Channel Myanmar

Robert LaSardo

Desert Fiends (2024) 5.2
Desert Fiends (2024)    Desert Fiends (2024)ဒီကားက Horror vibe နဲ့ Crime vibe ကို ကြိုက်တတ်တဲ့ လူတွေအတွက်တော့ မိုက်မယ်ထင်ပါတယ်။သွေးထွက်သံရဲတွေအများကြီးပါတာမို့ စိတ်ခိုင်မှကြည့်ဖို့ ပြောချင်ပါတယ်။18+ ဆိုပေမယ့် ကျွန်တော်ကတော့ 21+လို့တောင် ထားချင်ပါတယ်။ ဆဲဆိုတာတွေလည်းအများကြီးပါတော့ ကလေးတွေကြည့်လို့မသင့်တော်ပါဘူး။ဇာတ်ကားအကျဉ်းScottဆိုတဲ့ကောင်လေးရယ် သူ့ကောင်မလေးရယ် သူ့ကောင်မလေးသူငယ်ချင်းတွေရယ်က ကန္တာရထဲက Music Festival ကို သွားကြပါတယ်။ကံဆိုးစွာနဲ့ပဲ အဲ့ကန္တာရထဲ Psychoလိုလို Zombie လိုလို မိသားစုတစုနေထိုင်ပြီး လိုက်မကိုက်ပဲ လိုက်သတ်စားတာပါ။သူတို့ကရော ဘာလို့လိုက်သတ်နေကြတာလဲ။ သူတို့တွေရော လွတ်မြောက်လာကြမလား။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phyu Thwe Zaw ဖြစ်ပါတယ်။) File size… (1.9 GB) / (930 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy, Horror Duration…. 01:47:07 Subtitle…. Myanmar Subtitle (Hardsub) Encoder…. ...
movie

Desert Fiends (2024)

2024
Waterworld (1995) 6.3
Waterworld (1995) Waterworld (1995) Ulysses Cut VersionIMDb Rating (6.3)ထုတ်လုပ်သူ Kevin Reynolds ရဲ့ ဇာတ်ကားကို တင်ဆက်ပေးချင်ပါတယ်။ ကမ္ဘာပျက်ပြီးနောက်ပိုင်း ရှင်သန်ကျန်ရစ်သူတွေရဲ့ ဘဝကိုရိုက်ကူးတင်ဆက်ထားလို့ Post-apocalyptic နဲ့ Action-Adventure အမျိုးအစားဖြစ်ပါတယ်။ အဓိကသရုပ်ဆောင်တွေကတော့ Kevin Costner ရယ်၊ Jeanne Tripplehorn နဲ့ Dennis Hopper တို့ပါ။ရေကမ္ဘာ" (Waterworld) ဆိုတာ အနာဂတ်ကမ္ဘာကြီး ရေလွှမ်းမိုးပျက်စီးသွားပြီး လူသားတွေက ရေပေါ်မှာ အသက်ရှင်ကျန်ရစ်ရတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ Kevin Costner က "The Mariner" (အဏ္ဏဝါသား) ဆိုတဲ့ အထီးကျန်လှေသမားတစ်ဦးအဖြစ် သရုပ်ဆောင်ထားပြီး သူ့မှာ လူသားမဆန်တဲ့ ဗီဇပြောင်းလဲမှုတွေ ရှိနေတာပါ။တစ်နေ့မှာ သူက ဟယ်လင် (Jeanne Tripplehorn) နဲ့ သူ့ရဲ့မွေးစားသမီး အန်နိုလာ (Tina Majorino) တို့နဲ့ ...
movie

Waterworld (1995)

1995
4K HEVC
Arena Wars (2024) 5.8
Arena Wars (2024)  ဒီဇာတ်ကားကတော့ ဒါရိုက်တာ Brandon Slagle ရိုက်ကူးထားပြီးSheri Davis, Jon Wells စတဲ့ နာမည်ကြီး မင်းသား၊ မင်းသမီးကြီးတွေပါဝင်သရုပ်ဆောင်ထားတဲ့ psychological thriller သည်းထိတ်ရင်ဖိုလူသတ်ဂိမ်းဇာတ်လမ်းလေးဖြစ်ပါတယ်...တိုက်ရိုက်ထုတ်လွှင့်တဲ့ အစီအစဉ်တစ်ခုဖြစ်ပေမယ့် ဒီဂိမ်းကတော့ထူးဆန်းတဲ့ပုံစံနဲ့ ပြုလုပ်ကျင်းပပါတယ်။ ထောင်အသီးသီးကတစ်သက်တစ်ကျွန်းနဲ့ သေဒဏ်ကျနေတဲ့ အကျဉ်းသားတွေကိုခေါ်ယူပြီးတော့ ကမ္ဘာ့အဆိုးဆုံးလို့ပြောလို့ရတဲ့ စိတ္တဇလူသတ်သမားတွေနဲ့ ကွင်းပြင်တစ်ခုထဲမှာ ယှဉ်သတ်ခိုင်းတာပါ။အနိုင်ရတဲ့သူတွေကတော့ လွတ်လပ်မှုကိုပြန်ရနိုင်မှာပါ။ဒီလိုနဲ့ ဂိမ်းစီစဉ်သူတွေက ကြည့်ရှုသူများအောင် အထက်လူကြီးအတွက်အပြစ်ဝင်ခံ‌‌ပေးထားတဲ့ ရေတပ်သားဟောင်း လုခ်ဘန်ဒါကိုအပြစ်ကင်းတဲ့ပထမဆုံး ယှဉ်ပြိုင်သူအနေနဲ့ ထည့်ချင်တဲ့အခါမှာတော့သတို့သမီးလောင်းနဲ့ ပြန်‌တွေ့ချင်နေတဲ့ လုခ်က ပါဝင်သတ်ဖြတ်ဖို့ဖြစ်လာပါတယ်။လုခ်တစ်ယောက် ဂိမ်းတွေကိုဘယ်လိုဖြတ်ကျော်မလဲ...။ဂိမ်းစီစဉ်သူကရော ဒီဂိမ်းကိုဘယ်လိုထိန်းချုပ်ထားတာလဲ...။လုခ်ကရော ပြန်ပြီးလွတ်လပ်နိုင်မှာလား...။လုခ်နဲ့အတူ ဆိုးရွားတဲ့လူမိုက်တစ်ဖွဲ့က စိတ္တဇလူသတ်သမားတွေလက်က ရှင်သန်နိုင်အောင် ဘယ်လိုလုပ်ကြမလဲ...။ဒီဇာတ်ကားလေးထဲမှာ သွေးသံရဲရဲသတ်ဖြတ်ခြင်းတွေကြားကြည့်ရှုအဖြေရှာရမှာပါ။ File size… (1.41GB) / (844MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 36m Genre ….. Action , ...
movie

