Channel Myanmar

Rob Reiner

The Story of Us (1999)
The Story of Us (1999) အခုဇာတ်ကားလေးကတော့ အက်ရှင်ဇာတ်ကြမ်းတွေရဲ့မင်းသားကြီး Bruce Willisရဲ့ ၁၉၉၁က ထွက်လာတဲ့ Drama Romanceလေးပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ဘန်နဲ့ ကေတီတို့က အိမ်ထောက်သက်ဆယ့်ငါးနှစ်ကျော်ရှိပြီဖြစ်တဲ့ ဇနီးမောင်နှံနှစ်ယောက်ပါ။ သူတို့မှာ ဂျော့နဲ့အယ်ရင်လို့ခေါ်တဲ့ ကလေးနှစ်ယောက်လည်းရှိကြပါတယ်။ ဒါပေမဲ့ ဇနီးမောင်နှံတွေရဲ့ ထုံးစံအတိူင်း အိမ်ထောင်သက်ကြာလာတာနဲ့ ရန်ဖြစ်တာတွေ၊ ကတောက်ကဆဖြစ်တာတွေကြောင့် သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးကပိုပြီး အေးစက်လာကြပါတော့တယ်။ အဲ့လိုနဲ့ပဲ တဖြည်းဖြည်းနဲ့ နှစ်ယောက်သာ ဝေးကွာသွားကြရင်း ကွာရှင်းဖို့အထိပါ ဖြစ်ကုန်ကြပါတော့တယ်။ ဒါပေမဲ့ အိမ်ထောင်ရေးတစ်ခုကို ရပ်တန့်လိုက်ဖို့ကတော့လွယ်ပေမဲ့ တည်ဆောက်ဖို့ကတော့ ခက်ပါတယ်။ နှစ်ယောက်သား သူတို့ရဲ့ အိမ်ထောင်ရေးကို ပြန်ပြီး အသက်သွင်းဖို့ကြိုးစားကြရပါတယ်။ကံကြမ္မာနဲ့အချစ်တစ်ခုကြောင့် ပေါင်းဖက်လာကြတဲ့ လူနှစ်ယောက် သဘောမတူညီမှုတွေ၊ အခက်အခဲတွေကြားထဲမှာ အတူတူရှိနေမယ့်လူတစ်ယောက်ကို ရထားတာ ဘယ်လောက်တောင်ကံကောင်းလဲဆိုတာကို နားလည်သွားဖို့ ကြိုးစားကြတဲ့ ဇာတ်လမ်းကောင်းလေးလည်းဖြစ်ပါတယ်။ ပြသာနာတွေကြားကအိမ်ထောင်ရေးတစ်ခုမှ အချစ်ကို ဘယ်လိုပြန်ရှာဖွေကြမလဲဆိုတာကို ပြသထားတဲ့ အချစ်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါပဲ။File size… (1.8 GB) / (905 MB) Quality….HEVC ...
movie

The Story of Us (1999)

