Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Robert Taylor
6.1
Kid Snow (2024)
CM ပရိသတ်ကြီးကို သိပ်မကြားသေးခင်ကတင်ထွက်ထားတဲ့Kid Snow ဆိုတဲ့လက်ဝှေ့ကားတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။"Kid Snow" က ၂၀၂၄ ခုနှစ်တွင် ထွက်ရှိခဲ့တဲ့ သြစတြေးလျအားကစား ဒရာမာရုပ်ရှင်ဇာတ်ကားဖြစ်ပြီး Paul Goldman မှဒါရိုက်တာလုပ်ကာ John Brumpton မှ ဇာတ်ညွှန်းရေးသားထားပါတယ်။ Billy Howle နှင့် Phoebe Tonkin တို့ ပါဝင်သရုပ်ဆောင်ထားသည့် ဒီရုပ်ရှင်က ၁၉၇၀ ပြည့်လွန်နှစ်များကိုအခြေခံထားပြီး ဇာတ်လမ်းမှာ နာမည်ကျော်ခဲ့ဖူးသော်လည်းယခုအခါ လက်ရည်ကျဆင်းနေသော လက်ဝှေ့သမား Kid Snow(Billy Howle) ၏ ဘဝအကြောင်းကို ရိုက်ကူးထားပါတယ်။ဇာတ်ကားတွင် Kid Snow က လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကသူနှင့် ယှဉ်ပြိုင်ခဲ့ဖူးသူကို ပြန်လည်ယှဉ်ပြိုင်ရန် အခွင့်အရေးရလာသောအချိန် သူ့ဘဝကို ပြန်လည်တည့်မတ်ရန် ကြိုးစားရင်းအနိုင်ပြန်လည်ယူနိုင်ပါ့မလား အရင်လိုပဲ လက်ဝှေ့လောကရဲ့မသမာမှုတွေ လှည့်ကွက်တွေမှာပဲ ဆက်လက်နစ်မွန်းနေဦးမှာပဲလားဆိုတာကိုကြည့်ရှူခံစားရမှာပါသည်ရုပ်ရှင်ကို သြစတြေးလျနိုင်ငံ၊ အနောက်သြစတြေးလျဒေသတွင်၂၀၂၂ ခုနှစ် မေလမှ ဇူလိုင်လအတွင်း ရိုက်ကူးခဲ့ပြီး ...
movie
Kid Snow (2024)
5.8
Avenging Force (1986)
ဒီဇာတ်လမ်းဟာ 1986 ခုနှစ်မှာထွက်ရှိထားတဲ့ Action/Thriller အမျိုးအစား ဇာတ်ကားတစ်ပုဒ်ဖြစ်ပါတယ်။IMDb 5.8 ရရှိထားပြီးတော့ Rotten tomatoes 50% ရရှိထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ အေးဂျင့်တစ်ယောက်ဖြစ်တဲ့ ဟန်တာဟာ မိဘတွေဆုံးပါးသွားတဲ့အခါကစပြီးညီမလေးကိုစောင့်ရှောက်ဖို့ အေးဂျင့်အလုပ်ကနေထွက်လိုက်ပါတယ်။တစ်နေ့တော့ သူ့ရဲ့သူငယ်ချင်းဟောင်းတစ်ယောက်ဆီအလည်သွားရင်း သူငယ်ချင်းရဲ့မိသားစုကိုလုပ်ကြံမှုနှင့် ကြုံတွေ့ပါတော့တယ်။ထိုအခါ သူငယ်ချင်းကို အေးဂျင့်ဟောင်းဖြစ်တဲ့ဟန်တာက ဘယ်လိုကာကွယ်မလဲ၊သူငယ်ချင်းအစစ်မှန်ဟာဘယ်လိုမျိုးလဲ ဆိုတာကို ရှုစားရမှာပါ။1986 ခန့်ထွက်ရှိခဲ့ပေမယ့် ယခုအချိန်ထိ ကြည့်ရှု၍ကောင်းနေဆဲ ဇာတ်ကားတစ်ပုဒ်ဖြစ်ပါတယ်။အက်ရှင်ကားကြိုက်တဲ့ Channelmyanmar ပရိတ်သတ်ကြီးတို့ ခံစားကြည့်ရှုဖို့ တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ File Size : 2.2 GB, 1.3 GB Quality : Blu-Ray 1080p / 720p Running Time : 1hr 44min Format :Mp4 Genre : Action, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by : KK Encode by ...
