Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Rocket Rodriguez
4.7
Shorts (2008)
Spy Kids ဇာတ်ကားတွေကို ရိုက်ခဲ့တဲ့ ဒါရိုက်တာ Robert Rodriguez ရဲ့၂၀၀၈ ခုနှစ်က စွန့်စားခန်း ကလေးကား တစ်ကားဖြစ်ပါတယ်။Black Box ဆိုပြီး အမည်းရောင်အတုံးလေးနဲ့ ဘာမဆို လုပ်နိုင်စွမ်းရှိတဲ့ အရာကို တီထွင်ထားတဲ့ Black Inc ကုမ္ပဏီဟာသူတို့ ရုံးစိုက်ရာ အနားတဝိုက်မှာပဲ သူတို့ဝန်ထမ်းတွေကို အိမ်ရာလေးတွေနဲ့ အတူ ထားထားတဲ့Black Fall အသိုင်းအဝိုင်းဆိုတာလေး ရှိပါတယ်။အဲဒီ Black Fall ရပ်ကွက်လေးထဲကို သက်တန့်ရောင်ပုံစံရှိတဲ့ကျောက်တုံးလေးတစ်ခု ရောက်လာတဲ့အချိန် အကုန်လုံး ကမောက်ကမတွေ ဖြစ်ကုန်ပါတယ်။လင်မယားနှစ်ယောက် တစ်ကုမ္ပဏီတည်းဆိုပေမဲ့ အသင်းကွဲလို့ ရန်မတည့် သတ်ရတာတွေ၊ပိုးမွှားကြောက်လို့ တစ်အိမ်လုံး ပလပ်စတစ်အုပ်ပြီး နေတဲ့ သားအဖတွေ၊ကျောင်းမှာ ကောင်မလေးအနိုင်ကျင့်တာကို ခံရတဲ့ တိုဘီဆိုတဲ့ကောင်လေး၊စွန့်စားခန်းတွေမှ ထွက်ချင်ပါတယ်ဆိုတဲ့ ညီအစ်ကိုတသိုက်၊ဘဲနဲ့ အမြဲအဆင်မပြေဖြစ်နေတဲ့ ကောင်မလေးတစ်ယောက် စသဖြင့် လူပေါင်းစုံဟာဒီ ဆုတောင်းပြည့် ကျောက်တုံးလေးကို ဗဟိုပြုပြီး ပြဿနာတွေတက် ...
movie
Shorts (2008)
The Adventures of Sharkboy and Lavagirl (2005)
The Adventures of Sharkboy and Lavagirl (2005)ကျွန်တော်တို့ငယ်ငယ်က တိတ်ခွေခေတ်မှာ ကျွန်တော့်အတွက် အမှတ်ရစရာအကောင်းဆုံးကားက Lion King ဖြစ်ခဲ့တယ်။ အဲဒီခေတ်က ငှားကြည့်ကြတဲ့ခေတ်ဆိုတော့ ဘယ်ကလဲမသိလက်ဆောင်ရခဲ့တဲ့ အဲဒီအခွေကိုပဲ ခဏခဏပြန်ထိုးကြည့်ဖြစ်နေတာကိုး။ နောက် VCD ခေတ်စစရောက်လာတော့ ရုပ်ရှင်ကြည့်တာတို့ ကာတွန်းစာအုပ်ဖတ်တာတို့က နိစ္စဓူဝအလုပ်တစ်ခုဖြစ်လာခဲ့ပြီ။ အဲဒီတုန်းက ပဲခူးမှာ တစ်ဆိုင်တည်းရှိတာလား။ ကျွန်တော်ပဲမသိခဲ့တာလားမသိပေမဲ့ နာမည်အကြီးဆုံးအခွေဆိုင်က လိပ်ပြာကန်ထောင့်က Happy ဆိုတဲ့ အခွေဆိုင်ပေါ့။ အိမ်နဲ့လည်းသိပ်မလှမ်းတော့ နေ့တိုင်းဆိုသလို သွားသွားငှားကြည့်ဖြစ်ခဲ့တယ်။ အဲဒီတုန်းကတော့ ဘာကားငှားရမလဲမသိရင် ကျွန်တော်တို့တော့ အခွေဆိုင်ကို ဘာကားကောင်းလဲ မေးလိုက်ကြတာပဲ။ တစ်ခါသား အဲဒီလိုမေးတော့ ဟက်ပီးက အခွေငှားတဲ့အစ်ကိုကြီးတွေက Sharkboy and Lavagirl ကားလေးထုတ်ပေးလိုက်တယ်။ သူ့ဇာတ်က ကလေးဇာတ်ပေမဲ့ စိတ်ကူးယဉ်တတ်တဲ့ ကျွန်တော်တို့ကို စိတ်ကူးယဉ်တာကို မစွန့်လွှတ်ဖို့ ပြောထားတဲ့ ရုပ်ရှင်ဆိုတော့ တော်တော်လည်းထိခဲ့လို့နေမယ်။ ဒီကားကို ခဏခဏကိုပြန်ပြန်ငှားကြည့်ဖြစ်ခဲ့တော့ VCDခေတ်မှာ ကျွန်တော့်အတွက် အမှတ်ရစရာအကောင်းဆုံး ရုပ်ရှင်လည်းဖြစ်ခဲ့တာပေါ့။ နောက်ကျ ခဏခဏပြန်ငှားကြည့်ရလွန်းလို့ အခွေဆိုင်ကို ...
movie
The Adventures of Sharkboy and Lavagirl (2005)
2005