Arena Wars (2024)

Old Man Jackson (2023) 7.5
Old Man Jackson (2023) Old Man Jackson (2023)IMDb Rating (7.5) Oldman Jackson ရုပ်ရှင်က စိတ်ဖိစီးတဲ့ရောဂါရနေတဲ့ သက်ကြီးပိုင်းတစ်ယောက်ရဲ့ဘဝအမောတွေကို ဟာသနှောပြီးရိုက်ကူးထားတာပါ။အလုပ်ကိုပဲ ဦးစားပေးလွန်းတဲ့အတွက် မိသားစုနဲ့ ဖြစ်စေ ၊ မိတ်ဆွေတွေနဲ့ဖြစ်စေ မဝင်ဆံ့တော့ဘဲနောက်ဆုံး အထီးကျန်ပြီး စိတ်လေခြောက်ခြားလာတဲ့အကြောင်း ရိုက်ထားတာပါ။ဒီဇာတ်ကားနဲ့ ဆုတစ်ခုရရှိထားပါတယ်။ မိသားစုနဲ့အတူကြည့်ဖို့ ကောင်းပါတယ်။ဒါရိုက်တာ Johnny Ray Gibbs က စီစဥ်ရိုက်ကူးခဲ့ပြီးတော့ IMDb rating 7.5 ရရှိထားပါတယ်။  (အညွှန်းနဲ့ဘာသာပြန်ကတော့ Thy Santa ဖြစ်ပါတယ်။)File size…(2.2 GB) / (930 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy Duration….02:02:26 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thy Santa
movie

Old Man Jackson (2023)

2023
Léon: The Professional (1994) 8.5
Léon: The Professional (1994) Leon: The Professional (1994) IMDb: 8.5/10 Genre: Action, Crime, DramaThe Fifth Elementတို့ Lucyတို့ La Femme Nikitaတို့လို Annaတို့လို အက်ရှင်ကားတွေကို ရိုက်ခဲ့တဲ့ ပြင်သစ်ဒါရိုက်တာ Luc Bessonရဲ့ နာမည်အကျော်ဆုံးရုပ်ရှင်လို့ ပြောရမယ်။ဒီရုပ်ရှင်က ကောင်းသောနာမည်ကျော်ခြင်းရော မကောင်းသောနာမည်ကျော်ခြင်းရော နှစ်ခုလုံးကို ရရှိခဲ့တဲ့ ရုပ်ရှင်ဆိုလည်း မမှားဘူး။ မကောင်းသောနာမည်ကျော်ခြင်းကတော့ သိကြသလိုပဲ ၁၃နှစ်ကလေးနဲ့ သံယောဇဉ်ထက်ပိုတဲ့အရာတွေကို ရိုက်ပြခဲ့တော့ paedophileဇာတ်တော်တော်ဆန်သွားလို့ပါပဲ။ ဘာပြောပြော Leon: The Professionalဟာ အက်ရှင်စီနီမာမှာ မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့သလို အခုထိလည်းကိုးကားနေကျ ရုပ်ရှင်တစ်ခုဖြစ်နေပါပြီ။ မကြာသေးခင်ကထွက်ခဲ့တဲ့ The Boysရဲ့အပိုင်းတစ်ပိုင်းထဲတောင် ထည့်ပြောသွားပါသေးတယ်။ သရုပ်ဆောင်တွေကတော့ Jean Reno, Natalie Portmanနဲ့ Gary Oldmanတို့တွေပါဝင်ထားတယ်။ သုံးယောက်စလုံးက သရုပ်ဆောင်တော်တော်ကောင်းတဲ့ ဒိတ်ဒိတ်ကြဲတွေချည်းပဲ။ဇာတ်ကတော့ Leonဆိုတဲ့ ကြေးစားလူသတ်သမားတစ်ယောက်ရှိတယ်။ သူ့နာမည်အတိုင်း ပရော်ဖက်ရှင်နယ် မတရားကျတဲ့ ကြေးစားလူသတ်သမားပေါ့။ မြန်တယ်။ တိကျတယ်။ မလိုတာမလုပ်ဘူး။ မဆိုင်တာ ဝင်မပါတတ်ဘူး။ ဒီလိုနဲ့ သူနေတဲ့တိုက်ခန်းမှာ မိသားစုတစ်စုကို ...
movie

