Channel Myanmar

Robert Joy

Harriet the Spy (1996) 6
Harriet the Spy (1996) ဒီဇာတ်ကားလေးကတော့ ဟဲရီရက်ဆိုတဲ့ ခြောက်တန်းအရွယ်ကောင်မလေးတစ်ယောက်ရဲ့စပိုင်လုပ်ပြီးတော့ စာရေးဆရာဖြစ်ချင်စိတ်ပြင်းပြမှုကို ပေါ့ပေါ့ပါးပါး ရိုက်ပြထားတာပါ။၁၁ နှစ်ပဲ ရှိသေးတဲ့ ဟဲရီရက် ဟာ တွေ့သမျှကို မှတ်စုစာအုပ်လေးထဲမှာ ချရေးပြီးတော့သူ့ရဲ့ စာရေးဆရာမ ဖြစ်ချင်စိတ်ကို မြင့်တင်နေတာပါ။ ဒါပေမဲ့ တစ်နေ့မှာ သူ့ကို ကလေးထိန်းပေးတဲ့ဂေါ်လီဟာ အကြောင်းတခုခုကြောင့် အလုပ်ထွက်သွားတဲ့ အခါမှာတော့ ဟဲရီရက်တစ်ယောက်လောကဓံကို တခုပြီးတခု စတင်ခံစားရပါတော့တယ်။ ဒီဇာတ်လမ်းလေးက ကလေးတွေကိုဘယ်လိုပြုစုပျိုးထောင်သင့်လဲဆိုတာကို သေချာပြသနိုင်တဲ့ ဇာတ်ကားလေးဆိုလည်း မမှားပါဘူး။ဒီထဲမှာ ဟဲရိရက်ရဲ့ မိဘတွေက သားသမီးကို မအားတဲ့အခါ ပစ်ထားပေမယ့် တကယ်လိုအပ်တဲ့အခါမှာ သားသမီးတစ်ယောက်ကို ဘယ်လိုကောင်းကောင်း ကိုယ်တွယ်နိုင်တယ်ဆိုတာကိုပြသပေးနိုင်ပါတယ်။ မိသားစု သားသားမီးမီးလေးတွေနဲ့ ပေါ့ပေါ့ပါးပါး ဆုံးမစကားလေးတွေပြောပြီး ကြည့်နိုင်တဲ့ကားလေးဖြစ်လို့ လက်မလွှတ်သင့်ပါဘူး။File size…    3.7 GB /  1.13 GB Quality… BluRay 1080p / 720p Format… mp4 Audio... AAC Duration…. 1h ...
movie

Harriet the Spy (1996)

Waterworld (1995) 6.3
Waterworld (1995) Waterworld (1995) Ulysses Cut VersionIMDb Rating (6.3)ထုတ်လုပ်သူ Kevin Reynolds ရဲ့ ဇာတ်ကားကို တင်ဆက်ပေးချင်ပါတယ်။ ကမ္ဘာပျက်ပြီးနောက်ပိုင်း ရှင်သန်ကျန်ရစ်သူတွေရဲ့ ဘဝကိုရိုက်ကူးတင်ဆက်ထားလို့ Post-apocalyptic နဲ့ Action-Adventure အမျိုးအစားဖြစ်ပါတယ်။ အဓိကသရုပ်ဆောင်တွေကတော့ Kevin Costner ရယ်၊ Jeanne Tripplehorn နဲ့ Dennis Hopper တို့ပါ။ရေကမ္ဘာ" (Waterworld) ဆိုတာ အနာဂတ်ကမ္ဘာကြီး ရေလွှမ်းမိုးပျက်စီးသွားပြီး လူသားတွေက ရေပေါ်မှာ အသက်ရှင်ကျန်ရစ်ရတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ Kevin Costner က "The Mariner" (အဏ္ဏဝါသား) ဆိုတဲ့ အထီးကျန်လှေသမားတစ်ဦးအဖြစ် သရုပ်ဆောင်ထားပြီး သူ့မှာ လူသားမဆန်တဲ့ ဗီဇပြောင်းလဲမှုတွေ ရှိနေတာပါ။တစ်နေ့မှာ သူက ဟယ်လင် (Jeanne Tripplehorn) နဲ့ သူ့ရဲ့မွေးစားသမီး အန်နိုလာ (Tina Majorino) တို့နဲ့ ...
movie

Waterworld (1995)

