Channel Myanmar

Reggie Gaskins

Showtime (2002)
Showtime (2002)  Robert De Niro နဲ့ Eddie Murphy တို့ တွဲဘက်ညီညီသရုပ်ဆောင်ထားတဲ့ Comedy/ Action ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာ မင်းသမီးချော Rene Russo အပြင် မင်းသားကြီး Robert De Niro ရဲ့ သမီး Drena De Niro ကလည်း ဇာတ်ရံအဖြစ် ပါဝင်အားဖြည့်ထားပါသေးတယ်။‘မစ်ချ်ပရက်စ်တန်’က စုံထောက်တစ်ယောက်ဖြစ်ပြီး လက်နက်မှောင်ခိုရောင်းဝယ်ရေးနဲ့ ပတ်သက်လို့ နောက်ကွယ်က ကြိုးကိုင်နေသူကို လိုက်လံစုံစမ်းဖို့အတွက် သူ့လူကိုယ့်ဘက်သား ပုံစံမျိုးနဲ့ စုံစမ်းနေတဲ့အချိန်... ကင်းလှည့်ရဲ ‘ထရေးဆယ်လ်လာစ်’က အထင်လွဲကာ မစ်ချ်ကို ဖမ်းဆီးဖို့ကြိုးစားပါတော့တယ်။ ဒီလိုနဲ့ မစ်ချ်အယောင်ဆောင်ထားတာကလည်း သတင်းတွေမှာပါ,ပါတဲ့အထိ လူသိရှင်ကြားဖြစ်သွားပြီး သတင်းဌာနကြီးတစ်ခုက သူတို့နှစ်ဦးကိုသတိထားမိကာ Reality show တစ်ခုအတူတွဲရိုက်ဖို့အတွက် ကမ်းလှမ်းလာပါတော့တယ်။ထရေးက နဂိုကတည်းက သရုပ်ဆောင်ရူးရူးနေတဲ့သူတစ်ယောက် ဖြစ်ပြီး မစ်ချ်ကကျ အလုပ်ကိုပဲ တစိုက်မတ်မတ်လုပ်ကိုင်ချင်သူပါ။ စရိုက်မတူတဲ့ ...
movie

Showtime (2002)

Friday After Next (2002) 5.8
Friday After Next (2002) Friday After Next (2002)IMDb-5.8ဇာတ်လမ်းအညွှန်းခရစ္စမတ်ကာလလည်း နီးနေပြီဆိုတော့ ခရစ္စမတ်အငွေ့အသက်လေးခံစားနိုင်ဖို့ ဇာတ်လမ်းလေး ဖြစ်ပါတယ်။ စန်တာကလော့စ်ဆီက လက်ဆောင်ရဖို့ ဆုတောင်းရတဲ့အချိန်တွေကို ပြန်တွေးမိကြဦးမလား။ ကဲ ဒီဇာတ်လမ်းကတော့ ထူးခြားသွားပါပြီ။ စန်တာဘိုးဘိုးကြီးဆီက လက်ဆောင်ရဖို့ ဝေးသေး၊ စန်တာဘိုးဘိုးကြီးက ပစ္စည်းတွေ လိုက်လုနေလို့ပါပဲ။ ခရစ်ဂ်နဲ့ ဒေးဒေးတို့ ညီအကိုနှစ်ယောက်က မိဘတွေနဲ့ ခွဲပြီးတိုက်ခန်းမှာ နေနေကြပါပြီ။ ခရစ္စမတ်မတိုင်ခင် တစ်နေ့အလို သောကြာနေ့မှာသူတို့အိမ်ကို သူခိုးကပ်ပါတယ်။ သူခိုးကတော့ စန်တာကလော့စ်ဝတ်စုံဝတ်ပြီး ခိုးတဲ့ကောင်ပါတဲ့။ သူတို့ရဲ့ သောကြာနေ့ ပြဿနာလေး ဒီကစပါပြီ။ ခရစ်ဂ်နဲ့ ဒေးဒေးတို့ ပစ္စည်းတွေ အကုန်ပါသွားတဲ့အပြင် အိမ်ငှါးခပေးရမယ့် ငွေတွေပါ ပါသွားတယ်။ ခရစ္စမတ်လက်ဆောင်တွေလည်း မရှိတော့ဘူး၊ အိမ်ငှါးခလည်း ပေးရတော့မယ်၊ ခရစ္စမတ်ပါတီပွဲလေးလည်း ကျင်းပချင်ကြသေးတယ်၊ စန်တာကလော့စ်သူခိုးကိုလည်း ဖမ်းရဦးမယ်။ ဒါနဲ့ သူတို့နှစ်ယောက် သူတို့မိသားစုဘာဘီကျုဆိုင်ရှိတဲ့ မောလ်တစ်ခုမှာ လုံခြုံရေးအစောင့် ဝင်လုပ်ကြပါတယ်။ လုံခြုံရေးလုပ်နေရင်း ဘာတွေကြုံရဦးမလဲပေါ့။ သောကြာနေ့လေးမှာ ညီအကိုနှစ်ယောက် ဘယ်လိုဂယက်တွေ ဖန်တီးကြဦးမလဲ၊ သူတို့ဆန္ဒတွေ ပြည့်ကြပါ့မလား… ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ “Friday” series မှာ သုံးကားမြောက်အနေနဲ့ ထွက်ရှိထားတဲ့ ဟာသဇာတ်လမ်းလေး ဖြစ်ပါတယ်။ Christmas theme songလေးတွေ ခံစားရင်း ရယ်မောပျော်ရွှင်ဖို့ တင်ဆက်ပေးလိုက်ပါပြီ။ File size…  ...
movie

Friday After Next (2002)

2002