Léon: The Professional (1994)

1994
Hard to Kill (1990)
Hard to Kill (1990)  Steven Seagal ကိုမသိတဲ့လူမရှိသလောက်ပါပဲ။ ခပ်မိုက်မိုက်ပုံစံနဲ့လူဆိုးတွေကိုတိုက်တတ်ခိုက်တတ်တဲ့ အဖေတို့ခေတ်ကမင်းသားတစ်လက်ဆိုလည်းမမှားပါဘူး။ ဒီရုပ်ရှင်ကတော့ မင်းသား Stevel Seagal ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းမေဆင်စတွန်းဆိုတာ ရဲအရာရှိတစ်ယောက်ဖြစ်ပါတယ်။ တစ်ရက်မှာတော့ စုံစမ်းနေတုန်းထူးဆန်းတဲ့အရောင်းအဝယ်တစ်ခုကို စုံစမ်းမိသွားပါတယ်။ စတွန်းတစ်ယောက်မသိလိုက်တာက ဒီတွေ့ရှိမှုနဲ့အတူပေးဆပ်မှုတွေကအရမ်းများတယ်ဆိုတာပါပဲ။ သူစုံစမ်းမိတဲ့အမှုဟာ သူ့ရဲ့မိသားစုကိုအသက်ဘေးကြုံခဲ့ရပြီးသူကိုယ်တိုင်လည်း ၇ နှစ်ကိုမာဝင်ခဲ့ပါတယ်။ ကိုမာကနိုးထလာတဲ့အခါမှာ ဒီလူတွေကပဲ သူ့ကိုသတ်ဖို့ကြိုးစားလာပြန်ပါတယ်။ ဘာတွေများဆက်ဖြစ်မှာလဲ...ကြည့်ရတန်တဲ့ အက်ရှင်တစ်ကားမလို့ မိသားစုနဲ့လည်းကြည့်ဖို့သင့်ပါတယ်။ File size…(2.3 GB)/(1.3 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:36:00 Genre... Action, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by LuciferMaximoff
movie

Hard to Kill (1990)

Wishmaster 2: Evil Never Dies (1999) 5.1
Wishmaster 2: Evil Never Dies (1999) Genre – Fantasy, Horrorဆုတောင်းသခင်ကြီး နတ်ဆိုးဂျင်ရဲ့ ဒုတိယကား ရောက်လာပါပြီ။ဒီကားထဲမှာလည်း အနုပညာပြခန်းကို ပန်းချီကားခိုးသူ ၂ ယောက်ကြောင့်ရုပ်ထုထဲကနေ မဟူရာကျောက် ပြန်ထွက်လာပြီး ဂျင်တစ်ယောက်လူ့ပြည်ကို နောက်ထပ်တစ်ခါ လွတ်မြောက်လာပြန်ပါတယ်။ ဒီကားထဲမှာတော့ သူ့ကို နိုးထပေးတဲ့လူကို ဆုတောင်း ၃ ဆုမဖြည့်စည်းပေးခင် လူတွေရဲ့ဝိဉာဉ် ၁၀၀၁ ခုကိုအရင်လိုက်ပြီး စုဆောင်းရဦးမှာပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် ဂျင် တစ်ဖြစ်လဲ ဒဲမရက်စ်ကြီးတစ်ယောက်အကျဉ်းထောင်ထဲကိုဝင်ပြီး ဝိဉာဉ်တွေ ရဖို့အတွက်ထောင်သားတွေကို ဘယ်လိုမွှေဦးမလဲ၊ ဘယ်လိုဆုတောင်းတွေနဲ့ဘယ်လိုသေကြဦးမလဲ၊ မင်းသမီးအနေနဲ့ရော ဒီတစ်ခေါက်ဂျင်ကို တားဆီးနိုင်ပါ့မလား စသဖြင့် သွေးထွက်သံယိုအသတ်အဖြတ်တွေကို ခံစားကြည့်ရှုရဦးမှာပဲ ဖြစ်ပါတယ်။ ပထမကားမှာ လူချဉ်စရာကောင်းလောက်အောင်လူယုတ်မာရုပ်ကြီးနဲ့ ဂျင် (ဒဲမရက်စ်) နေရာကိုသရုပ်ဆောင်ပေးခဲ့တဲ့ Andrew Divoff ကပဲ ဒီကားမှာပြန်လည် သရုပ်ဆောင်ပေးထားပါတယ်။အဓိကဇာတ်ကောင်နေရာကတော့ တခြားမင်းသမီး ဇာတ်ရုပ်ပြောင်းသွားခဲ့ပြီပဲ ဖြစ်ပါတယ် ခံစားလိုက်ကြပါဦး။ File size…   2 GB / 883 MB Quality… WEB ...
movie

Wishmaster 2: Evil Never Dies (1999)

