပေမယ့်လူဖြူလူမဲညီညွတ်မှုမရှိသေးခင်ကာလဖြစ်လို့ မကြာခင်ပြီးဆုံးတော့မယ့်စစ်ကြီးအတွင်းမှာ ရေဗာစ့်ရဲဘော်တွေဟာ မလုပ်ပေးချင်ကြပါဘူး ...ကဲ plot ကတော့ လူမဲတွေကို ကြည့်မရတဲ့တပ်စုခေါင်းဆောင်စာသင်ကြီးရေဗာစ် သူဘယ်အချိန်ထိဆက်တိုက်ခိုက်သွားမှာ လူမဲစစ်သားတွေကိုအသက်ရှင်ရက်ပြန်ကယ်ထုတ်နိုင်မှာလား ပရိတ်သတ်ကြီးပဲကိုယ်တိုက် ကြည့်ရှုခံစားကြည့်ကြပါ...(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hein That Naing ပဲဖြစ်ပါတယ်........)File size…3.94GB / 1.64GB Quality… BluRay 1080p/ 720p Format…mp4 Duration….1h ...
movie

The Great War (2019)

Quest for Fire (1981) 7.3
Quest for Fire (1981) ၁၉၈၁ မှာ ထွက်ရှိခဲ့တဲ့ ထူးခြားတဲ့ ဇာတ်ကားလေးပါ။ကျောက်ခေတ်မှာ အခြေတည်ထားတဲ့အတွက် တခြားရုပ်ရှင်တွေနဲ့ မတူဘဲ သဘာဝဖြစ်တည်မှုတွေအသက်ရှင်သန်မှုတွေ နည်းဗျူဟာတွေကို အသုံးချတတ်တဲ့ လူသားအဖွဲ့အစည်း အကြောင်းကို ရိုက်ပြထားပါတယ်။ဇာတ်လမ်းကတော့ ကျောက်ခေတ်မှာ မီး ရရှိခဲ့တဲ့ လူမျိုးစုတစ်ခု သူတို့ရဲ့ မီးငြိမ်းသွားတဲ့အခါမှာ ထပ်မှန်ရရှိဖို့ ကြိုးစားရပါတော့တယ်ကျောက်ခေတ်လူသား ၃ ယောက် မီးရရှိဖို့ ထွက်လာခဲ့တဲ့အခါ ကြုံတွေ့ရမယ့် အခက်အခဲတွေကို ရဲရဲရင့်ရင့် ပူးပေါင်း ရင်ဆိုင်တာတွေဘာသာစကားမပါဘဲ လူသားတွေရဲ့ မူလအစ ဆက်ဆံရေးတွေကို ရိုက်ကူးထားတာမလို့အခုလို တိုးတက်ပြီးသား လူမှု အဖွဲ့အစည်းမှာ နေထိုင်နေတဲ့ ကျွန်တော်တို့ အတွက်ကတော့ ဒီ ဇာတ်ကားလေးကအရမ်းကို စိတ်ဝင်စားစရာကောင်းမှာပါ။ လူသားတွေရဲ့ ခေတ်ဦး အနုပညာနဲ့ ကျောက်ခေတ်သမိုင်းကိုစိတ်ဝင်စားရင်တော့ ဒီဇာတ်ကားလေးက ကြည့်ကိုကြည့်သင့်ပါတယ်  File Size :  3.4 GB, 1.5 GB Quality : Blu-Ray 1080p / 720p Running ...
movie

Quest for Fire (1981)

