Channel Myanmar

Ren Osugi

Brother (2000) 7.1
Brother (2000)  Brother (2000)IMDb Rating (7.1) / Rotten Tomatoes (47%) Brother ဆိုတာ တကာရှီ ကီတာနိုရဲ့ ဒါရိုက်တာအဖြစ်နဲ့ ဂျပန်-အမေရိကန် ယာကူဇာဇာတ်ကားတစ်ကားပါ။ယာကူဇာအဖွဲ့ပြိုကွဲပြီးတဲ့အခါ ယမမတိုဆိုတဲ့ ဇာတ်လိုက်က ဂျပန်ကို စွန့်ခွာပြီး လော့စ်အိန်ဂျလိစ်ကို သွားရပါတယ်။အဲဒီမှာ သူ့ညီဖြစ်သူ ကင်ကို ရှာဖွေပြီး မိမိရဲ့အခြေခံကို ပြန်တည်ဆောက်ဖို့ ကြိုးစားပါတော့တယ်။ယမမတိုအနေနဲ့ တကာရှီ ကီတာနိုရဲ့ သရုပ်ဆောင်မှုက တကယ်ကိုအေးဆေးတည်ငြိမ်နေတာနဲ့ ကြမ်းတမ်းမှုတွေကို တစ်ပြိုင်နက်တည်းပေးစွမ်းနိုင်တာ အံ့သြစရာပါပဲ။ဇာတ်လမ်းက မိသားစုတန်ဖိုး၊ သစ္စာရှိမှု၊ ယာကူဇာရဲ့ယဉ်ကျေးမှုတွေအပြင် အကြမ်းဖက်မှုရဲ့ကျိန်စာတွေကိုပါ ထိထိရောက်ရောက် ဖော်ပြထားပါတယ်။ဂျပန်ယာကူဇာယဉ်ကျေးမှုနဲ့ အမေရိကန်လမ်းသရဲဂိုဏ်းတွေ ပေါင်းစပ်မှုကလည်း တမူထူးခြားတဲ့ ပုံစံတစ်ခုကို ဖန်တီးပေးနိုင်ပါတယ်။ဇာတ်လမ်းရဲ့အဆုံးသတ်ကတော့ ဝမ်းနည်းစရာဖြစ်စေနိုင်သလို တကယ်တန်ဖိုးရှိတဲ့ သင်ခန်းစာကိုလည်း ပေးစွမ်းနိုင်ပါတယ်။ရိုက်ချက်ကလည်း ရိုးရှင်းပြီး တကာရှီရဲ့ထုံးစံအတိုင်း ဟာသနဲ့ ကြမ်းတမ်းမှုတွေကို သေချာပေါင်းစပ်ထားတာဆိုတော့ ကြည့်ရတာ တကယ်ပျော်ဖိုလည်းကောင်းသလိုအထာလည်းကျပါတယ်။ယာကူဇာဇာတ်ကားတွေကို ကြိုက်တယ်ဆိုရင်တော့ Brother ကို လက်မလွှတ်ဘဲ ကြည့်သင့်ပါတယ်။  (အညွှန်းနဲ့ဘာသာပြန်ကတော့ ...
movie

Brother (2000)

2000
Audition (1999) 7.2
Audition (1999)  Audition ဇာတ်ကားကတော့ Ryu Murakamiရဲ့ဝတ္တုကို Director : Takashi Miike က ပုံဖော်ရိုက်ကူးထားတဲ့Drama , Horror , Mystery ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။IMDb Rating - 7.2/10 Rotten Tomatoes - 81%Psycho Killer ကားတွေ ကြိုက်တဲ့ ပရိတ်သတ်တွေအတွက် အထူးသင့်တော်တဲ့ကားပါ။တစ်ချိန်လုံးသတ်နေတဲ့လူသတ်ကားတွေနဲ့ ပုံစံကွဲထွက်နေပါတယ်။***ဇာတ်လမ်းအညွှန်း***Yoshikawa လို့ခေါ်တဲ့ သက်လတ်ပိုင်းအရွယ် single father တစ်ယောက်ဟာသူ့သားဖြစ်သူရဲ့အကြံပေးချက်ကြောင့်နောက်အိမ်ထောင်ပြုဖို့ဆုံးဖြတ်လိုက်ပါတယ်။သူ့စိတ်တိုင်းကျ မိ်န်းမတစ်ယောက်ကို သူ့သူငယ်ချင်းဖြစ်သူရဲ့အကူအညီနဲ့ လူရွေးပွဲလုပ်ပြီးရှာပြီးနောက်မထင်မှတ်ဘဲ သူသဘောကျတဲ့အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရပါတယ်။သူမနာမည်ကတော့ Asami ပါ။Asami ကို သူလက်ထပ်ထပ်ခွင့် တောင်းလိုက်တဲ့အခါမှာတော့...လုံးဝမထင်မှတ်ထားတဲ့ အလှည့်အပြောင်းကြီးတစ်ခုကို ကြုံတွေ့လိုက်ရပါတော့တယ်။အဲ့ဒါကတော့......ဒီလူသတ်ကားလေးကတော့ 1999ဆိုပေမယ့် Old but Gold ဖြစ်တာကြောင့် တင်ဆက်ပေးလိုက်ရပါတယ်။မကြည့်ခင် Trailerအရင်ရှာကြည့်လိုက်ပါ ဘယ်လောက်ကြမ်းတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ File size…    5.2 GB /  1.7 GB Quality… ...
movie

