Channel Myanmar

Richard Farnsworth

The Wild One (1953) 6.7
The Wild One (1953)  "The Wild One" (1953) ဟာ အမေရိကန် မှုခင်းဒရာမာရုပ်ရှင်ဖြစ်ပြီး László Benedek မှ ဒါရိုက်တာအဖြစ် ရိုက်ကူးထားကာ Marlon Brando က အဓိကအဖြစ် သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းထဲမှာတော့ Johnny Strabler ဟာ Black Rebels Motorcycle Club လို့ခေါ်တဲ့ မော်တော်ဆိုင်ကယ်ဂိုဏ်းခေါင်းဆောင်တစ်ယောက်ပါ California ပြည်နယ်က Wrightsville မြို့လေးကို သူတို့တွေရုတ်တရက်ဝင်ရောက်လာချိန်မှာပဲ အေးချမ်းနေတဲ့မြို့လေးဟာ မအေးမချမ်းဖြစ်ခဲ့ရပါတယ်။နောက်ပိုင်း ပြိုင်ဘက်မော်တော်ဆိုင်ကယ်ဂိုဏ်းတစ်ခုလည်းဝင်လာပြီး မြိုသူမြိုသားတွေနဲ့ ရဲတွေကြား အကြမ်းဖက်မှုတွေပါ ဖြစ်ပေါ်လာတယ်။ အရှုပ်အထွေးတွေကြားထဲကပဲ Johnny ဟာ Kathie ဆိုတဲ့ကောင်မလေးကို တွေ့ပြီး စိတ်ဝင်စားသွားတယ်။ သူတို့ရဲ့ဆက်ဆံရေးကြောင့် Johnny ရဲ့ စိတ်သဘောထား နူးညံ့မှု၊ မိမိကိုယ်ကို ပြန်သုံးသပ်မှုတွေကိုပါ တွေ့မြင်လာရတယ်။သိုပေမဲ့လူ့အဖွဲအစည်းရဲ့ ဖိအားနဲ့ ယုံကြည်မှု လွှဲမှားမှုတွေကြောင့် ဘယ်လိုဒုက္ခတွေ၊ အဖြစ်ဆိုးတွေဖြစ်လာရမလဲဆိုတာတော့ ဒီ The ...
movie

The Wild One (1953)

The Straight Story (1999)
The Straight Story (1999) ဒီရုပ်ရှင်ကားက သူ့ နာမည်အတိုင်းပဲ Alvin Straight ဆိုတဲ့ စစ်ပြန်အဖိုးကြီး အကြောင်း ရိုက်ထားတာပါ။ သိပ်မကြာသေးခင်က ဆုံးပါးသွားတဲ့ ဒါရိုက်တာကြီး David Lynch ရဲ့ လက်ရာကောင်းတစ်ခုလည်းဖြစ်ပါတယ်။ Alvin Straight က အသက် ၇၀ကျော် ခေါင်းတအားမာပြီး လုပ်ချင်တာ ဇွတ်လုပ်တဲ့ အဖိုးကြီးပါ။ သူက Roseလို့ခေါ်တဲ့ သမီးတစ်ယောက်နဲ့ အတူ နေပါတယ်။ တစ်ရက်သူ့ဆီကို Wisconson မှာနေတဲ့ ညီဖြစ်သူက လေဖြတ်သွားပြီ ဆိုပြီး တူ ဖြစ်သူက အကြောင်းကြားလာပါတယ်။Alvin နဲ့ Lyle တို့ ညီအစ်ကိုက ရန်ဖြစ်ပြီး စကားမပြောတာ ၁၀ စုနှစ် တစ်ခုရှိပါပြီ။ သူ့ညီ သတင်းကြားတာနဲ့ Alvin က သူ့အိမ်က မြက်ရိတ်စက်ကြီးကို နောက်တွဲတစ်ခု ဆွဲပြီး သူ့ညီဆီခရီးထွက်ဖို့ပြင်ပါတော့တယ်။ သူကိုယ်တိုင် ကျန်းမာရေးမကောင်းတာကြောင့် သမီးဖြစ်သူက ...
movie

The Straight Story (1999)

