Channel Myanmar

Richard Leduc

That Obscure Object of Desire (1977) Cet obscur objet du désir 7.8
That Obscure Object of Desire (1977) Cet obscur objet du désir  That Obscure Object of Desire (1977)IMDb Rating (7.8) / Rotten Tomatoes (97%) ပြင်သစ် Surrealist လှုပ်ရှားမှုတွေရဲ့အဓိကခေါင်းဆောင်တစ်ယောက်၊ Surrealism လက်ရာတွေရဲ့နာမည်ကျော်ဖန်တီးရှင် ဒါရိုက်တာကြီး Luis Buñuel ရဲ့နောက်ဆုံးလက်ရာတစ်ခုဖြစ်တဲ့ ဒီဇာတ်ကားဟာရုပ်ရှင်သမိုင်းမှာ ဂန္ဓဝင်လက်ရာတစ်ခုဖြစ်ပြီးအကောင်းဆုံး နိုင်ငံခြားဘာသာစကားပြောရုပ်ရှင်ဆုနဲ့အကောင်းဆုံးဇာတ်ညွှန်းဆုတို့အော်စကာ ဆန်ကာတင်ဝင်ခဲ့ပါတယ်။ဇာတ်လမ်းကတော့ အိမ်အကူအသစ်မိန်းမလှလေး ကွန်ချီတာကိုအရူးအမူးစွဲလန်းသွားမိတဲ့ ပြင်သစ်လူကုံထံတစ်ယောက်နဲ့ နားလည်ရခက်ပြီး ပဟေဠိဆန်တဲ့၊ သူ့ကိုအချိုတွေပေးလိုက် အဆိပ်တွေကျွေးလိုက် ဆက်ဆံတတ်တဲ့ ကွန်ချီတာတို့ရဲ့အကြောင်းကိုဟာသနှောပြီးတင်ဆက်ထားတာပါ။ကွန်ချီတာရဲ့ပဟေဠိဆန်တဲ့စရိုက်နှစ်မျိုးအဖြစ် ဇာတ်ကောင်တစ်ကောင်တည်းကို မင်းသမီးနှစ်ဦးက အလှည့်ကျသရုပ်ဆောင်ထားတာကလည်းထူးခြားချက်တစ်ခုပါပဲ။Surrealism အမျိုးအစားလို့ဆိုတဲ့အတွက်လည်း ဇာတ်လမ်းနဲ့မသက်ဆိုင်ဘူးလို့ထင်ရတဲ့ နိမိတ်ပုံတွေ ၊ ပြကွက်တွေကိုလည်းတွေ့မြင်ရပါလိမ့်မယ်။ မြည်းစမ်းကြည့်သင့်တဲ့ လက်ရာတစ်ခုပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)File size…(3.1 GB) / (1.3 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama,Romance Duration….01:44:35 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by ...
movie

That Obscure Object of Desire (1977) Cet obscur objet du désir

1977
That Obscure Object of Desire (1977) 7.9
That Obscure Object of Desire (1977) That Obscure Object of Desire (1977) IMDb (7.9).........Rotten Tomatoes (100%)ပထမဆုံးပြောချင်တာက Rating တွေကိုကြည့်လိုက်တာနဲ့ အောက်ကဘာဘာညာညာ ဘာအညွှန်းမှမဖတ်ဘဲ ဇာတ်ကားကိုအရင်ဆုံး ကြည့်သင့်နေပြီလို့ အကြံပြုပါရစေ။အညွှန်းမဖတ်ဘဲ ဇာတ်ကားကို အရင်ဆုံးကြည့်လိုက်တာက ဒါရိုက်တာက ပေးချင်တဲ့ရသကို အရိုးသားဆုံးခံစားရဖို့ရှိပြီးအညွှန်းဖတ်လိုက်ရင်တော့ ကျွန်တော့်ရဲ့ဘက်လိုက်မှုအရိပ်အယောင်တွေ ကိုယ်ပိုင်ခံစားချက်အရိပ်တွေ စွန်းထင်သွားနိုင်ပါတယ်။ဒီဇာတ်ကားက ပြင်သစ်-စပိန်ဇာတ်ကားပါ...မင်းသားက Fernando Rey ဖြစ်ပြီး မင်းသမီးကတော့ Bond Girls တွေထဲကတစ်ယောက်ဖြစ်တဲ့ Carole Bouquet နဲ့ Ángela Molina တို့ဖြစ်ပါတယ်..အားလုံးကတော့ တစ်ခေတ်တစ်ခါက နာမည်ကြီးတွေပါပဲ။ဒါရိုက်တာက Luis Buñuel ဖြစ်ပြီး သူနဲ့ပတ်သက်ပြီး အထူးသတိပေးထားလိုတာကတော့  သူရိုက်သမျှဇာတ်ကားတိုင်း နားလည်ရခက်တယ်ဆိုပြီး နာမည်တစ်လုံးနဲ့နေတာပါပဲ....ကံကောင်းတာက ဒီဇာတ်ကားမှာ သိပ်ပြီး ပညာစွမ်းမပြဘဲ ဖန်တီးထားသလို ဒီဇာတ်ကားဟာလဲ သူ့ဘဝရဲ့နောက်ဆုံးကားပါ..ဒီဇာတ်ကားရိုက်ပြီး  ၁၉၈၃ မှာကွယ်လွန်သွားခဲ့ပါတယ်။သူ့ရဲ့ဇာတ်ကားတိုင်းမှာ ဘယ်ကမှန်းမသိတဲ့ရသတစ်မျိုးကို အရှိအတိုင်းခံစားနေတတ်အောင် အစွမ်းပြတတ်တဲ့ ဒါရိုက်တာတစ်ယောက်ပါ။ ...
movie

That Obscure Object of Desire (1977)

1977