1995
4K HEVC
Death Wish V: The Face of Death (1994)
Death Wish V: The Face of Death (1994) Death Wish Film Series ရဲ့ ငါးကားမြောက်နဲ့ နောက်ဆုံးကားအဖြစ် City of Dreams ဖြစ်တဲ့နယူးယောက်မြို့တော်ကြီးမှာ ဇာတ်အိမ် တည်လာခဲ့ပါတယ်။ပေါလ်ကာဆင်ဟာ အယ်လ်အေမှာ အဓိကမူးယစ်ဂိုဏ်းကြီး ၂ ခုကို ဖြိုခွဲအပြီး ၇ နှစ်အကြာမှာ မျက်မြင်သက်သေကာကွယ်ရေးပရိုဂရမ် အနေနဲ့နယူးယောက်မှာ ပရော်ဖက်ဆာ ပေါလ်စတူးဝပ်အနေနဲ့ ဇာတ်မြှုပ်နေထိုင်ခဲ့ပြန်ပါတယ်.။ရည်းစားဖြစ်သူ အိုလစ်ဗီယာရီးဂျန့်ရဲ့ ဖက်ရှင်ရှိုးကို တက်ရောက်ခဲ့တဲ့အချိန်မှာ အိုလစ်ဗီယာရဲ့လက်ကဒဏ်ရာကိုတွေ့ပြီး ယောကျ်ားဟောင်းဖြစ်တဲ့ တွန်မီအိုရှေးရဲ့လက်ချက်ဖြစ်မှန်း သိရှိသွားခဲ့ပါတယ်။တွန်မီ့ကို ထိပ်တိုက်ရင်ဆိုင်ခဲ့ပြီးနောက်ပိုင်းမှာ အိုလစ်ဗီယာရဲ့ဘဝထဲမှာ အတင်းတွယ်ကပ်နေတဲ့ ဂိုဏ်းစတား တွန်မီအိုရှေးကိုမဖြစ်မနေ ဖယ်ရှားရမှာကို သဘောပေါက်သွားခဲ့ပါတယ်။တွန်မီအိုရှေးကို ဖြုတ်ချနိုင်ဖို့ မိတ်ဆွေဟောင်း ခရိုင်ရှေ့နေဘရိုင်ယန်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ပေါလ်နဲ့ အိုလစ်ဗီယာတို့ရဲ့အကြံ အထမမြောက်ခင်မှာပဲ အိုလစ်ဗီယာကို တွန်မီ့ဘက်ကနေ လက်ဦးမှုရယူပြီးမျက်နှာကိုဖျက်ဆီးကာ ချိန်းခြောက်ခဲ့ပါတယ်.။သူနဲ့ထိစပ်ပတ်သက်သူတိုင်း နာကျင်ရတဲ့ဖြစ်ရပ်ဆိုးဟာ ပေါလ်ရဲ့ဘဝမှာ ကျိန်စာတစ်ခုလို အမြစ်တွယ်နေခဲ့ပြန်ပါတယ်။ဒီတစ်ခေါက်မှာတော့ ပေါလ်ရဲ့အဖြစ်ဆိုးသံသရာကို ရပ်တန့်နိုင်မှာလား.ရှုပ်ထွေးလှတဲ့ နယူးယောက်မြို့တော်ကြီးထဲမှာရော အရင်ကလို လက်စွမ်းနဲ့ရာဇဝတ်သားတွေကို တားဆီးနိုင်ဦးမှာလား ဆိုတာကို ...
movie

Death Wish V: The Face of Death (1994)

