Channel Myanmar

Roma Maffia

Double Jeopardy (1999)
Double Jeopardy (1999) IMDB rating - 6.5%သည်းထိတ်ရင်ဖိုရုပ်ရှင်တွေကို နှစ်သက်တဲ့ CM ပရိတ်သတ်ကြီးအနေနဲ့ ၁၉၉၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Double Jeopardy ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးပါရစေ။ ကြည့်ရှုသူအားလုံးကို ဇာတ်လမ်းအစပိုင်းကနေ အဆုံးထိ ဆွဲဆောင်သွားနိုင်မှာလို့ ပြောလို့ရပါတယ်။ ဒီဇာတ်လမ်းဟာ လစ်ဘီ ပါစန် ဆိုတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝကို ဗဟိုပြုပြီး တည်ဆောက်ထားပါတယ်။လစ်ဘီ့မှာ သားလေးတစ်ယောက်ရှိပြီး ပျော်ရွှင်စရာမိသားစုလေးကိုပိုင်ဆိုင်ထားပါတယ်၊ ဒါပေမယ့် တစ်နေ့မှာတော့ သူမဟာ ခင်ပွန်းဖြစ်သူကို သတ်တဲ့မှုနဲ့ မတရားစွပ်စွဲခံရပြီး ထောင်ကျသွားခဲ့ရပါတယ်။ ထောင်ကျ‌နေစဉ်မှာပဲ သူမရဲ့ ကံကြမ္မာကို ပြောင်းလဲပစ်မယ့် အမှန်တရားတစ်ခုကို သိလိုက်ရပါတယ်။ အဲ့ဒီအမှန်တရားက ဘာလဲဆိုတာကိုသိချင်ရင် ဇာတ်ကားလေးကို ဆုံးတဲ့အထိကြည့်လိုက်ပါ။ Plot Twist တွေလဲပါပြီး အရမ်းကြည့်ကောင်းတဲ့အတွက် အချိန် 1နာရီခွဲကို ကုန်ရကျိုးနပ်စေမှာ အမှန်ပါပဲ....File size…(1.9 GB)/(1.1 GB) Quality….Webrip HEVC 1080p ...
movie

Double Jeopardy (1999)

The Curse of the Necklace (2024) 5.5
The Curse of the Necklace (2024)  ကြောက်ဖို့ကောင်းတဲ့ Horror movie ကြည့်ချင်တယ် The Exorcist ရဲ့Themes လိုမျိုး ကြည့်ချင်တယ် ဆိုတဲ့သူတွေအတွက် Warner Bros. ကရိုက်ကူးထုတ်လုပ်လိုက်တဲ့ The Curse of the necklace ဇာတ်ကားကစိတ်ကျေနပ်မှု ရစေမှာပါ။ ၁၉၆၀ ဝန်းကျင် ခေတ်အနေအထားကိုမှီငြမ်းပြီး ရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကလည်း Horror Genre နဲ့ အသားကျပြီးသား သရုပ်ဆောင်တွေမို့အပိုအလိုမရှိ အံဝင်ခွင်ကျ သရုပ်ဆောင်နိုင်ကြပါတယ်။(ဖရန့်ခ်- Pet Sematary၊ လော်ရာ - Shevenge ၊ အယ်လင်- M3GAN)ဇာတ်လမ်းကတော့ အိမ်ထောင်ရေး အဆင်မပြေဖြစ်နေတဲ့ မိသားစုတစ်စုမှာ ဖခင်လုပ်သူ ဖရန့်ခ်က ရဲဝန်ထမ်း တစ်ဦးဖြစ်ပြီး မိခင်ဖြစ်သူလော်ရာက ဆေးရုံမှာ နာ့စ်လုပ်ပါတယ်။ လင်မယား ရန်အကြီးအကျယ်ဖြစ်ပြီးနောက်ပိုင်း ယောကျ်ားက အိမ်မှာမနေတော့ဘဲ ဟိုတယ်တစ်ခုမှာနေနေရတာပါ။ ဆယ်ကျော်သက်အရွယ် သမီးကြီး ဂျူးဒစ်နဲ့ ...
movie

The Curse of the Necklace (2024)

