Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Raynor Scheine
6.5
The Quick and the Dead (1995)
The Quick and the Dead (1995)IMDb Rating (6.5)မင်းသားကြီး Russell Crowe , မင်းသားချော Leonardo DiCaprio , မင်းသမီးချော Sharon Stone တို့ပါဝင်ထားတဲ့ ကောင်းဘွိုင်အက်ရှင်ဇာတ်ကားပါ။ကြမ်းကြမ်းရမ်းရမ်း မိုက်မိုက်ကန်းကန်း မြင်းတွေစီးပြီး သေနတ်တွေနဲ့ ပစ်ကြခတ်ကြ တဲ့ အနောက်ပိုင်းရုပ်ရှင်တွေကို ကြည့်ချင်သူများအတွက်၁၉၉၅ ခုနှစ်ထွက်ရှိထားတဲ့ The Quick and the Dead ဆိုတဲ့ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းကတော့...အစိုးရရဲ့ ဥပဒေမစိုးမိုးဘဲ လူမိုက်တွေ ကိုသာ ဆက်ကြေးပေးနေရတဲ့ မြို့လေးတစ်မြို့မှာ သေနတ်ယှဉ်ပစ်တဲ့ ပွဲကို နှစ်စဉ်ကျင်းပလေ့ရှိပါတယ် …အနိုင်ရရှိတဲ့သူဟာ ဒေါ်လာ ၁၂၃၀၀၀ ကိုပိုင်ဆိုင်ရမှာဖြစ်တဲ့အတွက် အနယ်နယ်အရပ်ရပ်က သေနတ်သမားတွေ လာရောက်လက်စွမ်းပြလေ့ရှိတာပေါ့တစ်ရက်မှာ အဲ့ဒီကစားပွဲကို မိန်းကလေးတစ်ယောက်ရောက်ရှိလာခဲ့ပုံက ကျားတောထဲရောက်လာတဲ့ သမင်မလေး တစ်ကောင်လိုပါပဲ …သို့သော် မိန်းကလေးဟာ သမင်မလေးဖြစ်မလား ကျားသစ်မလေးဖြစ်မလားဆိုတာ.....။ File size…(5.9 ...
movie
The Quick and the Dead (1995)
4K HEVC
4.0
Book of Shadows: Blair Witch 2 (2000)
Book of Shadows: Blair Witch 2 (2000)ဒီရုပ်ရှင်မှာက ပရိသတ်ကိုအတွေးစတွေ ချန်ထားခဲ့မှာဖြစ်ပါတယ် ။ဒါကတော့ ဂျက်ဖ်တို့လူစုကြုံရတာကအစုလိုက်အပြုံလိုက် အရူးထတာလားဒါမှမဟုတ်သဘာလွန်ဖြစ်ရပ်လားဆိုတာပါပဲ။ဒီဇတ်ကားကလည်း ငွေကြေးအရအောင်မြင်တဲ့ဇတ်ကားဖြစ်ခဲ့ပါတယ်။ဒါရိုက်တာကတော့ မှတ်တမ်းတင်ရုပ်ရှင်တွေရိုက်လေ့ရှိတဲ့ Joe Berlingerဖြစ်ပါတယ်။အခုတိုးတက်ပြီးယဥ်ကျေးပါတယ်ပါတယ်ဆိုတဲ့ဥပရောတိုက်သားတွေကစုန်းအတတ်နဲ့ပြုစားပါတယ်လို့စွပ်စွဲပြီး၁၄၀၀ခုနှစ်ကနေ၁၇၇၅ထိ လူ၃၀၀၀၀ကနေ ၆၀၀၀၀ကို သတ်ခဲ့တယ်ဆိုရင်အံသြသွားကြမယ်ထင်ပါတယ်။ရောမအင်ပါယာ ဂျာမဏီ ပြင်သစ် အင်္ဂလန် ဆွစ်ဇာလန် စကော့တလန် ဆွီဒင် အင်္ဂလိပ်ကိုလိုနီဖြစ်တဲ့အမေရိကနဲ့မက္ကဆီကိုတို့မှာစုန်းတွေကိုလိုက်ရှာပြီးသတ်ဖြတ်တာတွေလုပ်ခဲ့ကြပါတယ်။အကျော်ကြားဆုံးစွပ်စွဲသတ်ခံရတဲ့သူကတော့ ပြင်သစ်အာဇာနည် “ဂျုံး”ပါ။ စုန်းအယူအဆကတော့နတ်ဆိုးနဲ့ဆက်နွယ်ပြီးလူတွေကို ကျိန်စာတိုက်ပြီးမကောင်းတာတွေဖြစ်စေတယ်ဆိုပါတယ်။စုန်းအယူအဆကအာဖရိကနဲ့မြန်မာမှာလည်းရှိပါတယ်။အနောက်တိုင်းနဲ့တော့ကွဲပြားပါတယ်။၁၉၉၉ မှာထွက်တဲ့ Blair Witch Project ရုပ်ရှင်က ထိတ်လန့်သည်းဖို ရုပ်ရှင်ဖန်တွေကြားတော်တော်ကိုပေါက်ခဲ့တဲ့ရုပ်ရှင်ဖြစ်ပါတယ်။တော်တော်ကိုကြောက်စရာကောင်းတဲ့ရုပ်ရှင်လို့ဆိုကြပါတယ် ။ငွေကြေးအရလည်းအောင်မြင်ခဲ့ပါတယ် ။ရုပ်ရှင်ရိုက်တဲ့အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်”ဘာ့ခ်ကစ်ဗေး”မြို့လည်း ကျော်ကြားသွားပြီးခရီးသည်တွေကြိတ်ကြိတ်တိုးလာကြလို့အမှတ်တရပစ္စည်းတွေလည်းရောင်းကောင်းသွားပါတယ်။“ဘလဲယားစုန်းမစီမံချက်”ဇတ်ကားကဖြစ်ရပ်မှန်မဟုတ်ပေမယ့်ရုပ်ရှင်ထဲကစုန်းမလို့စွပ်စွဲခံရပြီး ၁၇၈၅ခုနှစ်မှာရွာကနှင်ထုတ်ခံရ နှင်းတောထဲမှာသေအောင်ပစ်ထားခံရတဲ့ကယ်လီကက်ထ်ဝါ့ဒ်အကြောင်းကတော့အမေရိကန်တောင်ပိုင်းရဲ့“ဘဲလ်စုန်းမခြောက်လှန့်ခြင်း”(Bell WitchHaunting)ဒဏ္ဍာရီကိုအခြေခံထားတယ်လို့ဆိုပါတယ်။Book of Shadows: Blair Witch 2ကတော့“ဘလဲယားစုန်းမစီမံချက်”ရုပ်ရှင်ကိုအခြေခံပြီးရိုက်ထားတာပါ။ ဇတ်လမ်းအကျဥ်းဘလဲယားစုန်းမစီမံချက်ဇတ်ကားဝက်ဝက်ကွဲအောင်မြင်ပြီး ဘာ့ခ်ကစ်ဗေးမြို့လေးက ကမ္ဘာလှည့်ခရီးသည်တွေ ခရီးသွားတွေရုပ်ရှင်ပရိသတ်တွေနဲ့စည်ကားနေတဲ့အချိန်မှာမြို့ခံ ဂျက်ဖ်ပက်တာဆန်က ရုပ်ရှင်ရဲ့ကျော်ကြားမှုကို စီးပွါးရေးအရအမြတ်ထုတ်ပြီး၁၉၉၉နိုဝင်ဘာလမှာခရီးစဥ်တစ်ခုကိုစတင်လိုက်ပါတယ် ။သူ့ရဲ့ခရီးစဥ်မှာပါတဲ့သူတွေကရုပ်ရှင်နဲ့ပါတ်သက်ပြီးအစုလိုက်အပြုံလိုက်စွဲလမ်းမှုဖြစ်တာနဲ့လျို့ဝှက်ဆန်းကြယ်တာကိုသုတေသနပြုနေတဲ့ဘွဲ့လွန်ကျောင်သားစတီဖင်ပတ်ကားနဲ့ ကိုယ်ဝန်ရှိနေတဲ့သူ့ ရည်းစား ထရစ်စတန်ရိုင်လာ၊ခေတ်သစ်ဝှစ်ကာမှော်ဘာသာရေးလိုက်စားတဲ့အဲရစ်ကာဂီယာဆန်နဲ့ဂို့သ်လိုဝတ်စားနေထိုင်တဲ့ကင်မ်ဒိုင်းမွန်းတို့ပါဝင်ပါတယ်။သူတို့တွေကခရီးစထွက်တဲ့ညမှာပဲရပ်စတင်ပါးလ်ရဲ့အိမ်အပျက်အစီးမှာ ...