movie
Avenging Force (1986)
6.8
Kong: Skull Island (2017)
MonsterVerse TimelineMonsterVerse ရဲ့ ၅ ကားမြောက် Godzilla x Kong: The New Empire (2024) လဲထွက်လာခဲ့ပြီဆိုတော့ Godzilla, Kong နဲ့ သူတို့ကြားက အဖြစ်အပျက်တွေကြားက timeline ကို တစ်ချက်ပြန်ကြည့်ကြည့်ရအောင်. ဒီ timeline ထဲက အဖြစ်အပျက်တွေက ထွက်ရှိခဲ့တဲ့ MonsterVerse ရုပ်ရှင်၊ ဇာတ်လမ်းတွဲတွေအပြင် tied in graphic novels တွေက အကြောင်းတွေပါ ပါဝင်ပါတယ်။ Event တွေများ source တွေလည်း များလို့ မှားနေတာ လိုနေတာရှိရင် ဝင်ဆွေးနွေးသွား ထောက်ပြသွားနိုင်ပါတယ်။- 252 millions BC ကမ္ဘာ့ မျက်နှာပြင်ပေါ်မှာ Radiation တွေ ယနေ့လက်ရှိအချိန်ထက် အဆပေါင်းများစွာရှိနေတုန်းက radiation ကို စားသုံးကြီးထွားတဲ့ Godzilla နဲ့ တခြား Titan တွေဟာ ...
movie
Kong: Skull Island (2017)
2017
4K HEVC
6.4
Ned Kelly (2003)
ဗြိတိန်အင်ပါယာရဲ့အင်အားကြီးမားစပြုချိန် ၁၈ရာစုခန့်လောက်မှာ ဘုရင်မဗစ်တိုးရီးယားက ဂရိတ်ဗြိတိန်အပြင် အိုင်ယာလန်ကိုလည်း အုပ်စိုးခဲ့ရပါတယ်...အဲဒီအချိန်က အင်္ဂလိပ်ရဲတွေ အာဏာအင်အားလွှမ်းမိုးမှုကြီးနေတဲ့အချိန်ဖြစ်တော့ လူမျိုးရေးခွဲခြားတဲ့ရဲတစ်ချို့က အိုင်ယာလန်လူမျိုးတွေကို မြင်မြင်သမျှမဲပြီး အနိုင်ကျင့်တတ်ကြတယ်။ဒီလိုနဲ့ အိုင်ယာလန်သား နဒ်ကယ်လီက မိမိနဲ့ မိမိရဲ့ကယ်လီမိသားစုအပေါ် အကျင့်ပျက်ရဲဖစ်ပတ်ထရစ်ရဲ့ အကြိမ်ကြိမ်ဖိနှိပ်မှုကြောင့် ဝရမ်းပြေးတစ်ယောက်ဖြစ်လာရင်း လူမျိုးရေးခွဲခြားမှုတွေကို တွန်းလှန်ချင်စိတ်ကြောင့် ဂိုဏ်းဖွဲ့ပြီး ပုန်ကန်လှုပ်ရှားမှုတစ်ခု အစပြုဖို့ဖြစ်လာခဲ့တယ်။ အသက်အရွယ်ငယ်လွန်းပေမဲ့ မဟုတ်မခံလိုစိတ်ပြင်းထန်တဲ့ နဒ်က သူငယ်ချင်းဖြစ်သူဂျိုးဘန်ရ်၊ ညီဖြစ်သူ ဒန်ကယ်လီ၊ ဒန်ရဲ့သူငယ်ချင်းစတိဖ်ဟာ့တို့နဲ့ စုစုပေါင်း အိုင်ယာလန်သားလူငယ်၄ဦးပူးပေါင်းပြီး ပုန်ကန်မှုကို စတင်တော့တယ်။နဒ်ကယ်လီတို့ ဆန့်ကျင်ပုန်ကန်ခဲ့တာက ဗြိတိန်နေမဝင်အင်ပါယာအစပျိုးခါနီးခေတ်ရဲ့ဘုရင်မဗစ်တိုးရီးယားရဲ့အာဏာစက်ကိုပါ...