Camp Pleasant Lake (2024)
Camp Pleasant Lake (2024)  ဒီဇာတ်ကားလေးကတော့ ၂၀၂၄ မှ ပူပူနွေးနွေးထွက်ရှိထားတဲ့ ထိတ်လန့်ဖွယ်ရာ ရင်ထိတ်သည်းဖို ဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ လွန်ခဲ့တဲ့နှစ် ၂၀ တုန်းက မဲဒိုးဆိုတဲ့ မိသားစုတစ်စုဟာ ကန်သာယာလို့ခေါ်တဲ့ မီးပုံစခန်းကိုအလာမှာ တစ်မိသားစုလုံး ရက်ရက်စက်စက် အသတ်ခံလိုက်ရပါတယ်။ ဒါကြောင့် ဒီမိသားစုရဲ့ သမီးဖြစ်သူ အဲကိုမဲဒိုးဟာ ဟောလိုးဝင်းညတိုင်း သူ့မိသားစုဝင်တွေကို ပြန်လိုက်ရှာတတ်ပြီးတော့ သူ့လမ်းမှာဝင်ရှုပ်တဲ့သူမှန်သမျှကို သတ်ပစ်လေ့ရှိတယ်ဆိုတဲ့ ရာဇဝင်ရှိပါတယ်။ဒီရာဇဝင်ကို အသုံးချပြီးတော့ ရက်သာဖော့ဒ်လင်မယားမှာ ဒီမီးပုံစခန်းကို ပြန်ဖွင့်ပြီးတော့ လူတွေဆီက ငွေအများကြီးကောက်ခံကာ ကြောက်စရာအတွေ့အကြုံတွေကို ခံစားရမယ်ဆိုပြီး ဖိတ်ခေါ်ပါတော့တယ်၊ ဒီလိုနဲ့ သူတို့ရောက်လာပြီး လူတစ်ယောက်ပြီးတစ်ယောက်သေဆုံးလာတဲ့အခါမှာတော့ ဒီရာဇဝင်က တကယ်ဖြစ်နေမလား ဒါမှမဟုတ် တစ်ယောက်ယောက်က ဒီရာဇဝင်ကို အသုံးချပြီး သတ်ဖြတ်နေတာလား သူတို့တွေ လွတ်မြောက်နိုင်ပါ့မလားဆိုတာကို ရင်ထိတ်စွာ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre... Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie

Camp Pleasant Lake (2024)

Narco Sub (2021) 5.5
Narco Sub (2021)  ဒီတစ်ခါ cm ပရိတ်သတ်ကြီးကို အက်ရှင်ကားလေး တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ် နာမည်ကြီး မင်းသား မင်းသမီးတွေမပါဝင်နေပေမယ့်လည်း ဇာတ်ကောင် စရိုက်ကို အကောင်းဆုံးချပြပေးနိုင်တဲ့ ဇာတ်ကား တစ်ကားလို့ ပြောလို့ရပါတယ်။ဇာတ်လမ်းက အမေရိကန် ရေတပ်အရာရှိဟောင်း တစ်ဦးဖြစ်တဲ့စထရိုက်ကာဟာ မူးယစ်ထိန်းချုပ်ရေးအဖွဲ့ DEA နဲ့အတူကမ်းခြေစောင့် ရဲတွေနဲ့ ပူးပေါင်းပြီးတော့ မက်ဆီကိုနယ်စပ်လမ်းကြောင်းကနေ ဘိန်းဖြူတင်ပို့နေတဲ့ ကိုလံဘီယန် မူးယစ်ဂိုဏ်းက မိန်းကလေးနှစ်ဦး ပြန်ပေးဆွဲဖမ်းခေါ်ထားတာကိုကယ်ထုတ်ခဲ့ပါတယ်။ ဒီအခါမှာ မူးယစ်ဂိုဏ်း ခေါင်းဆောင်ကစထရိုက်ကာရဲ့ မိသားစုကို ဖမ်းထားလိုက်ပြီး သူတို့ရဲ့ ရေငုပ်သင်္ဘောနဲ့ ဘိန်းဖြူပို့မယ့်အသုတ်ကို စထရိုက်ကာက လုံခြုံအောင်တာဝန်ယူပေးဖို့ ခြိမ်းခြောက်အကြပ်ကိုင်ခဲ့ပါတယ်။ ပစ္စည်းတွေကိုရောက်အောင် မပို့နိုင်ရင် မိသားစု အသတ်ခံရမှာပါ။စထရိုက်ကာ ပစ္စည်းတွေကို ပို့နိုင်ပါ့မလား၊ မိသားစုကိုရောအချိန်မီ ပြန်လည် ကယ်တင်နိုင်ပါ့မလား....။ File size…1.63GB / 753MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 33m Genre ….. Action , Crime ...
movie

Narco Sub (2021)

