Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Robert Bathurst
6.0
Absolutely Anything (2015)
ဒီဇာတ်ကားကိုတော်တော်များများ TikTok တွေ Reels တွေမှာ အတိုလေးတွေအနေနဲ့ တွေ့ဖူးမှာပါ။simon pegg တစ်ယောက်မှန်မှာ ကြည့်ပြီးတော့ ဂွေးကြီးစမ်း ဘော်ဒီကြီးကြီးလာစမ်းဆိုပြီး လက်ကိုဝေ့ဝေ့ပြီး ပြောနေတဲ့ အခန်းကို။ ပြောရရင် တကားလုံးက ဒီလိုသောက်တလွဲတွေနဲ့ ပြည့်နေပြီးတော့ခွီနေအောင်ရယ်ရပါတယ်။ ဒီအတိုတွေထဲမှာ မပါတာကတော့ ဒီဇာတ်လမ်းထဲက မင်းသမီးKate Beckinsale ပါ။ ဗြိတိန်မင်းသမီးပိပိ အင်္ဂလိပ်ဆန်ဆန်လေး မှုန်နေအောင်လှတာပါ။ ကြည့်နေရင်းနဲ့တခြားဘာမှမကြိုက်တောင် ဒီမင်းသမီးကိုတော့ ကြွေသွားမှာ သေချာပါတယ်။ဒီတော့ ဒီ စက္ကန့်သုံးဆယ်စာ အတိုလေးတွေ ကြည့်နေမယ့်အစား ဒီဇာတ်ကားကိုသာအပြည့်ပြေးကြည့်လိုက်ပါ။ဇာတ်လမ်းအညွှန်းကတော့ ကမ္ဘာကြီးကနေ ပြင်ပမှာ ဂြိုဟ်သားတွေရှိလားဆိုပြီးတော့ ဆက်သွယ်ဖို့အာကာသယာဉ်မှာ လူတွေအကြောင်းရေးပြီး လွှတ်ပေးလိုက်ပါတယ်၊။ ဒီစာကိုရသွားတဲ့ ဂြိုဟ်သားတွေက လူသားတွေက စကြဝဠာ ထဲမှာ ဆက်ရှိနေသင့်တဲ့ မျိုးစိတ်လားကို စမ်းသပ်ဖို့ ကမ္ဘာပေါ်ကလူတစ်ယောက်ကို လိုတရ တဲ့ အစွမ်းပေးလိုက်ပါတယ်။ ဒီအစွမ်းနဲ့ နေးလ်တစ်ယောက်က သူ့အခန်းရှေ့က မိန်းမချောလေး ကတ်သရင်းအချစ်ကို ...
movie
Absolutely Anything (2015)
5.9
The Thief Lord (2006)
The Thief Lord (2006)ဇာတ်လမ်းအညွှန်း-ဘွန်နီဖေ့ ဆိုတဲ့ အသက် ၆ နှစ်အရွယ်ကောင်လေးနဲ့ အစ်ကိုဖြစ်သူ ပရော်စပါတိုဟာ အမေဖြစ်သူဆုံးပါးသွားတဲ့အခါမှာတော့ တစ်ယောက်က အဒေါ်ဇနီးမောင်နှံရဲ့ ခေါ်ယူမွေးစားခံလိုက်ရပြီး တစ်ယောက်ကတော့ မိဘမဲ့ဂေဟာရောက်သွားခဲ့ပါတယ်။ ဒီအဖြစ်ကို မလိုချင်တဲ့အတွက် အစ်ကိုဖြစ်သူဟာ မိဘမဲ့ဂေဟာကနေ ခိုးထွက်ခဲ့ပြီး အဒေါ်တိုအိမ်ရောက်နေတဲ့ ညီငယ်လေးကိုသွားခေါ်ကာ အဝေးတစ်နေရာက ဗင်းနစ်မြိုကို ထွက်လာခဲ့တာပေါ့။ ဗင်းနစ်မြိုမှာ မလည်မဝယ်ဖြစ်နေရှာတဲ့ ညီအစ်ကိုနှစ်ယောက်ဟာ လမ်းဘေးမှာ ဒုက္ခရောက်နေတုန်း သူခိုးဘုရင် ဆိုတဲ့ အသက် ၁၆နှစ်အရွယ် စကစ်ဆိုတဲ့ကောင်လေးရဲ့ခေါ်ယူစောင့်ရှောက်ခြင်းကို ခံထားရပါတယ်။ တစ်ဖက်မှာလည်း ဘွန်နီဖေ့ လေးကို ပြန်လိုချင်တဲ့ အဒေါ်ဇနီးမောင်နှံဟာ စုံထောက် ဗစ်တာကို အလုပ်အပ်ပြီး ဘွန်နီဖေ့ လေးကို လိုက်ရှာနေခဲ့ပါတယ်။ ဒီဇာတ်ကားလေးမှာတော့ ဘွန်နီဖေ့ တို ညီအစ်ကိုနှစ်ဦး ဘယ်လိုတွေကြုံတွေ့ရမလဲ၊ စုံထောက်ဗစ်တာနဲ့ရော ဘယ်လိုတွေဇာတ်လမ်းသွားကြမလဲ၊ ဗင်းနစ်မြိုရဲ့ အခက်အခဲတွေကိုရော ဘယ်လိုရင်ကြရမလဲဆိုတာကို ပေါ့ပေါ့ပါးပါးလေး ကြည့်ရှုကြရမှာပါ။File ...
movie
The Thief Lord (2006)
6.6
Scoop (2006)
Scoop (2006)မင်းသားကြီး Hugh Jackman နဲ့ မင်းသမီး Scarlett Johansson တို့ တွဲဖက်သရုပ်ဆောင်ထားတဲ့ Crime Fantasy ကားလေးပါပဲ။ Hugh Jackmanရဲ့ ငယ်ရွယ်ခံညားမှုနဲ့အတူ Scarlett Johanssonရဲ့ မျက်မှန်လေးနဲ့ ကျောင်းသူပုံစံယဥ်ယဥ်လေးကို မြင်တွေ့ရမှာပါ။သူတို့နှစ်ယောက်ကြားဆက်သွယ်ချက်က ဘယ်လိုလဲဆိုတော့ မင်းသားက တော်ဝင်မျိုးနွယ်၊ ကျိကျိတက် ချမ်းသာတဲ့၊ ဂုဏ်သတင်းမွှေးတဲ့ နိုင်ငံရေးသမား ... မင်းသမီးကတော့ သတင်းစာပိုင်းအထူးပြုကျောင်းသူလေး ...ကံစပ်ချင်တော့ သေဆုံးပြီးသား ဝိညာဥ်တစ်ယောက်က မင်းသမီးကို ကွင်းဆက်လူသတ်သမားတစ်ယောက်အကြောင်း သတင်းလာပေးပါတယ်။ ဝိညာဥ်ကလာပြောတာဆိုတော့ ယုံရခက်ခက်ပေါ့။ သတင်းကလည်း လူရည်မွန်လေးဖြစ်တဲ့ မင်းသားကိုမှ လူသတ်သမားတဲ့။မင်းသမီးကလည်း သတင်းထောက်ဖြစ်ချင်သူပီပီ ဒီအကြောင်းကို အသွင်ယူစုံးစမ်းဖို့ မင်းသားနား ချဥ်းကပ်ရင်းက...တရားခံနဲ့မှ ချစ်မိသွားတဲ့ Scarlett Johanssonလေးရဲ့ သရုပ်ဆောင်ပုံကို တဝကြီးမြင်တွေ့ရမှာပါ။ ငယ်ရွယ်သူအချစ်က တကယ်မျက်ကန်းနိုင်ပါတယ်။ သို့ပေမဲ့ ချမ်းသာပြီး တော်ဝင်မျိုးနွယ် ဂုဏ်သရေရှိတဲ့ လူချောလေး Hugh Jackman ...
