Channel Myanmar

Robert Prosky

Far and Away (1992) 6.6
Far and Away (1992)  Tom Cruise နဲ့ Nicole Kidman တို့ရဲ့ 1992 ခုနစ်မှာ ထွက်ရှိခဲ့တဲ့ romance/drama ဇာတ်လမ်းတစ်ပုဒ်ပါ နှစ်ယောက်လုံးရဲ့ ဇာတ်ကောင်နဲ့ လိုက်ဖက်လှလွန်းတဲ့ အသက်ပါပါ သရုပ်ဆောင်ချက်တွေကို ဒီကားထဲမှာ ခံစားကြည့်ရှုရမှာပါ IMDb rating 6.6 နဲ့ Letterboxd မှာ 3.2 ရထားတဲ့ western film ကောင်းတစ်ခုပါပဲ၁၈၉၀ ဝန်းကျင်ကာလ အိုင်ယာလန်ပြည်မှာ မြေရှင်တွေဟာ အမြတ်ကြီးစားပြီး မြေငှားခ မတရားတင်တဲ့အတွက် မြေငှားလယ်သမားတွေက အလွန်အမင်း မုန်းတီးစက်ဆုပ်ကြတယ် အဲဒီထဲမှာ လူငယ်လေး ဂျိုးဆက်ဖ်ဒေါ်နယ်လီ လည်း အပါအဝင်ပါပဲ တစ်နေ့ မြေငှားတွေနဲ့ မြေရှင် ရုန်းရင်းဆန်ခတ်ဖြစ်ကြချိန် ဂျိုးဆက်ဖ်ရဲ့ အဖေဟာ သေနတ်မှန်ပြီး ဆုံးသွားခဲ့တယ် သူ့အဖေအတွက် ကလဲ့စားချေဖို့ ဂျိုးဆက်ဖ်ဟာ မြေရှင်ဖြစ်သူ ဒန်နီရယ်ခရစ်စတီ ကို လိုက်ရှာခဲ့တယ်မြေရှင်ရဲ့အိမ်ကိုရောက်တော့ မြေရှင်ရဲ့ သမီးဖြစ်သူ ရှာနွန်ခရစ်စတီ ...
movie

Far and Away (1992)

Rudy (1993) 7.5
Rudy (1993) Rudy 1993 ဟာ sport/family အမျိုးအစားဖြစ်ပြီးတော့ iMDB 7.5 ရရှိထားတဲ့ ကား‌ကောင်းတစ်ခုလည်းဖြစ်ပါတယ်။ Rotten Tomatoes ကလည်း 77% တောင်ရှိတာဆိုတော့ ရုပ်ရှင်ပရိသတ်တွေလုံးဝ လက်မလွှတ်သင့်တဲ့ဇာတ်ကားကောင်းတစ်ပုဒ်လို့ပြောရမယ်။ဇာတ်လမ်းအကျဉ်းကတော့ ရူဒီဆိုတဲ့ကောင်လေးတစ်ယောက်ဟာ နော်ထရီဒိန်းမှာဘောလုံးကစားသမား ဖြစ်ချင်ပေမယ့် ကျူရှင်ဖိုးမတတ်နိုင် စာတော်တဲ့အထဲလည်းမပါ‌တော့ သူ့အနေနဲ့ အိပ်မက်ကို အကောင်ထည်ဖော်နိုင်ဖို့ ဘယ်လိုကြိုးစားမလဲ၊ အခက်ခဲတွေကို ဘယ်လိုကျော်လွှားမလဲဆိုတာကို မြင်တွေ့ရမှာပါ။ ဇာတ်လမ်း ဇာတ်ကွက်လည်း ကောင်းပြီး ပရိသတ်တွေကို motivation ကောင်းကောင်းပေးနိုင်မယ့် ရုပ်ရှင်တစ်ပုဒ်လို့လည်း ပြောလို့ရတယ်။ရူဒီဇာတ်ကောင်ရဲ့ မလျှော့သော ဇွဲ၊ စိတ်အားထက်သန်မှု၊ ရလိုစိတ်ပြင်းပြမှုတွေနဲ့အတူ ပျင်းဖို့အချိန်မရှိရလောက်အောင် ဇာတ်ရှိန်ကိုဆွဲခေါ်နိုင်တဲ့ကားမို့ ပရိသတ်တို့အကြိုက်တွေ့မှာသေချာပါတယ်။File size…  3.7 GB / 1.5 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 54m Genre ..... Biography/Drama/Sport Subtitle…. Myanmar Subtitle (Hard ...
movie

Rudy (1993)