Nick of Time (1995) 6.3
Nick of Time (1995)  ဒီတစ်ခေါက်မှာ ပရိတ်သတ်ကြီးကို တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ မင်းသားကြီး Jhonny Deep ရဲ့ ၁၉၉၅ ခုနှစ်လောက်ကထွက်ရှိထားတဲ့ရုပ်ရှင်လေးပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းဟာ Realistic ဆန်ပြီး ကြည့်ရှူသူတွေကိုပါ "ငါသာသူ့နေရာမှာသာဆိုရင်..."ဆိုတဲ့မေးခွန်းတွေအပြည့် စိတ်ထဲမှာတွေးမိနေပြီးတော့ ခံစားကြည့်ရှူသွားရစေမယ့် ဇာတ်လမ်းကောင်းလေးတစ်ခုပဲဖြစ်ပါတယ် ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့ ရထားဘူတာမှာထူးဆန်းတဲ့လူ ၂ ယောက်က ကြုံရာကျပန်းလူတစ်ယောက်ကို ရွေးချယ်နေပါတယ်။တစ်စုံတစ်ယောက်ကို လုပ်ကြံသတ်ဖြတ်ဖို့အတွက်ပေါ့... အဲဒီအချိန်မှာ မိန်းမနဲ့ကွာရှင်းပြတ်စဲလုနီးပါးဖြစ်နေတဲ့ မစ္စတာဝက်ဆန်တစ်ယောက် သမီးလေးလက်ကိုဆွဲပြီး ရထားဘူတာထဲကိုဝင်လာခဲ့ပါတယ်.. အဲဒီ လူရွေးချယ်နေတဲ့သူထဲက တစ်ယောက်က မစ္စတာဝက်ဆန်ကို သူတို့ပရောဂျက်နဲ့ ကိုက်ညီတဲ့သူအဖြစ် သတ်မှတ်လိုက်ပြီး သူ့သမီးလေးနဲ့ ခြိမ်းခြောက်အကြပ်ကိုင်ကာ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူးကို လုပ်ကြံခိုင်းပါတော့တယ်။ ဒီတော့ "Nick of time:အဲဒီသတ်မှတ်ထားတဲ့အချိန်လေးအတွင်းမှာ လူ ၃ ယောက်ရဲ့ဘဝက ဘယ်လိုအပြောင်းအလဲတွေနဲ့ တွေ့ကြုံရမှာလဲ" ဝက်ဆန်တစ်ယောက် ဆုံးဖြတ်ချက်တွေကို မှန်မှန်ကန်ကန်ချနိုင်ပါ့မလားဆိုတာကို ဒီဇာတ်လမ်းလေးမှာကြည့်ရှူခံစားရမှာပါ။File size…(2.4 GB)/(1.4 GB)/(740 Mb) Quality….Webrip 1080p ...
movie

Nick of Time (1995)

Holes (2003) 7.0
Holes (2003) Holes (2003) IMDb - 7.0/10, Rt - 78%CM ပရိသတ်တွေအတွက် 2003 တုန်းကထွက်ရှိခဲ့တဲ့မိသားစုရုပ်ရှင်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။Transformers ရုပ်ရှင်တွေမှာ ဆမ် နေရာကနေသရုပ်ဆောင်ခဲ့တဲ့မင်းသား Shia LaBeouf ကအဓိကဇာတ်ဆောင်အနေနဲ့ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ စတန်လီ ယဲနက် "လေး" (Shia LaBeouf) ဟာသူ့မိသားစုရဲ့ နှစ်ပေါင်း 150 ကျော်နေပြီဖြစ်တဲ့ကျိန်စာကြီးတစ်ခုကြောင့်အမြဲကံဆိုးနေရတဲ့သူပါ။တစ်နေ့မှာတော့လမ်းလျှောက်နေရင်း မိုးပေါ်ကနေသူ့ခေါင်းပေါ်ကိုကျလာတဲ့ ဖိနပ်တစ်ရံကို ယူသွားမိတဲ့အတွက်ဖိနပ်ခိုးမှုနဲ့ တရားစွဲခံရပြီး ဂရင်းလိတ်ခ်လူငယ်ပြုပြင်ရေးစခန်းကိုအပို့ခံလိုက်ရပါတော့တယ်။ဒါပေမဲ့ဂရင်းလိတ်ခ်စခန်းဟာ နာမည်အတိုင်းဟုတ်မနေပဲရောက်လာတဲ့ လူငယ်လေးတွေကို အတင်းအကြပ်လုပ်အားပေးခိုင်းစေနေတဲ့အလုပ်ကြမ်းစခန်းလိုမျိုးဖြစ်နေပါတယ်။စခန်းရဲ့ကြီးကြပ်ရေးမှူးက အဆိပ်ရှိမြွေတွေနဲ့ ဖွတ်တွေပဲရှိတဲ့လွင်တီးခေါင်ပြင်ကန္တာရထဲမှာ တစ်နေ့ကို ငါးပေနက်ပြီးငါးပေကျယ်တဲ့တွင်းတွေတူးခိုင်းပြီးဘာမှန်းမသိရတဲ့အရာကို ရှာဖွေခိုင်းနေတာပါ။ဒီလိုနဲ့ပဲ စတန်လေ ယဲနက် တစ်ယောက် စခန်းမှာအသားကျအောင်နေထိုင်ရင်းနဲ့တစ်နေ့မှာ သူစာဖတ်တတ်အောင်သင်ပေးနေတဲ့ဟက်တာ ဇာရိုနီဆိုတဲ့ ကောင်လေးကပြဿနာတစ်ခုကြောင့်ထွက်ပြေးသွားပါတော့တယ်။လူတစ်ယောက်ထဲဆိုဘယ်လိုမှမရှင်သန်နိုင်တဲ့ကန္တာရကြီးဖြစ်တာမလို့ စတန်လေလည်းဟက်တာနောက်ကို လိုက်သွားခဲ့ပါ‌ တော့တယ်။ဒီလိုနဲ့သူတို့ကို တွင်းတွေတူးပြီး ရှာဖွေခိုင်းထားတဲ့အရာတွေဟာ စတန်လေတို့မိသားစုကျိန်စာနဲ့ဆက်စပ်နေပြီး ကြီးကြပ်ရေးမှူးရဲ့ မိသားစုနဲ့ပါဆက်စပ်နေတဲ့အခါမှာဘာတွေဆက်ဖြစ်လာမလဲ၊ စတန်လေနဲ့ ဟက်တာတို့ကရောလွင်တီးခေါင်ပြင်ကြီးထဲမှာ ရှင်သန်နိုင်မလား၊သူတို့ရှာဖွေနေတဲ့ဘာမှန်းမသိတဲ့အရာကိုရော တွေ့မှာလား၊အတိတ်မှာကရော စတန်လေရဲ့ ဘိုးဘေးတို့ကဘာတွေဖြစ်ခဲ့ကြလဲဆိုတာကိုပေါ့ပေါ့ပါးပါးရယ်ရယ်မောမောနဲ့ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါဗျ။ File ...
movie

