Channel Myanmar

Róbert Jakab

Vojna policajtov (2024) 6.5
Vojna policajtov (2024)  Vojna policajtov (2024)IMDb Rating (6.5) ဒီဇာတ်ကားကတော့ ဆလိုဗားကီးယားနိုင်ငံရဲ့ ဒုစရိုက်လောကအကြောင်း တစ်စေ့တစ်စောင်းရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။အီဂေါဆိုတဲ့သူဟာ စစ်အေးကာလမှာ စလိုဗားကီးယားနိုင်ငံရဲ့ ပြည်နယ်တစ်ခုမှာ ရဲကောစုံထောက်နေနဲ့ပါလုပ်ရတဲ့ မူးယစ်ရဲတစ်ယောက်ပေါ့။လူမိုက်ဂိုဏ်တွေပဲလာလာ ဒုစရိုက်သမားတွေပဲလာလာ အပြတ်ရှင်းနိုင်တဲ့ ဖမ်းပြီးဘဝဖျက်နိုင်တဲ့ရဲမလို့ သူ့လောကက လူတိုင်းက လက်ပွန်းသမားဆိုပြီး နာမည်ပေးထားသူပါ။တစ်နေ့မှတော့ အီဂေါတို့မြို့ကို ရဲအသစ်တစ်ယောက်ရောက်လာပါတယ်။ ဆုံးသွားတဲ့ အီဂေါရဲ့အရင်တွဲဖက်အတွက်အစားထိုးဖို့ဆိုပြီး မြို့ထဲကနေ ရာထူးချခံလိုက်ရတဲ့လူသစ်လေးကို ဒုစရိုက်မြို့ထဲလာထည့်ထားတာပါ။ဖိအားဒဏ်ကိုမခံနိုင်တဲ့ လူသစ်လေးဟာ ဖြစ်ချင်တော့ လူမိုက်တွေရဲ့ဘားမှာ သွားမူးပြီးရမ်းကားတော့ လူမိုက်တွေလုပ်ကြံတာခံလိုက်ရပါတယ်။ဒါကို အီဂေါတစ်ယောက်ရိပ်မိသွားတဲ့အချိန်မှာ တစ်ဂိုဏ်းလုံးကိုမွှေဖို့ကြံစည်လာပါတယ်။လူမိုက်တွေကလည်းလည်တော့ သူတို့ရဲ့ လူမိုက်လောကက လက်စွဲလူသတ်သမားဖြစ်တဲ့ "အင်ဂျင်နီယာကြီး" ဆိုတဲ့ဘဲကို အလွတ်တမ်းငှားပြီးတော့ အီဂေါ့ကိုသတ်ခိုင်းဖို့ဖြစ်လာပါတယ်။ဒီလိုနဲ့ပဲ အမှောင်လောကကြားထဲက ဝါရင့်ရဲရဲ့ ဇကပဲအနိုင်ယူသွားမလား အင်ဂျင်နီယာကြီးကပဲ သူ့ကိုအပျောက်ပြန်ဖျောက်သွားမလားဆိုတာကို စိတ်ဝင်တစားမျှော်လင့်စောင့်စားရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။)File size…(1.7 GB) / (1.1 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Action, ...
movie

Vojna policajtov (2024)

2024
Welcome Home, Brother! (2022)
Welcome Home, Brother! (2022)  ဒီဇာတ်ကားကတော့ အိမ်မှာ အေးအေးဆေးဆေးထိုင်ကြည့်ချင်တဲ့သူတွေအတွက် အကောင်းဆုံးသောစိတ်ကျေနပ်မှုတွေကို ပေးစေနိုင်မှာပါ။ ဇာတ်ကားလေးရဲ့ဇာတ်လမ်း ဇာတ်ကြောင်းက ပေါ့ပေါ့ပါးပါးလေးပဲ တည်ဆောက်ထားပြီး စိတ်အပန်းပြေသွားနိုင်တဲ့ခံစားမှုတွေရချင်သူတွေကြည့်သင့်ပါတယ်။ဇာတ်လမ်းအညွှန်းကို ရှင်းရှင်းလေးပဲပြောပြရရင် လက်ထပ်ခါနီးစုံတွဲတစ်တွဲက ကောင်မလေးရဲ့မွေးရပ်မြေရွာလေးမှာ လက်ထပ်ပွဲ‌လုပ်ဖို့ပြန်သွားကြ‌တာပေါ့။ အဲဒီရွာကလူတွေကလဲ တော်ရုံတန်ရုံအပူအပင်တွေမရှိပဲနဲ့ အမြဲတမ်းနေချင်သလိုနေပြီး ဘာပဲဖြစ်ဖြစ်သောက်မယ်ဆိုတဲ့ရွာတစ်ရွာပါပဲ။ ဖြစ်ချင်တော့ သတို့သားကရိုးရိုးအေးအေး‌နဲ့ သတ်သတ်လွတ်စားပြီး အရက်ဆို အနံ့တောင်မခံတဲ့လူပါ။ အဲဒီမှာ အရက်မသောက်တဲ့သူနဲ့ တစ်ရက်မှာ ၂၄နာရီအရက်သောက်တဲ့ရွာနဲ့တွေ့ပြီး သတို့သားလည်းဘယ်လိုပြောင်းလဲသွားမလဲဆိုတာကို ကြည့်ရမှာပါ။ ဒီဇာတ်ကားကိုကြည့်တဲ့သူတွေအနေနဲ့ အမြဲတမ်းတစ်လွဲတွေလုပ်နေတဲ့ ထိုရွာကလူတွေကိုကြည့်ပြီး ပြုံးပျော်ရမှာသေချာတဲ့အတွက် အေးအေးဆေးဆေးရှိတဲ့အချိန်မှာကြည့်ရှုခံစားပေးကြပါဦး။ File size…(1.7 GB)/(949 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre...Comedy  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mastero
movie

Welcome Home, Brother! (2022)