Audition (1999)

1999
Uzumaki (2000) 6.1
Uzumaki (2000) 2000 ခုနှစ်ကထွက်ရှိခဲ့တဲ့ Japanese Horror, Sci-fi ကားလေးတစ်ခုဖြစ်ပြီး နာမည်ကျော် The Junji Ito Collection တို့Tomie တို့ရဲ့ပဲ့ကိုင်ရှင်ဖြစ်တဲ့ Artist Junji Ito ရဲ့ Manga ကို ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။Junji Ito ရဲ့ထုံးစံအတိုင်း လျှို့ဝှက်ဆန်းကျယ်စွာနဲ့ ခြောက်လှန့်မယ့်၊ ကြောက်လန့်ရမယ့်ကားလေးဆိုလည်း မမှားပါဘူး။ရှူးအိချိနဲ့ခီရိအဲတို့က ငယ်သူငယ်ချင်းတွေဖြစ်ပြီး ကျောင်းသွားကျောင်းပြန် အတူတူသွားလာနေကြလျက်ရှိပါတယ်။တစ်နေ့ ခီရိအဲ ရှူးအိချိနဲ့ဆုံနေကျနေရာကိုသွားတဲ့လမ်းမှာ ရှူးအိချိရဲ့အဖေကိုတွေ့လို့ သွားနှုတ်ဆက်ချိန်မှာတော့ ရှူးအိချိအဖေက ပြန်မနှုတ်ဆက်ခဲ့ပါဘူး။ရှူးအိချိအဖေက အုဇုမာကိလို့ခေါ်တဲ့ ကြောင်လိမ်ပုံစံ အသွင်သဏ္ဍာန်တစ်ခုကို အလွန်စွဲလမ်းနေတဲ့လူတစ်ယောက်ပါ။မြို့ထဲလမ်းပတ်လျှောက်ရင်း အုဇုမာကိပုံစံတစ်ခုခုကိုတွေ့တိုင်း အိမ်ကိုပြန်သယ်လာတဲ့အထိ အစွန်းရောက်စွဲလမ်းနေတာပဲဖြစ်ပါတယ်။ရှူးအိချိက သူ့အဖေရဲ့ မူမမှန်တဲ့ပုံစံတွေကိုကြည့်ရင်း မြို့ကြီးက ထူးဆန်းနေတယ်ဆိုတာကို သတိထားမိလာပါတော့တယ်။ဒီလိုနဲ့ ထူးဆန်းမှုတွေက ဆက်တိုက်ဖြစ်ပေါ်လာတဲ့အခါမှာတော့ တစ်မြို့လုံး ဘယ်လိုကံကြမ္မာကြီးနဲ့ ကြုံတွေ့လာရမလဲ။ အုဇုမာကိစွဲလမ်းမှုက ရိုးရှင်းရဲ့လား။ File Size :  2.4 GB, 987 MB Quality : ...
movie

Uzumaki (2000)

