Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Rock Ji
6
The Volunteers: To the War ( 2023 ) The Great War
စစ်ရယ်လို့ဖြစ်လာရင် နှစ်ဖက်လုံးကတော့ အဆုံးအရှုံး အသေအကြေ ကြုံကြရစမြဲပဲ.... ဒီလိုပဲ စစ်မြေပြင်ပေါ်မှာ တိုက်ခိုက်နေသူတွေတောင် မျက်စိတစ်ဆုံးမြင်ရတဲ့အရာအပြင် ပိုမသိနိုင်ကြပါဘူး... ဒါကြောင့်လည်း သမိုင်းဆိုတဲ့ မှတ်တမ်းချင်းတူပေမယ့်... ရေသားထားတဲ့ အကြောင်းအရာတွေမတူညီကြတာပဲ..ဒီလို သမိုင်းမှတ်တမ်းချင်းမတူညီတဲ့ထဲမှာ ၁၉၅၀-၅၃ ကြားဖြစ်ပွားခဲ့တဲ့ တောင်-မြောက်ကိုရီးယားစစ်ပွဲအကြား တရုတ်နဲ့ အမေရိကန် အားဖြည့်ကူညီတိုက်ခိုက်ရင်း တရုတ်-အမေရိကန်ကြား ဖြစ်ခဲ့တဲ့ ကာလရှည်တိုက်ပွဲလည်းပါဝင်နေပါသေးတယ်...သမိုင်းထက်မှာရော၊ တောင်-မြောက်ကိုရီးယားသမိုင်းကြောင်းမှာရော၊ ကမ္ဘာကုလသမဂ္ဂမှတ်တမ်းမှာရော အသီးသီးရေးသားမှတ်တမ်းတင်ထားသလို.. တရုတ်နိုင်ငံမှတ်တမ်းမှာလည်း သူတို့ရှုထောင့်က တစ်မျိုးတစ်ဖုံ မှတ်တမ်းတင်ထားပါသေးတယ်...ဒီမှတ်တမ်းကို ချန်ခိုင်ခယ် ဒါရိုက်တာကြီးက The Volunteers: To the War (2023) The Great War ဆိုတဲ့နာမည်နဲ့ ရိုက်ကူးထားတာပဲဖြစ်ပါတယ်... အင်အားမမျှတဲ့ စစ်မြေပြင်မှာမှ...တရုတ်နိုင်ငံကို ထိုင်ခုံနေရာမပေးဘဲ ကမ္ဘာကုလသမဂ္ဂအစည်းအဝေးမှာ သဘောတူညီချက်တွေ လက်မှတ်ထိုးရေးဆွဲပြီး ငြိမ်းချမ်းရေးဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ဘက်မမျှတဲ့စစ်ပွဲဖြစ်နေခဲ့တာကြောင့်... မော်စီတုန်း တစ်ယောက်ဟာ မြေပြင်မှာ အားကိုးရတဲ့ ကြယ်နီတပ်သားတွေကို စေလွှတ်ခဲ့ပြီး... ကမ္ဘာကုလသမဂ္ဂအဖွဲ့အစည်းမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုတဲ့ နေရာတစ်နေရာရဖို့လည်း ကြိုးစားခဲ့ရပါသေးတယ်...တခြားစစ်ပွဲတွေနဲ့မတူညီတာကတော့... စစ်ပွဲရယ်လို့ဖြစ်လာရင် နိုင်ငံခေါင်းဆောင်နဲ့ သားသမီးတွေက စစ်မြေပြင်မှာ ရှေ့တန်းဆင်းတိုက်ခိုက်တာတို့ ကျရှုံးတာတို့မြင်ခဲတယ်ဆိုပေမယ့်... သမိုင်းမှတ်တမ်းအခြေခံရိုက်ကူးထားတဲ့ ဒီကားထဲမှာတော့...မော်စီတုန်းရဲ့ သားကြီးကိုယ်တိုင် ရှေ့တန်းဝင်ခဲ့ပြီး လေယာဉ်ဗုံးမှန်သေခဲ့တာကိုပါ ရိုက်ပြထားခဲ့ပါတယ်... သမိုင်းဆိုတာ ရေးသူရဲ့ ရှုထောင့်အတိုင်းဖြစ်ပြီး... ဇာတ်လမ်းဆိုတာလည်း ...
