Channel Myanmar

Robert Talarczyk

Death Before the Wedding (2025) 5.0
Death Before the Wedding (2025)  ဒီရုပ်ရှင်ဇာတ်ကားလေးဟာ 2025မှာထွက်ထားတဲ့ပိုလန်ဟာသမိသားစု ရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်။ပိုလန်နိုင်ငယ်မြို့ငယ်လေးတစ်မြို့မှာနေတဲ့ Mirek ဆိုတဲ့အမျိုးသားတစ်ဦးဟာ သူ့ဘဝကို နို့ထွက်ထုတ်ကုန်လုပ်ငန်းမှာမြုပ်နှံထားသူပါ။ သူဟာအပြောကြမ်းပေမဲ့ သူ့မိသားစု ၊မြို့ငယ်လေးနဲ့ သူ့စက်ရုံလေးကို ကာကွယ်ပေးချင်သူတစ်ဦးပဲဖြစ်ပါတယ်။ သို့ပေမဲ့လည်းသူဟာအရာရာကိုသူ့ပုခုံးပေါ်တင်ထားပြီး လူတိုင်းကသူမရှိရင်မဖြစ်ဘူးလို့တွေးထင်ထားတဲ့သူဖြစ်တဲ့အပြင် လုပ်ငန်း၊မိသားစု တွေမှာ အမျိုးသားတွေကသာဦးဆောင်သင့်တယ်လို့ အတွေးရှိတဲ့သူဖြစ်ပါတယ်။တစ်နေ့မှာ သူ့စက်ရုံရဲ့ CEOက နို့ထွက်ထုတ်ကုန်လုပ်ငန်းကိုကိုယ်ကျိုးအတွက်ပိတ်ချဖို့ သူတို့မြို့လေးကိုရောက်လာခဲ့ပါတယ်။အဲ့အချိန်ကနေစပြီး Mirek ဟာ စက်ရုံနဲ့မြို့လေးကိုကယ်တင်ဖို့ကြိုးစားပါတော့တယ်။ဒီလိုနဲ့ပဲ Mirek နဲ့ သူ့မိသားစုဟာဘယ်လိုပြဿနာလေးတွေရင်ဆိုင်ရမလဲ........သူရဲ့ အတွေးတွေဟာလည်းပြောင်းလဲသွားမလား..........သူ့ရဲ့စက်ရုံနဲ့မြို့လေးကိုရောကယ်တင်နိုင်ခဲ့မှာလားဆိုတာကိုပေါ့ပေါ့ပါးပါးကြည့်ရှူခံစားနိုင်မှာဖြစ်ပါတယ်။ဒီကားလေးမှာ မိသားစုဆက်ဆံရေးတွေ နဲ့ လူတွေကိုခွဲခြားဆက်ဆံတာတွေကို ဟာသကားဖြစ်တဲ့အလျောက် ရယ်မောပျော်ရွှင်စွာဖြင့်ကြည့်ရှူနိုင်မှာဖြစ်ပါတယ်။  File size… (2.14 GB) / (1.07 GB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 46m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Koo Luu Moo
movie

Death Before the Wedding (2025)