Sweet November (2001) 6.7
Sweet November (2001) Sweet November (2001)===================IMDb Rating - 6.7/10#Unicodeဒီတစ်ခေါက်မိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ နိုဝင်ဘာလရဲ့ အချစ်ဇာတ်လမ်း Drama လေးပဲဖြစ်ပါတယ်။ ခွေးလေးတွေကို ချစ်တဲ့သူ၊ မိသားစုတွေနဲ့ အဆင်မပြေပြီး တစ်ယောက်ထဲဘဝကို ရူးရူးမိုက်မိုက်နဲ့ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတဲ့ ကင်ဆာရောဂါသည်မလေး ဆာရာ....ဘဝကို ပြေးလမ်းတစ်ခုလို သဘောထားပြီး ဘဝကို အလုပ်ထဲမှာပဲ အချိန်ပြည့်နစ်မြှုပ်ထားတဲ့ နယ်လ်ဆင်......သူ့ဘဝထဲ ဆာရာဆိုတဲ့ ရူးမိုက်မိုက်ကောင်မလေးဝင်ရောက်လာချိန်မှာတော့ ဘဝရဲ့အဓိပ္ပါယ်၊ ပျော်ရွှင်မှုတွေကိုဆာရာကြောင့် သိရှိခဲ့ရတယ်။ နယ်လ်ဆင်တစ်ယောက် အချစ်ကိုခံစားမိချိန် ဆာရာ့ကို လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ နယ်လ်ဆင့်အချစ်ကို ဆာရာတစ်ယောက် လက်ခံပါ့မလား။ ဘယ်လိုဆက်ဖြစ်မလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် ကြည့်ရှုရမှာဖြစ်ပါတယ်။Sweet November ဝတ္ထုကို 1968 ခုနှစ်က ဇာတ်ကားပြန်လည်ရိုက်ကူးထားပြီး Sweet November နာမည်နဲ့မင်းသားက Anthony Newley နဲ့ မင်းသမီးက Sandy Dennis တို့ သရုပ်ဆောင်ခဲ့ပါတယ်။2001 ခုနှစ်မှာတော့ ထိုဇာတ်ကားကို Sweet November ...
movie

Sweet November (2001)

2001
The Hills Have Eyes (2006) 6.4
The Hills Have Eyes (2006) The Hills Have Eyes (2006) IMDb - 6.4/10_____Rotten - 52%    ဒီ Horror ရုပ်ရှင်ကတော့ ၁၉၇၇ ကတည်းက နာမည်ကြီးခဲ့တဲ့ ဂန္ဓာဝင်ကားတစ်ခုကို ပြန်လည်ရိုက်ကူးထားတာပါ။ မူလရုပ်ရှင်လိုပဲ အောင်မြင်မှုတွေ ရခဲ့ပါတယ်။ လူသူမရှိတဲ့ ကန္တာရလိုနယ်မြေတစ်ခုထဲကို ရောက်ရှိသွားမိတဲ့ မိသားစုတစ်စုဟာ လူသားပုံပျက်နေတဲ့ စိတ္တဇအဖွဲ့တစ်ခုရဲ့ လိုက်လံသတ်ဖြတ်ခြင်းလက်ကနေ အလွတ်ရုန်းဖို့ ကြိုးစားရတဲ့ဇာတ်လမ်းပါ။ ဇာတ်လမ်း၊ ရိုက်ကူးချက်၊ သရုပ်ဆောင် အားလုံးကောင်းမွန်ပါတယ်။ ဟော်ရာကြိုက်သူတွေ နှစ်ခြိုက်မှာဖြစ်ပေမယ့် အသည်းငယ်သူတွေနဲ့ သွေးသံရဲရဲမကြည့်ရဲသူတွေ အတွက်တော့ မသင့်တော်ပါဘူး။ ပိုစတာမှာ ပြောထားတဲ့ " ကံကောင်းတဲ့သူတွေ အရင်သေခွင့်ရသွားတယ်" ဆိုတာနဲ့ ညီအောင်ကို ကြောက်စရာအချိန်ကာလကြီးကို မြင်ရပါလိမ့်မယ်။ ခံစားကြည့်ပါ။    File size…(2.3 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:53:00 Genre...  Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by IDL Gem Darkhorse
movie

The Hills Have Eyes (2006)

2006
Perfume (2001) 3.6
Perfume (2001) ဒီဇာတ်လမ်းက နယူးယောက်မြို့က မဂ္ဂဇင်းတိုက်တွေ၊ ဖက်ရှင်မော်ဒယ်တွေ၊ ဒီဇိုင်နာတွေ၊ အဝတ်အစားကုမ္ပဏီကြီးတွေအကြားဖြစ်တတ်တဲ့ အတွင်းကျကျ ပြဿနာတွေ၊ အဆင်မပြေမှုတွေနဲ့ပဋိပက္ခ‌တွေကို ရိုက်ကူးပြသထားတဲ့ ဇာတ်ကားမျိုးပါ။ ဇာတ်လမ်းရည်ရွယ်ချက်က ကောင်းပေမဲ့ ဇာတ်လမ်းတင်ပြပုံမကောင်းလို့Ratingတွေကတော့ အတော်လေးနည်းပါတယ်။ ဒါပေမဲ့ နယူးယောက်ရဲ့Lifestyleတွေ၊ လူသိပ်မသိတဲ့ ဖက်ရှင်နယ်ပယ်နောက်ကွယ်က တချို့ပြဿနာတွေ၊ ဇာတ်ရှုပ်တွေကို စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီကားကမြည်းစမ်းကြည့်သင့်တယ်လို့ပဲ ပြောရမှာပါ။ ဇာတ်လမ်းပိုင်းတွေ၊သရုပ်ဆောင်ပိုင်းတွေ ကောင်းမှ ကြိုက်တတ်တဲ့သူဆိုရင်တော့ ဒီကားကသင့်ကို အားရစေမှာ မဟုတ်ပါဘူး။ File Size :  2.9 GB / 930 MB Quality : WEB-DL 1080p / 720p Running Time : 1hr 46min Format : Mp4 Genre : Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by : JimX Encode by ...
movie