Blood Harvest (2023)
Blood Harvest (2023)  အခုတစ်ခါ တင်ဆက်ပေးချင်တာကတော့ ဟော်ရာရုပ်ရှင်လေးတစ်ကားပါ။ ဂျိတ်ဆိုတဲ့ ကောင်လေးက အသက်၁၂နှစ်။သူများတွေ မမြင်ရမကြားရတဲ့အရာတွေကို ကြားရတဲ့ကလေးတစ်ယောက်။အဖေသေပြီးတဲ့နောက်မှာ ပထွေးဖြစ်သူအသုံးမကျတာကြောင့် အမေရယ် ပထွေးရယ် အစ်မဖြစ်သူ မက်ဂီရယ်နဲ့ အမေ့မွေးရပ်ဇာတိမြို့လေးက အမေ့ဦးလေးဖြစ်သူအိမ်မှာ ကပ်နေကြရတယ်။ ဒါပေမဲ့လည်း အမေဖြစ်သူက ဂျိတ်နဲ့မက်ဂီကို ဦးလေးနဲ့ဝေးဝေးနေဖို့ သတိပေးထားပါတယ်။ဦးလေးဖြစ်သူတင်မက တစ်မြို့လုံးကလူတွေကပါ ထူးဆန်းတဲ့ပုံစံတွေနဲ့မို့ သတိထားနေဖို့ အမြဲမှာနေတတ်ပြီး ဒီမြို့ကနေ အမြန်ဆုံး ပြန်ပြောင်းဖို့အရေး ကြိုးစားနေပါတယ်။ ဒီလိုနဲ့ ဂျိတ်နဲ့ မက်ဂီတို့ကလေးနှစ်ယောက် လျောက်သွားရင်း မထင်မှတ်ထားတဲ့အရာတွေကို တွေ့ရတဲ့အခါ...။ပျောက်ဆုံးနေပါတယ်ဆိုတဲ့ မြို့ထဲက ကလေးငယ်တွေကို ဦးလေးဖြစ်သူရဲ့ စပါးကျီကြီးထဲက ရေဒီယိုနဲ့ ဆက်သွယ်မိတဲ့အခါ...။ ဒီမြို့လေးထဲကနေ ပြန်ထွက်ဖို့ သူတို့အမေရဲ့ဆန္ဒပြည့်မှာလားဆိုတာ အသည်းတထိတ်ထိတ်နဲ့ ကြည့်ရှုကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoပဲဖြစ်ပါတယ်) File size…(1.2 GB)/(671 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:19:00 Genre...Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo 
movie

Blood Harvest (2023)

Bloodthirst (2023) 5.5
Bloodthirst (2023)  Bloodthirst ရုပ်ရှင်ကားဟာ ၂၀၂၃ ခုနှစ်ထွက် scifi horror actionကားတစ်ကားဖြစ်ပါတယ်။SAW ရုပ်ရှင်ကားတွေမှာ ပါဝင်တဲ့ မင်းသားကြီး Costas Mandylor အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းရဲ့ အဓိက ကျောရိုးကတော့ ကမ္ဘာပျက်ပြီးခါစ ကမ္ဘာကြီးပေါ်မှာသွေးစုပ်ဖုတ်ကောင်တွေ ကြီးစိုးနေတဲ့ အချိန်ကာလ တစ်ခုမှာ ဖြစ်ပါတယ်။အဲ့အချိန်မှာ သွေးစုပ်ဖုတ်ကောင်တွေကို လိုက်သတ်နေတဲ့ မုဆိုး John Shepardတစ်ယောက် သူရင်ဆိုင်ရမဲ့ သွေးစုပ်ဖုတ်ကောင်အုပ်စုရဲ့ ခေါင်းဆောင်ကနယ်နယ်ရရတော့ မဟုတ်ပါဘူး။ The Master လို့ ခေါ်ကြတဲ့ သွေးစုပ်ဖုတ်ကောင်ခေါင်းဆောင် ဖြစ်ပြီး သူကိုယ်တိုင်လည်း ပြိုင်ဘက် သွေးစုပ်ဖုတ်ကောင်အုပ်စုနဲ့စစ်ပွဲကြီး ဆင်နွဲဖို့ ပြင်ဆင်လူစုနေတာ ဖြစ်ပါတယ်။ သွေးစုပ်ဖုတ်ကောင်အုပ်စု၂ စုရဲ့ ပြိုင်ဆိုင်မှုတွေကြားမှာ ဇာတ်လိုက်မုဆိုးတစ်ယောက် ဘယ်လိုပါးပါးနပ်နပ်ရင်ဆိုင်ဖြေရှင်းမလဲဆိုတာကို ပိတ်ကားထက်မှာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာစောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်...  File size…2.00GB / 842MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 28m Genre ….. Action ...
movie

Bloodthirst (2023)

MobKing (2023) 6.5
MobKing (2023) ၂၀၂၃ မေလကမှအသစ်ထပ်မံထွက်ရှိလာတဲ့အက်ရှင်ဇာတ်ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် မိုက်ခ်ဝှိုက်ဟာသိပ်မကြာခင်ထောင်ကလွတ်တော့မယ့်သစ္စာရှိဂန်းစတားတစ်ဦးဖြစ်ပါတယ်။မိန်းမနဲ့သမီးနဲ့အတူပျော်ရွှင်စရာမိသားစုတစ်ခုထူထောင်တော့မယ်ဆိုတဲ့စိတ်နဲ့ထောင်ကလွှတ်လာတဲ့ မိုက်ခ်ဝှိုက်တစ်ယောက် မနာလိုသူတစ်ဦးရဲ့ချောင်းမြောင်းလုပ်ကြံမှုနဲ့ကြုံတွေ့ခဲ့ရပါတယ်။ မိမိအားလုပ်ကြံသူမှာ မိမိသစ္စာရှိရှိလုပ်ကိုင်ပေးခဲ့တဲ့ဂိုဏ်းအဖွဲ့ကဖြစ်နေမှန်းသိလိုက်တဲ့အခါ မိုက်ခ်ဝှိုက်တစ်ယောက် ပုန်းရှောင်ရမလား၊ပြန်လည်ခုခံရမလား ဆိုတဲ့ဘေးကျပ်နံကျပ်အ‌ခြေအနေကိုရောက်ရှိလာပါတယ်။ မိသားစုရဲ့အသက်ဘေးကိုပါစိုးရိမ်လာရတဲ့အခြေအနေမှာ မိုက်ခ်ဝှိုက်တစ်ယောက်ဘာလုပ်မလဲဆိုတာကို ယခု ဒီ Mobking ဆိုတဲ့ရုပ်ရှင်လေးမှာစောင့်စားကြည့်ရှုကြပါအုံးခင်ဗျာ။ File size…(1.25 GB)/(555 MB)/(310 MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:29:00 Genre...Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by AKM 
movie

