Channel Myanmar

Robert Loftin

The Man Who Wasn’t There (2001) 7.5
The Man Who Wasn’t There (2001)  မရှိခဲ့တဲ့သူတစ်ယောက်အကြောင်းမနေ့က လှေကားခွင်မှာမရှိခဲ့တဲ့သူ တစ်ယောက်နဲ့ဆုံခဲ့တယ်ဒီနေ့လည်း သူရှိမနေပြန်ဘူးဒီလူမရှိတော့ရင် သိပ်ကောင်းမှာပဲ။မနေ့က လှေကားပေါ်တက်လာတော့မရှိခဲ့တဲ့သူ တစ်ယောက်နဲ့ဆုံခဲ့တယ်ဒီနေ့လည်း သူ့ကိုထပ်မတွေ့ရပြန်ဘူးဒီလူပျောက်ကွယ်သွားရင် သိပ်ကောင်းမှာပဲ။“Antigonish” William Hughes Mearns အက်ဒ်ကရိန်းဆိုသူက ရှိနေပေမယ့်လည်း မရှိနေသူတစ်ယောက်လိုဖြစ်နေတဲ့သူပါ။ သူက ဆေးလိပ်ကိုသာ မပြတ်တမ်းဖွာနေပြီး စကားအပြောအဆိုနည်းလှပါတယ်။ ဆံသဆရာတစ်ယောက်ဖြစ်ပြီး အရာအားလုံးပိုင်ဆိုင်ထားတဲ့ ပြည့်စုံသူတစ်ယောက်ဖြစ်ပေမယ့်လည်း သူပိုင်ဆိုင်တာဘာမှလည်း ရှိမနေပြန်ပါဘူး။ အပြောင်းအလဲကြီးကြီးမားမားလည်းမရှိသလို ပြောင်းလဲဖို့လည်း မကြိုးစားနေသူပါ။ တနေ့မှာတော့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်ထံမှာ ရင်းနှီးမြှပ်နှံချင်စိတ်တွေ ပေါ်လာပြီးနောက် သူ့ဘဝနဲ့ သူ့ပတ်ဝန်းကျင်ဟာ တစ်ဆစ်ချိုးပြောင်းလဲဖို့ဖြစ်လာပါတယ်။၂၀၀၁ခုနှစ်မှာရိုက်ကူးခဲ့ပေမယ့် ၁၉၄၉ခုနှစ်မှာ ဇာတ်အိမ်တည်ထားတဲ့ ဒီရုပ်ရှင်ကားကို ဆေးရောင်စုံနဲ့ရိုက်ကူးပြီး တည်းဖြတ်ချိန်မှာ အဖြူအမဲအဖြစ်ပြောင်းလဲထားတဲ့ neo-noir crime film အမျိုးအစားဖြစ်ပါတယ်။ ရုပ်ရှင်ရဲ့ ဇာတ်လမ်း၊ ရိုက်ကူး၊ တည်းဖြတ်၊ ထုတ်လုပ်သူ ဒါရိုက်တာတွေဖြစ်ကြတဲ့ Coen brothers ကိုတော့ No Country for Old Men နဲ့ The Ladykillers ...
movie

The Man Who Wasn’t There (2001)