Perfume (2001)

61* (2001) 7.7
61* (2001) IMDb raing - 7.7/10အခုတစ်ခေါက်တင်ဆက်ပေးချင်တာကတော့ M&M boys လို့ဘေ့စ်ဘောသမိုင်းမှာ legendary most valuable players တွေလို့ကိုတင်စားထားတဲ့ Roger Maris နဲ့ Mickey Mantle တို့ သူတို့ရဲ့သမိုင်းမှတ်တိုင်ဖြစ်တဲ့ home run- 61 ခု မှတ်တိုင်ကိုဘယ်လိုစိုက်ထူခဲ့လဲဆိုတာကိုကြည့်ရမယ့် biography, drama ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။တကယ့်ကိုအချိန်ပေးရထိုက်တန်တဲ့ Motivation အပြည့်အဝရနိုင်တဲ့ဇာတ်လမ်းလေးဆိုရင်လည်းမမှားပါဘူး။ဇာတ်လမ်းလေးရဲ့အကျဉ်းချုပ်ကတော့....Babe Ruth ဟာ Base Ball Single-season တစ်ခုတည်းနဲ့ home run record မှတ်တမ်းဝင်ထားတဲ့ most valuable player တစ်ယောက်ပါ။ ဒီ record ကိုချိုးဖျက််နိုင်တဲ့သူဟာ အမေရိကန်ပရိတ်သတ်တွေ တစ်ခဲနက်အားပေးကြတဲ့ ထူးချွန်တဲ့ Mickey Mantle ဖြစ်မယ်လို့အားလုံးကယူဆထားကြပါတယ်။ ဒီအချိန်မှာတော့ အသင်းဝင်အသစ်လေး Roger Maris တစ်ယောက်က အသင်းသားတွေနဲ့တွဲဖက်ညီညီဆော့နိုင်တဲ့အပြင် Mickey Mantle ...
movie

61* (2001)

Superhero Movie (2008) 4.6
Superhero Movie (2008) Superhero Movie (2008) ================== ဇာတ်လမ်းကတော့ ခေါင်းစဉ်အတိုင်းပါပဲ စူပါဟီးရိုးကားပါ။ ကျွန်တော်တို့ ကြည့်ဖူးတဲ့ စူပါဟီးရိုးတွေ အကုန်ပေါင်းထားတဲ့ ဇာတ်ကား လို့တောင်ပြောလို့ရတယ်။ ဘတ်မန်းမိဘတွေ သေတာကအစ စပိုက်ဒါမန်းရဲ့ အန်ကယ်ဘန် သေတာအဆုံး ပါပါသေးတယ်။ X-Men Universe က ချားစ် ဇေးဗီးယား ၊ ဝူဗာရင်းနဲ့ Fantastic 4 တောင်ပါလိုက်သေးတယ်။Spider-man No Way Home Crossover လုပ်တယ်ဆိုတာ ဒီကားကို ဘယ်မှီဦးမလဲ။ With great power comes with Hot Bitches ( ကြီးမားတဲ့ အစွမ်းတွေနဲ့အတူ စော်အလန်းတွေပါ ကပ်ပါလာလိမ့်မယ်) ဆိုတဲ့ စပိုက်ဒါ မန်းကားရဲ့ ဂန္တဝင် စကားလေးလည်း ပါလိုက်သေးတယ်ဗျာ။ Dragonfly ဆိုတဲ့ သဘာဝလွန်ပုစဉ်းတစ်ကောင် အကိုက်ခံလိုက်ရတဲ့ Rick Ricker ဟာ ပုစဉ်း လူသားဖြစ်လာပြီး ဘယ်လိုပေါက်ကရတွေလုပ်ပြီး အခက်ခဲတွေကို ကျော်ဖြတ် သွားမလဲဆိုတာကို အပျင်းပြေကြည့်ရှုရမှာဖြစ်ပါတယ်။ ပြောရရင်တော့ Superhero တွေကိုလှောင်ထား၊ ပြောင်ထားတဲ့ မူဗီလို့ဆိုရမှာပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ...
movie