Heroes of the Golden Mask (2024) 5.0
Heroes of the Golden Mask (2024)  ဒီဇာတ်ကာလေးကတော့ စွန့်စားခန်းတွေနဲ့ ဟာသကို နှောပြီး ရိုက်ထားတဲ့Animation ကားကောင်း‌‌လေးတစ်ကား ဖြစ်ပါတယ်။ချာလီဆိုတဲ့ အိမ်‌‌‌‌ခြေရာမဲ့ အမေရိကန် သူခိုးကောင်လေးဟာ တစ်ရက်မှာတရုတ်မင်းဆက်တစ်ခုရဲ့ ဆန်ချွင်ဒီ တိုင်းပြည်ကို မှော်‌ဂိတ်ပေါက်ကနေရောက်သွားရာကနေ ..အဲဒီတိုင်းပြည်ရဲ့ သူရဲကောင်းတစ်ယောက် ဖြစ်လာပုံကို ဒီဇာတ်ကားထဲမှာအရောင်စုံစုံနဲ့ ကြည့်ရှုခွင့်ရမှာ ဖြစ်ပါတယ်။ဒီဇာတ်ကားက ၈၀ ခုနှစ်နှောင်းပိုင်းတွေတုန်းက တရုတ်ပြည်တောင်ပိုင်းမှာရှေး‌‌ဟောင်း မျက်နှာဖုံး‌တွေ ရှာတွေ့ထားတဲ့ ဖြစ်ရပ်မှန်ကို အခြေတည်ပြီးစိတ်ကူးယဉ် ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ဇာတ်ကားအနေနဲ့ Rating သိပ်မ‌ကာင်းပေမဲ့ ကလေးတွေနဲ့ လူငယ်တွေအတွက်‌‌တော့ ကြည့်လို့‌ ‌အဆင်ပြေတဲ့ Comedy & Adventure ဇာတ်ကားတစ်ကားပါပဲ။ File size…1.73GB / 863MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 28m Genre …..Adventure , Animation , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie

Heroes of the Golden Mask (2024)

Succubus (2024) 5.0
Succubus (2024)  Olivia Grace Applegate ၊ Ron Perlman စတဲ့နာမည်ကြီးသရုပ်ဆောင်တွေပါဝင်အားဖြည့်ထားတဲ့ ဇာတ်ကားသစ်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအစမှာတော့ ခရစ်တိုဖာက သူထောင်ထားတဲ့ကုမ္ပဏီကပြိုလဲ၊ ဇနီးသည်ကလည်း ကွာရှင်းမယ့်အခြေအနေဖြစ်နေပြီး စိတ်ဓာတ်အတော်ကျဆင်းနေပါတယ်။ အဲ့အချိန်မှာ အိမ်ထောင်ကွဲထားတဲ့အချစ်ဆုံးသူငယ်ချင်း အက်ဒီက သူ့အိမ်ထောင်ရေးအကြံ‌ပေးချက်အတိုင်းစိတ်ညစ်တာတွေပြေပျောက်သွားဖို့ လိုင်းပေါ်ကအလန်းဇယားတွေကိုရှာခိုင်းပါတယ်။ ဇနီးသည်နဲ့ခဏတာအဆင်မပြေတဲ့ကာလပဲမို့လို့မလုပ်ချင်ပေမယ့် အက်ဒီရဲ့အတင်းအကျပ်တိုက်တွန်းမှုကြောင့် dating appတစ်ခုမှာအကောင့်ဖွင့်လိုက်ပါတယ်။ လိုက် add နေရင်းနဲ့ ဆော်လေးတစ်ပွေနဲ့ဆုံဖြစ်ပြီး စကားပြောဖြစ်တယ်။ ခဏအကြာမှာ ဒေါက်တာဇက်ဖာဆိုတဲ့အကောင့်တစ်ခုက ခရစ်တိုဖာကို လက်ရှိစကားပြောတဲ့ကောင်မလေးကိုထပ်မဆက်သွယ်ဖို့နဲ့ ကောင်မလေးက အန္တရာယ်ရှိကြောင်းလာသတိပေးတယ်။ ခရစ်တိုဖာက ဒေါက်တာဇက်ဖာရဲ့စကားကိုမယုံတဲ့အခါမှာတော့...... File size…1.39GB / 681MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 43m Genre ….. Drama , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

Succubus (2024)