Shin Godzilla (2016) 6.8
Shin Godzilla (2016) ကိုးရီးယား ကားတွေ အင်္ဂလိပ်ကားတွေ ကြီးဘဲ တွေ့နေရတယ့် ကြားက ဒီဂျပန်ကားလေးကို ကြည့်ကြည့် လိုက်ပါ ရသတစ်မျိုး ပေးနိုင်မှာပါ။ဒီကားလေးရဲ့အကြောင်းကို စပြီးမိတ်ဆက်ပေးပါမယ်။ ဒီကားကို ၂၀၁၆ ခုနှစ်က စဖြန့်ချီခဲ့ပြီး ဒါရိုက်တာ Hideaki Anno နဲ့ Shinji Higuchi တို့နှစ်ယောက်ရိုက်ကူးထားတယ့် ကားဖြစ်ပါတယ်။နှစ်ယောက်လုံး က annime ဖန်တီးသူနဲ့အထူးပြုလုပ်ချက်တွေ ဖန်တီးကြတဲ့ ဒါရိုက်တာတွေပါ။IMDb ၆.၉ ၊ Rotten Tomatoes ၈၄% ၊Roger Ebert ၃.၅/ ၄ ရရှိထားတယ့်ကားဖြစ်ပါတယ်။ Toho productionကနေ ၂၀၁၄ မှာဒီကားကိုစပြီ မိတ်ဆက်ခဲ့ပြီး ၂၀၁၆မှာ ဖြန်ချီခဲ့ပြီး Budget ကန်ဒေါ်လာ ၁၅မီလီယံ နဲ့ရိုက်ကူးခဲ့ပြီး Box office မှာ ၇၇.၉ မီလီယံ ပြန်လည်ရရှိခဲ့ပါတယ်။ဒီဇတ်ကားရဲ့ အကြောင်းက ဂေါ်ဇီလာကြီး မြို့ထဲဝင်လာတယ်ပေါ့ (Overtine ကြော်ငြာမဟုတ်ပါ) ...
movie

Shin Godzilla (2016)

2016
GO (2001) 7.4
GO (2001) ဂျပန်-ကိုရီးယားစပ်တစ်ယောက်ဖြစ်တဲ့ ဆုဂီဟာရာက မြောက်ကိုရီးယားကျောင်းမှာတက်နေရင်း ကျောင်းနဲ့ သူနဲ့မလိုက်ဖက်တာကို သိခဲ့ရပါတယ်၊အဲဒါကြောင့် ဂျပန်ကျောင်းကိုပြောင်းလိုက်ချိန်မှာလည်း ထင်ထားသလိုမျိုး အဆင်မပြေလာပါဘူး။ဒီလိုမျိုး ကိုယ်နဲ့သင့်တော်မယ့် လိုက်ဖက်မယ့် သူ့ကို အရှိအတိုင်းလက်ခံမယ့်နေရာကို လိုက်ရှာနေခဲ့ပါတယ်။တစ်ရက်မှာတော့ ဆာကူရာအီလို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်နဲ့တွေ့ပြီး ချစ်မိသွားတဲ့နောက်မှာတော့ သူလည်း ပြောင်းလဲလာခဲ့ပါတယ်...ဆုဂီဟာရာတစ်ယောက် ဘယ်လိုမျိုးဘဝအခက်အခဲတွေ လူမျိုးရေးခွဲခြားမှုတွေနဲ့ ကြုံရပြီး နောက်ဆုံး ဆာကူရာအီနဲ့ ဘယ်လိုဆက်ဖြစ်သွားမလဲ.... File Size :  2 GB, 908 MB Quality : WEB-DL 1080p / 720p Running Time : 2hr 2min Format : Mp4 Genre : Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by : Benni Encode by : Thit San Khant
movie

GO (2001)

