Channel Myanmar

Renjit Shekar

Thalavan (2024) 7.4
Thalavan (2024) Thalavan (2024) "ခေါင်းဆောင်" IMDb - 7.4/10အိန္ဒိယရုပ်ရှင်ချစ်ပရိသတ်တို့ သဘောတွေ့စေမဲ့ မလေယာလမ်းမှုခင်းရုပ်ရှင်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ မလေယာလမ်းမင်းသားတွေဖြစ်တဲ့ အာဆစ်ဖ်နဲ့ ဘီဂျူးတို့ အပြိုင်ကြဲထားတဲ့ ပရိသတ်အကြိုက်တွေ့ခဲ့တဲ့ရုပ်ရှင်ကားကြီးပေါ့။ဇာတ်လမ်းအစ တီဗီချန်နယ်တစ်ခုမှာ အောင်မြင်တဲ့အပိုင်းတွဲအဖြစ်နဲ့ ထုတ်လွှင့်နေပြီး ဖြစ်ရပ်မှန်မှုခင်းတွေကို ပြန်ပြောပြနေတဲ့ အငြိမ်းစားရဲအရာရှိ အူဒယာဘဟာနူး။ သူ မပြောချင်တဲ့ အမှုတွဲတစ်ခုကို ချန်နယ်ကတာဝန်ရှိသူတစ်ယောက်တိုက်တွန်းချက်အရ ငါးပိုင်းမြောက်မှာ ထုတ်ပြောဖို့လုပ်ပါတယ်။ဒီအမှုတွဲမှာအဓိကပါဝင်နေတာက ရဲအရာရှိနှစ်ယောက်။ အထက်အောက်ရာထူးမတူညီကြတဲ့ ရဲအရာရှိနှစ်ယောက်ကြားက အားပြိုင်မှု။ သူတို့နှစ်ယောက် အဓိကပါဝင်ထားတဲ့အမှုမှာ ဇာတ်ကြောင်းပြောပြနေတဲ့ ရဲအရာရှိလည်းပါဝင်နေပြီး မထင်မှတ်စရာအလှည့်အပြောင်းတွေနဲ့ ဖုံးကွယ်ထားတဲ့အမှန်တရားတွေ ပေါ်လာတဲ့အခါမှာတော့...။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size…  1.8 GB / 842 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 11min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Thalavan (2024)

Kho Kho(2021) 6.0
Kho Kho(2021) Kho Kho (2021)IMDb – 6.0/10ငယ်ငယ်ကကျောင်းမုန့်စားဆင်းတဲ့အချိန် ကျောင်းဝန်းထဲမှာကိုယ်တွေ ထုတ်ဆီးတိုး၊ ကြိုးခုန်၊ ပြေးတမ်း လိုက်တမ်းစတဲ့ကစားနည်းပေါင်းစုံကစားခဲ့သလို အိန္ဒိယနိုင်ငံရဲ့ကျောင်းသားကျောင်းသူတွေ ပျော်ပျော်ပါးပါးကစားကြတဲ့Kho Kho (ခိုခို) ဆိုတဲ့ကစားနည်းလေးရှိပါတယ်။ ဒီလိုအားကစားနည်းလေးတွေကစားတာဟာတစ်ချိန်မှာအောင်မြင်တဲ့အားကစားသမားတစ်ယောက်ဖြစ်လာနိုင်တဲ့လမ်းစဆိုတာ ဘယ်သူကတွေးမိမှာလဲ ..ဇာတ်လမ်းအစမှာ Perunthuruthu ဆိုတဲ့ရွာလေးက မိန်းကလေးကျောင်းတစ်ကျောင်းကိုMaria လို့ခေါ်တဲ့ အားကစားဆရာမလေးအသစ်ရောက်လာပါတယ်။ သိတဲ့အတိုင်း ကိုယ်တွေဆီမှာလိုပဲကျောင်းမှာကာယဆရာတို့၊ အားကစားဆရာတို့ဆိုတာ လူပိုလိုဖြစ်နေတာလေ။ ဒီတော့ ကျောင်းအုပ်ဆရာကလည်းဆရာမအလုပ် ဘာမှမရှိတာမို့ သက်သက်သာသာနေလို့ရကြောင်းပြောတာပေါ့။ ဒီမှာတင် ဆရာကောင်းပီသတဲ့Maria ဟာ သက်သာရာသက်သာကြောင်းမနေဘဲ ကျောင်းကကလေးတွေ ခိုခိုကစားနည်းကိုစိတ်ပါဝင်စားစွာကစားကြတာကိုတွေ့သွားပြီးအားကစားအသင်းဖွဲ့ဖို့ကြိုးစားပါတော့တယ်။ တပည့်တွေကလည်း သူတို့နှစ်သက်တဲ့ကစားနည်းကိုစနစ်တကျလေ့ကျင့်ဆော့ကစားရမယ်ဆိုတော့ပျော်ကြတာပေါ့။ တကယ်တော့ Maria ဟာလည်း အိပ်မက်တွေကိုစွန့်လွှတ်ခဲ့ရတဲ့အားကစားသမားဟောင်းတစ်ယောက်ပါ။ သူမအောင်မြင်ခဲ့တဲ့အရာတစ်ခုကို သူ့တပည့်တွေနဲ့ကျမှဘယ်လိုအောင်မြင်အောင်လမ်းပြပေးမလဲ .. “ဆရာကောင်းတပည့် ပန်းကောင်းပန်” ဆိုသလို သူ့တပည့်တွေကရောဆရာမပင်ပန်းရကျိုးနပ်အောင် အောင်ပန်းတွေဆွတ်နိုင်မလားဆိုတာကိုတော့ ဆရာတပည့်ကြားကချစ်ခြင်းမေတ္တာတွေ ခွင့်လွှတ်မှုတွေ နားလည်မှုတွေအပြည့်နဲ့ ဒီ Kho Kho ဆိုတဲ့ဇာတ်လမ်းလေးမှာဆက်လက်ကြည့်ရှုလိုက်ပါဦးနော်။  File size…1.9GB & ...
movie

Kho Kho(2021)

2021