Enemy at the Gates (2001) 7.5
Enemy at the Gates (2001) Enemy at the Gates ( 2001 ) ဒီဇာတ်လမ်းက ဒုတိယဇာတ်ကမ္ဘာစစ်ကို အဆုံးအဖြတ်‌ပေးခဲ့တဲ့တိုက်ပွဲတစ်ခုအကြောင်းလို့ ပြောရင်လည်းပြောလို့ရတယ်။ဂျာမနီနဲ့ ဆိုဗီယက်ပြည်ထောင်စုကြားက တိုက်ပွဲပေါ့။ဒီတိုက်ပွဲမှာ ဆိုဗီယက်တပ်နီတော်ကနေ ဂျာမန်တပ်တွေကို လုံးလုံးအနိုင်ယူနိုင်ခဲ့တယ်။ဒီစစ်ပွဲမှာ စစ်သုံ့ပန်းဖြစ်ခဲ့တဲ့ ဂျာမနီတွေလည်း၉သိန်းကျော်၁၀သိန်းနီးပါးရှိခဲ့တယ်။ဒီစစ်ပွဲမှာ ဆိုဗီယက်ပြည်ထောင်စုနဲ့ ဂျာမန်တွေကြား အင်အားက တော်တော်လေးကွာခြားခဲ့တယ်။ဆိုဗီယက်တွေဘက်က ရိုင်ဖယ်တစ်လက်ကို နှစ်ယောက်ခွဲသုံးကြရတဲ့အထိကိုလက်နက်အင်အားနည်းပါးခဲ့သလို ပြည်သူ့စစ်ကိုထည့်သုံးရတဲ့အထိကိုအင်အားနည်းပါးခဲ့ပေမဲ့ စိတ်ဓာတ်ကတော့ တော်တော်လေးခိုင်မာခဲ့တယ်။ဆိုပေမဲ့ ဒီရုပ်ရှင်တော့ အဲဒီလိုစိတ်ဓာတ်ခိုင်မာလာဖို့ လုပ်ရတဲ့ ဝါဒါဖြန့်စစ်ပွဲတွေအတင်းအကျပ်ရဲ့အပိုင်းတွေကို ဒီရုပ်ရှင်မှာ ပါးပါးလေးပြသွားခဲ့သလိုသူ့ဘာသာသူကို စိတ်ဓာတ်ခိုင်မာနေတဲ့အပိုင်းကိုလည်း ပြသွားခဲ့တယ်။သမိုင်းကြီးတဲ့ ဒီစစ်ပွဲက ဒီရုပ်ရှင်ရဲ့နောက်ခံပေမဲ့ ဒီရုပ်ရှင်ကမီးမောင်းထိုးပြထားတာက ဒီစစ်ပွဲအကြောင်းကိုတော့ မဟုတ်ခဲ့ဘူး။Enemy at the Gates ဟာ ဒီစစ်ပွဲရဲ့ အရေးပါတဲ့ တစ်ထောင့်တစ်နေရာပါခဲ့တဲ့လက်ဖြောင့်တပ်သားလေးတစ်ယောက်အကြောင်းကို မီးမောင်းထိုးပြသွားတယ်။  Enemy at the Gatesမှာ စစ်ပြတဲ့အခြေအနေက ဆိုဗီယက်တွေကဂျာမနီရဲ့တိုက်ခိုက်မှုကို တင်းခံနေရပေမဲ့ တပ်ဆုတ်ရင်ပစ်သတ်ဆိုပြီးအမိန့်ပေးထားရတဲ့အထိ စိတ်ဓာတ်ရေးရာက ပျက်ပြားနေခဲ့တယ်။ဒီတော့ ပစ်မလွဲဖြစ်နေတဲ့ လက်ဖြောင့်တပ်သားလေးတစ်ယောက်ရဲ့ အောင်ပွဲတွေကိုသူရဲကောင်းဆန်ဆန် ရေးသားပြီး ...
movie

Enemy at the Gates (2001)

