Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ron Coden
7.5
Gifted Hands: The Ben Carson Story (2009)
ဒီဇာတ်လမ်းက အမေရိကန်က နာမည်ကျော် အာရုံကြောခွဲစိတ်ဆရာဝန်ဘန်ကာဆင်ရဲ့အတ္ထုပ္ပတ္တိကို ပြန်လည်ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပြီး IMDb 7.5နဲ့ RT 85%ထိ rating ကောင်းတွေရရှိထားတာပဲ ဖြစ်ပါတယ်။ခွဲစိတ်ဆရာဝန်ကြီး ဘင်ကာဆန်တစ်ဖြစ်လဲ ဘင်ဂျမင်ကာဆန်ဟာတစ်ကိုယ်တော်မိခင်ရဲ့ ပျိုးထောင်မှုနဲ့ ကြီးပြင်းလာခဲ့ရသူဖြစ်ပြီးငယ်စဉ်က အတန်းထဲမှာ နောက်ဆုံးကရေရင် ထိပ်ဆုံးရတဲ့အထိပညာရေးပိုင်းမှာအားနည်းခဲ့သူပါ။ဒါပေမဲ့ ကိုယ်တိုင် ပညာမတတ်လို့ရုန်းကန်ခဲ့ရတဲ့ မိခင်ဖြစ်သူက သူ့သားနှစ်ယောက်ကို ပညာတတ်ဖြစ်စေချင်တာကြောင့်ငယ်ငယ်ကတည်းက ပုံသွင်းလေ့ကျင့်ရင်းတဖြည်းဖြည်းနဲ့ ထူးချွန်တဲ့သူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ မိဘအစုံအလင်မရှိတဲ့ သားသမီးတွေရဲ့ ထုံးစံအတိုင်းဘင်မှာ ဒေါသမထိန်းနိုင်တဲ့ ဉာဉ်ဆိုးတစ်ခုရှိသလို အဲဒီစိတ်ကြောင့်ဘဝပျက်နိုင်တဲ့အထိ ဖြစ်သွားတဲ့အခြေအနေတွေလည်းအများကြီးကြုံခဲ့ရတဲ့သူပါ။ဒီလိုမျိုး ငွေကြေးပိုင်း လူမျိုးရေးပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာတွေမှာပြဿနာပေါင်းစုံ ကြုံတွေ့ခဲ့ရတဲ့ ဘင်ကာဆန်ဘဝကနေတစ်ချိန်မှာခေါင်းချင်းဆက်အမြွှာနှစ်ဦးကို အသက်ရှင်လျက် အောင်မြင်စွာခွဲစိတ်ပေးနိုင်ခဲ့တဲ့ခွဲစိတ်ဆရာဝန်ကြီး ဘင်ကာဆန် ဖြစ်လာတဲ့အထိဘဝဇာတ်ကြောင်းကို အားကျအတုယူစရာ ကောင်းလောက်အောင် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ဒါ့အပြင် မိဘမေတ္တာတွေ၊ မိသားစုကြားကချစ်ခြင်းမေတ္တာတွေကို ပေါ်လွင်ထင်ရှားအောင် ရိုက်ကူးထားသလိုမှတ်သားစရာ ဆေးပညာဆိုင်ရာ ဗဟုသုတတွေလည်းပါတာမို့ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ File Size : 1.8 GB, 777 MB Quality ...