။ လူအင်အားလက်နက်အင်အားမမျှတဲ့ပုန်ကန်ပွဲမှာ ရဲစွမ်းသတ္တိနဲ့ပြည့်စုံတဲ့ နဒ်ကယ်လီက ထယ်ထိုးတဲ့သတ္တပြားတွေကိုသံချပ်ကာအဖြစ်ကိုယ်လုံးပြည့်ပြုပြင်ဝတ်ဆင်ပြီး အင်္ဂလိပ်ရဲတွေကိုပြန်လည်တိုက်ပွဲဝင်ခဲ့တာကြောင့် Ned Kelly Suit of Armourဆိုပြီး ဗစ်တိုးရီးယားခေတ်သမိုင်းဝင်ရတနာတစ်ခုအဖြစ် မှတ်တမ်းတင်ခံခဲ့ရပါတယ်။ သမိုင်းဖြစ်ရပ်မှန်ဇာတ်ကားတစ်ကားဖြစ်ပြီး နဒ်ကယ်လီအဖြစ် သြစတေးလျသရုပ်ဆောင်Heath Ledger, သူငယ်ချင်းဂျိုးဘန်ရ်အဖြစ် Pirates of the Caribbeanရုပ်ရှင်ထဲက ဝေလ်တန်နာနဲ့ ရဲမှူးဟဲရ်အဖြစ်ကပ္ပတိန်ဘာဘိုဆာတို့ ...
movie
Ned Kelly (2003)
5.4
Blood Vessel (2019)
ဒီကားလေးကတော့ ဒုတိယကမ္ဘာစစ်ကာလအတွင်းကိုဇာတ်တည်ထားပါတယ်။ ဇာတ်လမ်းအစမှာ ပရက်စကော့တို့အဖွဲ့က ပင်လယ်ထဲမှာအစာရေဆာပြတ်လတ်ပြီး ဖောင်တစ်ခုနဲ့ ပင်လယ်ထဲမှာမြောလာတာနဲ့ စထားပါတယ်၊ ဒီလိုနဲ့ နာဇီသင်္ဘောတစ်စီးကိုတွေ့ပြီးအသတ်ခံရတာက ငတ်သေတာထက်တော့သာပါသေးတယ်လို့ခံယူပြီး အဲဒီသင်္ဘောပေါ်ကို တက်သွားကြပါတော့တယ်။သင်္ဘောပေါ်မှာ လူတစ်ယောက်မှမတွေ့တော့ ထူးဆန်းတယ်ဆိုပြီးသင်္ဘောအနှံ့လိုက်ကြည့်ကြတဲ့အချိန်မှာ မိုင်ယာလို့ခေါ်တဲ့ကလေးမလေးနဲ့တွေ့ခဲ့ကြပါတယ်။ဘယ်သူမှမရှိတဲ့ သင်္ဘောပေါ်မှာ ကလေးမလေးတစ်ယောက်တည်းဘာလို့ရှိနေရတာလဲ၊ သင်္ဘောပေါ်မှာ ဘာတွေဖြစ်သွားခဲ့တာလဲ၊ပရက်စကော့တို့ကရော ဘာတွေကြုံရမလဲဆိုတာကိုတော့ 2019ခုနှစ်ထွက်ရှိထားပြီး IMDb rating 5.4 ရရှိထားတဲ့ Blood Vesselကားလေးမှာ ဆက်ပြီးကြည့်ရှုကြည့်ကြရအောင်နော်... ( ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Bennie ဖြစ်ပါတယ် ) File size…1.21GB / 405MB Quality…WEB-DL 1080p 5.1 CH / 720p Format…mp4 Duration….1h 33m Genre ..... Fantasy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Bennie
movie
Blood Vessel (2019)
6.1
The Meg (2018)