4K HEVC
The Book of Life (2014)
The Book of Life (2014) တော်တော်ကြည့်ကောင်းတဲ့ ကာတွန်းကားဖြစ်သလို ပေးချင်တဲ့ မက်ဆေ့တွေကလဲ တကယ်ကို ကောင်းမွန်လှပါတယ် မကြည့်ရသေးသူများ ကြည့်လိုက်ကြပါဦး ဇာတ်လမ်းအညွန်းကတော့... ဇာတ်ကားဟာ မိသားစုရဲ့ မျှော်လင့်ချက်တွေပြည့်မှီအောင်လုပ်ဖို့နဲ့ သူ့စိတ်ဆန္ဒအတိုင်း နေထိုင်ဖို့ ဆိုတဲ့အရာနှစ်ခုအကြား ရွေးချယ်ရခက်နေတဲ့ လူငယ်လေး Manolo (Diego Luna) ရဲ့ ခရီးလမ်းကိုတင်ဆက်တာဖြစ်ပါတယ်။ ချောမောလှပတဲ့ Maria (Zoe Saldana) ကိုချစ်မိသွားပြီး ဆွဲဆောင်မှုရှိတဲ့ ပြိုင်ဘက် Joaquin (Channing Tatum) နဲ့ အချစ်ရေးယှဉ်ပြိုင်ရာမှာဖြစ်တဲ့အတွက် ဝိဉာဉ်တွေဖြစ်တဲ့ La Muerte (Kate del Castillo) နဲ့ Xibalba (Ron Perlman) တို့က Maria ကိုဘယ်သူရမလဲ အလောင်းအစားလုပ်ကြပါတယ်။ Maria က Manolo ဘက်ကိုယိမ်းသွားတဲ့အခါ အလောင်းအစားကိုရူံးနိမ့်မှာစိုးရိမ်တဲ့အတွက် Joaquin ကို Maria ရဲ့ချစ်သူဖြစ်စေနိုင်ဖို့မျှော်လင့်ပြီး Xibalba က Manolo ကိုသတ်ဖို့ မြွေတစ်ကောင်ကိုလွှတ်လိုက်ပါတယ်။ Maria ရှိရာ လူသားတွေနေတဲ့ ကမ္ဘာကိုပြန်လာဖို့အတွက် Manolo တစ်ယောက် အကြီးမားဆုံးအကြောက်တရားနဲ့ ရင်ဆိုင်ရမယ့် စိတ်ကူးယဉ်ကမ္ဘာသုံးခုပါဝင်တဲ့ မယုံနိုင်ဖွယ် ခရီးစဉ်တစ်ခုကိုစတင်ရတာဖြစ်ပါတယ်။ အမေရိကန် 3D computer-animated အချစ်၊ စွန့်စားခန်း၊ ဟာသဇာတ်ကား The Book of Life ...
movie

The Book of Life (2014)

2014
Alien Resurrection (1997) 6.2
Alien Resurrection (1997)  Alien ဆိုတာ ၈၀ပြည့်နှစ်ကျော် ၉၀ဖွားတွေအတွက်တော့ စွဲလန်းခဲ့ရတဲ့ ဂြိုလ်သားကားတွေပါပဲ.....အဲဒီခေတ်အခါတုန်းကတော့ တော်တော်လေးကို လူကြိုက်များခဲ့ပြီး အခုထိလည်းအောင်မြင်နေတုန်းပါ အားလုံးပေါင်း ၆ကားထွက်ရှိထားပြီး ၇ကားမြောက်ကတော့ အခုထိကြည်လင်ပြတ်သားတဲ့ Version မထွက်သေးတာကြောင့် အရင်ထွက်ပြီးသး ၆ကားကို ကြည်လင်ပြတ်သားပြီး စာတန်းထိုးမှန်မှန်နဲ့ ပြန်လည်ပြင်ဆင် တင်ဆက်ပေးလိုက်ပါတယ်.....ထွက်ရှိပြီးသားကားတွေကတော့......(1) Alien (1979) (2) Aliens (1986) (3) Alien³ (1992) (4) Alien: Resurrection (1997) (5) Prometheus (2012) (6) Alien: Covenant (2017) (7) Alien: Romulus (2024) - အကြည်မထွက်ရှိသေး..... Timeline အရကြည့်မယ်ဆိုရင်တော့.....(1) Prometheus (2012) - 2093 (2) Alien: Covenant (2017) - 2104 (3) Alien (1979) - 2122 (4) Alien: Romulus (2024) - 2142 [အကြည်မထွက်သေး] (5) ...
movie

Alien Resurrection (1997)

