Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Robert Wilfort
6.2
The Huntsman: Winter’s War (2016)
The Huntsman: Winter's War (2016)IMDb Rating (6.2)ဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေနဲ့ စနှိုးဝှိုက်ဇာတ်ကားဆိုရင်တော့ ဒီကားပဲ ပြရမှာဖြစ်ပါတယ်... မင်းသား Chris Hemsworth , မင်းသမီး Charlize Theron ,Emily Blunt , Kristen Stewart , Jessica Chastain စတဲ့ ဒိတ်ဒိတ်ကြဲတွေနဲ့ အမိုက်စားရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကြီးပါ။ ဒီဇာတ်ကားက 2012 ခုနှစ်ကထွက်ခဲ့တဲ့ Snow White and The Huntsman ရဲ့ Prequel ရော Sequel အဖြစ်ပါ ပြောလို့ရတဲ့ Huntman ရဲ့ဇာတ်အိမ်ပါပဲ။ဇာတ်လမ်းအစောပိုင်းမှာ စုန်းမ၂ယောက်ဖြစ်တဲ့ ရဗန်နာ နဲ့သူ့ညီမ ဖရယ်ယာတို့နဲ့စတင်ထားပါတယ်။ ရဗန်နာဟာ snowwhite ကားထဲကစုန်းမဖြစ်ပြီး သူ့ညီမရဲ့ချစ်ခြင်းကိုပါ ဖျက်ဆီးခဲ့တယ်။ ဒါကြောင့်အကြီးအကျယ်ဒေါသထွက်ခဲ့တဲ့ ဖရယ်ယာ တစ်ယောက်သူ့ရဲ့ အင်ပါယာကိုစတင်တည်ထောင်မှုကနေ Huntsman ရဲ့ ဇာတ်လမ်းပါပေါ်ထွက်လာခဲ့ပါတယ်။ဒီဇာတ်ကားဟာ Snow White ကားမစတင်ခင်ကအဖြစ်အပျက်တွေနဲ့ Snow White ကားပြီးတော့ ...
movie
The Huntsman: Winter’s War (2016)
4K HEVC
7.1
Joy (2024)
နာမည်ကျော် ဇာတ်ကားများစွာမှာပါဝင်သရုပ်ဆောင်ခဲ့ပြီးCMပရိတ်သတ်တို့နဲ့မစိမ်းတဲ့ မင်းသားကြီး Bill Nighy၊Jojo Rabbit (2019) နဲ့ Late Night in Soho (2021)တို့နဲ့လူသိများတဲ့ မင်းသမီး Thomasin McKenzieအပြင်မင်းသားချော James Norton တို့ပါဝင်သရုပ်ဆောင်ထားတဲ့ရုပ်ရှင်တစ်ကားကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ရုပ်ရှင်ကတော့ အားလုံးကြားဖူးလောက်မဲ့ ဖန်ပြွန်သန္ဓေသားနည်းပညာအကြောင်းကို အပြင်ကဖြစ်ရပ်မှန် သမိုင်းအတိုင်းရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။အခုခေတ် မြန်မာနိုင်ငံရဲ့ ဒေသအချို့မှာတောင် အမျိုးသမီးတွေကလေးမရနိုင်ရင် "အိမ်ထောင်ရေးတာဝန်မကျေသူ၊ အမြုံမ"စသည်ဖြင့် ခေါ်ဝေါ်သတ်မှတ်နေကြတုန်းပါပဲ။ဒါဆို ဒီလိုနည်းပညာတွေ မတိုးတက်ခင် 50s 60s ကာလတွေမှာအမျိုးသမီးတွေဘယ်လောက်များခက်ခဲခဲ့ကြမလဲ။ဒီမျိုးဆက်မပွားနိုင်တဲ့ပြဿနာကို