The Twilight Samurai (2002)
The Twilight Samurai (2002) IMDb - 8.1/10 Rotten Tomatoes - 99%ဂျပန်မင်းသားလို့ဆိုလိုက်တာနဲ့ ရုပ်ရှင်ပရိတ်သတ်တွေ အရင်ဆုံးပြေးမြင်ကြမှာကတော့ "Hiroyuki Sanada" ပဲဖြစ်မှာပါ။ The Last Samurai, 47 Ronin, John Wick, Mortal Combat နဲ့ Shōgun တို့အပြင် များစွာသောဟောလိဝုဒ်ထိပ်တန်း ဇာတ်ကားတွေမှာ ဂျပန်ဆိုတာနဲ့ သူ့မျက်နှာကြီးပဲပေါ်ပေါ်လာတဲ့အထိအောင်မြင်တဲ့ ဆရာသမားပါ။သူအဓိကဇာတ်ကောင်အဖြစ် သရုပ်ဆောင်ထားတဲ့ ဒီ The Twilight Samurai ဆိုတဲ့ historical-drama ရုပ်ရှင်ဟာလည်း ဂျပန်ပြည်တွင်းမှာ Japanese Academy Awards ၁၂ ဆုအထိ စံချိန်တင်ရရှိခဲ့ပြီး Hollywood's 76th Academy Awards မှာလည်း အကောင်းဆုံးနိုင်ငံခြားရုပ်ရှင်ဆုအတွက် ဇကာတင်ချိတ်နိုင်ခဲ့ပါတယ်။ ကဲ... ဘုန်းတော်ဖွဲ့နေတာတွေရပ်ပြီး ဇာတ်လမ်းအကြောင်းပြောပါ့မယ်။ဇာတ်အိမ်က ၁၉ ရာစုအလယ်ပိုင်း ဂျပန်နိုင်ငံမှာ တည်ပါတယ်။ အဲဒီတုန်းက ဂျပန်ဟာ ...
movie

The Twilight Samurai (2002)

Maborosi (1995) 7.5
Maborosi (1995) Maborosi (1995)~ IMDb - 7.5/10, Rotten Tomatoes - 100% ~Maborosi ဟာ Hirokazu Kore-eda ရဲ့ ပထမဆုံးပွဲဦးထွက်ရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်မှာ Kore-edaနဲ့ ပတ်သက်ပြီး တော်တော်လေးသိသာတာက Kore-edaဟာ သူ့ရုပ်ရှင်သက်တမ်း အစကတည်းကို အိုဇုရဲ့လွှမ်းမိုးမှု တော်တော်ကြီးခဲ့တယ်ဆိုတဲ့အချက်ပေါ့။ဇာတ်ကတော့ ယုမိခိုဆိုတဲ့ အမျိုးသမီးဇာတ်ကောင်ကို ဗဟိုပြုထားတယ်။ သူ့ဘဝနဲ့ သူဆုံးရှုံးခဲ့ရသူတွေ၊ သူ့ဘဝကို သူရှေ့ဆက်ပုံတွေကို တင်ပြထားတယ်။ ဇာတ်လမ်းသွားက တကယ်ဆို ဒီလောက်ပဲလို့ပြောလို့ရတယ်။ ဒါပေမဲ့ ဒါကို Kore-eda က ဘယ်လိုလှည့်ကွက်တွေနဲ့ တင်ပြသွားလဲဆိုတာက ဒီရုပ်ရှင်ရဲ့အသက်ပဲ။ ဒီကားနာမည်က Maboroshi no Hikari သူ့ရဲ့ အကောင်းဆုံးဘာသာပြန်ကတော့ Trick of The Light အလင်းရဲ့ပရိယာယ်တဲ့။ သူ့ဆိုလိုရင်းက တံလျှပ်တော့မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တော့ တံလျှပ်လို့ပဲ လှလိုက်ချင်ပါတယ်။Kore-eda က ...
movie

Maborosi (1995)

1995
[18+] Getting Any? (1994) 6.1
[18+] Getting Any? (1994) Getting Any? (1994)~ IMDb - 6.1/10, Rotten Tomatoes - 59% ~နှာဘူးကြီးတစ်ယောက် အကြောင်းရိုက်ထားတဲ့ ဂျပန်ကားပါ။အောကားထဲက စော်ဘုလို့ရတဲ့နည်းလမ်းတွေကို အတည်မှတ်ပြီး တကယ်လုပ်ဖို့ ကြိုးစားရင်း ယာကူဇာထဲရောက်လိုရောက် ကိုယ်ပျောက်လိုပျောက်ဖြစ်ကုန်တော့တာပါပဲ။ ခင်ဗျားတို့ သွားသွားကြည့်နေတဲ့ ဇာတ်ကားတွေထဲက ရေချိုးခန်းထဲကို ကိုယ်ပျောက်ပြီး ဝင်ချောင်းတာမျိုးလည်း ပါပါသေးတယ်။ကားရှိရင် စော်ဘုလို့ရတယ်လို့ အကြံရပြီး အဘိုးကိုရောင်းစား အမိုးဖွင့်ကားဝယ်တဲ့လူပါ။ သူ့ရဲ့ဘူးခရီးစဉ်ကို ပြောင်တောင်တောင်နောက်တောက်တောက် ပေါပေါပုံစံနဲ့ တင်ဆက်ထားပါတယ်။ တခြားဘာမှမကြည့်ဘဲ ရယ်ဖို့သက်သက်ကြည့်မယ်ဆိုရင်တော့ ဒီကားကိုကြည့်လိုက်ပါတော့။တချို့အခန်းတွေကတော့ ၁၈ ပက်လက်တွေပါလို့ ရယ်မယ်ဆိုလည်း တစ်ယောက်တည်း ခိုးရယ်ကြဖို့ အကြံပေးချင်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2GB, 930MB Quality - 1080p, 720p IMDb Rating - 6.1/10 Format - mp4 Duration - 1H ...
movie