Misery (1990) 7.8
Misery (1990) စာရေးဆရာကြီး Stephen Kingရဲ့ Miseryဝတ္ထုကိုပြန်ရိုက်ထားတဒီရုပ်ရှင်ဟာ Horrorရုပ်ရှင်တွေထဲမှာတော့ပြောစမှတ်တွင်ခဲ့တဲ့ရုပ်ရှင်ပါ။ဒီဇာတ်ကားထဲက စိတ္တဇအမျိုးသမီးကြီးနေရာကသရုပ်ဆောင်တဲ့မင်းသမီးကြီး Kathy Batesလဲ ဒီဇာတ်ကားနဲ့ပဲ အော်စကာဆု၊ရွှေကမ္ဘာလုံးဆုတွေ ရခဲ့ပါတယ်။ဇာတ်လမ်းအကျဉ်းစာရေးဆရာ ပေါလ်ရှယ်ဒန်က မစ္စရီဆိုတဲ့အမျိုးသမီးဇာတ်ကောင်အကြောင်းအသားပေးရေးထားတဲ့လုံးချင်းဝတ္ထုတွဲတွေနဲ့ လူကြိုက်များအောင်မြင်တဲ့ စာရေးဆရာကြီးတစ်ယောက်ပေါ့။ဒါပေမယ့် ကြာလာတော့ မစ္စရီအကြောင်းရေးရတာငြီးငွေ့လာလို့ ပေါလ်ရှယ်ဒန်ကသူ့ရဲ့နောက်ဆုံးထွက် မစ္စရီဝတ္ထုမှာ မစ္စရီဇာတ်ကောင်ကို သတ်ပစ်လိုက်တယ်။ပြီးတော့သူ့ရဲ့ ဝတ္ထုအသစ်ကို လူသူမနီးတဲ့ဟိုတယ်လေးမှာသွားရေးနေတုန်း သူ့သမီးလေးမွေးနေ့အတွက်နယူးယောက်ကိုပြန်အလာမှာ နှင်းမုန်တိုင်းမိပြီးကားမှောက်သွားခဲ့တယ်။ခြေတွေလက်တွေနံရိုးတွေကျိုးပြီး နှင်းမုန်တိုင်းထဲမှာသတိလစ်ပြီးသေစစဖြစ်နေတဲ့ သူ့ကို အန်နီဝစ်ဆိုတဲ့ မိန်းမကြီးကကယ်ဆယ်ပေးခဲ့ပါတယ်။သတိရလာတော့ သူ့ကိုကယ်ခဲ့တဲ့အန်နီဝစ်ကသူနာပြုဟောင်းတစ်ယောက်ဖြစ်တဲ့အပြင်သူ့ရဲ့မစ္စရီဝတ္ထုတွေကိုအရူးအမူးစွဲလမ်းအားပေးတဲ့အကြီးစားပရိတ်သတ်တစ်ယောက် ဖြစ်နေတာကြောင့်စိတ်သက်သာရာရခဲ့ပေမယ့်လဲ....စာရေးဆရာဟာ တဖြေးဖြေးနဲ့ဆိုသလိုအန်နီဝစ်ရဲ့ပုံမှန်မဟုတ်တဲ့အပြုအမူတွေကို သတိထားမိလာပါတယ်။ဒါ့အပြင် အန်နီဝစ်ဟာ မစ္စရီဇာတ်ကောင်ကိုပုံမှန်ထက်ပိုပြီးချစ်ခင်စွဲလမ်းနေတာကိုလဲသတိထားမိလာပြီး...နောက်ဆုံးထွက်မစ္စရီစာအုပ်မှာ မစ္စရီသေသွားတာကို အန်နီဝစ်တစ်ယောက်သိသွားချိန်မှာ...ဒီဇာတ်ကားဟာ သွေးသံရဲရဲအခန်းတွေကြမ်းတမ်းတဲ့အသုံးအနှုံးတွေ ပါဝင်တာကြောင့်R ratedသတ်မှတ်ထားပါတယ်။Horrorရုပ်ရှင်တွေ မကြိုက်ရင်တောင်ဒီကားက Horror,Drama,psycho thrillerအချိုးကျကျပေါင်းစပ်ထားပြီးKathy Batesရဲ့ လက်ဖျားခါလောက်တဲ့ သရုပ်ဆောင်ပီပြင်မှုတွေကြောင့်ကြည့်ကိုကြည့်သင့်ပါတယ်။ယုတ္တိမရှိ ပေါပေါပဲပဲ jump scareတွေတစ်ကွက်မှမပါပဲ ကြည့်ရတဲ့သူကို ရင်တလှပ်လှပ်ဖြစ်စေမှာပါ။ဒါကြောင့် Horrorရုပ်ရှင်တွေကိုမြတ်နိူးသူတွေအဖို့Miseryဟာလုံးဝစိတ်ပျက်စေရမှာမဟုတ်ကြောင်း ကတိပေးလိုက်ရပါတယ်  File Size :  14 GB, 3.3 GB, 1.5 GB Quality ...
movie

Misery (1990)