The Meg 2018 ရုပ်ရှင်ကားဟာ ကမ္ဘာအကြီးဆုံး ငါးမန်းမျိုးနွယ်ဖြစ်တဲ့ Megalodon ဆိုတဲ့အကောင်ကြီးက ရေအောက် လေ့လာရေးစခန်းကို တိုက်ခိုက်တဲ့ သည်းထိတ်ရင်ဖို ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်နာမည်ကျော် အက်ရှင်မင်းသား Jason Statham က ခေါင်းဆောင် ပါဝင်ထားပြီး တရုတ်မင်းသမီးချောလေး Li Bingbing လဲ ပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်း ပုံစံကတော့... မာနာဝမ် ဆိုတဲ့ ရေအောက်လေ့လာရေး သုတေသန အဖွဲ့ဟာ ရေအောက် အနက်ဆုံးကြမ်းပြင်ထိ လေ့လာရေးအဖွဲ့ကို ရေငုတ်ယာဉ်ငယ်တစ်စင်းနဲ့ စေလွှတ်ပြီး မျိုးစိတ်အသစ်များကို လေ့လာစေခဲ့ပါတယ်.... အဲ့ဒီ အနက်ဆုံးရေအောက်ကြမ်းပြင်ဆိုတာ ကြောက်မက်ဖွယ်ကောင်းတဲ့ နှစ်ချို့ သတ္တဝါကြီးတွေ ကျက်စားရာဒေသ ဖြစ်ပြီးတော့ အမျိုးအမည်မသိ သတ္တဝါ အချို့ ရဲ့ တိုက်ခိုက်မှုကိုခံလိုက်ရတဲ့ ရေငုတ်ယာဉ်ငယ်ဟာ လေ့လာရေး စခန်းနဲ့ အဆက်အသွယ်ပြတ်သွားပါတော့တယ်။ဒီပြသနာတွေကိုဖြေရှင်းဖို့အတွက် ဂျိုးနက်စ်ဆိုတဲ့ တလောကလုံးကို အဆက်ဖြတ်ပြီး ထိုင်းနိုင်ငံမှာ အနားယူနေတဲ့ ရေအောက်ကယ်ဆယ်ရေးကျွမ်းကျင်သူကို သွားပင့်ရပါတော့တယ်အင်မတန် ချေနေတဲ့ ဂျိုးနက်စ်က ပိုက်ဆံဘယ်လောက်ပေးပေး ဖျင်မကြွဘူး မလိုက်ဘူးဆိုပေမယ့် အဲ့ဒီပျောက်သွားတဲ့ လေ့လာရေး ရေငုတ်ယာဉ်ငယ်ထဲမှာ သူ့ Ex ပါ ပါသွားတာကို သိလိုက်ရတဲ့နောက်မှာတော့ ဒါကိုတော့မလွန်ဆန်နိုင်တော့ဘဲ ဖျင်ကြွပြီး ကယ်ဆယ်ရေးလုပ်ဖို့ ပြသနာနေရာကို လိုက်သွားပါတော့တယ်...ဂျိုးနက်စ်တစ်ယောက် ပင်လယ်ရေအောက်ကြမ်းပြင်မှာ ဒုက္ခရောက်နေတဲ့သူတွေကို ဘယ်လို ကယ်တင်မှာလဲ မမြင်ရတဲ့ ...
movie
The Meg (2018)
2018
4K HEVC
4.7
Turkey Shoot (2014)
Turkey Shoot (2014) ===============ရစ်ခ်တိုင်လာဟာ စစ်ပွဲအတွင်း အမျိုးသမီးတွေနဲ့ ကလေး အများအပြားကို သတ်ဖြတ်တဲ့ စစ်ရာဇဝတ်မှုကြောင့် ထောင် ဒဏ်ချမှတ်ခံထားရဲ့ Navy SEAL commander တစ်ဦးပါ။ တစ်နေ့မှာတော့ သူ့လွတ်မြောက်နိုင်ဖို့ အခွင့်အရေးတစ်ခု ရလာပါတယ်။အခွင့်အရေးကတော့ Turkey Shoot ဆိုတဲ့ survival အစီ အစဉ်မှာ ပါဝင်ရမှာပါ။ တစ်ကမ္ဘာလုံး အချိန်နဲ့ တစ်ပြေးညီ ထုတ်လွှင့်နေတဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။ ကစားပွဲမှာ အဆင့် သုံးဆင့်ရှိပြီး တစ်ဆင့်မှာ မိနစ်(၉၀)တိတိ အချိန်ပေး ထားပါတယ်။ အဆင့်တစ်ဆင့်တိုင်းမှာ ကမ္ဘာအနှံ့က ကြည့်ရှု သူတွေ မဲပေးရွေးချယ်ထားတဲ့ ညှာတာမှု အလျဉ်းမရှိတဲ့ သေနတ်သမားတွေနဲ့ ရင်ဆိုင်ရမှာပါ။သေနတ်သမားတွေကို ကျော်ဖြတ်ပြီး ပေးထားတဲ့အချိန်အတွင်း သတ်မှတ်ထားတဲ့နေရာမှာ ပုံးတစ်ပုံးကို ရှာနိုင်ရင် နောက်တစ်ဆင့် တက်နိုင်ပါပြီ။ အဆင့်သုံးဆင့်လုံးကို မသေဘဲ ဖြတ်ကျော်နိုင်ရင် တော့ လွတ်လပ်ခွင့်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ထင်ထားသလောက် တော့ မလွယ်ကူပါဘူး။ တစ်ဖက်မှာလည်း သူ့ကို သတ်ဖို့ အခွင့် အရေးကို စောင့်နေကြသူတွေလည်း ရှိပါတယ်။ဘာလို့ ဒီလို သတ်ဖို့ ကြိုးစားနေတာလဲ အဲဒီအစုအပြုံလိုက် သတ် ဖြတ်မှုကို ...
movie
Turkey Shoot (2014)
2014
6.2
Rogue(2007)
ဒီကားကတော့ Australia ရဲ့ Northern Territory ကိုအခြေပြုပြီး ရိုက်ထားတဲ့ horror ကားတစ်ကားပါ။မတူညီတဲ့နောက်ခံတွေ ဘ၀တွေရှိကြတဲ့ သာမန်မိသားစုတွေ၊ စုံတွဲတွေ၊ တစ်ယောက်ထဲ ကိုယ့်အကြောင်းနဲ့ကိုယ် လေ့လာရေးထွက်လာတဲ့ လူတွေဟာ… အလည်အပတ်ခရီးစဉ်အတွက် ဒီရေမြစ်တစ်လျှောက်က မိကျောင်းတွေကို ကြည့်ပြီးတောတွင်းသဘာ၀ကို ခံစားဖို့ လှေတစ်စီးထဲမှာ စီးလာကြရာကနေ…တောရိုင်းသားရဲကောင်တွေရဲ့ သဘာ၀အတိုင်းပဲ.. ဘယ်အချိန်မှာ ထပြီး ကိုယ့်ကို အန္တရာယ် ပေးမယ်ဆိုတာ မသိနိုင်သလို… သူတို့ တိုက်ခိုက်လာတဲ့အခါမှာလည်း… လှေထဲမှာပါလာတဲ့လူတွေက အသက်ရှင်ဖို့အတွက် ဘယ်လိုကြိုစားရမယ်၊ ဘယ်လိုစည်းလုံးကြမယ်၊ ဘယ်လိုသွေးကွဲကြမယ်ဆိုတာတွေကို စိတ်လှုပ်ရှားစရာ ကြည့်ရမှာပါ။အဓိကမင်းသားနဲ့ မင်းသမီးဆိုတာထက် ဇာတ်ကောင်တွေအားလုံးရဲ့ မတူညီတဲ့ စရိုက်တွေကို မြင်ရမှာပါ။ သူတို့ မိကျောင်းရန်ကနေ ဘယ်လိုအသက်လုပြီး ပြေးကြမလဲ၊ ဘယ်သူတွေကရော မိကျောင်းပါးစပ်ထဲ ရောက်ကုန်ကြမှာလဲ၊ သူတို့အားလုံး အသက်ရှင်လျက် အိမ်ပြန်နိုင်ပါ့မလား ဆိုတာကိုတော့ ဒီကားလေးကိုကြည့်ပြီး အဖြေရှာကြည့်လိုက်ပါနော်… File size…2.32 GB/ 846.4 ...