movie
The Volunteers: To the War ( 2023 ) The Great War
4K HEVC
6.3
Moscow Mission ( 2023 )
1993ခုနှစ်မှာဖြစ်ခဲ့တဲ့ ပေကျင်းမှမော့စကိုပြေးဆွဲနေတဲ့ နိုင်ငံတကာအမြန်ရထားကိုဓားပြတိုက်မှု ဖြစ်ရပ်မှန်ကို မှီငြမ်းပြီးရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။အရှေ့တိုင်းနဲ့အနောက်တိုင်းစစ်အေးခေတ်ကာလမှာ ရုရှားနိုင်ငံရဲ့စီးပွားရေးဟာ အရမ်းကိုကြပ်တည်းခဲ့ပါတယ်။ တရုတ်ပေါက်ဖော်ကုန်သည်တွေက စီးပွားရေးလုပ်ဖို့ငွေသားတွေအများကြီးကိုသယ်ပြီး မော့စကိုကိုရထားနဲ့သွာားတတ်ကြတယ်။ စီးကရက်၊ ရေမွှေး၊ အစားအသောက်စတဲ့ ကုန်ပစ္စည်းတွေကို သယ်ပြီးတော့လည်း သွားပြီးရောင်းချကြပါတယ်။ လုယက်သမားတွေရဲ့အမြင်မှာတော့ ဒီရထားကြီးက တကယ်ကိုပွပေါက် ငွေရထားကြီးဖြစ်နေတာပေါ့...... အဲဒီလိုနဲ့ရထားတစ်တွဲလုံးကိုဓားပြတိုက်မှုဖြစ်သွားခဲ့ပါတယ်။တရုတ်နိုင်ငံရဲတပ်ဖွဲ့ကနေပြီး တရားခံကိုမော့စကိုကနေဖမ်းပြီးခေါ်လာဖို့ အထူးစုံစမ်းရေးတစ်ဖွဲ့ကိုဖွဲ့စည်းပြီးလွှတ်လိုက်ပါတယ်။ တရုတ်ရဲတပ်ဖွဲ့နဲ့ ရုရှားရဲတပ်ဖွဲ့တို့ မသမာလောဘသားတွေကို ကြိုးစားပြီးဖမ်းဆီးတဲ့အကြောင်းရိုက်ကူးထားတာပဲဖြစ်ပါတယ်ဟောင်ကောင်မင်းသားကြီး Andy Lau ကဝရမ်းပြေး မှောင်ခိုသမား မော့စကိုမှာဘာမဆိုရအောင်လုပ်ပေးနိုင်တယ်ဆိုပြီး မော့စကို တရုတ်အသိုင်းအဝိုင်းကြားကနာမည်ကျော်တစ်ယောက်အနေနဲ့သရုပ်ဆောင်ထားပါတယ်။ Andy Lau အပြင် တခြားဝါရင့်သရုပ်ဆောင်တွေပါဝင်အားဖြည့်ထားပြီးတော့ ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်နဲ့ အရည်အသွေးမီအောင် ရိုက်ကူးထားတဲ့ အက်ရှင်ဇာတ်ကားဖြစ်တာမလို့ အက်ရှင်ကားပရိသတ်တွေ ကြည့်ကြဖို့တိုက်တွန်းချင်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime Runtime : 2h 8 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Moscow Mission ( 2023 )
5.9
Faces in the Crowd ( 2023 )
CM ကနေဒီတစ်ခါတင်ဆက်ပေးချင်တဲ့ရုပ်ရှင်လေးကတော့ Chen Wei Ting သရုပ်ဆောင်ထားတဲ့စုံထောက်ဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ (၁၉၃၁) ခုနှစ်ရှန့်ထိုမြို့မှာ ကူမန်တန်ပါတီနဲ့ကွန်မြူနစ်ပါတီတို့ရဲ့ ပဋိပက္ခတွေကြောင့် နိုင်ငံမငြိမ်မသက်ဖြစ်နေတဲ့ကာလကို ဇာတ်အိမ်တည်ထားကာ ဝမ်လိဝန်က ကွန်မြူနစ်ပါတီဖွဲ့စည်းထားတဲ့ဆန်းကြယ်ရူပ်ထွေးတဲ့ ဆက်သွယ်ရေးစခန်းကိုပစ်မှတ်ထားစုံစမ်းနေခဲ့တယ်။ဒီအချိန်မှာ မထင်မှတ်ပဲသူ့သွေးသောက်ညီအစ်ကို ချန်ကျားတုန့်နဲ့လမ်းမှာပြန်လည်တွေ့ဆုံခဲ့ပြီး နှစ်ဦးသားဒီစခန်းရဲ့ လျှို့ဝှက်ချက်ကိုဖော်ထုတ်ဖို့ပူးပေါင်းနေခဲ့တယ်။ သို့ပေမဲ့နှစ်ဦးသား နှစ်အတော်ကြာဝေးကွာပြီး ပြန်တွေ့ခဲ့ကြတာကြောင့် စုံစမ်းဖော်ထုတ်ကြရင်း တစ်ယောက်အပေါ်တစ်ယောက် သင်္ကာမကင်းစွာနဲ့ နှစ်ဦးသားအပြန်အလှန် နှစ်ယောက်လုံးရဲ့သရုပ်မှန်ကို ပြန်လည်စုံစမ်းကြည့်တဲ့အခါမှာတော့ဘာတွေဆက်ဖြစ်ကြမလဲ။ နိုင်ငံရေးအရူပ်အထွေးတွေကြား ဘယ်လိုတွေပတ်သက်နေကြမလဲ။ နှစ်ယောက်လုံးရဲ့ကိုယ်စီသရုပ်မှန်ကကောဘာတွေဖြစ်မလဲ။ဒီဇာတ်လမ်းလေးကတော့ Chen Wei Ting ပီသစွာပဲ စုံထောက်အက်ရှင်ကားလေးတစ်ကားဖြစ်တာကြောင့် လက်မလွတ်တမ်းကြည့်ရူလိုက်ရအောင် Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller , Drama Runtime : 1h 42 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK
movie
Faces in the Crowd ( 2023 )
6.5
Golden Job (2018)
အခု မိတ်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ Rating တွေကလည်း အလန်း သရုပ်ဆောင်တွေကလည်းနာမည်ကြီးပြီး အက်ရှင်ကားကောင်းကောင်း ငတ်နေသူတွေအတွက် အကြိုက်တွေ့စေမယ့် Crime,Action ဇာတ်ကားလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။နာမည်ကတော့ Golden Job(2018) ပါ။IMDB Rating ကတော့ 6.2 ထိရရှိထားပါတယ်။ဇာတ်လမ်း အကျဉ်းလေးကတော့ ဆိုးတေသောင်းကြမ်းလို့ ဝသွားကြတဲ့ လူမိုက်ကြီး ငါးယောက် အငြိမ်းစားယူသွားကြပါတယ်။အဲ့နောက်မှာခေါင်းဆောင်ဖြစ်သူက ဒုက္ခသည်ကလေးတွေအတွက် အကူအညီပေးဖို့ ဆေးကုမ္ပဏီတစ်ခုက ဆေးသယ်လာတဲ့ကားကို ခိုးလိုက်ပါတယ်။နောက်တော့ဆေးဝါးဖြန့်ဖြူးပေးဖို့ လူပြန်စုပြီး အလုပ်ပြန်လုပ်ကြတဲ့အချိန် ဆေးသယ်လာတဲ့ကားကို ခိုးလာခဲ့ပြီးမှ ကားပေါ်မှာ ပါလာတာ ဆေးတွေမဟုတ်ဘဲ ရွှေတွေဖြစ်နေချိန်မှာတော့.....ဘာတွေကြောင့်ဒီလိုဖြစ်ရတာလဲသူတို့ရဲ့အတိတ်ဆိုးတွေကို သူတို့ချန်ထားနိုင်တာသေချာရဲ့လား ဆိုတာ အက်ရှင် ကြမ်းကြမ်းလေးတွေနဲ့ ကြည့်ရမှာဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ မေသရဖီလွင် ပါ) File Size : (850 MB) and (380 MB) Quality : WEB-DL 720p Running Time : 1h 40min Format : ...
movie
Golden Job (2018)
2018