1990
4K HEVC
Primary Colors (1998) 6.7
Primary Colors (1998) Primary Colors (1998)~ IMDb - 6.7/10, Rotten Tomatoes - 80% ~70s, 80s ခုနှစ်ပိုင်းက Icon တစ်ယောက်ဖြစ်တဲ့ ဂျွန်ထရာဗိုတာအပြင် Emma Thompson နဲ့ Kathy Bates တို့လို ဝါရင့်သမ္ဘာရင့်မင်းသမီးကြီးတွေလည်း ပါ၀င်ထားပြီး အော်စကာဆုအတွက်ပါ ဆန်ခါတင် ဆုနှစ်ခု၀င်ခဲ့တဲ့ ၁၉၉၈ ခုနှစ်ထွက် Comedy, Drama အမျိုးအစား အဟောင်းအကောင်းဇာတ်ကားတစ်ကားပါ။အမေရိကန်နိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲအကြောင်းနဲ့ မဲဆွယ်ပုံတွေအကြောင်းကို အသားပေးပြီး ရိုက်ကူးထားတာပါ။ 1996 မှာထွက်ခဲ့တဲ့ အမည်မသိဆောင်းပါးရှင်ရဲ့ နိုင်ငံရေး၀တ္ထုဖြစ်တဲ့ "Primary Colours: A Novel of Politics" ကို ပြန်ရိုက်ထားတာဖြစ်ပြီး အဲဒီ၀တ္ထုကလည်း အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်ရဲ့ ၁၉၉၂ ခုနှစ် ရွေးကောက်ပွဲမဲဆွယ်မှုအကြောင်းရေးသားထားတယ်လို့ဆိုကြပါတယ်။ဇာတ်ကားထဲမှာတော့ ရွေးကောက်ခံအမတ်လောင်းတွေကြားက ညစ်ပတ်တဲ့ကစားကွက်တွေ၊ အချင်းချင်းချောက်ချတာတွေ ပါဝင်ပြီး နိုင်ငံရေးဆိုတာ ...
movie

Primary Colors (1998)

1998
The Wolf of Wall Street (2013) 8.2
The Wolf of Wall Street (2013) The Wolf of Wall Street (2013)IMDb Rating (8.2) / Rotten Tomatoes (80%)The Wolf of Wall Street ဆိုတာက ဖြစ်ရပ်မှန်အတ္ထုပ္ပတ္တိကိုပြန်ရိုက်ထားတာ...အခုထိ သက်ရှိထင်ရှားရှိနေသေးတဲ့ Jordan Belfort ဆိုတဲ့ဆရာသမား စတော့ရှယ်ယာဈေးကွက်မှာ ဘယ်လိုတွေ လူလည်ဖျံကျပုံ...အချိန်တိုအတွင်း ငွေတွေဒလဟောဝင်ပြီး ဘယ်လိုတွေချမ်းသာသွားပုံ...ချမ်းသာလွန်ပြီး ဘာတွေဆက်ဖြစ်သွားပုံစတဲ့ သူ့ဘဝဇာတ်ကြောင်းကိုရိုက်ထားတာ...မင်းသား လီယိုနာဒိုက Jordan Belfort နေရာကနေ သရုပ်ဆောင်ထားပြီး ဇာတ်ကားရဲ့နောက်ဆုံးပိုင်းမှာ Jordan Belford ကိုယ်တိုင်လဲ ဝင်ရိုက်ထားသေးတယ်။မင်းသမီးက Margot Robbie ...သိတဲ့အတိုင်း ဒီဇာတ်ကားမှာရှယ်ဟော့တာ..သူများလင်ယူထားတဲ့ အငယ်အနှောင်းပုံစံနဲ့ ဟော့တယ် ထိတယ်မိတယ်ပေါ့။သူမက အဲ့ကာလက တက်သစ်စမင်းသမီးပဲရှိသေးပေမယ့် ဒီဇာတ်ကားမှာ အဟော့ခန်းတွေ အဖော်အချွတ်ခန်းတွေပါမကျန် ဇာတ်နဲ့ကျရာဇာတ်ရုပ်ကို ပီပြင်စွာရိုက်ကူးသရုပ်ဆောင်ခဲ့တာကြောင့် တခါထဲ နာမည်ကြီးမင်းသမီးတန်းဝင်သွားပါတယ်။မင်းသားလီယိုနာဒိုကတော့ ပြောမနေနဲ့တော့...သူ့ကြောင့်ပဲ ဒီရုပ်ရှင်ကား ဒီလောက်ကောင်းသွားတာ..Jordan Belfort တောင် ...
movie

The Wolf of Wall Street (2013)

