Channel Myanmar

Robin Nielsen

The King of Fighters (2010)
The King of Fighters (2010) ဒီဇာတ်ကားကတော့ ဗီဒီယို ဂိမ်းကြိုက်တဲ့ သူတွေနဲ့ ရင်းနှီးမယ့် King of Fighter ဆိုတဲ့ ဂိမ်းကို နမူနာယူပြီး ရိုက်ထားတာပါဇာတ်လမ်းကတော့ နည်းပညာတွေမြင့် လျှို့ဝှက်တိုက်ခိုက်ရေး ပြိုင်ပွဲဖြစ်တဲ့ KOF နဲ့ တည်ထားပါတယ်ဒီဂိမ်းဟာ VR လိုမျိုး ပြိုင်ပွဲဝင်တွေက Avatar တွေကို ထိန်းပြီးတော့ ပြိုင်ကြရတာဖြစ်ပါတယ်Rugal Bernstein ဆိုတဲ့သူက ပြိုင်ပွဲဝင်တွေရဲ့ တကယ့် ခန္ဓာကိုယ်တွေကို ဒီဂိမ်းထဲကို ခေါ်လာဖို့ နည်းပညာကို ရှာတွေ့သွားတဲ့ အခါဒီဂိမ်းကို ‌ဆော့နေကျသူတွေရော သိုင်းပညာနဲ့ ပတ်သက်တဲ့ အဆက်အနွယ်ရှိတဲ့သူတွေကို ဂိမ်းထဲကို ခေါ်လာပြီးတော့အသက်ရှင်ရဖို့ အတွက် ယှဥ်ပြိုင်တိုက်ခိုက်စေတာတွေ ဖြစ်လာပါတယ်ဒီလိုနဲ့ ဒီလိုမျိုး အခေါ်ခံလာရတဲ့ သူတွေက အသက်ရှင်ဖို့ အတွက် တိုက်ခိုက်ယှဥ်ပြိုင်ရပါတော့တယ်ဘယ်သူတွေက အသက်ဆက်ပြီး ရှင်သွားရမှာလဲတကယ့်ကမ္ဘာကို ပြန်ပြီးတော့ သွားနိုင်ကြမှာလားRugal Bernstein က ရော ဘာအတွက်နဲ့ ဒီလိုတွေ လုပ်ခဲ့တာလဲဆိုတာကို ...
movie

The King of Fighters (2010)

Riding the Bullet (2004) 5.3
Riding the Bullet (2004) Stephen Kingရဲ့ Riding the Bulletဆိုတဲ့ ဝတ္တုကို ပြန်ရိုက်ထားတဲ့ကားပါ။ဒါရိုက်တာက အတော်ကြီးထဲမပါနေတာတောင် ဇာတ်အိမ်နဲ့ နောက်ခံစကားပြောတွေက တော်တော်ကြမ်းပါတယ်။ကြည့်နေတုန်းက ဒီကားက ဇာတ်အိမ်နဲ့ အဖြစ်အပျက်တွေ Narrativeတွေက ကားနဲ့မလိုက်အောင် ဘာလို့လန်းနေတာလဲလို့ တွေးမိပေမဲ့ကားဆုံးလို့ စတိုရီက ဘယ်သူလဲရှာတော့ စတီဖင်ကင်းမှန်းသိတော့ အံ့ဩစရာတော့မဟုတ်တော့ဘူး။စတီဖင်ကင်းဝတ္တုကတော့ စတီဖင်ကင်းဝတ္တုလို့ပဲပြောရမှာပါပဲ။စတီဖင်ကင်းရဲ့ ဟော်ရာကားမဟုတ်တဲ့ကားတွေ အားလုံးနီးပါးက Narrativeပိုင်းတွေ တော်တော်လှနေတတ်သကိုး။ကင်းဖန်ဖြစ်ဖြစ် ဒီတိုင်းဖြစ်ဖြစ် ကြည့်သင့်တဲ့ကားပါပဲ။Ratingတွေကတော့ ကျန်တဲ့အချက်တွေကြောင့် မကောင်းလှပေမဲ့ ဇာတ်လမ်းကတော့ စိတ်ဝင်စားစရာကောင်းသလို Conceptလည်းလှပါတယ်။ပုံမှန်ဆိုလူတွေက ရှင်သန်ခြင်းကို ချစ်တတ်ကြပြီး သေခြင်းကို ကြောက်တတ်ပေမဲ့ဒီရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင် အလန်ပါကာကတော့ သေခြင်းကိုချစ်ပြီး ရှင်သန်ခြင်းကိုကြောက်နေတဲ့လူပါ။ဒီလိုနဲ့ သူ့မွေးနေ့တစ်ရက်မှာ ရေချိုးကန်ထဲ သတ်သေဖို့လုပ်ပါတယ်။ဒီအချိန်မှာ သူ့ရည်းစားနဲ့ သူငယ်ချင်းတွေက Supriseတိုက်ဖို့ ရောက်လာလို့ သေရင်းတန်းလန်းနဲ့ ဆေးရုံရောက်သွားတယ်။ဒီလိုနဲ့ ဆေးရုံက ဆင်းလာပြီးနောက် ဂျွန်လန်နွန်ရဲ့ရှိုးပွဲကိုသွားကြည့်ဖို့လုပ်ကြတုန်း သူ့အမေက လေဖြတ်သွားလို့ ဆေးရုံရောက်နေတာကို သိလိုက်ရတယ်။ဒီလိုနဲ့ရှိုးပွဲသွားဖို့အစီအစဉ်ကိုဖြတ်ပြီး သူ့အမေရှိတဲ့ မိုင်ပေါင်းများစွာအကွာက ...
movie

