Channel Myanmar

Richard Waugh

The Score (2001) 6.8
The Score (2001) The Score ( 2001)IMDb Rating (6.8) / Rotten Tomatoes (74%)နာမည်ကြီးမင်းသားများပါဝင်ထားသောအမေရိကန်ဖောက်ထွင်းမှုဆိုင်ရာဂ န္တဝင်ဇတ်ကားကောင်းတစ်ကား.. ကနေဒါနိုင်ငံမွန်ထရီယယ်မြို့မှာနေတဲ့ နစ်ခ်ဝဲလ်(ရောဘတ်ဒီနီရိုးRobert De Niro)ဟာကနေဒါပြည်နယ်တွေသာမကပဲ အခြားနိုင်ငံများကမီးခံသေတ္တာတွေကိုပါဖောက်ထွင်းပြီးတန်ဖိုးကြီးပစ္စည်းတွေကို ခိုးယူသူဖောက်ထွင်းသမားတစ်ယောက်ဖြစ်ပါတယ်။မက်စ်(မာလွန်ဘရန်ဒို Marlon Brando)ကတော့ နောက်ကွယ်ကနေလိုတဲ့ငွေကြေးကိုထောက်ပံ့ပေးပြီးပစ္စည်းရလာတဲ့အခါဝယ်သူရှာပြီးဝေစုခွဲလေ့ရှိပါတယ်။နစ်ခ်က ဂျက်ဇ်ဂီတကလပ်ကိုပိုင်ပေမယ့်အကြွေးပေးဖို့ကျန်နေပါသေးတယ်။သူကလည်း ဒီအလုပ်ကနေအနားယူပြီးအေးအေးဆေးဆေး နေဖို့စိတ်ကူးထားပါတယ်။နစ်ခ်ရဲ့ချစ်သူဒိုင်ယန်း(အိန်ဂျယ်လာဘက်စ်ဆက်ထ် Angela Bassett)ကလည်းဒီအလုပ်ထပ်မလုပ်ဖို့ပြောလာပါတယ်။၂၅ နှစ်လုံးဖောက်ထွင်းမှုတွေလုပ်လာပြီး ဒီတစ်ခါနောက်ဆုံးပဲအချီကြီးကြံပြီးနစ်ခ်နဲ့မက်စ်တို့ဖောက်ထွင်းခိုးယူဖို့ကြံတဲ့ပစ္စည်းကသူတို့နေတဲ့မွန်ထရီယယ်မြို့ကအခွန်ကောက်ခွန်ရုံးမှာရှိနေတဲ့အခါနစ်ခ်ကမလုပ်ချင်ပေမယ့်မက်စ်ကိုငဲ့ပြီးလုပ်မယ်ဆုံးဖြတ်လိုက်ပါတယ်။နစ်ခ်တစ်ယောက်တည်းဒါကိုလုပ်လို့မရပဲအတွင်းလူတစ်ယောက်လိုလာတဲ့အခါဖောက်ထွင်းသမားလောကထဲကိုစဝင်လာတဲ့ ဂျက်ခ်ဆဲလား( အက်ဒဝပ်နော်တန်Edward Norton)နဲ့တွဲလုပ်ရဖို့ဖြစ်လာပါတယ်။သူတို့ဖောက်ထွင်းခိုးယူမှာကဘာပစ္စည်းလဲ ဘာတွေကို ဘယ်လိုအစီအစဥ်ဆွဲသလဲ ဘယ်လိုတွေဖောက်ထွင်းသလဲဆိုတာနဲ့မထင်မှတ်တဲ့အလှည့်အပြောင်းတွေကစိတ်ဝင်စားစရာကောင်းလို့ဖန်သားပြင်ပေါ်မှာဆက်ကြည့်ရှု့နိုင်ပါတယ်။ရုပ်ရှင်မှာစတန့်တွေ အထူးပြုလုပ်ချက်တွေမပါပဲ ဇတ်ကောင်စရိုက်ကိုပေါ်လွင်အောင်ပြနိုင်ပါတယ်။ဖောက်ထွင်းမှုဇတ်ကားတွေထဲမှာတော့ ဂန္တဝင်ဇတ်ကားတစ်ကားလို့သတ်မှတ်ထားကြပါတယ်။ဒါရိုက်တာ ဖရန့်ခ်အော့ဇ်(Frank Oz)ကရိုက်ကူးထားပါတယ်။မင်းသမီး အိန်ဂျယ်လာဘက်စ်ဆက်ထ်ကဆုနှစ်ခုအမည်စာရင်းတင်သွင်းခံရပြီး NAACP Image Award ဆုကိုဇတ်ပို့သရုပ်ဆောင်အနေနဲ့ရရှိခဲ့ပါတယ်။ငွေးကြေးအရလည်းအောင်မြင်တဲ့ဇတ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khin Sakar Khin ဖြစ်ပါတယ်။)File Size : 1.84GB / 930MB Quality : 1080p 5.1ch / 720p Duration : 02:04:00 Genre : Crime, Drama, Thriller Subtitle ...
movie

