Channel Myanmar

Ridwan Roull Rohaz

Harlot’s Prayer (2024) Tuhan, Izinkan Aku Berdosa 7.4
Harlot’s Prayer (2024) Tuhan, Izinkan Aku Berdosa  Harlot's Prayer (2024)Original title: Tuhan, Izinkan Aku BerdosaIMDB Rating (7.4) ထိ ရရှိထားပြီး ဒါရိုက်တာ Hanung Bramantyo က ရိုက်ကူးတင်ဆက်ထားပါတယ်။ကီရန်ဟာ ဘာသာတရားကိုင်းရှိုင်းတဲ့ ကျောင်းသူလေးတစ်ယောက်ဖြစ်တယ်။ဒါပေမဲ့ သူမရဲ့ဘာသာရေးအပေါ်အလေးအနက်ထားမှုကပဲ သူမဘဝကို တစ်ဆစ်ချိုးပြောင်းလဲစေခဲ့ပါတယ်။ဘာသာရေးအရေခြုံပြီး နောက်ကွယ်မှာ မကောင်းမှုတွေကိုလုပ်နေတဲ့ ကြောင်သူတော်တွေကိုမြင်ပြီးနောက်ကီရန်တစ်ယောက် သူတို့ရဲ့မကောင်းသတင်းတွေကို‌ လူအများရှေ့မှာဖွင့်ချဖို့အတွက် ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။ဒါပေမဲ့ ရွေးချယ်လိုက်တဲ့လမ်းက အရမ်းခက်ခဲကြမ်းတမ်းပြီး ကီရန့်အတွက် အသက်အန္တရာယ်ပါရှိလာပါတော့တယ်။ရဲရင့်တဲ့ကီရန်လေး အများနဲ့တစ်ယောက်ဘယ်လိုရင်ဆိုင်မလဲဆိုတာ စိတ်ဝင်တစားကြည့်ရှုရမဲ့ အင်ဒိုနီးရှားဘာသာရေးကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ Khant Sett Naing ဖြစ်ပါတယ်။)File size…(1.7 GB) / (780 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Thriller Duration….01:53:58 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Khant Sett Naing
movie

Harlot’s Prayer (2024) Tuhan, Izinkan Aku Berdosa

2024
Grave Torture (2024) 7.1
Grave Torture (2024)  အခုတင်ဆက်ပေးမဲ့ Horror ဇာတ်ကားလေးကတော့ တွေ့မြင်နေကျHorror ကားတွေနဲ့မတူဘဲ တစ်မူကွဲထွက်နေတဲ့ အင်ဒိုနီးရှားဇာတ်ကားလေးပဲဖြစ်ပါတယ်။ဇာတ်ကားနာမည်ကတော့ Siksa Kubur(Grave Torture) ဖြစ်ပြီး IMDb Rating 7.1 အထိ ထိုက်ထိုက်တန်တန်ရရှိထားပါတယ်။အစ္စလာမ်တွေမှာအရင်တုန်းက ဇာတ်ကားနာမည်အတိုင်းအုတ်ဂူနှိပ်စက်ခြင်းဆိုတဲ့ အယူအဆတစ်ခုရှိခဲ့ပြီး လက်ရှိယုံကြည်နေတဲ့ဘာသာဝင်တွေလည်း ရှိပါသေးတယ်။အုတ်ဂူနှိပ်စက်ခြင်းကဘာလဲလို့ဆိုရင်တော့ အသက်ရှင်စဉ်မှာအပြစ်တွေအများကြီးလုပ်ခဲ့တဲ့ အပြစ်သားတစ်ယောက်က သေဆုံးသွားရင်မင်းဘာဘုရားကိုကိုးကွယ်လဲလို့မေးတဲ့အခါ ယုံကြည်ခြင်းမရှိလို့အလ္လာလို့မဖြေနိုင်တဲ့အခါ ကြီးမားတဲ့နှိပ်စက်ခြင်းတွေကိုအုတ်ဂူထဲမှာတင်ခံစားရတယ်ဆိုတဲ့ အယူအဆဖြစ်ပါတယ်။အဲ့ဒီအယူအဆအပေါ်မှာအခြေခံပြီး ဒီဇာတ်ကားကိုရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ဆီတာနဲ့အာဒေးလ်ဆိုတဲ့ မောင်နှမ ၂ ယောက်က မိဘဖြစ်သူတွေနဲ့မုန့်ဖုတ်ဆိုင်လေးဖွင့်ပြီး ပျော်ပျော်ရွှင်ရွှင်နေနေကြတဲ့ မိသားစုဖြစ်ပါတယ်။စီးပွားရေးတွေ ကျဆင်းနေပေမဲ့ ပျော်ပျော်နေတတ်တဲ့ မိသားစုလေးအပေါ်မှာ တစ်နေ့မှာတော့ကြမ္မာငင်လာခဲ့ပါတော့တယ်။အဲ့ဒါကတော့အထက်မှာပြောခဲ့တဲ့ အုတ်ဂူနှိပ်စက်ခြင်းကိုယုံကြည်ပြီး ကြောက်ရွံ့နေတဲ့လူတစ်ယောက်ရဲ့အသေခံဗုံးခွဲမှုကြောင့် သူတို့ရဲ့မိဘနှစ်ပါးဆုံးပါးသွားခဲ့ရတာပဲဖြစ်ပါတယ်။ဒီလိုနဲ့ဆီတာနဲ့အာဒေးလ်လည်း မိဘမဲ့တွေဖြစ်လာကြပြီးအစ္စလာမ်ဘော်ဒါကျောင်းတစ်ခုမှာ နေခဲ့ရပါတော့တယ်။ဒါပေမယ့် ဆီတာ့စိတ်ထဲမှာတော့ အဲ့ဒီအုတ်ဂူနှိပ်စက်ခြင်းဆိုတာကြီးကိုမုန်းတီးနေခဲ့ပြီးတကယ်မရှိကြောင်းသက်သေပြဖို့ ကြိုးစားရင်းနဲ့ အသက်ကြီးလာတဲ့အခါမှာတော့ အဲ့ဒီအရာကြီးတကယ်မရှိဘူးဆိုတာကိုသက်သေပြနိုင်ပါ့မလားဆိုတာကို စိတ်ဝင်စားစရာကောင်းစွာနဲ့ကြည့်ရှုရမဲ့ ကြည့်သင့်တဲ့Horror ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…1.62GB / 782MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 57m Genre ….. ...
movie