1997
Blade II (2002) Blade 2 6.7
Blade II (2002) Blade 2 Marvel ဟာ Comic Book တွေ ရောင်းအားကျလို့ ဒေဝါလီခံရလုနီးပါးဖြစ်နေတဲ့အချိန် သူတို့ကို ကယ်တင်ခဲ့တာကတော့ ပထမဆုံးစူပါဟီးရိုးလူမည်းရုပ်ရှင်ဖြစ်တဲ့ Blade ရုပ်ရှင်ပါပဲ။Blade ဟာ ရုံတင်ဝင်ငွေပိုင်းမှာရော ပရိတ်သတ်အားပေးမှုအပိုင်းမှာရော အောင်မြင်ခဲ့တာကြောင့် Marvel ကုမ္ပဏီအနေနဲ့ အမြတ်အစွန်းများစွာရရှိခဲ့ပြီးMCU ကဲ့သို့ စူပါဟီးရိုး Universe ကိုပါ ပရိတ်သတ်တွေ ဆက်လက်ကြည့်ရှုခံစားခွင့်ရရှိခဲ့တာပါ။Blade နေရာမှာ မင်းသားကြီး Wesley Snipes က လုံးဝပီပြင်စွာ သရုပ်ဆောင်ထားပြီး Blade ၃ ကားထွက်ရှိခဲ့ပါတယ်။Blade ဟာ သွေးစုပ်ဖုတ်ကောင် vampire သွေးတစ်ဝက်ပါတဲ့ စူပါဟီးရိုးဖြစ်ပြီးလူသားကမ္ဘာကို ချုပ်ကိုင်လွှမ်းမိုးမယ့်  vampire ဗီလိန်ကောင်တွေကို ရင်ဆိုင်တိုက်ခိုက်တာကို အမိုက်စားကြည့်ရှုခံစားရမှာပါ။စူးရှတဲ့ ဇာတ်ကောင်တွေ ၊ ပုံစံမျိုးစုံနဲ့မိစ္ဆာကောင်တွေ ၊အသတ်အဖြတ်ကြမ်းကြမ်းတွေနဲ့ Marvel ရဲ့ ခြေလှမ်းအစကို ပြန်လည်ခံစားကြည့်ကြပါဦး။Blade ရုပ်ရှင်ကား ၃ ကားစလုံးကို ဒီမှာ https://www.channelmyanmar.to/?s=blade+marvel  ဒေါင်းပါ။ File size…(9.2 ...
movie

Blade II (2002) Blade 2

4K HEVC
The Instigators (2024) 6.5
The Instigators (2024)  ဖျော်ဖြေမှုကောင်းကောင်းပေးမဲ့ သည်းထိပ်ရင်ဖို ဟာသအက်ရှင်ကားပါ။ ဒါရိုက်တာက Edge of Tomorrowလက်ရာရှင် Doug Liman ဖြစ်ပြီး အော်စကာဆုရှင်နှစ်ယောက်ဖြစ်တဲ့ မက်ဒေမွန် နဲ့ ကေစီ အက်ဖလက်တို့ ပါဝင်ထားပါတယ်။Good Will Hunting ကတည်းက အတွဲညီခဲ့တဲ့ သူငယ်ချင်းနှစ်ယောက် မက်ဒေမွန် နဲ့ ဘန်အက်ဖလက်တို့ အတူ ထုတ်လုပ်ထားတာပါ။ ဇာတ်ညွှန်းကလည်း ကေစီအက်ဖလက်လက်ရာပါပဲ။ ဇာတ်လမ်းအကျဉ်း****************မြို့တော်ဝန် ရွေးကောက်ပွဲ အပြီးမှာ မြို့တော်ဝန်ရဲ့ ပါတီကိုရောက်လာတတ်တဲ့ သန်းနဲ့ချီတဲ့ ငွေသားတွေကို ဓားပြတိုက်ဖို့လူနှစ်ယောက်ကို အလုပ်အပ်လိုက်မိတယ်။ အဲဒီနှစ်ယောက်မှာတစ်ယောက်က မရိန်းတပ်ထွက်၊ ကိုယ့်ကိုယ်ကိုယ် လက်စတုံးချင်စိတ်ပေါက်နေလို့ စိတ်ကုထုံး ပြနေရတဲ့လူ၊ နောက်တစ်ယောက်ကထောင်ထွက် တစ်ခန်းလွတ်ပါ။ အခြားလုပ်ရဲမဲ့သူလည်း ရှာမရလို့ဂေါက်သီးနှစ်ယောက်ကို အလုပ်အပ်လိုက်မိတာ တလွဲတွေတန်းစီဖြစ်ကုန်ပုံကို ပြထားတာပါ။ ရဲတွေ တစ်အုပ်ကြီးနောက်ကလိုက်နေရင်း၊ မြို့တော်ဝန်ဘက်က လူတွေလည်း လိုက်တာခံရရင်တလွဲတွေ ဆက်တိုက်လုပ်သွားပုံကို ကြည့်ပြီး ခွီရမှာပါ။ကြည့်လိုက်ကြပါဦး။ File size…5.03GB / 2.12GB ...
movie

The Instigators (2024)