The Score (2001)

2001
One Week (2008) 7.0
One Week (2008) ဒီတစ်ခေါက် တင်ဆက်ပေးမယ့် ဇာတ်ကားလေးကဝောာ့ 2008ခုနစ်က ထွက်ရှိထားပြီး IMDb 7/10အထိရရှိထားတဲ့ Adventure/Drama အမျိုးအစား ဇာတ်ဂာားလေးပဲဖြစ်ပါတယ်အကယ်၍ မင်းမှာ တစ်လ၊ တစ်ပတ် ဒါမှမဟုတ် တစ်ရက်လောက်ပဲ အသက်ရှင်ခွင့်ရှိတော့မယ်ဆိုရင် ဘာလုပ်မလဲ။ဘန်ဟာ ကျောင်းဆရာတစ်ယောက်ဖြစ်ပြီး မကြာခင်မှာ ချစ်ရသူနဲ့ လက်ထပ်ဖို့ ပြင်ဆင်ထားသူတစ်ဦးပါ။ သာမန်လူတစ်ယောက် အနေနဲ့ ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းရင်း တစ်ရက်မှာတော့ သူ့မှာ ကင်ဆာရောဂါ အဆင့်လေးဖြစ်နေတယ်ဆိုတာ သိလိုက်ရပါတယ်။ ကုသပြီး အသက်ရှင်နိုင်ချေကတော့ ၁၀%ပါ။‌လောကကြီးမှာ အသက်ရှင်နိုင်ချေ ၁၀ပုံ ၁ပုံပဲရှိတော့တယ်ဆိုတာ သိ‌လိုက်ရတဲ့ ဘန်ဟာ သူ့အချိန်ကို ရိုးရှင်းစွာ ကုသမှုခံယူပြီး ချစ်ရသူတွေနဲ့ အချိန် မကုန်ဆုံးဘဲ ဆိုင်ကယ်တစ်စီးနဲ့ ခရီးထွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ဘန်တစ်ယောက် ကင်ဆာ နောက်ဆုံးအဆင့်မှာ ဘယ်လိုဆုံးဖြတ်ချက်တွေနဲ့ နေထိုင်သွားမှာလဲ။ သူ့ရဲ့ဆုံးဖြတ်ချက်တွေအတွက် နောင်တရနေမှာလား။အကယ်၍ ကျွန်‌တော်တို့ကရော တစ်ပတ်လောက်ပဲ အသက်ရှင်ရတော့မယ်ဆိုရင် ဘာလုပ်ကြမှာလဲ ဆိုတဲ့ ...
movie

One Week (2008)