Riding the Bullet (2004)

Wrongfully Accused (1998) 6.0
Wrongfully Accused (1998)  ကျွန်တော်တို့ငယ်ငယ်တုန်းက နှစ်ခြိုက်ခဲ့ရတဲ့ အမေရိကန် ဟာသရုပ်ရှင်ပုံစံမျိုး အမှန်အကန် ရယ်ရမယ့်ခေတ်ဟောင်းကားလေးဖြစ်ပါတယ်ဒီလိုကားတွေမှာ ထုံးစံအတိုင်း အသက်ကြီးကြီး ဟာသမင်းသားပါမယ် ခေတ်စနစ် ယဥ်ကျေးမှု stereotype တွေကို သရော်တာမျိုးတွေ ပါမယ် နောက်ပြီး ဆွဲဆောင်မှုရှိတဲ့ ရွှေရောင်ဆံပင်နဲ့ မင်းသမီးတစ်ယောက်ရောပေါ့ တယောဆရာ ရိုင်ယန်က နာမည်ကျော်ပြီး လူချစ်လူခင်လည်း ပေါတဲ့ ပုဂ္ဂိုလ်ပေါ့... စပွန်ဆာသူဌေး မစ္စတာ Hibbing Goodhue တို့နဲ့လည်း ရင်းနှီးပါတယ်Hibbing ရဲ့ဇနီး လောရန်က ရိုင်ယန်ကို ခိုးစားဖို့ ခေါ်တယ် အဲဒီညမှာ မျက်လုံးတစ်လုံး၊ လက်တစ်ဖက်၊ ခြေတစ်ဖက်သာရှိတဲ့ လူတစ်ယောက်က မီလျံနာသူဌေး Hibbing ကို သတ်သွားပါလေရော ဒါပေမဲ့ ရိုင်ယန်က အကွက်ဆင်အဖမ်းခံလိုက်ရပြီး လူသတ်မှုနဲ့ သေဒဏ်ကျသွားတဲ့အခါ ထွက်ပြေးဖို့ကြိုးစားပါတော့တယ် ဒီကနေ ဇာတ်လမ်းနာမည်အတိုင်း မှားယွင်းစွာစွပ်စွဲခံလိုက်ရတဲ့ ရိုင်ယန် သူအပြစ်မရှိကြောင်း ဘယ်လိုသက်သေပြဖို့ ကြိုးစားမှာလဲ ဆိုတာကို .......ပရိသတ်ကြီး ...
movie

Wrongfully Accused (1998)