MobKing (2023)

Johnny & Clyde (2023)
Johnny & Clyde (2023) Johnny & Clyde (2023)ဒီရုပ်ရှင်က ဇာတ်အိမ်လည်းရူးခါနေသလို Megan Fox လည်းပါတာမို့ ပုရိသတွေ ကြည့်ကိုကြည့်သင့်တဲ့ရုပ်ရှင်ပါ။ ဒီကားရဲ့ ဇာတ်လိုက်ကျော်တွေက ဂျိုကာနဲ့ဟာလေကွင်းလို အရူးအတွဲ။ သူတို့က ဂျိုကာနဲ့ ဟာလေကွင်းနဲ့ တော်တော်ကို တူတာမှ တစ်ပုံစံတည်းလိုကိုတူတာ။ ဘဲက သတ်ချင်တဲ့လူ လိုက်သတ်နေတဲ့ ဂကြောင်။ စော်က ဘဲကို အထင်ကြီးပြီး သတ်သမျှကို လိုက်အားပေးနေတဲ့ ဂကြောင်မ။ သူတို့က နားနေတာကြာပြီ။ ဒီကားအစမှာ ရုတ်တရက်ကြီး ပြန်ပေါ်လာပြီး လျှောက်သတ်ကြရော။ ဒီလိုသတ်ရင်း ကာစီနိုက ကားတစ်စီးကို ဓားပြတိုက်မိကြတယ်။ အဲဒီကားပေါ် ဘာမှပါမလာဘဲ ကာစီနိုတုံကင်တွေပဲ ပါလာပေမဲ့ ကားပေါ်က တစ်ကောင် လက်ထောက်ချလို့ ကာစီနိုမှာ ငွေတွေချည်း ထားထားတဲ့ အခန်းတစ်ခန်းရှိတဲ့အကြောင်း သိသွားကြတယ်။ ဒီလိုနဲ့ အဲဒီကာစီနိုကို ဓားပြတိုက်ဖို့ပြင်တယ်။ လူစုတယ်။ မထူးဘူး။ သူ့တို့လို အရူးတွေချည်းပဲ။အဲဒီကာစီနိုကို ဦးစီးတဲ့လူက ...
movie

Johnny & Clyde (2023)

2023
Death Race(2008) 6.7
Death Race(2008) Death Race(2008)*****************ကြမ်းကြမ်းတမ်းတမ်းကားမောင်းပြိုင်ပွဲတွေ အပစ်အခက်နဲ့အက်ရှင်တွေကို ကြည့်ရတာသဘောကျတဲ့ပရိသတ်ကြီးအတွက် Death Race ဇာတ်ကားလေးကားရှိတဲ့အထဲမှာ ပထမဆုံးကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ Resident Evil ဇာတ်ကားတွေကို ရိုက်ကူးပေးခဲ့တဲ့ဒါရိုက်တာကြီး Paul W.S. Anderson ကရိုက်ကူးပေးထားပြီး ပရိသတ်တွေနဲ့မစိမ်းတဲ့ အက်ရှင်မင်းသားကြီး Jason Statham နဲ့အတူ Natalie Martinez, Ian McShane, Joan Allen နဲ့ Tyrese Gibson တို့ကအဓိကပါဝင်သရုပ်ထားပါတယ်။မိန်းမနဲ့သမီးလေးကိုအလုပ်ကြမ်းလုပ်ရင်းနဲ့ စောင့်ရှောက်နေတဲ့ပြိုင်ကားမောင်းသမားဟောင်း ဂျန်ဆန်အိမ်းစ်ဟာ ကံဆိုးမသွားရာမိုးလိုက်လို့ရွာဆိုသလို အလုပ်ပြုတ်တဲ့နေ့မှာပဲ မိန်းမဖြစ်သူကိုသတ်တဲ့အမှုနဲ့ အမှုဆင်ချောက်ချခံရပါတယ်။ သူရောက်သွားတဲ့ထောင်ကလည်း တစ်သက်တစ်ကျွန်းအကျဉ်းသားတွေပဲရှိတဲ့ ထောင်တစ်ခုဖြစ်ပြီး အဲ့ဒီကနေလွတ်နိုင်မယ့် တစ်ခုတည်းသောနည်းလမ်းကလည်း သေခြင်းတရားပြိုင်ပွဲလို့ခေါ်တဲ့ ကားပြိုင်ပွဲကို ငါးကြိမ်နိုင်ရမှာပဲဖြစ်ပါတယ်။ ဖရန်ကင်စတိုင်းဆိုတာကတော့ အဲ့ဒီကားပြိုင်ပွဲကို လေးကြိမ်အထိအနိုင်ရခဲ့ပြီး ပရိတ်သတ်ရဲ့စိတ်ဝင်စားမှု အခံရဆုံးကားမောင်းသမားပဲဖြစ်ပါတယ်။ အဲ့ဒီဖရန့်ဟာမတော်တဆမှုကြောင့် နောက်ဆုံးကားပြိုင်ပွဲမှာသေဆုံးခဲ့ပြီး အားပေးမှုအများဆုံးလူဖြစ်တဲ့ နောက်တစ်ခါနိုင်ရုံနဲ့ လွတ်ငြိမ်းချမ်းသာခွင့်ရမယ့်ဖရန့်နေရာမှာ ဂျန်ဆန်ကိုအစားဝင်ဖို့အတွက် ထောင်ပိုင်ကကမ်းလှမ်းလာတဲ့အခါမှာတော့...မိန်းမကိုသတ်ခဲ့တဲ့သူကိုလိုက်ရှာရင်းနဲ့ အပြင်မှာရှိနေတဲ့သမီးလေးဆီကိုပြန်သွားနိုင်ဖို့ ဂျန်ဆန်အနေနဲ့ ဘယ်လိုတွေကြိုးစားမလဲဆိုတာကို အက်ရှင်တွေအပြည့်နဲ့ ခံစားကြရမှာပဲဖြစ်ပါတယ်File Size :(3.1GB)(1.1GB) and (380 MB) Quality : Blu-Ray1080p5.1ch, 720p Format…mp4 Duration…01:45:00 Genre :Action, Crime , Sci-Fi Subtitle : ...
movie