ဆေးသိပ္ပံပညာပိုင်းလိုအပ်ချက်တစ်ခုပါလို့ မှတ်ယူပြီး မျိုးဆက်မပွားနိုင်တဲ့အမျိုးသမီးတွေကို ဖန်ပြွန်သန္ဓေသားနည်းပညာနဲ့ ကလေးရအောင်လုပ်ပေးမယ်လို့ စတင်အကောင်အထည်ဖော်ခဲ့သူကဒေါက်တာရောဘတ် အက်ဒ်ဝက်ပါ။သိပ္ပံပညာရှင် ဒေါက်တာရောဘတ်အက်ဒ်ဝက်ရယ်၊အရည်အချင်းအပြည့်နဲ့ သားဖွားဆရာဝန်ကြီး မစ္စတာစတပ်တိုးရယ်၊ဓာတ်ခွဲခန်းမန်နေဂျာသူနာပြုမလေး ဂျင်းပါဒီတို့ရယ်သုံးယောက်ပေါင်းပြီး အမျိုးသမီးတွေအတွက် အနာဂတ်တစ်ခုကိုဖန်တီးပေးဖို့ကြိုးစာခဲ့ကြပါတယ်။ပြောလို့သာလွယ်လွယ်လေးထင်ရပေမဲ့ နည်းပညာပိုင်းအရရောဆေးသိပ္ပံပညာပိုင်းအရရော ခေတ်ကာလအရပါ အခက်အခဲတွေအများကြီးရှိခဲ့တာကြောင့် ဖန်ပြွန်သန္ဓေသားနည်းပညာရယ်လို့ဖြစ်ပေါ်လာဖို့ အချိန် ၁၀ နှစ်တောင်ကြာမြင့်ခဲ့ပါတယ်။ကမ္ဘာ့ ပထမဆုံး ဖန်ပြွန်သန္ဓေသား ရင်သွေးလေး "Joy"မွေးဖွားလာဖို့ သူတို့တွေ ဘယ်လောက်ပေးဆပ်ခဲ့ကြရလဲဆိုတာကောင်းကောင်းကြီးမြင်တွေ့ရမှာပါ။နာမည်ရ ...
movie
Joy (2024)
6.7
Save the Cinema (2022)
ပြဇာတ်ဆန်ဆန် အေးအေးငြိမ့်ငြိမ့်လေး ခံစားလို့ရမယ့် Drama ရုပ်ရှင်လေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ ၁၉၉၃ခုနှစ် ဝေးလ်နိုင်ငံ၊ ကာမာသန်မြို့မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံ၍ ရိုက်ကူးထားတာပါ။ IMDb - 6.7 နဲ့ Rotten Tomatoes 70%ထိရရှိထားပြီး Gotham series မင်းသမီးချော Erin Richards နဲ့Draco Malfoyအနေနဲ့ လူသိများတဲ့ Tom Feltonတို့ ပါဝင်ထားပါတယ်။ကာမာသန်မြို့ရဲ့ လစ်ရစ်ဇာတ်ရုံက ဟိုးနှစ်ပေါင်းများစွာတည်းက စင်တင်ပြဇာတ်တွေနဲ့ အော်ပရာတွေ တင်ဆက်လာတဲ့ ဇာတ်ရုံကြီးဖြစ်သလို နောက်ပိုင်းနှစ်တွေမှာ ရုပ်ရှင်ရုံအဖြစ် ပြောင်းခဲ့ပေမယ့် လာရောက်ကြည့်ရှုသူ မရှိသလောက်နည်းနေသလို ၂လ၃လနေမှ တစ်ခါပြတဲ့ ပြဇာတ်တွေနဲ့ အသက်ဆက်နေရတာပါ။ဒီလိုဒေဝါလီခံရကာနီးနေတဲ့ ရုပ်ရှင်ရုံကိုဖြိုချပြီး ဈေးဝယ်စင်တာ ပြောင်းဆောက်ဖို့ ကြံနေသူတွေကတော့ ကာမာသန်မြို့တော်ဝန်နဲ့သူ့ရဲ့ ခရိုနီတွေပါ။ လစ်ရစ်ရုံဟာ ဝင်ငွေမရတော့ပေမယ့် မြို့ခံလူ တချို့အတွက် မမေ့နိုင်တဲ့အမှတ်တရများစွာ ရှိနေတဲ့နေရာတစ်ခု ဖြစ်သလို မြို့ရဲ့ အထိမ်းအမှတ်လည်းဖြစ်လို့ ဖြိုချမယ့် အကြံကို လုံးဝလက်မခံခဲ့ကြပါဘူး။ ဒါပေမဲ့ ...
