Channel Myanmar

Reamonn Joshee

Taken at a Basketball Game (2025) 6.5
Taken at a Basketball Game (2025)  ဒီဇာတ်ကားလေးကတော့ ၂၀၂၅ တုန်းက ထွက်ရှိထားတဲ့Drama Thriller ဇာတ်ကားလေးပါ။ဒါရိုက်တာ Ruba Nadda က ရိုက်ကူးထားပြီးတော့D.B. Woodside, Claire Qute, L.A. Sweeney,Moni Ogunsuyi တို့က အဓိကဇာတ်ဆောင်တွေအဖြစ်ပါဝင်ပေးထားပါတယ်။ဇာတ်လမ်းအကျဉ်းကိုပြောပြရရင် ဘတ်စကတ်ဘောပွဲကိုသွားကြည့်ကြတဲ့ အဖေနဲ့သမီး သားအဖနှစ်ယောက်ထဲကသမီးဖြစ်သူ ပြန်ပေးဆွဲခံလိုက်ရပါတယ်။အထူးရဲတပ်ဖွဲ့ဝင်ဟောင်းဖြစ်တဲ့ အဖေဖြစ်သူဟာပြန်ပေးဆွဲသွားတဲ့သူကို ခြေရာခံလိုက်ရင်း မမျှော်လင့်ထားတဲ့အခြေအနေတွေ အခက်အခဲတွေကို ကျော်ဖြတ်ကာသူ့သမီးကို ဘယ်လိုပြန်လည်ကယ်တင်မလဲဆိုတာကိုစိတ်လှုပ်ရှားဖွယ် ကြည့်ရှုကြရမှာပါ။သမီးဖြစ်သူအတွက် အတိတ်ကစိတ်ဒဏ်ရာတွေကိုကျော်လွှားရင်း အဖေတစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာကိုလှလှပပလေး ပုံဖော်ထားပါတယ်။ဇာတ်လမ်းအသွားက စိတ်ဝင်စားဖို့ကောင်းပြီးတော့ကြည့်ရှုသူတွေကို အစကနေအဆုံးထိ ဆွဲခေါ်သွားနိုင်ပါတယ်။IMDb မှာ rating ကောင်းကောင်းရထားပြီးတော့ကြည့်လို့ကောင်းတဲ့ ဇာတ်ကားလေးပါ။  File size… (904 MB) Quality… WEB-DL 1080p HEVC Format…mkv Duration….1h 28m Genre …..Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin
movie

Taken at a Basketball Game (2025)

Team Bride (2023)
Team Bride (2023)  ဒီကားကိုတော့ ဒါရိုက်တာ Josiah David Warren ရိုက်ကူးထားပြီးဂီတနဲ့အချစ်သံယောဇဉ်ရဲ့ဆက်နွယ်မှုတွေကို လှပတဲ့သံစဉ်လေးတွေနားဆင်ရင်း ကြည့်ရှုရမှာဖြစ်ပါတယ်။အန်ဒရီနဲ့ဂျိန်းတို့ဟာ အရမ်းချစ်ကြတဲ့စုံတွဲတွေဖြစ်ပြီး သမီးလေးဂျိန်းမွေးဖွားလာဖို့ကို စောင့်ဆိုင်းနေကြတာပါ။သူတို့နှစ်ယောက်လုံးက ဂီတပညာရှင်တွေဖြစ်ကြပြီးငယ်ချစ်စုံတွဲတွေလည်း ဖြစ်ပါတယ်။အန်ဒရီခရီးသွားနေတဲ့ချိန် မတော်တဆတစ်ခုကြောင့် ဂျိန်းဟာကလေးမွေးရင်းနဲ့ သေဆုံးသွားတဲ့အပြင် အန်ဒရီကလဲကားမတော်တဆမှုဖြစ်ခဲ့ပါတယ်။ မျှော်လင့်ခဲ့ရတဲ့ သမီးလေးဂျိန်းကမွေးဖွားလာခဲ့ပေမဲ့ အန်ဒရီဟာဇနီးဖြစ်သူဂျိန်းကို ဆုံးရှုံးခဲ့ရတဲ့အတွက် နာကျင်နေခဲ့ရပြီးသူ့ရဲ့ဂီတဝိဉာဏ်ကလဲသူမနဲ့အတူသေဆုံးသွားခဲ့ပါတယ်။ဒီအရှုပ်အထွေးတွေရဲ့ကြား အိမ်ထိန်းအမျိုးသမီးဟန်နာရဲ့သမီးဖြစ်သူကသူမရဲ့ကလေးနစ်ကိုး နဲ့ကလေးလေးဂျိန်းကို နေရာလဲလိုက်တဲ့အခါကလေးနှစ်ယောက်ရဲ့ ကံကြမ္မာတွေဟာလဲ ပြောင်းလဲသွားပါတော့တယ်။နှစ်ပေါင်းများစွာကြာပြီးတဲ့နောက် ဂျိန်းတစ်ဖြစ်လဲဒေစီဟာသူမအမေရင်းလိုပဲ တယောထိုးပညာရှင်ဖြစ်လာခဲ့ပါတယ်။လမ်းဘေးမှာတယောထိုးရင်း ပိုက်ဆံရှာနေတဲ့ ဒေစီကို ဂီတရဲ့ဆက်သွယ်မှုကတစ်ဆင့် အန်ဒရီကရှာတွေ့သွားတဲ့အခါ...ဂီတရဲ့ဆက်နွှယ်မှုကနေ အဖေနဲ့သမီးအချင်းချင်း သိသွားနိုင်မလား...နစ်ကိုးတစ်ဖြစ်လဲဂျိန်းကရော သူမရဲ့ပြည့်စုံတဲ့ဘဝမှာ တကယ်ပဲပျော်ရွှင်နေရဲ့လား...အန်ဒရီကရော နှစ်တွေကြာပြီးနောက် ဇနီးဖြစ်သူအတွက်ပူဆွေးမှုတွေကိုလွှတ်ချနိုင်ပြီး အချစ်သစ်ကိုထပ်တွေ့မှာလား...ဒါတွေကို ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုရင်းအဖြေရှာရမှာပါ။အချစ်နဲ့သံယောဇဉ်တွေကို ပေါ်လွင်အောင် ဂီတသံလေးတွေရဲ့ကြားအသေအချာရိုက်ကူးထားတာကြောင့် လက်မလွတ်တမ်းကြည့်ရှုသင့်တဲ့ကားလေးပါပဲ။ File size… (1.99GB) / (957MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 29m Genre ….. Romance Subtitle….Myanmar Subtitle ...
movie