movie
Gifted Hands: The Ben Carson Story (2009)
6.7
This Must Be the Place (2011)
စိတ်ဓာတ်ကျနေတဲ့လူငယ်တွေအကြိုက် သီချင်းစာသားတွေရေးနိုင်ပြီး ငွေတွေသောက်သောက်လဲရှာခဲ့တဲ့ရှိုင်အန်က ဂီတလောကကနေနှုတ်ထွက်ခဲ့တာ နှစ်၂၀ကျော်ကြာခဲ့ပြီ။ အကြောင်းရင်းက ရှိုင်အန်ရဲ့ပရိသတ်တွေထဲကနှစ်ဦးက ရှိုင်အန်ရဲ့စိတ်ဓာတ်ကျဖွယ်ဂီတတွေကို နားထောင်ပါများပြီး ကိုယ့်ကိုကိုယ်အဆုံးစီရင်ခဲ့လို့ပါပဲ။ ရှိုင်အန်ကနှစ်၂၀ကြာအောင် ဒီအပြစ်စိတ်တွေကိုထမ်းပိုးရင်း နေလာခဲ့တယ်။ အသက်၅၀အရွယ်ရှိုင်အန်က နေ့တိုင်း ဘာမှလုပ်စရာမရှိပဲ ဂေါ့သ်မိတ်ကပ်တွေလိမ်း မော်လ်ကိုသွားပြီး နေ့စဥ်ဘဝကိုဖြတ်သန်းတယ်။ တစ်နေ့မှာ ရှိုင်အန်ရဲ့အဖေက သက်ကြီးရောဂါနဲ့ဆုံးသွားခဲ့တယ်။ လူငယ်ဘဝမှာ ဂေါ့သ်ဖက်ရှင် ရော့ခ်ဂီတတွေကိုရူးသွပ်တဲ့ရှိုင်အန်က အိမ်ကထွက်လာပြီးကတည်းက ဖခင်နဲ့စကားမပြောတာ နှစ်၃၀ရှိခဲ့ပါပြီ။ ဒီလိုနဲ့ ဖခင်ဆုံးသွားတဲ့အချိန်မှာ ဖခင်ရဲ့နောက်ဆုံးခရီးကိုလိုက်ပို့ပေးဖို့ ဖခင်ရှိတဲ့မြို့ကို ခရီးထွက်လာခဲ့တယ်။ အသုဘအရောက်မှာ ဖခင်ရဲ့ဒိုင်ယာရီစာအုပ်ကိုလက်ဝယ်ရရှိပြီး ဖခင်ရဲ့တစ်ခုတည်းသောဆန္ဒကိုဖြည့်စည်းပေးဖို့ စိတ်ပိုင်းဖြတ်ခဲ့တယ်။ရှိုင်အန့်ဖခင်ရဲ့ဘဝမှာ အဖြစ်ချင်ဆုံးဆန္ဒက ဘာလဲ၊ ဒီခရီးကနေပဲ ရှိုင်အန်က သူ့ရင်ထဲကစိတ်ဒဏ်ရာအစိုင်အခဲတွေကိုချေဖျက်နိုင်သွားမလား..။ ဒီဇာတ်ကားရဲ့ထူးခြားချက်တစ်ခုက ရှိုင်အန်ရဲ့စကားပြောတဲ့လေသံပါပဲ အသံအနိမ့်အမြင့်မရှိပဲ toneတစ်မျိုးနည်းနဲ့ပဲပြောသွားတာပါ ဒီအချက်ကစိတ်ဓာတ်ကျနေတဲ့သူတစ်ယောက်ရဲ့ရင်ထဲက ဗလာကျင်းနေတဲ့ခံစားချက်မျိုးကို မီးမောင်းထိုးပြနေသလိုပါပဲ။ စိတ်ကျရောဂါဆိုတာ လူသားတွေရဲ့တန်ဖိုးရှိတဲ့အချိန်ကို စားသုံးတတ်တဲ့ကပ်ပါးကောင်တစ်မျိုးလိုပါပဲ။ ရှိုင်အန်ရော ရှိုင်အန်အဖေရောက မတူညီတဲ့စိတ်ဒဏ်ရာကိုယ်စီပိုက်ရင်း ဘဝရဲ့အချိန်တော်တော်များများကို အဓိပ္ပာယ်မဲ့စွာရှင်သန်နေထိုင်ခဲ့တယ်။ တကယ်တော့စိတ်ဒဏ်ရာဆိုတာ ကုသလို့လည်းမလွယ်သလို တော်တော်များများကသေသည်အထိ ...
movie
This Must Be the Place (2011)