movie
Rogue(2007)
6.6
Focus (2015)
မင်းသားကြီး Will Smith နဲ့ ဟာလေကွင်း မင်းသမီးချော Margot Robbie တို့ အဓိကပါဝင်ထားတဲ့ ဇာတ်ကားပါ။ဇာတ်လမ်းက လူလိမ်သူခိုးဇာတ်လမ်းဆိုတော့ ကတုံးပေါ်ထိပ်ကွက် ခွကွက် ကျော်ကွက်တွေ အများကြီးနဲ့ တင်ဆက်ထားပါတယ်...Professional လုပ်ငန်းတွေမှာ ပါစင်နယ်ကိစ္စတွေ မရောသင့်ဘူးဆိုတာမျိုးကို အနောက်နိုင်ငံမှာ ပိုသုံးကြပါတယ်။လူလိမ်လုပ်ငန်းမှာဆိုရင်တော့ ပိုဆိုးတာပေါ့..ပါစင်နယ်ရောလို့မရဘူး။တစ်ယောက်ကိုတစ်ယောက် လျှို့ဝှက်တတ်တဲ့ လူလိမ်ပါတ်ကား ၂ ယောက်တစ်ယောက်ကိုတစ်ယောက် ချစ်သွားကြတဲ့အခါမှာတော့...သူတို့ရဲ့မစ်ရှင်တွေအောင်မြင်ပါ့မလားဆိုတာ.......။သရုပ်ဆောင် ၂ ယောက်ရဲ့ အက်တင်ကောင်းကောင်းနဲ့ ဇာတ်လမ်းရဲ့လှည့်ကွက်တွေကို ရှုစားရမှာပါ။IMDb Rating (6.6) ရရှိထားပါတယ်။ File size…(4.5 GB)/(1.4 GB)/(700 MB) Quality….WEB-DL 4K HEVC /1080p/720p Format…mkv/mp4 Duration….01:44:41 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Mr.Anderson
movie
Focus (2015)
2015
4K HEVC Web-DL
8.7
The Matrix (1999)
Matrix သမိုင်းအကျဉ်း၂၁ ရာစု အလယ်ပိုင်းလောက်မှာ လူသားတွေဟာ စိက်အသိဉာဏ် AI ကို တီထွင်ခဲ့ပါတယ်။ လူသားတွေကိုယ်စား အလုပ်တွေအကုန်ခိုင်းလို့ရတဲ့ စက်တွေပေါ်လာပြီး လူတွေအကုန် အလုပ်လုပ်စရာမလိုဘဲ နှပ်နေလို့ရလာတာပေါ့။ ဒါပေမဲ့ အသိဉာဏ်ရှိလာတဲ့ စက်တွေကလည်း လူတွေဟာ သူတို့ကို ခိုင်းစရာ ပစ္စည်းသက်သက်လိုပဲ သဘောထားတာကို မကျေနပ်နိုင်ပဲ ဆန္ဒပြတာမျိုးတွေ ဖြစ်လာပါတယ်။ အကြီးဆုံးပြဿနာကို အစပြုစေခဲ့တာကတော့ B1-66ER ဆိုတဲ့ အိမ်အကူစက်ရုပ်ဟာ သူ့ကိုဖျက်ဆီးပြီးအသစ်အစားထိုးတော့မယ့် အိမ်ရှင်တွေကို သတ်ဖြတ်ခဲ့တဲ့အမှုပါပဲ။ ဒီအမှုကို တရားရုံးမှာ B1-66ER က မိမိကိုယ်ကိုယ်ခုခံကာကွယ်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။ သူမသေချင်ပါဘူးတဲ့။ လူသားရှေ့နေကလည်း ကူညီခဲ့ပေမဲ့ အမှုရှုံးခဲ့ပြီး စက်ရုပ်ဟာ ဖျက်ဆီးခံလိုက်ရပါတယ်။ အဲဒီနောက်မှာတော့ စက်ရုပ်အခွင့်အရေးအတွက် စက်ရုပ်တွေရော စာနာတတ်တဲ့လူသားတွေရောက တစ်နိုင်ငဲံလုံးမှာ ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြတဲ့လူတွေရော စက်ရုပ်တွေရောကို လူသားအဓိကဝါဒီတွေက ရက်ရက်စက်စက်နှိမ်နင်းခဲ့တဲ့အပြင် စက်ရုပ်တော်လှန်ရေးကြီး ဖြစ်လာမှာကို စိုးရိမ်တဲ့ ကုလ ...
movie
The Matrix (1999)
1999
4K HEVC
6.2
Into the Ashes (2019)
movie
Into the Ashes (2019)
2019