movie
Scoop (2006)
7
Munich: The Edge of War (2022)
ဒီရုပ်ရှင်ဟာ ၂၀၁၇ တုန်းက Gary Oldman ကြီး အော်စကာတွေသိမ်းပိုက်ခဲ့တဲ့ The Darkest Hour ဆိုတဲ့ ဒုတိယကမ္ဘာစစ်ရုပ်ရှင်ရဲ့ ရှေ့ကား ( Prequel) ဆိုပြီးပြောနေကြတယ်..ပထမကမ္ဘာစစ်အပြီးနောက်ပိုင်း နာဇီတို့အင်အားကြီးလာပြီး ဟစ်တလာအာဏာအထွတ်အထိပ်ရောက်နေချိန် ဖြစ်ပါတယ်။ ဂျာမနီရဲ့ တိုးပွားလာတဲ့ လူဦးရေ ၈၅ သန်းကျော်နဲ့အတူ ဂျာမနီပြည်ထောင်သစ်အတွက် နယ်မြေချဲ့ထွင်ဖို့ ဟစ်တလာရဲ့ကြွေးကြွော်သံတွေနဲ့ ဂျာမန်သားတွေလည်း သွေးဆူနေခဲ့ပြီဖြစ်ချင်တော့ ချက်ကိုစလိုဗားကီးယားရဲ့ ဆူဒန်တေနယ်မြေအရေးဟာ ပေါ်ပေါက်လာတယ် ဆူဒန်တေဆိုတာ ချက်ကိုစလိုဗားကီးယားနဲ့ဂျာမနီကြားက နယ်စပ်နယ်မြေဖြစ်ပါတယ် ဒီနယ်မြေကို ဂျာမနီနဲ့ ချက် ၂ နိုင်ငံလုံးက လက္မလွှတ်နိုင်ကြတဲ့အတွက် ဟစ်တလာကတော့ အင်အားသုံးပြီး ချက်ကိုစစ်ကြေြငာဖို့အသင့်ဖြစ်နေပါပြီ ဒါပေမယ့် ချုပ်ဆိုထားတဲ့သဘောတူညီမှုအတိုင်း ချက်နဲ့ဂျာမန်စစ်ဖြစ်တာနဲ့ ဗြိတိန်၊ပြင်သစ်တို့ကပါ မဟာမိတ်နိုင်ငံများစည်းမျဉ်းရ ချက်ဘက်က ဝင်ရောက်တိုက်ခိုက်ပေးရမှာပါ....နာဇီတွေနဲ့စစ်မဖြစ်ချင်တဲ့ ဗြိတိန်ဝန်ကြီး နဗလီချိန်ဘာလိန်ဟာ မြူးနစ်ကိုသွားပြီး ဟစ်တလာနဲ့တွေ့ကာ ဆူဒန်တေဒေသကို ဂျာမန်လက်ထဲထည့်ဖို့သဘောတူစာချုပ်ချုပ်လိုက်ပါတယ်ဒါ့အပြင် ဟစ်တလာနဲ့ချိန်ဘာလိန်ဟာ ဂျာမနီ-အန်ဂလို ဆိုတဲ့ ဗြိတိန်နဲ့ဂျာမနီ ၂ နိုင်ငံ ထာဝရငြိမ်းချမ်းရေး သဘောတူညီမှုကိုပါ တမင်ယူခဲ့ပါတယ် ဒါကိုလုပ်ခဲ့တဲ့အကြောင်းက ဟစ်တလာက ဒီသဘောတူညီမှုကို ဖောက်တာနဲ့ မဟာမိတ်နိုင်ငံများအသင်း တစ်ဖွဲ့လုံး ဂျာမန်ကိုအာခံကြတော့မှာပါ... ဒါပေမယ့် ...
movie
Munich: The Edge of War (2022)