4K HEVC
The Last Victim (2021) 5.0
The Last Victim (2021)  ဝေးလံခေါင်သီတဲ့ နယ်မြိုလေးတစ်မြိုမှာ ရက်စက်ကြမ်းကြုတ်တဲ့ရာဇ၀တ်မှုတွေကို ကျူးလွန်နေတဲ့ ၀ရမ်းပြေး အဖွဲတစ်ဖွဲနဲ့ခရီးထွက်လာတဲ့ ပရော်ဖက်ဆာ လင်မယားတို မထင်မှတ်ဘဲတွေ့ဆုံသွားတဲ့အခါမှာ ဘာတွေ ဖြစ်ကြမလဲ။လူတွေ ဘယ်လို သတ်ဖြတ်ခံရမလဲ။ အသက်ရှင်ခြင်းဟာတစ်ခုတည်းသော ရွေးချယ်စရာဖြစ်လာတဲ့အခါ ကိုယ်ကျင့်တရားတွေ ဘယ်လို မှေးမှိန်သွားရသလဲ။ဒါတွေကို ဒီဇာတ်ကားထဲမှာ ရင်တဖိုဖိုနဲ့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ IMDB rating ကလည်း 5 ရထားတာဆိုတော့သည်းထိတ်ရင်ဖိုတွေ ကြိုက်တဲ့သူ‌တွေ အတွက်ကတော့ဇာတ်ကားက ကြည့်ကို ကြည့်ရမယ့် ကားတစ်ကားပါပဲ။ File size…1.47GB / 737MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 52m Genre ….. Action , Adventrue , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by BZW
movie

The Last Victim (2021)

Poker Night (2014) 6.2
Poker Night (2014)  Breaking Bad ထဲမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ GiancarloEsposito တို့ ဇာတ်ကြမ်းမင်းသားကြီး Ron Perlman တို့အပြင် တခြားသောဂန္တဝင်မင်းသားကြီးတွေပါဝင် သရုပ်ဆောင်ခဲ့တဲ့ ၂၀၁၄ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ Old But Goldဇာတ်ကားဟောင်းလေးတစ်ကားကိုပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Poker Night ဖြစ်ပြီး IMDbRating 6.2 အထိရရှိခဲ့တဲ့ မှုခင်းသည်းထိပ်ရင်ဖိုဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။လူရယ်လို့ ဖြစ်လာရင် ဉာဏ်ပညာနဲ့ လွန်မှရတဲ့ အသိဆိုတာလူတိုင်းမှာရှိစမြဲပါပဲ။ဉာဏ်ပညာဆိုတဲ့အရာမှာ အတွေ့အကြုံကနေရလာတဲ့ ဉာဏ်ပညာတွေက ပြဿနာတစ်ခုခု ကြုံလာရရင်ကိုယ့်ကိုချက်ချင်း မကူညီပေးနိုင်ပဲနဲ့ နောက်တစ်ခါကျရင် အဲ့လိုထပ်မဖြစ်အောင် ကူညီပေးနိုင်လောက်တဲ့အထိပဲစွမ်းဆောင်ပေးနိုင်ပါတယ်။ထိုနည်းတူ လွန်မှရတဲ့ အသိဆိုတာကလည်းကိုယ်တစ်ခုခု အမှားလုပ်မိလိုက်တော့မှ သိလာရတဲ့အသိမျိုးဖြစ်တဲ့အတွက် ကိုယ့်အတွက်ကတော့ အရမ်းကြီးအရေးမပါလှပါဘူး။ဒါပေမယ့်ရဲတွေ စုံထောက်တွေရဲ့လုပ်ငန်းခွင်မှာတော့ အဲ့ဒီဉာဏ်ပညာနဲ့ လွန်မှရတဲ့အသိဆိုတာမျိုးက ကိုယ့်နောက်ကရောက်လာတဲ့နောင်လာနောက်သားလူသစ်တွေအတွက်ကတော့ အရမ်းအရေးကြီးလွန်းပါတယ်။အဲ့လို ကိုယ့်အတွေ့အကြုံတွေကို မျှဝေမှပဲလူသစ်တွေကကိုယ်မှားခဲ့တဲ့ အမှားတွေထပ်မဖြစ်တော့ပဲနဲ့ မှုခင်းတွေကို အန္တရာယ်ကင်းကင်း ကိုင်တွယ်ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။အဲ့ဒီလိုမျိုး ကိုယ်ဖြစ်ခဲ့ဖူးတဲ့ ဇာတ်လမ်းတွေကိုပြန်လည်မျှဝေဖို့အတွက်ဇာတ်ကားနာမည်အတိုင်း ပိုကာကစားတဲ့ညတစ်ည သတ်မှတ်ထားကြပြီး အဲ့ဒီညမှာအကြမ်းဆုံးရဲတွေစုစည်းပြီး ကိုယ်ကြုံတွေ့ခဲ့ရတဲ့ ဇာတ်လမ်းတွေကိုလူသစ်လေးတွေကိုပြောပြကြပါတယ်။ဒီတစ်ခါမှာတော့ လူသစ်လေးကစတန်လို့ ...
movie