Death Race(2008)

Bleach (2022)
Bleach (2022) Bleach (2022)ဒီကားလေးကတော့ Horror ပရိတ်သတ်တွေ သဘောကျမယ့် ကားမျိုးဗျ။ ဇာတ်လမ်းဆုံးထဲ အထိ ရင်တမမနဲ့ ကြည့်နေရသလို ကြောက်နေရတယ်။ မြန်မာပေါသရဲကားတွေလိုတော့ မဟုတ်ဘူးပေါ့ဗျာ။ ဇာတ်လမ်းကလည်း နည်းနည်းဆန်းတယ် ဆိုမလား။ သူ‌ဌေးတစ်ယောက်ကနေ သူများအသားနာကျင်မှုကနေ ကျေနပ်မှုရှာတက်တဲ့ ရုပ်ရှင်ဒါရိုက်တာကို ငွေတွေ ပုံပေးပြီး အရက်စက်ဆုံး အပြင်းထန်ဆုံး ဇာတ်ကားကို ရိုက်ခိုင်းလိုက်တာပါပဲ။ အဲ့ဒီမှာ ဒါရိုက်တာဖြစ်တဲ့ ဂျိုနာပက်တန်ဟာ သူရက်ရက်စက်စက် သတ်ဖြတ်ခဲ့ဖူးတဲ့သူတွေရဲ့ တစ္ဆေတွေနဲ့ တကယ့်အပြင်မှာ သူ့နောက်လိုက်နေတဲ့ စုံထောက်တွေကို ဘယ်လို တစ်ပက်ရိုက်မလဲဆိုတာ ကြည့်ရူရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းဟာ သာမန်ကြည့်နေကျ ဇာတ်လမ်းလို မဟုတ်တာကြောင့် ထူးဆန်းတဲ့ ဇာတ်ကားတွေမှ ကြည့်ရူချင်တဲ့သူတွေက အကြိုက်တွေ့ပါလိမ့်မယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Hetang ပဲ ဖြစ်ပါတယ်။Genre..... Horror, Thriller Quality…. 1080p | 720p | 480p File size… 1.2GB | 680MB | 329MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar ...
movie

Bleach (2022)

2022
Out for Justice(1991) 7.0
Out for Justice(1991) Out for Justice(1991)*******************90s kid တို့ရဲ့ အသည်းကျော် Steven Segal ရဲ့ အက်ရှင်ကားကြမ်းကြမ်းကြီး တင်ဆက်ပေးလိုက်ပါတယ်..၂၀ ရာစုတလျှောက် ဘရွတ်ကလင်မြို့မှာ ဂိုဏ်းစတားတွေကိုယ့်နယ်နမိတ်နဲ့ကိုယ် ကြီးစိုးကျင်လည်ကြတဲ့အချိန်ပေါ့ဂျီနိုဆိုတဲ့ကောင်လေးဟာ သူ့အဖေကိုသိပ်အားကျတဲ့သူ...တစ်ရက်မှာ သူ့အဖေဟာ စတိုးတစ်ခုထဲက သူခိုးတစ်ယောက်ကို အပြင်ဆွဲခေါ် ထိုးကျိတ်ပြီး သူ့မျက်စိရှေ့တင်ပဲ သူတို့ကားနောက်ဖုံးထဲ ထည့်ပိတ်ထားလိုက်တယ်...ပြီးတော့ သူ့သားကို ဒီကားနဲ့ပဲ ရုပ်ရှင်ရုံခေါ်သွားပြီး ရုပ်ရှင်ပြသတဲ့.. .ရုပ်ရှင်ပြီးတဲ့အချိန်ကျမှ ဂျီနိုလေးကို ကားသော့ပေးလိုက်ပြီး မင်းလုပ်စရာရှိတာလုပ်လို့ ပြောတယ်...ဂျီနိုကလည်း ကားနောက်ဖုံးဖွင့်ပြီး စကားတွေနဲ့ခြိမ်းခြောက်ပြလိုက်တာ သူခိုးလည်း တချိုးတည်းပြေးပါရောလား...သူက အဲဒီကတည်းက သူ့အဖေလို လူမိုက်ဖြစ်ချင်တာ. ..တကယ်တမ်းကြီးလာတော့ ဒီကောင် ရဲဖြစ်သွားတယ်...လူမိုက်တွေနဲ့ပေါင်းခဲ့တဲ့ ဂျီနိုဟာ ရဲဖြစ်သွားတဲ့အချိန် သူ့ရဲ့သူငယ်ချင်းတစ်ယောက်ကလက်ခံနိုင်စရာမရှိတဲ့ပြစ်မှုကို ကျူးလွန်လိုက်တဲ့အချိန်မှာတော့...File Size : (1.8GB)(580 MB) and (230 MB) Quality : Blu-Ray1080p5.1ch, 720p Format…mp4 Duration…01:31:00 Genre : Action , Crime ,Drama Subtitle : Myanmar ...
movie