Death to Smoochy (2002) 6.3
Death to Smoochy (2002) Jumanji (1995) မင်းသားကြီး၊ Good Will Hunting (1997) မှာ ဇာတ်ပို့မင်းသားဆု ရခဲ့သူ။ အကြီးမြတ်ဆုံး ဟာသသရုပ်ဆောင်ကြီး Robin Williams ကို အလွမ်းပြေ ကြည့်ရှုချင်ရင်ပဲဖြစ်ဖြစ်။The Incredible Hulk (2008) ရဲ့ မင်းသားကြီး၊ မျက်လှည့်ဆရာကြီးအဖြစ် The Illusionist (2006) မှာ‌ ‌တွေ့မြင်ခဲ့ရသူ Edward Norton ကို ပေါက်စလေးအဖြစ် ပြန်ကြည့်ချင်ရင်ပဲဖြစ်ဖြစ်။ Catherine Keener ဆိုတဲ့ မင်းသမီးကြီးကို နုနုနယ်နယ် ပြန်မြင်ချင်ရင်ပဲဖြစ်ဖြစ် ဟောဒီဇာတ်ကားကို ရွေးချယ်သင့်ပါတယ်။ဇာတ်လမ်းကတော့ ဟာသ နဲ့ ဇာတ်ကြမ်း ရောယှက်ထားတာဖြစ်ပြီး ကလေးကြိုက်ရုပ်သံလိုင်းတွေရဲ့ နောက်ကွယ်ကို တစ်ဝကြီး မြင်တွေ့ကြရမှာပါ။ရိန်းဘိုးရန်းဒေါ့ဖ် ဆိုတဲ့ တင်ဆက်သူကြီး ငွေအလွဲသုံးစားမှုနဲ့ ဖမ်းခံရ၊ အလုပ်ပြုတ်၊ နေစရာမရှိ ဒုက္ခရောက်နေစဉ်မှာ သူ့နေရာကို မထင်မရှား စမူချီ ကြံ့ကြီးတစ်ဖြစ်လဲ ...
movie

Death to Smoochy (2002)

Last Action Hero (1993)
Last Action Hero (1993) IMDB 6.4/10 ရရှိထားတဲ့ ပရိသတ်အချစ်တော် မင်းသားကြီးအာနိုးလို့ချစ်စနိုးခေါ်ကြတဲ့ Arnold Schwarzeneggerရဲ့ ၁၉၉၃ ခုနှစ်က Action/Fantacy/Comedy ကားလေးပဲဖြစ်ပါတယ်.. တကယ်လို့ ပရိသတ်တစ်ယောက်အနေနဲ့ ကိုယ်ကြိုက်တဲ့ဟီးရိုးရဲ့ရုပ်ရှင်ကားထဲ ကိုယ်ကိုယ်တိုင် ပါဝင်ခွင့်ရခဲ့မယ်ဆိုရင်.. ဇာတ်လမ်းအကျဉ်း ဒန်နီမက်တီဂန်ဆိုတဲ့ ကောင်လေးက ဂျက်စလေ့တာဆိုတဲ့ ဟီးရိုးဇာတ်ကောင်ကို အလွန်အမင်း ကြိုက်နှစ်သက်ပြီး အရူးအမူးဖြစ်သူပါ.. တစ်နေ့မှာတော့ သူသွားကြည့်နေကျ ရုပ်ရှင်ရုံက နစ်ခ်ဆိုတဲ့ ရုံပိုင်ကြီးက သူ့ကို မှော်ဆန်တဲ့လက်မှတ်တစ်စောင်ပေးခဲ့ပါတယ်.. ဒီလိုနဲ့ မက်ဒီဂန်လေးတစ်ယောက် ဘုမသိဘမသိနဲ့ ဂျက်စလေ့တာရဲ့ အသစ်ထွက်ရုပ်ရှင်ထဲ မှော်လက်မှတ်တစ်စောင်ကို အရင်းပြုပြီး ရောက်ရှိသွားတော့တာပေါ့.. ဂျက်ရဲ့စွန့်စားခန်းတွေထဲ မျောပါသွားတဲ့ မက်ဒီဂန့်ဆီက မှော်လက်မှတ်က ကံမကောင်းစွာနဲ့ ဗီလိန်ဖြစ်တဲ့ ဘန်နက်ဒစ်တ်လက်ထဲ ရောက်ရှိသွားပြီး ဘန်နက်ဒစ်တ်က မှော်လက်မှတ်ရဲ့အသုံးဝင်ပုံကို သိရှိသွားချိန်မှာတော့.. ဟိုဘက်ကမ္ဘာနဲ့ ဒီဘက်ကမ္ဘာကို ကူးရင်း..ရုပ်ရှင်တွေထဲ ကူးရင်း.. ဗီလိန်ဇာတ်ကောင်တွေကို ခေါ်ထုတ်ဖို့ ကြိုးပမ်းပါတော့တယ်.. မက်ဒီဂန်နဲ့ ဂျက်တို့က ဘန်နက်ဒစ်တ်ကို ဘယ်လိုတားဆီးဖို့ကြိုးပမ်းကြမလဲ.. ...
movie

Last Action Hero (1993)