The Princess and the Bodyguard(2022) 6.7
The Princess and the Bodyguard(2022) The Princess and the Bodyguard(2022)************************************ဒီတခါ ညွှန်းပေးချင်တဲ့ ကားလေးကတော့ တော်ဝင်မင်းသမီး‌လေးနဲ့သက်တော်စောင့်လေးတို့ရဲ့ကားပါ.. အယ်လက်စီယာဆိုတဲ့ တော်ဝင်မင်းသမီးလေးက ငယ်ငယ်ကတည်းကသာမန်ဘဝလေးနဲ့နေထိုင်လာခဲ့တာပါ။ဒါပေမယ့် တစ်နေ့မှာတော့သူမရဲ့ ၃၅နှစ်ပြည့်မွေးနေ့မှာ သူမရဲ့ မိဘတွေက ထီးနန်းဆက်ခံဖို့ကို အကြံပေးကြပါတော့တယ်.... သာမန်ဘဝလေးမှာ ပျော်နေပြီဖြစ်တဲ့ မင်းသမီးလေးအတွက် ခက်ခဲတဲ့ စိန်ခေါ်မှုတစ်ရပ်လို့ဆိုရမှာပါ..ဒါ့အပြင် ထီးနန်းပြည့်စုံဖို့ တော်ဝင်အိမ်ထောင်လည်းပြုရပေဦးမည်..ဒါတွေကိုရှေ့ဆက်ဖို့ သူမဟာ သူမရဲ့ သက်တော်စောင့်ဆီကနေ အကြံယူရင်းဆက်လျှောက်ရပါတယ်..အဲ့ဒီနောက်မှာတော့...File Size :(1.8GB)(805 MB) and (224MB) Quality : Blu-Ray 1080P,720p Format…mp4 Duration…01:29:00 Genre :Comedy, Romance, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Eric Encoded by Phyo Pyae
movie

The Princess and the Bodyguard(2022)

Possessed(2000) 5.2
Possessed(2000) Possessed(2000)================ဖာသာ ဘိုဒန် ဟာဒုတိယကမ္ဘာစစ် စစ်ပြန်တယောက်တဖြစ်လဲ ခရစ်ယာန်ဘုန်းတော်ကြီး။ စစ်အတွင်းပြင်သစ်မှာသူ မကယ်တင်လိုက်နိုင်တဲ့လူငယ်လေးတယောက်ကြောင့်နေ့နေ့ညညအရက်စွဲပြီးPTSDရခဲ့တယ်။ လက်ရှိ‌ကက်သလစ်တက္ကသိုလ်ရဲ့ ဘုရားကျောင်းမှာတာ၀န်ထမ်းနေရင်ကြုံတွေ့လာရတာက ရော်ဘီဆိုတဲ့ကောင်လေးရဲ့အဖြစ်အပျက်။ဒီ 11 နှစ်သားလေးဟာ မိုးမွှန်အောင်ဆဲဆိုရိုင်းစိုင်းနေသလိုသူ့ဘေးနားမှာသဘာ၀လွန်အဖြစ်အပျက်တွေကလည်းတသီချည်းဖြစ်နေတယ်။ ဒါကဘာဖြစ်တာလဲ?သိပ္ပံနည်းနဲ့လည်းအဖြေရှာမရဘူး။ နောက်ဆုံးမျှော်လင့်ချက်အနေနဲ့ရောက်လာတဲ့ရော်ဘီ့မိသားစုကို ဘိုဒန်ကူညီနိင်ပါ့မလား၂၀ရာစုဒီခေတ်ကြီးမှာဒီလိုအဖြစ်အပျက်တွေကို ကက်သလစ်ကျောင်းတော်ကြီးကရောသူတို့ကိုယုံကြည်ပါ့မလား။ဘိုဒန်ရဲ့ယုံကြည်မှုဘုရားသခင်ရဲ့သူ့အ‌ပေါ်စမ်းသပ်မှုတွေကိုအောင်မြင်နိုင်ပါ့မလားဆိုတာကိုရှုစားပေးကြပါဦးခင်ဗျာ....... File size…1.68GB / 803MB Quality…WEB-Rip 1080p  / 720p Format…mp4 Duration….1h 50m Genre ..... Horror , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman
movie

Possessed(2000)