Holes (2003)

2003
Kiss the Girls (1997) 6.6
Kiss the Girls (1997) ကျောချမ်းစရာ မှုခင်းဒရာမာကောင်းကောင်းလေးတစ်ခု တင်ပေးထားပါတယ်။မှုခင်းဆိုင်ရာ စိတ်ပညာရှင် Alex Cross ဟာ သူ့တူမ ပျောက်ဆုံးသွားတာကို သိသွားတာနဲ့တစ်ပြိုင်နက် သူ့တူမ နေထိုင်ရာဒေသကို လိုက်သွားပါတယ်။ အဲဒီက ဒေသခံရဲတပ်ဖွဲ့ဆီက Casanova ဆိုတဲ့ ကွင်းဆက်လူသတ်သမားက ပြန်ပေးဆွဲသွားတာ ဖြစ်နိုင်ကြောင်း သိလိုက်ရပါတယ်။ အဲလိုဖြစ်နေတဲ့အချိန်မှာပဲ တက္ကသိုလ်ဆေးရုံမှ ဒေါက်တာ Kate McTiernan ဆိုသူ အမျိုးသမီးဟာ Casanova ဖမ်းတာခံလိုက်ရပြီး သူ့ကို ဖမ်းဆီးထားတဲ့နေရာမှာ တခြားအမျိုးသမီးတွေလည်း ရှိနေတာကို တွေ့ခဲ့ရပါတယ်။ ကံကောင်းချင်တော့ Kate ဟာ အဲလူသတ်သမားထံမှ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး Alex Cross နဲ့ ပူးပေါင်းကာ Casanova ဖမ်းနိုင်ဖို့ ကြိုးစားပါတော့တယ်။ ဒီဇာတ်ကားက James Patterson ရဲ့ Kiss the girls ဆိုတဲ့ bestseller မှုခင်းဝတ္တုကို ဒါရိုက်တာ Gary Fleder ...
movie

Kiss the Girls (1997)