Superhero Movie (2008)

2008
Aliens vs Predator: Requiem (2007) 4.6
Aliens vs Predator: Requiem (2007) ဒီဇာတ်ကားလေးမှာ ဂြိုလ်သားတွေနဲ့ သူတို့ကိုလိုက်လံသုတ်သင်နေတဲ့ ဂြိုလ်သားရဲ့ကြားမှာ ဓားစာခံဖြစ်သွားတဲ့ ဂန်နီဆန်မြို့လေးအကြောင်းကို ရင်ဖိုစိတ်လှုပ်ရှားစွာနဲ့ကြည့်ရမယ့် ဇာတ်ကားကောင်းလေးတစ်ခုဖြစ်ပါတယ်။ထူးဆန်းတဲ့ အာကာသယာဉ်တစ်ခု ဂန်နီဆန်မြို့လေးရဲ့ တောအုပ်ထဲကို ပျက်ကျပြီးတဲ့နောက်မှာ မြို့သားတွေရဲ့ ကံကြမ္မာဟာ စိတ်မကောင်းစွာပဲ အဆိုးဆံုးပြောင်းလဲသွားပါတော့တယ်။ ဂြိုလ်သားတွေရဲ့ သိမ်းပိုက်မှုနဲ့တိုက်ပွဲကြားမှာ အသက်ရှင်ဖို့ မြို့သားတွေက ဘယ်လိုသက်စွန့်ဆံဖျား ရုန်းကန်ကာကွယ်သလဲဆိုတာကို သည်းထိတ်ရင်ဖိုစွာနဲ့စောင့်ကြည့်ရမှာပါ။ဒါ့အပြင် နိုင်ငံရေးအလှည့်အကွက်တွေကိုလဲ ပီပြင်စွာဖော်ပြထားတာကြောင့် ဒီဇာတ်ကားကောင်းလေးကို ခံစားကြည့်ရှုလိုက်ပါ။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Su Myat မှ တင်ဆက်ထားပါတယ်။)Predator ဇာတ်ကားအကုန်လုံးကို ဒီမှာ https://channelmyanmar.to/category/special-package/predator/  ကြည့်ပါ။File size…(1.6 GB)/(830 MB) Quality…BluRay Unrated 1080p HEVC/720p Format…mkv/mp4 Duration….01:41:05 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Su Myat
movie

Aliens vs Predator: Requiem (2007)

1080p HEVC
Land of the Dead (2005) 6.2
Land of the Dead (2005) Land of the Dead (2005)Zombies apocalypse ရုပ်ရှင်တွေ အရိုက်များလာတဲ့​နောက် Old but gold zombie ကား​​​ကောင်းတစ်ကားကို CM fan​တွေ မကြည့်ဖူးမရှိရ​​အောင် တင်​​​ဆက်​ပေးလိုက်ပါတယ် 2005ခုနှစ်ကတည်းက ထွက်ရှိခဲ့တာဖြစ်ပြီး IMDb 6.2, RT 74% rating ရထားပါတယ်။ အမျိုးအမည်မသိရတဲ့ကပ်​ဘေးတစ်ခု​ကြောင့် တစ်ကမ္ဘာလုံးက လူ​အများစု ဖုတ်​ကောင်​တွေ ဖြစ်သွားတဲ့​နောက် ​လူကုံထံ​တွေက လုံခြုံ​ရေးအထပ်ထပ်နဲ့ မြို့သစ်တွေတည်ပြီး​​​နေထိုင်ကြပါတယ်၊ ကပ်​ဘေးကလွတ်လာတဲ့ မျက်နှာမွဲလူဆင်းရဲ​တွေကို​တော့ မြို့ရဲ့အစွန်ဆုံး၊ ခြံစည်းရိုး​တွေနဲ့ အနီးဆုံးမှာပဲ ​ပေး​နေပါတယ်၊ ရိက္ခာကို​တော့ ကြေးစားလူစွန့်စား​တွေကို ငှားရမ်းပြီး ဖုတ်​​ကောင်​တွေပြည့်နေတဲ့ မြို့ပျက်ငယ်​တွေမှာ ရှာ​​ဖွေခိုင်းပြီး အသက်ဆက်​နေကြတာပါ။ရိုင်​လေ နဲ့ ချိုလိုဒယ်မိုရာတို့က အဆိုပါ​​ ကြေးစားအဖွဲ့ဝင်​တွေပဲ ဖြစ်ပါတယ်၊ အစပိုင်းမှာ​တော့ ဖုတ်​ကောင်​တွေက လမ်း​လျှောက်တတ်တဲ့ လူ​သေ​ကောင်သာသာပဲမို့လို့ စားနပ်ရိက္ခာ ရှာ​ဖွေရာမှာ သိပ်အခက်အခဲမရှိခဲ့ပေမယ့် တစ်​​နေ့မှာ​တော့ ဆင့်ကဲ​ပြောင်းလဲတတ်တဲ့ သဘာဝအတိုင်း အချင်းချင်း ဆက်သွယ်တတ်တာကစလို့ ကမ္ဘာဦးလူသား​တွေလို အစာရှာဖို့၊ ကိုယ့်ကိုယ်ကိုယ်ခုခံဖို့ ...
movie

