Channel Myanmar

Rita Minor

Dunston Checks In 5.4
Dunston Checks In Dunston Checks In (1996) IMDB : 5.4 Rotten Tomatoes: 17%Genre :Family/Comedy Dunston Checks In (1996)ကတော့ ဘဝအမောကိုခဏလောက်ပြေပျောက်သွားစေမယ့်ဟာသဇာတ်လမ်းလေးတစ်ခုဖြစ်ပါတယ်။ ဟာသဇာတ်မြူးလေးမလို့မိသားစုနှင့်ဖြစ်စေ တစ်ဦးတည်းဖြစ်စေ ကြည့်ရှုလို့ရမှာဖြစ်ပါတယ်။ဇာတ်ညွှန်းရော်ဘတ်ဆိုတာကတော့ Majestic ကြယ်ငါးပွင့်ဟိုတယ်ကြီးရဲ့မန်နေဂျာတစ်ယောက်ဖြစ်ပါတယ်။ သူ့မှာ သားနှစ်ယောက်ရှိပြီးအဆိုပါဟိုတယ်ထဲမှာပဲ အတူတူနေထိုင်ကြတာဖြစ်ပါတယ်။သားနှစ်ယောက်ကလည်း အတော်မွှေတယ်ဆိုပါတော့။La Monde ခရီးသွားအဖွဲ့အစည်းကနေပြီး ကိုယ်စားလှယ်တစ်ယောက်လျှို့ဝှက်စေလွှတ်ကာ ကြယ်ငါးပွင့်ဟိုတယ်တိုင်းကို ကြယ် ၆ ပွင့်တိုးပေးမယ်ဆိုပြီး ဟိုတယ်ပိုင်ရှင်က မန်နေဂျာ ရော်ဘတ်ကိုပြောခဲ့ပါတယ်။ဖြစ်ချင်တော့တစ်ရက်မှာ မျောက်တစ်ကောင်နဲ့လူတစ်ယောက်ရောက်လာခဲ့ပါတယ်။ရည်ရွယ်ချက်ကတော့ မျောက်ကိုခိုင်းပြီးလက်ဝတ်လက်စားတွေခိုးယူဖို့ဖြစ်ပါတယ်။သူဟာမျောက်ကိုလူမသိအောင်ခိုးသယ်လာခဲ့ပေမယ့်သတိထားမိသူတစ်ယောက်ရှိနေခဲ့ပါတယ်။အဲဒါကတော့ ရော်ဘတ်ရဲ့ သားအငယ်ကောင်ဖြစ်ပါတယ်။ ဒီလိုနဲ့ La Monde က ကိုယ်စားလှယ်ရောက်လာချိန်မှာမျောက်ကလည်း ဟိုတယ်ထဲပတ်မွှေနေပါပြီ။ဘယ်လိုအလွဲတွေဖြစ်မလည်းဆိုတာကိုတော့ဆက်လက်ရှုစားလိုက်ကြပါခင်ဗျာ။    File size…    3.7 GB /  1.3 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 29m Genre ..... Family / Comdey Subtitle…. Myanmar ...
movie

Dunston Checks In