[18+] Getting Any? (1994)

1994
Charisma (1999) 6.8
Charisma (1999) Charisma (1999)~ IMDb - 6.8/10, Rotten Tomatoes - 76% ~ထူးခြားတဲ့အပင်တစ်ပင်အတွက် တစ်တောလုံးကို သတ်ပစ်မလား။ တစ်တောလုံးကို ကယ်ဖို့အတွက် အဲဒီအပင်တစ်ပင်ကို သတ်ပစ်မလား။ နှစ်မျိုးစလုံးကို ကယ်မှာလား။ နှစ်မျိုးစလုံးကို ကယ်ဖို့လုပ်ရင်း နှစ်ခုလုံးက သေသွားတာဖြစ်နိုင်ပြန်ပါသေးတယ်။ ဒါမှမဟုတ် နှစ်မျိုးလုံးကို သတ်ပစ်လိုက်ပြီးတော့ အစသစ်တစ်ခုကို ဖန်တီးမှာလား။ဒီလိုဝေခွဲရခက်တဲ့ မေးခွန်းတွေကို Charisma (1999) ဆိုတဲ့ ဇာတ်ကားလေးက မေးပြီးတော့ အဖြေတွေကို ဖြေပြသွားပါတယ်။အပင်တွေရဲ့ ဂေဟစနစ်နဲ့ လူ့အဖွဲ့အစည်းကိုလည်း လှလှပပလေး ယှဉ်ပြီး ပြသွားပါသေးတယ်။ မှန်းဆမရတဲ့ လူ့သဘာဝနဲ့ မတူတဲ့ ယုံကြည်မှုရှိတဲ့သူတွေ၊ မတူတဲ့ အဖြေတစ်ခုစီ ရှိနေကြတဲ့ လူတွေရဲ့ ပဋိပက္ခတွေ စတဲ့ အဖြေရှာမရတဲ့ ပြဿနာတွေကို အဓိကဇာတ်ကောင်က ဖြေရှင်းသွားတဲ့ပုံကတော့ ရွဲ့တယ်ပဲ ထင်ရမလား၊ အဲဒါကပဲ တကယ့်အဖြေဖြစ်နေမလား၊ ဒါမှမဟုတ် ဇာတ်ညွှန်းရေးဆရာရဲ့ ယုံကြည်မှု ဒါမှမဟုတ် နောက်ထပ် အဖြေတစ်ခုပဲလားတော့ ...
movie

Charisma (1999)

1999
[18+]Bitter Honey (2016) 5.8
[18+]Bitter Honey (2016)  အကာဂိုက စာရေးဆရာကြီးနဲ့ တူတူနေနေတဲ့ အနီရောင်ရွှေငါးမလေးတစ်ကောင်ပဲဖြစ်ပါတယ်သာမန်ငါးနီလေးမဟုတ်ဘဲ လူယောင်ဖန်ဆင်းနိုင်ပြီး စာရေးဆရာကြီးကိုပဲ တွာ်ငြိနေတဲ့ ဖြူစင်တဲ့ငါးမလေးတစ်ကောင်ပေါ့တစ်ရက် စာရေးဆရာကြီးရဲ့အသိမိတ်ဆွေဟောင်း ယူရီကိုရဲ့ဝိဥာဥ်ပြန်ပေါ်လာတဲ့အခါ သူတို့သုံးဦးကြားဘာတွေဖြစ်လာမလဲယူရီကိုနဲ့စာရေးဆရာကြီးကြားကရော ဘာတွေရှိနေခဲ့လို့ ခုလိုပြန်ပေါ်ထွက်လာရတာလဲစာ​ရေးဆရာကြီးကိုအပိုင်လိုချင်ပြီး မိသားစုဘဝထူထောင်ချင်နေတဲ့ ငါးနီမလေးကရော ဘယ်လိုဖြစ်သွားမလဲ ကြည့်ရမှာဖြစ်ပါတယ်File Size__(1GB) Quality__720p IMDb Rating__5.8/10 Format__mp4 Duration__01:45:00 Type__Adult, Drama, Fantasy Subtitle__Myanmar Subtitle (Hardsub) Translated by Butterfly Encoded by Dark Devil
movie