Team Bride (2023)

Ditched (2022) 5.0
Ditched (2022) Ditched (2022)=============ရဲကားတစ်စီးရယ် လူနာတင်ကားတစ်စီးရယ် အကျဉ်းသားရွှေ့ပြောင်းဖို့အတွက် ညနက်နက်မှာ ကားဖြတ်မောင်းလာကြတာပေါ့။ ဘေးပတ်၀န်းကျင် ပယောဂကြောင့်လား မတော်တဆမှုတစ်ခု ကြောင့်ပဲလား မသိရပေမယ့် ကားနှစ်စီးလုံးဟာ ချောက်တစ်ခုထဲကို ဒလိမ့်ကောက်ကွေး ကျသွား ပါတော့တယ်။ အဲ့ထဲမှာမှ ဆေးဘက်အကူလေး Melina သတိမေ့ရာကနေနိုးလာတော့ အရာရာဟာ ၀ရုန်းသုန်းကား ... နောက်မှ သိလိုက်ရတာကတော့ ဒီဖြစ်ရပ်ဟာ မတော်တဆမှုတစ်ခုမဟုတ်ပဲ လုပ်ကြံမှုတစ်ခု ဆိုတာကိုပါပဲ။ Melina ကတော့ အိမ်မှာကျန်ခဲ့တဲ့ သမီးလေး Lily ကိုသာ စိတ်ပူပြီး အမြန်ပြန်ချင်ဇောကပ်နေခဲ့တာပေါ့၊ သို့ပေမယ့် မတော်တဆမှုတစ်ခုမဟုတ်ခဲ့တဲ့ ဒီလုပ်ကြံမှုမှာ အသက်ရှင်ကျန်နေတဲ့သူတွေကို တစ်ယောက်ပြီးတစ်ယောက် အပျောက်ရှင်းမယ့် အမည်မသိသူတွေ ပါ၀င်ပတ်သက်လာတဲ့အခါမှာတော့...... ဆေးဘက်အကူ Melina တစ်ယောက် ဒီဖြစ်ရပ်ဆိုးကြီးကနေ ဘယ်လိုရုန်းကန်ထွက်မလဲ  ဒီလုပ်ကြံမှု ကရော အကြောင်းမဲ့သက်သက်တိုက်ခိုက်မှုတစ်ခုပဲလား၊ ဘယ်သူတွေကရော ရှင်ကျန်ပြီး လွတ်မြောက် နိုင်မလဲ စ‌တာတွေကို ကြည့်ရှုရမယ့် horror ဇာတ်လမ်းကောင်းလေးတစ်ပုဒ်မို့ CM ပရိတ်သတ်တွေ အတွက် တင်ဆက်ပေးလိုက်ရပါတယ်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းကို Chuck Chuck မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Chuck Chuck, Jo ...
movie

Ditched (2022)