Grave Torture (2024)

Si Manis Jembatan Ancol 5.8
Si Manis Jembatan Ancol Bloodlust Beauty (2019) အင်ဒိုနီးရှားသရဲကားလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်ကားလေးက သရဲကားဆိုပေမယ့် တစ်ချို့နေရာလေးတွေမှာ ဟာသလေးတွေကိုလည်း ထည့်ရိုက်ပေးထားပါတယ် ဒါပေမယ့် လည်း Horror ဇာတ်လမ်းတစ်ပုဒ်ရဲ့ ရသကတော့ပျောက်မသွားပါဘူး ဇာတ်ကြောင်းလေးကတော့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဟာ သူ့လုပ်ငန်းမှာရင်းနှီးမြုပ်နှံဖို့အတွက် အကြွေးရှင်တွေဆီက ငွေတွေကိုချေး ခဲ့ပါတယ် ကံမကောင်းစွာနဲ့ပဲ သူ့ရဲ့လုပ်ငန်းဟာ မအောင်မြင်ဘဲဖျက်သိမ်းခံလိုက်ရပါတယ် အကြွေးရှင်တွေကသူတို့ရဲ့ ပိုက်ဆံပြန်ရဖို့ အတွက် သူ့ရဲ့မိန်းမနဲ့တခြားလူတစ်ယောက်ကိုပါ ဓားစာခံအဖြစ်ခေါ်သွားပါတယ် သို့ပေမယ့် နောက်တော့ လူယုတ်မှာတွေရဲ့ထုံးစံအတိုင်း ကောင်မလေးကို အဓမ္မကျင့်ပြီး မြစ်ထဲကိုပစ်ချလိုက်ပါတော့တယ်…….. အဲ့ဒီလိုတွေဖြစ်ပျက်ခဲ့ပြီးနောက် လူတွေက အငြိုးကြီးနေတဲ့ကောင်မလေးရဲ့ဝိညာဉ်ကို မကြာခဏတွေ့လာရတဲ့အခါမှာတော့…… တကယ်ကိုကြည့်ရတာ အဆင်ပြေတဲ့ သရဲကားလေးမို့ ကြည့်ဖြစ်အောင်ကြည့်ကြဖို့ထပ်ပြီးတိုက်တွန်းလိုက်ရပါတယ် ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Thet Hnin Hsu ပါ Translator : Thet Hnin Hsu Encoder : Thit San Khant Quality :720p Size : 846MB
movie

Si Manis Jembatan Ancol

2019