Land of the Dead (2005)

Don’t Look Up (2021) 7.4
Don’t Look Up (2021) Don't look up (2021)ဇာတ်လမ်းက အရမ်းကောင်းတယ်ဗျာ။သရုပ်ဆောင်ကတော့ All Stars လို့ ပြောရမှာပဲ။လီယိုနာဒို၊ ဂျနီဖာလောရန့်၊ မရဲ စထရိ၊ ကိတ် ဘလန့်ချက်၊ တင်မိုးသီး၊ မာ့ရိုင်လန့်၊ အာရီရာနာ ဂရန်ဒေ၊ ဘန်နီဒစ် ဒရက်စ် စသဖြင့် အများကြီးပဲ။ဇာတ်လမ်းအကျဉ်း။ပါမောက္ခ မင်ဒီ နဲ့ ပါရဂူကျောင်းသူ ကိတ်တို့ မတော်တဆ ဥက္ကာခဲကြီးတစ်ခုကို တွေ့သွားတယ်။ အရွယ်အစားက ၁၀ ကီလိုမီတာလောက်ရှိပြီး ကမ္ဘာကြီးဆီကို တည့်တည့်ကြီး ပျံလာနေတာ။ ဝင်တိုက်မိရင် ကမ္ဘာပျက်ပြီ။ အဲဒါကို နာဆာကိုအကြောင်းကြား သမ္မတကိုလည်း သွားတွေ့တယ်။ ခက်တာက သမ္မတက စောင်ပေါ။ နာဆာညွှန်ချုပ်က သမ္မတရဲ့ စပွန်ဆာ မေ့ဆေးဆရာဝန်ဆိုတော့ ဘာမှနားမလည်ဘူး။ သမ္မတ လက်ထောက်က သမ္မတရဲ့ သားကို ပြန်ခန့်ထားတာ။ အဲဒီမှာ သူပြောတာကို မယုံကြတော့ ဒေါက်တာ မင်ဒီလည်း ...
movie

Don’t Look Up (2021)