[18+]Bitter Honey (2016)

Back Street Girls: Gokudols ( 2019 ) 5.7
Back Street Girls: Gokudols ( 2019 ) Zawgyi*******ဒီဇာတ်လမ်းမှာတော့ ကန်တရို ယာမာမိုတို၊ ရို အိချိ ဘန နဲ့ကာဇုဟီကို ဆုဂိဟာယတို့ က ယာကူဇာပေါက်စတွေပါ။တနေ့မှာတော့ သူတို့ရဲ့ boss ဖြစ်သူကိုအကြီးအကျယ်ဒေါသထွက်အောင်လုပ်မိရင်းက သူတို့အပြစ်အတွက်ဘာဖြစ်ဖြစ် လုပ်ပါမယ်လို့ ကတိပေးလိုက်ကြပါတော့တယ်သူတို့ရဲ့ boss က ဆယ်ကျော်သက် အဆိုတော်မလေးတွေကပိုက်ဆံရှာနိုင်တယ်ဆိုပြီး ဒီ ယာကူဇာငတိသုံးကောင်ကိုလိင်ပြောင်းခိုင်းပြီး ပလစ်စတစ်ဆာဂျရီ လုပ်ခိုင်းပါတော့တယ်ငတိ သုံးကောင်ကတော့ ယာကူဇာအဖြစ်ကနေ ဘုန်းကညာတပါး လုံးရာကပြားရင် ဘယ်လိုတွေ ဆက်လွဲကြဦးမလဲဆိုတာတော့ ဇာတ်လမ်းလေးမှာ ဆက်ကြည့်လိုက်ကြပါစို့နော်.. Unicode*******ဒီဇာတ်လမ်းမှာတော့ ကန်တရို ယာမာမိုတို၊ ရို အိချိ ဘန နဲ့ကာဇုဟီကို ဆုဂိဟာယတို့ က ယာကူဇာပေါက်စတွေပါ။တနေ့မှာတော့ သူတို့ရဲ့ boss ဖြစ်သူကိုအကြီးအကျယ်ဒေါသထွက်အောင်လုပ်မိရင်းက သူတို့အပြစ်အတွက်ဘာဖြစ်ဖြစ် လုပ်ပါမယ်လို့ ကတိပေးလိုက်ကြပါတော့တယ်သူတို့ရဲ့ boss က ဆယ်ကျော်သက် အဆိုတော်မလေးတွေကပိုက်ဆံရှာနိုင်တယ်ဆိုပြီး ဒီ ယာကူဇာငတိသုံးကောင်ကိုလိင်ပြောင်းခိုင်းပြီး ပလစ်စတစ်ဆာဂျရီ လုပ်ခိုင်းပါတော့တယ်ငတိ သုံးကောင်ကတော့ ယာကူဇာအဖြစ်ကနေ ဘုန်းကညာတပါး လုံးရာကပြားရင် ဘယ်လိုတွေ ...
movie

Back Street Girls: Gokudols ( 2019 )