movie
Save the Cinema (2022)
7.1
The Dig (2021)
The Dig (2021) ===========IMDb Rating - 7.1/10"ရှေးဟောင်းသုတေသနကို အခြေခံတဲ့ ရုပ်ရှင်တွေကို ကျွန်တော်တို့ကြည့်ကြတဲ့အခါ စိတ်ကူးယဉ်ဆန်လွန်းတဲ့ ရုပ်ရှင်တွေကို တွေ့ရတာများပါတယ်။ ရှေးဟောင်းကျိန်စာတွေ၊ ရွှေပုံကြီးတွေ၊ တူးဖော်တာထက် ဖျက်ဆီးတဲ့ဘက် ပိုရောက်နေတဲ့ ရှေးဟောင်းသုတေသန ပညာရှင်တွေ ပါတတ်တဲ့ ရုပ်ရှင်မျိုးတွေပေါ့။ ဒါပေမဲ့ Netflixရဲ့ The Digကတော့ "ရှေးဟောင်း သုတေသနဆိုင်ရာ တူးဖော်မှုအကြောင်း ပိုသိမြင်နားလည်စေမယ့် ရုပ်ရှင်တစ်ကားပါပဲ။"လို့ ရုပ်ရှင်ဝေဖန်ရေးသမားတစ်ယောက်က ဆိုပါတယ်။တကယ်လည်း ဟုတ်ပါတယ်။ The Dig ဟာ အင်္ဂလန်ရဲ့အကြီးကျယ်ဆုံး ရှေးဟောင်းသုတေ သနဆိုင်ရာ တွေ့ရှိမှုဖြစ်ခဲ့တဲ့ Sutton Hoo ဆိုက်ကို တွေ့ရှိခဲ့တဲ့အကြောင်းကို ရိုက်ပြထားတာပါ။ Sutton Hoo ဆိုက်ဟာ အမှောင်ခေတ်လို့ခေါ်တဲ့ ၆ရာစုလောက်က Anglo-Saxonsတွေရဲ့ အကြွင်းအကျန်တွေကိုတွေ့ခဲ့တဲ့ အတော်ရှေးကျတဲ့ ဆိုက်ပါပဲ။ Sutton Hoo ဆိုက်ကို မတွေ့ခင် အထိ အမှောင်ခေတ်မှာ ယဉ်ကျေးမှု၊ အနုပညာနဲ့ ငွေကြေး မရှိဘူးလို့ ယုံကြည်ခဲ့ကြတာဖြစ်ပြီး Sutton Hooဆိုက်က ရခဲ့တဲ့ရှေးဟောင်းပစ္စည်းတွေက ဒီအမြင်ကို ပြောင်းလဲပေးခဲ့ပါတယ်။ ထူးတာက ...
movie
The Dig (2021)
2021
7.7
Harry Potter and The Goblet of Fire (2005)
Harry Potter (2001-2011)Platform 9¾ ကနေ ပြန်လည် ကြိုဆိုပါတယ်။ Hogwarts ရထားကြီးနဲ့ wizarding world ကို အလည်တစ်ခေါက် ထပ်သွားပြီး Chapter တစ်ခုချင်းစီကို အစဉ်လိုက် ပြန်အလွမ်းသည်ကြမယ်ဗျာ ...ခင်ဗျားက muggle မဟုတ်ရင်တော့ အသက်ရှင်ကျန်ခဲ့သူ ကောင်လေးအကြောင်း ကြားဖူးပြီးသားဖြစ်မှာပါ ... သူ့နာမည်က Harry Potter တဲ့ .. ထင်ရှားတဲ့အမှတ်အသားဆို နဖူးမှာ အမာရွတ်လေးနဲ့ မှန်ကြောင်ကောင်လေးတစ်ယောက်ပါပေါ့ ။ဒီ အမာရွတ်လေး ရခဲ့တဲ့ ညကနေ စလို့ သူဟာ သူကိုယ်တိုင် မသိပါဘဲ မှော်လောကမှာ ကျော်ကြားလာခဲ့တယ်... မနာခံသူ မှန်သမျှ အရှင်မထားတတ်တဲ့ မှော်ဆရာကြီး တစ်ယောက်ရဲ့ လက်က လွတ်မြောက်ခဲ့သူအဖြစ်ပေါ့... မှော်ဆရာကြီးက ဘယ်သူလဲတော့ လာမမေးပါနဲ့ ... ကျွန်တော်တို့ သူ့နာမည်ကို ထုတ်မပြောကြဘူး ...သိုပေမဲ့ Harry Potter ဆိုတဲ့ မှော်ဆရာလေးကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ရဲစွမ်းသတ္တိအပြည့်မွေးပြီး ရွန်၊ ဟာမွိုင်နီဆိုတဲ့ သူငယ်ချင်း ၂ ...
movie
Harry Potter and The Goblet of Fire (2005)
2005
4K HEVC