2021
Fallen(1998) 7.0
Fallen(1998) Fallen(1998) IMDb....7.0 ကျွန်တော်တို့ ဘဝမှာ ယုံကြည်တာလက်ခံထားတာတွေအများကြီးရှိပါတယ်။ လက်မခံတာတွေလည်းအများကြီးရှိပါတယ်။ တစ်နေ့မှာ ကိုယ်မဟုတ်ပါဘူးလို့ထင်နေတာတွေအားလုံးက အမှန်တွေဖြစ်လာတယ်ဆိုရင်လက်ခံယုံကြည်ကြမှာလား။ ကိုယ့်ရဲ့အမှန်တရားက မှားနေခဲ့ရင်ရော လက်ခံနိုင်ပါမလား။ ကျွန်တော်တို့ရဲ့ မင်းသားကြီးမင်းသားကြီး Denzel Washington  က ဒီကားထဲမှာ အဓိကဇာတ်ဆောင် စုံထောက် John Hobb အဖြစ်သရုပ်ဆောင်ထားတယ်...Hobb က အရမ်းတော်တဲ့စုံထောက်တစ်ယောက်ဖြစ်ပြီးတော့ သူနောက်ဆုံးဖမ်းခဲ့တဲ့သူကို သေဒဏ်မပေးခင်မှာ ထူးခြားတာတွေဖြစ်ပျက်ခဲ့ပါတယ်။ဒါပေမယ့် သတိမထားမိဘဲ နောက်ထပ်ပုံစံတူလူသတ်မှုတွေပေါ်လာချိန်မှာတော့ ပြန်စုံစမ်းရင်း ထူးခြားတာတွေကိုသတိထားမိလာပြီး  သူမယုံချင်တဲ့ အရာတွေကိုလည်း ယုံခဲ့ရတယ်...လူသတ်သမားက သေဒဏ်ကျခံပြီးဖြစ်တဲ့ တရားခံရဲ့ ပုံစံအတိုင်းသတ်ပြီးတော့ Hobb အတွက် သတင်းစကားတွေချန်ထားခဲ့ခြင်းပါ။အဲဒါတွေကိုစုံစမ်းရင်း သူတစ်ခုသိလာရတာတော့ သူမမြင်ဖူးတဲ့ရှုထောင့်ကနေကြည့်မှ ဒီလူသတ်မှုတွေကိုနားလည်နိုင်မယ်ဆိုတာပါပဲ။သူ့ရဲ့အမြင်တွေကိုပြောင်းလဲပြီးတော့ ဘာတွေဘယ်လိုဖြစ်မလဲဆိုတာ ကြည့်လိုက်ပါတော့ဗျာ။စုံထောက်အက်ရှင်ကားတွေလည်းကြိုက်တယ်..မင်းသားကြီး  Denzel Washington လည်း ပါတယ်ဆိုတော့ကားးးးးးး....IMDB Rating အနေနဲ့ကတော့ 7 အထိရရှိထားပါတယ်။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ D3monပဲဖြစ်ပါတယ်...File Size : (994MB) Quality : Blu-Ray 720p Format…mp4 Duration…02:04:00 Genre :  Action , Crime , Drama  Subtitle ...
movie

Fallen(1998)

1998
The Goldfinch (2019) 6.3
The Goldfinch (2019) 2019 ခုနစ်ထွက် drama ဇာတ်ကားဖြစ်ပါတယ်The Fault in our stars, The Divergent series နဲ့Baby driver တို့ရဲ့မင်းသားချောAnsel Ergot ကအဓိကမင်းသားအဖြစ်ပါဝင်သရုပ်ဆောင်ထားပြီးNicole Kidman နဲ့ stranger things ထဲကကလေးသရုပ်ဆောင်Fin Wolfhard တို့လည်းပါဝင်ထားပါတယ်ဇာတ်လမ်းအကျဉ်းလေးကတော့ သီယိုဒေါဒက်ကာဆိုတဲ့၁၃နှစ်အရွယ် ချာတိတ်လေးက ဖခင်ဖြစ်သူစွန့်ပစ်သွားပြီးနောက်မိခင်ဖြစ်သူနဲ့နှစ်ယောက်တည်းနေထိုင်ပါတယ်....တစ်ရက်တော့ မိခင်ဖြစ်သူနဲ့ ပန်းချီပြခန်းသွားရင်းအကြမ်းဖက်ဗုံးခွဲမှုတစ်ခုကြောင့် မိခင်ဖြစ်သူသေဆုံးသွားခဲ့ပါတယ်.... ​လူ့လောကအလယ်မှာ မျက်နှာငယ်နဲ့ကျန်ရစ်ခဲ့ရတဲ့ သီယိုဒေါရဲ့ဘဝထိုထိုကို ရိုက်ကူးထားတာဖြစ်ပြီးလူ့လောကရဲ့ကြမ်းတမ်းခက်ခဲမှုတွေကြားမှာဘယ်လိုရှင်သန်ရမလဲဆိုတာတွေ...မိသားစုဆိုတာသွေးသားတော်စပ်မှမဟုတ်ပဲချစ်ခြင်းမေတ္တာတရားပေါ်ပဲမူတည်တယ်ဆိုတာရယ်...လူတွေရဲ့အတ္တဖုံးတဲ့စိတ်ဓာတ်တွေရယ်ကို မြင်တွေ့ခံစားရမှာပဲဖြစ်ပါတယ်... File Size : (1 GB , 396 MB )Quality :  BluRay ...
movie

The Goldfinch (2019)

2019