[18+]Disclosure(1994) 6.7
[18+]Disclosure(1994) [18+]Disclosure(1994)********************* ရည်းစားဟောင်းတစ်ယောက် ကောင်းမှုကြောင့် ဘယ်လောက် အကျိုးပေးခံလိုက်ရလဲဆိုတာကိုတွမ်ဟန်းဒါးစ် တစ်ဖြစ်လဲ ကျွန်တော်တို့ရဲ့ Micheal Douglas ကြီးက သေချာသရုပ်ဖော်ပေးထားပါတယ်နည်းပညာကုမ္ပဏီက မန်နေဂျာတစ်ဦးဖြစ်တဲ့ တွမ်ဟန်းဒါးစ်က အလုပ်အရမ်းကြိုးစားပြီးဇနီးမယားသမီးသားတွေကိုလည်း အရမ်းချစ်တဲ့သူကြီးပါ တစ်နေ့တော့ ရာထူးတိုးဖို့ အနှစ်နှစ်အလလမျှော်လင့်ခဲ့ရပြီးအကောင်အထည်ပေါ်တော့မယ့်နေ့မှာပဲ တစ်စုံတစ်ယောက် ပေါ်လာပါတယ်...တွမ့်ရည်းစားဟောင်းပါပဲ... အရမ်းဆွဲဆောင်မှုရှိပြီး တော်လည်းတော် ထက်လည်းထက်တဲ့မဲရီဒစ်ဂျွန်ဆန်ဟာ သူမနဲ့မဆိုင်တဲ့ တွမ့်ဌာနမှာ ရာထူးတိုးသွားပါလေရဲ့ တွမ်ကတော့ သူ့ဌာနက သူ မလုပ်တဲ့ ထုတ်လုပ်ရေးပြဿနာတစ်ခုကို အဖြေရှာနေရသပေါ့။အဲ့ဒီနောက်မှာတော့ ပြဿာနာအကြီးကြီးသူဆက်လက်ရင်ဆိုင်ရပါတော့တယ်..Demi Moore ရဲ့  လှသွေးကြွယ်ဆုံးအချိန်ဖြစ်သလို အဖော်အချွတ်ဘာညာခန်းတစ်ချို့ပါလို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး..  File Size :(2.07GB )(861 MB) and (380 MB) Quality : Blu-Ray1080p,720p Format…mp4 Duration…02:08:00 Genre :Adult , Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Chevy Encoded by SD
movie

[18+]Disclosure(1994)

Eraser (1996) 6.1
Eraser (1996) Eraser (1996)Eraser Reborn ဆိုပြီး 2022 မှာ ပြန်ရိုက်တာကိုတွေ့ရတော့ မူလ အာနိုးကားကြီးကို သွားသတိရတာနဲ့ ဒီဇာတ်ကားကို တင်ဆက်ဖြစ်တာပါ။ Total Recall ကိုတော့ နောက်ရိုက်တဲ့ကားပဲ တင်ဆက်ဖြစ်ပေမဲ့ Eraser ကတော့ အဲဒီခေတ်ကတည်းက မိုက်တာမလို့ ကြည့်သင့်တယ်လို့ အကြံပြုချင်ပါတယ်။ ငယ်ဘဝ ဗီဒီယိုရုံမှာကြည့်ခဲ့ရတဲ့ဇာတ်ကားတွေဖြစ်လို့ ကလေးဘဝကို ပြန်ရောက်သွားသလိုပါပဲ။ သေနတ်ကြီးနှစ်လက် တဖက်တချက်ကိုင်ပြီး ကွင်းပြင်မှာ ထီးထီးကြီး ရပ်ပစ်တဲ့ မြင်ကွင်းတွေလေ။ ကလေးဘဝကဆိုတော့ သိပ်မိုက်ပေါ့။ ဆော့ကစားကြပြီဆိုရင် မင်းသားလုပ်ချင်တဲ့သူ သိပ်များတာကိုးဗျ။ မင်းသားဆို ဘယ်လောက်ပစ်ပစ် မသေဘူးဆိုတဲ့ စည်းကမ်းချက်ကို လူတိုင်းလိုက်နာခဲ့တုန်းကပေါ့။မင်းသားကြီး အာနိုး ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကား Eraser ရဲ့ ဇာတ်လမ်းအကျဉ်းကတော့ သိပ်ပြောစရာမရှိပါဘူး။ နိုင်ငံတော်အဆင့် ကန်ထရိုက်သမားတွေက လက်နက်သုတေသနမှာ စွမ်းအားမြင့်လက်နက်ဖြစ်တဲ့ လျှပ်စစ်သံလိုက် မြန်နှုန်းမြင့် အလင်းတန်း ချေမှုန်းရေးရိုင်ဖယ်တွေကို တီထွင်နိုင်ပြီးနောက် မူလစာချုပ်ရှင် ...
movie

Eraser (1996)