2013
4K HEVCHDR
The Majestic (2001) 6.9
The Majestic (2001) The Majestic (2001)~ IMDb - 6.9/10, Rotten Tomatoes - 42% ~ဒီရုပ်ရှင်နဲ့ ပတ်သက်ရင် ပြောစရာတွေများပါလိမ့်မယ်။ ဝေဖန်သံဆူသလောက် ချီးမွမ်းသံညံခဲ့တဲ့ရုပ်ရှင်ပါ။ The Shawshank Redemption, The Green Mile နဲ့ The Mist တို့ရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာကြီး Frank Darabont လက်ရာကို အသည်းစွဲခဲ့ဖူးတဲ့လူတွေကတော့ "ဆရာကြီး ခင်ဗျားဒီတစ်ခါ နည်းနည်းလက်ချော်သလိုပဲနော်" လို့ ပြောချင်ကြမှာပေါ့။ အနုပညာလက်ရာအားဖြင့်ဆိုတာထက် အပေါ်ကလို Box Office မှာ ဝင်ငွေအရကော အနုပညာအရပါ အောင်မြင်ခဲ့တဲ့ကားတွေကိုရိုက်ခဲ့တဲ့ ဒါရိုက်တာကြီးက Jim Carrey ကို မင်းသားတင်ရိုက်တာတောင် ဝင်ငွေအရ 49 သန်းလောက် ရှုံးခဲ့လို့ပါတဲ့လေ။ရုပ်ရှင်ကားတစ်ကားကို ဝေဖန်ဖို့ Box Office လေးတစ်ခုတည်းကိုပဲ ကြည့်လို့မရမှန်း အနည်းနဲ့အများတော့လက်ခံကြမှာပါ။ လူတွေရဲ့အမြင်နဲ့ရပ်တည်ချက်တွေကိုတော့ ...
movie

The Majestic (2001)

2001
Sleepless in Seattle(1993) 7.0
Sleepless in Seattle(1993) Sleepless in Seattle(1993) အညွှန်း****************************မင်းသားကြီး Tom Hanks အဓိကပါဝင်ထားတဲ့ဇာတ်ကားဆိုတော့ အညွှန်းတောင်ဖတ်စရာမလိုဘဲ ကြည့်သင့်ပါတယ်..ပြီးတော့ဒီကားက အော်စကာ ဆု(၂)အတွက်ဆန်ကာတင်စာရင်းဝင်ခဲ့သလိုအခြားဆုများစွာလည်းရရှိခဲ့ပါတယ်..အချစ်ဆိုတာကို လူတွေဘယ်လိုခံယူကြသလဲဗျ။တကယ်တမ်းဖြစ်စဉ်ကတော့ Samဟာ ချစ်ရတဲ့ဇနီးဆုံးသွားလို့ သားလေးတစ်ယောက်နဲ့အတူဝမ်းနည်းစွာ ကျန်ရစ်ခဲ့ရှာပါတယ်။ နေထိုင်ရာချီကာဂိုတစ်မြို့လုံးဟာ သွားလေသူချစ်သူရဲ့ပုံရိပ်တွေပြည့်နှက်နေတာကြောင့် သူ့အကြောင်းမတွေးမိအောင်ဆီယာတယ်ဆိုတဲ့ မြို့အသစ်ကို ပြောင်းရွှေ့သွားပါတယ်။ ဒါပေမဲ့ Samရဲ့သားလေး Jonahကတော့ မြို့အသစ်ကိုပြောင်းလာပေမယ့်အဖေဖြစ်သူဟာ ပူဆွေးမြဲပူဆွေးနေတာကြောင့် စိတ်ပညာအကြံပေးဖုန်းဖြေကြားလေ့ရှိတဲ့ရေဒီယိုအစီအစဉ်ကို ဖုန်းဆက်ပြီး သူ့အဖေကို မိန်းမအသစ်ရှာပေးဖို့ အကူအညီတောင်းပါတော့တယ်။ဒီတော့ရေဒီယိုအစီအစဉ်က ဖြေကြားသူဆရာဝန်ဟာ သူ့အဖေကို ဖုန်းပေးခိုင်းပြီး ဆွေးနွေးပါတယ်။အဲ့ဒီနောက် ဘာတွေဆက်ဖြစ်မလဲဆိုတာကို့တော့..ဇာတ်လမ်းလေးကလည်း ဆွဲဆောင်မှုရှိတဲ့အပြင်သီချင်းလေးတွေကလည်း အရမ်းကောင်းလို့ နောင်တမရအောင် ကြည့်ဖြစ်အောင်ကြည့်ပါလို့ တိုက်တွန်းပါရစေ။File Size :(2.7GB) (730MB) and (313 MB) Quality : Blu-Ray1080P5.1ch, 720p Format…mp4 Duration…01:45:00 Genre : Romance , Drama, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie

Sleepless in Seattle(1993)