2019
Outrage Coda (2017) 5.2
Outrage Coda (2017) ဒီဇာတ်ကားလေးကတော့ ဂျပန်ရာကူဇာဂိုဏ်းတွေကြားကအကွဲအပြဲတွေကိုရိုက်ူးပြထားတဲ့ ဇာတ်ကားလေးပါ။ဆန်နိုရာကူဇာဂိုဏ်းနဲ့ ဟာနာဘူရှီရာကူဇာဂိုဏ်းတို့ကြား စစ်ပွဲတွေဖြစ်ပွားပြီး ၅နှစ်အကြာမှာပဲ ယခင်ရာကူဇာလူမိုက်ကြီးဖြစ်တဲ့ အိုတိုမိုဟာ ဂျပန်မှာရောကိုရီးယားမှာပါသြဇာရှိတဲ့ မစ္စတာချန်ဆီမှာ ခိုလုံအလုပ်လုပ်နေခဲ့ပါတယ်။ဖြစ်ချင်တော့ သူရှိတဲ့ဂျုယ်ဂျူကျွန်းကို ဟာနာဘူရှီဂိုဏ်းကလူတစ်ယောက်လာသောင်းကျန်းရာကစပြီး မစ္စတာချန်တို့ချက်ကလူတစ်ယောက်ဆုံးရှုံးသွားပါတယ်။အဲဒီပြဿနာကစပြီး နဂိုကမှ အတွင်းပိုင်းမှာ အကွဲအပြဲဖြစ်ချင်နေတဲ့ ဟာနာဘူရှီဂိုဏ်းဟာ မစ္စတာချန်နဲဲ့ပြဿနာကိုအရင်းပြပြီး အချင်းချင်းချောက်ချကြတော့တာပါပဲ။ရာကူဇာတွေကြား စီးပွားရေးလက်ဝါးအုပ်မှုတွေ၊ ရာကူဇာတွေဘယ်လိုသြဇာကြီးတယ် စီးပွားရေးဘယ်လိုလုပ်တယ်ဆိုတာတွေကိုတွေ့ရမယ့်အပြင် အချင်းချင်းဂိုဏ်းတွေကြား ပြဿနာတွေကိုလည်းတွေ့ရမှာပါ။အိုမိုတိုကတော့ တကယ်လက်စားချေနိုင်မလား။လူမိုက်ဟောင်းကြီး ဘယ်လိုအဆုံးသတ်မလဲ။ဇာတ်သိမ်းပိုင်းလေးကတော့ စိတ်ဝင်စားစရာကောင်းပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုသူရပါ)File Size : (850 MB) Quality : Blu-Ray 720p Running Time : 1hr 44min Format : Mp4 Genre : Action, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Source : 1080p BluRay x264 DTS-REGRET Translated by Thura Zarni Aung Encoded by Thanhtike ...
movie

Outrage Coda (2017)

2017
Foreboding (2018)
Foreboding (2018) ကြည့်လို့ကောင်းမယ့် အလယ်အလတ်တန်စားဂျပန်ကားတစ်ပုဒ်ပါမီယုကီ လို့ခေါ်တဲ့ကောင်မလေးဟာရုတ်တရက်သူ့အဖေကိုမမှတ်မိတော့ပါဘူးအဲ့ဒါကိုသူ့ကောလိပ်သူငယ်ချင်းဖြစ်တဲ့ အဲ့ဆူကို သိတဲ့အခါမှာတော့ စိတ်ပိုင်းဆိုင်ရာအနိုင်ကျင့်ခံရတယ်ထင်ပြီး အဲ့ဆူကို ရဲ့ယောကျာ်းအလုပ်လုပ်နေတဲ့ဆေးရုံကိုပို့ခဲ့ပါတယ်နောက်မှသိခဲ့ရတာကစိတ်ပိုင်းဆိုင်ရာအနိုင်ကျင့်တာမဟုတ်ပဲမှတ်ဉာဏ်ကွင်းဆက်ပျောက်ဆုံးနေတာပါတစ်ကမ္ဘာလုံးဖြစ်နေတဲ့ရောဂါဖြစ်ပြီးဆရာဝန်ရဲ့ကောက်ချက်ချတာကတော့ဗိုင်းရပ်စ်တစ်မျိုးကြောင့်ဆိုပေမယ့်ကမ္ဘာကိုကျူးကျော်မယ့်ဂြိုဟ်သားတွေရဲ့ရှေ့ပြေးစုံစမ်းရေးအစီအစဉ်ဖြစ်နေခဲ့ပြီးအဲ့ဆူကိုနဲ့သူမရဲ့ယောကျာ်းဟာအဲ့ပြသနာထဲကိုလုံးဝပါဝင်သွားပြီးရှင်သန်ဖို့အတွက်ဘယ်လိုရုန်းကန်ရမယ်ဆိုတာကို အခုပဲကြည့်လိုက်ပါဦးQty - 720p Web DLGern - Sci FiDuration - 1hr 33minTranslator - Si ThuEncoder - Kyaw Ye Aung
movie

Foreboding (2018)