Papillon (1973) 8.0
Papillon (1973) Papillon (1973)IMDb Rating (8.0) / Rotten Tomatoes (73 %)စာဂျပိုး တွေ ရဲ့ ဟီးရိုး သို့မဟုတ်ယောက်ျားတို့လုံ့လ သေကာမှလျှော့မယ့် ပါပီလွန် ❣️ ☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️ တစ်ပွဲတော့ ရှုံးခဲ့ပြီ။ သို့သော် နိုင်ခြင်း၊ ရှုံးခြင်း ဟူသည်မှာ ကိုယ့်နှလုံးသားထဲ၌ ခံယူတတ်မှု သဘောထားပေါ်၌ တည်၏။ ရှုံးခြင်း၏ ရလဒ်ကို ကိုယ်ကြံ့ကြံ့ခံနိုင်လျှင် ကိုယ့်ကိုရှုံးသူဟု မည်သူ ခေါ်နိုင်မည်နည်း။ ပါပီလွန် နှင့် ဗင်ဂို စာအုပ်မှ.......ပါပီလွန် နှင့် ဗင်ကို ☁️☁️☁️☁️☁️☁️ စာဖတ်သူ အတော်များများက သည်စာအုပ်ကို ဖတ်ကြည့်ပါဆိုပြီး တိုက်တွန်းလေ့ရှိတဲ့ စာအုပ်တစ်အုပ်ပါ။ ၁၉၈၂ ခုနှစ်က ဘာသာပြန်တဲ့ ဦးလှ၀င်း ( လေသူရဲတစ်ဦး ) ရဲ့ ဘာသာပြန်လက်ရာမွန် စာအုပ်ဖြစ်ပါတယ်။ မိတ်ဆက်ပေးချင်တဲ့ စာအုပ်နာမည်လေးကတော့ "ပါပီလွန် နှင့် ဗင်ကို" ဖြစ်ပါတယ်။ အတ္ထုပ္ပတ္တိ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ။ ပါပီလွန်ဆိုတာ ဘာလဲ ...
movie

Papillon (1973)

4K HEVC
Misery (1990) 7.8
Misery (1990) စာရေးဆရာကြီး Stephen Kingရဲ့ Miseryဝတ္ထုကိုပြန်ရိုက်ထားတဒီရုပ်ရှင်ဟာ Horrorရုပ်ရှင်တွေထဲမှာတော့ပြောစမှတ်တွင်ခဲ့တဲ့ရုပ်ရှင်ပါ။ဒီဇာတ်ကားထဲက စိတ္တဇအမျိုးသမီးကြီးနေရာကသရုပ်ဆောင်တဲ့မင်းသမီးကြီး Kathy Batesလဲ ဒီဇာတ်ကားနဲ့ပဲ အော်စကာဆု၊ရွှေကမ္ဘာလုံးဆုတွေ ရခဲ့ပါတယ်။ဇာတ်လမ်းအကျဉ်းစာရေးဆရာ ပေါလ်ရှယ်ဒန်က မစ္စရီဆိုတဲ့အမျိုးသမီးဇာတ်ကောင်အကြောင်းအသားပေးရေးထားတဲ့လုံးချင်းဝတ္ထုတွဲတွေနဲ့ လူကြိုက်များအောင်မြင်တဲ့ စာရေးဆရာကြီးတစ်ယောက်ပေါ့။ဒါပေမယ့် ကြာလာတော့ မစ္စရီအကြောင်းရေးရတာငြီးငွေ့လာလို့ ပေါလ်ရှယ်ဒန်ကသူ့ရဲ့နောက်ဆုံးထွက် မစ္စရီဝတ္ထုမှာ မစ္စရီဇာတ်ကောင်ကို သတ်ပစ်လိုက်တယ်။ပြီးတော့သူ့ရဲ့ ဝတ္ထုအသစ်ကို လူသူမနီးတဲ့ဟိုတယ်လေးမှာသွားရေးနေတုန်း သူ့သမီးလေးမွေးနေ့အတွက်နယူးယောက်ကိုပြန်အလာမှာ နှင်းမုန်တိုင်းမိပြီးကားမှောက်သွားခဲ့တယ်။ခြေတွေလက်တွေနံရိုးတွေကျိုးပြီး နှင်းမုန်တိုင်းထဲမှာသတိလစ်ပြီးသေစစဖြစ်နေတဲ့ သူ့ကို အန်နီဝစ်ဆိုတဲ့ မိန်းမကြီးကကယ်ဆယ်ပေးခဲ့ပါတယ်။သတိရလာတော့ သူ့ကိုကယ်ခဲ့တဲ့အန်နီဝစ်ကသူနာပြုဟောင်းတစ်ယောက်ဖြစ်တဲ့အပြင်သူ့ရဲ့မစ္စရီဝတ္ထုတွေကိုအရူးအမူးစွဲလမ်းအားပေးတဲ့အကြီးစားပရိတ်သတ်တစ်ယောက် ဖြစ်နေတာကြောင့်စိတ်သက်သာရာရခဲ့ပေမယ့်လဲ....စာရေးဆရာဟာ တဖြေးဖြေးနဲ့ဆိုသလိုအန်နီဝစ်ရဲ့ပုံမှန်မဟုတ်တဲ့အပြုအမူတွေကို သတိထားမိလာပါတယ်။ဒါ့အပြင် အန်နီဝစ်ဟာ မစ္စရီဇာတ်ကောင်ကိုပုံမှန်ထက်ပိုပြီးချစ်ခင်စွဲလမ်းနေတာကိုလဲသတိထားမိလာပြီး...နောက်ဆုံးထွက်မစ္စရီစာအုပ်မှာ မစ္စရီသေသွားတာကို အန်နီဝစ်တစ်ယောက်သိသွားချိန်မှာ...ဒီဇာတ်ကားဟာ သွေးသံရဲရဲအခန်းတွေကြမ်းတမ်းတဲ့အသုံးအနှုံးတွေ ပါဝင်တာကြောင့်R ratedသတ်မှတ်ထားပါတယ်။Horrorရုပ်ရှင်တွေ မကြိုက်ရင်တောင်ဒီကားက Horror,Drama,psycho thrillerအချိုးကျကျပေါင်းစပ်ထားပြီးKathy Batesရဲ့ လက်ဖျားခါလောက်တဲ့ သရုပ်ဆောင်ပီပြင်မှုတွေကြောင့်ကြည့်ကိုကြည့်သင့်ပါတယ်။ယုတ္တိမရှိ ပေါပေါပဲပဲ jump scareတွေတစ်ကွက်မှမပါပဲ ကြည့်ရတဲ့သူကို ရင်တလှပ်လှပ်ဖြစ်စေမှာပါ။ဒါကြောင့် Horrorရုပ်ရှင်တွေကိုမြတ်နိူးသူတွေအဖို့Miseryဟာလုံးဝစိတ်ပျက်စေရမှာမဟုတ်ကြောင်း ကတိပေးလိုက်ရပါတယ်  File Size :  14 GB, 3.3 GB, 1.5 GB Quality ...
movie