2022
John, 316 (2021) 5
John, 316 (2021) ယောကျာ်းဖြစ်သူနဲ့ကွဲကွာပြီးခါစ အက်ဘ်ဘီနဲ့ အမြဲပျော်ရွှင်စနောက်နေတတ်တဲ့ နိုက်တမ် သူတို့နှစ်ယောက် သူနာပြုဆရာဝန်အဖြစ်အလုပ်လုပ်နေတဲ့ စိတ္တဇဆေးရုံကို ဂျွန်ဒိုးလို့ခေါ်တဲ့ စိတ်ဝေဒနာသည်တစ်ယောက်ရောက်လာတဲ့အခါ.... ထူးဆန်းအံသြဖွယ်ရာတွေလုပ်ပြနိုင်တဲ့အတွက် တခြားစိတ်ဝေဒနာသည်များက ဂျွန်ဒိုးကို ယေရှုခရစ်လို့ထင်သွားကြပါတော့တယ်။ ဂျွန်ဒိုးရဲ့ဆုံးမသြဝါဒတွေကို နာခံကြတဲ့လူနာတွေဟာ ဆေးသောက်စရာမလိုတဲ့အထိ ရောဂါသက်သာလာကြပါတယ်။အဲဒါကြောင့်မို့ ဆေးရုံကိုထောက်ပံ့ပေးနေတဲ့ဆေးကုမ္ပဏီနဲ့ဂျွန်ဒိုးတို့ကြား ပြဿနာဖြစ်လာပါတော့တယ်။ဒါ​ကြောင့် လူနာတွေကို ဆေးအတင်းအကြပ်တိုက်ခိုင်းဖို့ ဆေးရုံဘုတ်အဖွဲ့က ခရစ်စတာဒါနဲ့ ဒေါက်တာလူးကပ်ကို ခန့်အပ်လိုက်တဲ့အခါ ဂျွန်နဲ့တခြားဝေဒနာသည်တွေ ဘာဆက်ဖြစ်မလဲဆိုတာ သိချင်ကြမယ်ထင်ပါတယ်။အက်ဘ်ဘီနဲ့နိုက်တမ်တို့ရဲ့အချစ်ဇာတ်လမ်းအပြင် စိတ်ဝေဒနာသည်တွေရဲ့ ရယ်စရာအဖြစ်အပျက်လေးတွေပါ ပေါင်းစပ်ထားတဲ့အတွက် ကြည့်ပျော်တဲ့ ဇာတ်ကားလေးဖြစ်မယ်ဆိုတာ သေချာပါတယ်ဗျာ။ File size…(1.6 GB) / (900 Mb) / (500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:44:00 Genre...Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Seiji
movie

John, 316 (2021)

True Fiction (2019) 4.7
True Fiction (2019) ဒီရုပ်ရှင်ကို ဒါရိုက်တာ Braden Croftကရိုက်ကူးထားပြီးသည်းထိတ်ရင်ဖိုရုပ်ရှင်လောကရဲ့ ဂန္တဝင်မြောက်လက်ရာတွေနဲ့ ရင်ဘောင်တန်းနိုင်တဲ့ခေတ်သစ်သည်းထိတ်ရင်ဖိုအနုပညာလက်ရာတစ်ခုလို့ဆိုလို့ရပါတယ်။True fictionဆိုတဲ့ အမည်အတိုင်းဒီရုပ်ရှင်ဟာ စိတ်ကူးယဥ်ဝတ္ထုလောကကို အခြေတည်ထားတယ်။ဒီဇာတ်လမ်းမှာ Avery Maloneလို့ခေါ်တဲ့ အထီးကျန်စာကြည့်တိုက်မှူးလေးကစာရေးရာမှာ စိတ်အားထက်သန်ပြီး သည်းထိတ်ရင်ဖိုဝတ္ထုတွေကိုရေးတဲ့စာရေးဆရာ Caleb Conradကို သူမရဲ့ Heroအဖြစ် သဘောထားပါတယ်။သူမက Calebအတွက် လက်ထောက်တစ်ယောက်အဖြစ်အလုပ်လုပ်ဖို့ အခွင့်အရေးရလာခဲ့တယ်။ဒီတော့ Averyဟာ လူထုကိုမျက်နှာမပြဖူးတဲ့ သူမရဲ့Heroနဲ့ တွေ့ဆုံပါတော့တယ်။Calebက လက်ထောက်အလုပ်မဟုတ်ဘဲ ကစားပွဲတစ်ခုမှာကစားသူအဖြစ် ပါဝင်ဖို့ ကမ်းလှမ်းလိုက်တဲ့အခါမှာAveryက မဆိုင်းမတွ လက်ခံလိုက်တာပေါ့။Calebက ကစားပွဲကို စိတ်ပိုင်းဆိုင်ရာ စမ်းသပ်မှုတွေ၊ကိုယ်ရေးကိုယ်တာမေးခွန်းတွေနဲ့ စတင်ပြီးAveryရဲ့ အကြောက်တရားကို ထိန်းချုပ်စမ်းသပ်ပါတော့တယ်။လက်တွေ့ဆန်တဲ့ ဇာတ်ကောင်တွေရဲ့ စိတ်အပြောင်းအလဲကြောင့်လက်တွေ့ဆန်မှုကနေ ရူးသွပ်မှုအဖြစ်အသွင်ပြောင်းလာတဲ့နောက်မှာတော့ဘာတွေ ...
movie

True Fiction (2019)