Out for Justice(1991)

Section 8 (2022) 4.2
Section 8 (2022) Section 8 (2022) =============ဒီတစ်ခေါက်မှာတော့ Section Eight ဆိုတဲ့ လျှို့ဝှက်အဖွဲ့အစည်းကြီးတစ်ခု အကြောင်းကို အခြေခံပြီးရိုက်ကူးထားတဲ့ Action/Adventure movie ကား တစ်ကားကို တင်ဆက်ပေးချင်ပါတယ်။Section eight ဇာတ်ကားကတော့ Mosul မှာ စစ်သားတစ်ယောက် ဖြစ်တဲ့ Jake တစ်ယောက် သူ့ရဲ့အရာရှိ Tom Mason နဲ့အတူတူ Taliban တွေလက် ထဲကနေ လက်မတင်လေးလွတ်မြောက်လာတဲ့ တိုက်ပွဲကနေ စတင်ရိုက်ကူး ထားပါတယ်။ ငါးနှစ်ကြာပြီးနောက်မှာတော့ Jake တစ်ယောက် အိမ်ကိုပြန်လာ ပြီးတော့ ကားပြင်သမားတစ်ယောက်အဖြစ် သူ့ဦးလေးဖြစ်သူ အာလ်ရဲ့ ဆိုင်မှာ အလုပ်လုပ်ရင်း သူ့ဇနီးလေး Ash ရယ် သားလေး West ရယ်နဲ့ ဘဝကိုပျော် ပျော်ရွှင်ရွှင်နေထိုင်နေပါတယ်။တစ်နေ့မှာတော့ သူ့ ဦးလေးကို လူရမ်းကားတစ်သိုက်က ဝင်နှောင့်ယှက်ပြီး ပိုက်ဆံအကြပ်ကိုင်တောင်းခံရတဲ့အချိန်မှာ ဂျိတ်တစ်ယောက် လူရမ်းကားတွေကို အနိုင်တိုက်နိုင်လိုက်ပေမဲ့ သူ့မိသားစုအသက်အန္တရာယ်နဲ့ သူ့ကိုခြိမ်းခြောက် သွားခဲ့ပါတယ်။ သူမထင်မှတ်ထားခဲ့တာအချိန်မှာပဲ လူရမ်းကားတွေက မကျေပွဲကို သူ့ဇနီးနဲ့သားလေးအပေါ် ပုံချသွားပြီး နှစ်ယောက်စလုံးကို သတ်သွားတဲ့အခါမှာတော့ ဂျိတ်တစ်ယောက် လူရမ်းကားတွေအပေါ် ဘယ်လိုလက်စားပြန်ချေမလဲ။ သူ့ဘဝကြီး ကျွန်းထိုးမှောက်ခုံဖြစ်ပြီးသွားတဲ့နောက်မှာ ...
movie

Section 8 (2022)

2022
Death Count (2022) 5
Death Count (2022) Death Count ( 2022)Saw ပရိသတ်တွေ ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်အသစ်ပါပဲ။ Saw franchiseမှာ Mark Hoffmanအဖြစ်သရုပ်ဆောင်ခဲ့တဲ့ Costas Mandylorကလည်း ဒီ Sawဆန်ဆန်ကားမှာ ကစားပွဲလုပ်တဲ့လူအဖြစ် သရုပ်ဆောင်ထားပါတယ်။ ဒီထဲမှာလည်း Sawဆန်ဆန် အပြစ်လုပ်ထားတဲ့လူတွေကိုဖမ်းပြီး ကိုယ့်ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် ထိခိုက်အောင် တစ်ခုခုမလုပ်ရင် သတ်ပစ်တဲ့ Warden ခေါ် ထောင်စောင့်အဖြစ် ပြောင်ပြောင်မြောက်မြောက် သရုပ်ဆောင်ထားပါတယ်။ Sawလိုကားမျိုးကြည့်ချင်တာဖြစ်ဖြစ် Sawအလွမ်းပြေ ကြည့်ချင်တာဖြစ်ဖြစ် ကြည့်ကို ကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။Sawလိုကားမျိုးတွေ ကြည့်ရဲတဲ့သူပဲ ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ Sawလောက်နီးနီး ကြမ်းတဲ့ သတ်ခန်းဖြတ်ခန်းတွေကို ဆက်တိုက်ကိုပြနေတာမို့ ကြောက်တတ်ရင်တော့ မကြည့်ကြစေချင်ပါဘူး။ Survival Horrorတွေ Slasherကားတွေ ကြိုက်ပြီး Sawပရိသတ်လည်း ဟုတ်တယ်ဆိုရင်တော့ ကြည့်ကောင်းမယ့် ရုပ်ရှင်အသစ်ပါပဲ။ ဒီလိုကားမျိုးတွေက ထွက်ခဲလှတာမို့ ရှားရှားပါးပါးကြည့်ရမှာလည်း ဖြစ်တဲ့အပြင် Sawထဲက Actorကပါ ပါတာမို့ Sawအရသာနဲ့ ...
movie

Death Count (2022)