1996
Measure of Revenge (2022) 4.2
Measure of Revenge (2022) Measure of Revenge (2022) ==============မင်းသမီး အလန်းစားလေး Bella Throne ပါတဲ့ Thriller , Horror ရုပ်ရှင်ကားသစ်လေးထွက်လာပါပြီ။ဆေးလွန်ပြီးသေသွားတဲ့ နုာမည်ကြီးအဆိုတော်ရဲ့ သေဆုံးမှုကို စုံစမ်းတဲ့ Drug Dealer တစ်ယောက်အဖြစ် Bella ကိုတွေ့ရပါမယ်ဇာတ်လမ်းအကျဉ်းက ကာတစ်ကူပါးဆိုတဲ့ နာမည်ကြီး Band ရဲ့ ပင်တိုင်အဆိုတော်ဟာ အောင်မြင်မှုဒဏ်တွေကြောင့် ဆေးသမားလုံးလုံးဖြစ်သွားခဲ့ပြီး ပြန်လည်ထူထောင်ရေးစခန်းမှာ နှစ်ချီနေလိုက်ရပါတယ်။ သူအဲ့ဒီကပြန်ထွက်လာပြီး အနုပညာလောက အနားယူ ဘဝသစ်တစ်ခုစတင် အိမ်ထောင်ပြုမယ်လို့ ဆုံးဖြတ်လိုက်ပြီး နောက်မှာပဲ တစ်ညမှာ အမ်ဖတ်တမင်းခေါ် စိတ်ကြွဆေး အများအပြားလွန်ကာ လင်မယားနှစ်ယောက်လုံး သေဆုံးနေတာကို တွေ့ရှိလိုက်ရပါတယ် ရဲတွေကတော့ ဒါကို သာမန် မတော်တဆဆေးလွန်ပြီးသေဆုံးတယ်လို့ အမှုသိမ်းလိုက်ပေမယ့် မကျေနပ်နိုင်တဲ့ ကာတစ်ရဲ့ အမေ လီလီယန်ကူပါးဟာ သားရဲ့အဆိုတော်ဘဝက အချိတ်အဆက်တွေကို လိုက်လံစုံစမ်းရင်း အရင်က သူဆေးဝယ်နေကျ Taz ...
movie

Measure of Revenge (2022)

2022
The Call (2013) 6.7
The Call (2013) The Call (2013)IMDb - 6.7/10_____Rotten - 44%    2013 ခုနှစ်က ထွက်ရှိခဲ့ပြီး IMDb Rating မှာ 6.7 ရရှိထားတဲ့ The Call ဆိုတဲ့ရုပ်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်... အရေးပေါ်ဖုန်းခေါ်စင်တာ မှာ အလုပ်လုပ်တဲ့ ဝါရင့်အော်ပဗေရေ တာ ဂျော်ဒန်ဟာ သူမရဲ့ နေ့စဉ်အလုပ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ်..အကြမ်းဖက်မှုတွေ အန္တရာယ်ဖြစ်မှုတွေကို  ဖုန်းခိုးနားထောင်ရင်းနဲ့ ကယ်တင်လေ့ရှိတဲ့သူတစ်ယောက်ဖြစ်ပါတယ်.... တစ်နေ့မှာတော့ အမျိုးသမီးငယ်တစ်ဦးပြန်ပေးဆွဲခံလိုက်ရတဲ့အချိန်မှာ သူမကယ်တင်နိုင်ခဲ့တဲ့အတွက် အရမ်းကိုယူကြုံးမရဖြစ်ခဲ့ပါတယ် ဒီလိုနဲ့သူဟာ ဖိအားများများနဲ့ အလုပ်တွေကိုပိုမိုကြိုးစားတဲ့အပြင်ကွင်းဆင်းလေ့လာပြီး  ကူညီဖို့ပါပြင်ဆင်ပါတော့တယ်...ပြန်ပေးဆွဲသူဆီက ဖုန်းဝင်လာတဲ့အခါမှာတော့  ဂျော်ဒန်တစ်ယောက်အရင်တုန်းကသူမ တစ်ခါမှမလုပ်ဖူး..တာဝန်မယူဖူး ခဲ့တဲ့ အလုပ်တွေကို လုပ်ပြီးကောင်မလေး ကို ကယ်တင်ဖို့ကြိုးစားပါတော့တယ်.. ဒီဇာတ်ကားကို Blu-Ray720p ကို ဖိုင်ဆိုဒ်အသေးဖြင့်တင်ဆက်ထားပြီး ကြည်ကြည်လင်လင် ကြည့်ရှုခံစားရမှာဖြစ်ပါတယ်    Filesize : 505 MB Quality : Blu-Ray Rip 720p Format : mkv Duration : 1:34:00 Subtitle : Myanmar Subtitle ( Hardsub ) Encoder : LK
movie

The Call (2013)

2013