Poker Night (2014)

Hellboy (2004) 6.8
Hellboy (2004) Hellboy (2004) IMDb - 6.8/10 Genre - Action, Adventure, FantasyHell Boy ဆိုရင် အားလုံး သိကြတဲ့ အမှီးပါတဲ့ အနီရောင်လူသားကြီး ပေါ့သူ့ ဂျိုတွေကိုလဲ ဖြတ်ထားသေးတယ်...Hell Boy ဇတ်လမ်း အစက နာဇီ ခေတ်ကတည်းက လို့ ဆိုရမယ် ဟစ်တလာ က သူ့ တပ်တွေ အနိုင်ရဖို့ အတွက်မှော်ပညာရှင် အဖွဲ့အစည်းတစ်ခုကို စေခိုင်းပြီး ငရဲတံခါး ကို ဖွင့်ခိုင်းခဲ့တယ်...အဲ့ဒီတံခါးကနေ အတော်ဆုံး မကောင်းဆိုးဝါးတွေကို ဆင့်ခေါ်ပြီး ဟစ်တလာ ကမ္ဘာကို သိမ်းပိုက်မယ့်အကြံဆိုးနဲ့ပေါ့ ဒါပေမဲ့ အစိုးရ အဖွဲ့က အချိန်မှီ ရောက်လာပြီး တိုက်ပွဲတွေ ဖြစ်ပြီးနောက်ဟစ်တလာ ရဲ့ မကောင်းဆိုးဝါး အဖွဲ့လဲ အစ ပျောက်သွားခဲ့ပါတယ်...ဒါပေမဲ့ စစ်တပ် နဲ့ အတူ ပါလာတဲ့ ဒေါက်တာ ...
movie

Hellboy (2004)

2004
4K HEVC
The Name of the Rose (1986) 7.7
The Name of the Rose (1986)  ဒီကားကတော့ James Bond မင်းသားကြီး Sean Connery ရဲ့ 1986 မှာ ထွက်ခဲ့တဲ့ Mystery/thriller ကားကောင်းတစ်ခုပဲဖြစ်ပါတယ်။ဒီဇာတ်ကားကို အလယ်ခေတ်က ခရစ်ယာန် ကျောင်းတိုက်တစ်ခုမှာနေရာယူထားပါတယ်။ ဒီကျောင်းတိုက်က ကိုယ်တော်တွေ ထူးထူးဆန်းဆန်း ‌သေဆုံးလာကြတဲ့အချိန်မှာ အကုန်လုံးက နတ်ဆိုးကြောင့်လို့ထင်ခဲ့ပါတယ်။အဲဒါနဲ့ပဲ ကျောင်းတိုက်ဟာ ကိုယ်တော် ဝီလီယမ်ကို ဒီလူသေမှုတွေကို စုံစမ်းဖို့အကူအညီ တောင်းလိုက်ပါတယ်။ ကိုယ်တော် ဝီလီယမ်ဟာ တခြားသူတွေလို သဘာဝလွန် စွမ်းအားတွေကြောင့်ဖြစ်နေတာလို့မယူဆပဲ လူသေမှုတွေကို အချက်အလက်ကျကျ လိုက်ပြီးစုံစမ်းပါတော့တယ်။ဒီကားထဲမှာ ခရစ်ယာန် ဘုန်းတော်ကြီးတွေရဲ့ ဘာသာရေး အစွန်းရောက်ယုံကြည်မှုတွေနဲ့ ကိုယ်တော် ဝီလီယမ်ရဲ့ ယုတ္တိကျကျ တွေးခေါ် တတ်ပုံတွေနဲ့ အားပြိုင်တာကို တွေ့ရှိရမှာပါ။ File size…(2.9 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:10:00 Genre...Drama, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alvaro
movie

The Name of the Rose (1986)