Misery (1990)

1990
4K HEVC
Spartacus (1960)
Spartacus (1960)  ဒါကတော့ ကျွန်တော်တို့ ကိုးဆယ်ဖွားတွေ လူပျိုဘ၀မှာစွဲလန်းခဲ့ရတဲ့ ဇာတ်ကောင်ကြီး စပါတာကတ်စ်ရဲ့ ပထမဆုံးရုပ်ရှင်လို့ဆိုရမှာပေါ့။ မင်းသားကြီး Kirk Douglas စပါတာကတ်စ်နေရာကပါဝင်ထားပြီး သူ့ခေတ်သူ့အခါမှာ အတော်လေးအောင်မြင်ခဲ့တဲ့ရုပ်ရှင်တစ်ကားပါပဲ။စပါတာကတ်စ်ဇာတ်ကောင်အကြောင်းကတော့ အတော်များများသိပြီးတဲ့အတိုင်းပဲ ရောမခေတ်မှာ ကျွန်စနစ်ကိုတွန်းလှန်ခဲ့တဲ့ ခေါင်းဆောင်တွေထဲကတစ်ယောက်။ အထက်တန်းစားတော်ဝင်မျိုးနွယ်တွေ ငွေကြေးနဲ့ဝယ်ပြီး ဂလက်ဒီရေတာသတ်ကွင်းမှာ အသက်သေတဲ့ထိ တိုက်ပွဲဝင်ခိုင်းကြတဲ့ ဂလက်ဒီရေတာတွေထဲကတစ်ယောက်။သုံးနာရီကျော်ကြာတဲ့ ဒီရုပ်ရှင်ထဲမှာတော့ စပါတာကတ်စ်ဇာတ်ကောင်ကို ခပ်သွက်သွက်လေး ပုံဖော်ရိုက်ကူးပြထားပါတယ်။ခေါင်းဆောင်စိတ်ဓာတ်ရှိတဲ့ စပါတာကတ်စ်၊ အမျိုးသမီးတွေကို လေးစားကြင်နာစွာ ဆက်ဆံတတ်တဲ့စပါတာကတ်စ်၊ သွေးသောက်ညီကိုစိတ်ဓာတ်နဲ့ အသက်ပေးဖို့ဝင်မလေးတဲ့ စပါတာကတ်စ်ကို ရှုမြင်ခံစားကြရမှာပါ။ စပါတာကတ်စ်လို့ဆိုလိုက်တာနဲ့ ခေါင်းကြီးတို့မျှော်လင့်တဲ့အခန်းတွေတော့ ပါဝင်မှာမဟုတ်ကြောင်း အသိပေးပါရစေ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(3.4 GB)/(1.7 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... War, Drama, Adventure  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo
movie

Spartacus (1960)