movie
Book of Shadows: Blair Witch 2 (2000)
2000
The Rookie (2002)
IMDb - 6.9 —————————————————“အိမ်မက်ကိုဘယ်တော့မှလက်မလျော့ဖို့သက်သေပြခဲ့တဲ့ အသက်(၃၅)နှစ်မှ Baseballကစားသမားဖြစ်လာခဲ့တဲ့ Jimmy Morris” Professional Baseballကစားသမားဖြစ်ဖို့ရူးသွပ်တဲ့Jim Morrisကသူ့ဘဝတလျှောက်တမြို့ပြီးတမြို့ပြောင်းရွေ့လာရာကနေ နောက်ဆုံးTexasမြို့မှာအခြေချနေထိုင်ဖို့ဖြစ်လာခဲ့တယ်။Texasမြို့မှာတော့ ဘောလုံးအားကစားကိုသာအဓိကအားပေးခဲ့တဲ့မြို့ဖြစ်ပြီး baseballကိုတော့လူစိတ်ဝင်စားမှုမရှိသလောက်နည်းတယ်။ ဒီလိုနဲ့အကြောင်းအမျိုးမျိုးကြောင့် သူ့အိမ်မက်ကိုလက်လျော့ခဲ့လိုက်ရတယ်။ ဒီလိုပဲဖြတ်သန်းလာရင်း အိမ်ထောင်ကျကလေးမွေးပြီးအထက်တန်းကျောင်းမှာသိပ္ပံဆရာတဖြစ်လဲ baseballနည်းပြအဖြစ်နဲ့ပဲနေထိုင်လာခဲ့ရင်းကနေ ဘဝတစစ်ချိုးဖြစ်တဲ့ သူ့ရဲ့အိမ်မက်ကိုအကောင်ထည်ဖော်နိုင်ဖို့အခွင့်အရေးရခဲ့တယ်။အသက်(၃၅)နှစ်မှအငယ်တန်းအနေနဲ့ကစားရမှာဖြစ်တဲ့အတွက် မိသားစုကလည်းအားမပေးတဲ့အပြင် စားဝတ်နေရေးစတဲ့ကိစ္စအဝဝနဲ့ ကြုံလာရတဲ့အခက်အခဲများစွာကိုဘယ်လိုဖြေရှင်းပြီးအောင်မြင်အောင်ကြိုးစားခဲ့တဲ့အကြောင်းဖြစ်ပါတယ် ကြာချိန်ကတော့၂နာရီခန့်ဖြစ်ပြီး Motiရစေတာမျိုးဖြစ်တဲ့အတွက် အချိန်ပေးရတာနဲ့တန်တဲ့ဇာတ်ကားမျိုးပါ Review & Translate - La Min KhinFile size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre... Drama, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by La Min Khin
movie
The Rookie (2002)
Horizon: An American Saga – Chapter 1 (2024)
ဒီဇာတ်ကားလေးကတော့ ဒါရိုက်တာ Kevin Costner က ပြောင်မြောက်စွာ ရိုက်ကူးတင်ဆက်ထားတဲ့ ဂန္ဓဝင်အနောက်တိုင်းရုပ်ရှင်ဇာတ်ကားဖြစ်ပြီးတော့ An American Saga Trilogy ရဲ့ ပထမဆုံးဇာတ်ကားဖြစ်ကာ နောက်ထပ် Sequel နှစ်ကားလာဖို့ ရှိပါသေးတယ်။ဇာတ်လမ်းလေးကတော့ အမေရိကန်လူမျိုးတွေဟာ အမေရိကတိုက်ကြီးရဲ့ မိုးကုပ်စက်ဝိုင်းလို့ ခေါ်ဝေါ်သမုတ်တဲ့ အနောက်ဖက်အရပ်ရဲ့ ဆွဲဆောင်ညို့ယူမှုကို ခံရပြီး အမေရိကန်နိုင်ငံရဲ့နယ်နိမိတ်ကို တိုးချဲ့တိုင်းတာသတ်မှတ်ဖို့ တရွေ့ရွေ့ ခြေဆန့်ခရီးဆက်လာတဲ့အချိန်မှာ ယနေ့ခေတ်အခေါ် ဟစ်ပီတွေ တဖြစ်လည်း ဒေသခံတိုင်းရင်းသားလူမျိုးရင်းမျိုးနွယ်စုတွေဖြစ်တဲ့ အပါချီမျိုးနွယ်စုနဲ့ တခြားမျိုးနွယ်စုခွဲတွေအတွက်ကတော့ သူတို့ပိုင်ဆိုင်တဲ့မြေကို တစတစ ဖဲ့ပေးနေရတာဖြစ်တဲ့အတွက် သူတို့ကြားထဲမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အကြောင်းနဲ့ စတင်ထားပါတယ်။ ယဉ်ကျေးမှုနှင့် နည်းပညာတိုးတက်မှုတို့ အချိုးကျကျပေါင်းစပ်ကာ ဂီတ အနုပညာ ဖက်ရှင် ဖျော်ဖြေရေးတွေ ထွန်းကားလာပြီးတော့ ရွှေခေတ်လို့ တင်စားကြတဲ့ ၉၀ ရာစုပြည့်နှစ်တွေ မရောက်ရှိလာခင် ခေတ်အချိုးအကွေ့ရဲ့ ကနဦးအစောပိုင်းကာလကို မတူညီကွဲပြားတဲ့ ဇာတ်ကောင်တွေ ရှုထောင့်တွေနဲ့ ...
movie
Horizon: An American Saga – Chapter 1 (2024)
My Cousin Vinny (1992)
နယူးယောက်မြို့တော်ကကောလိပ်ကျောင်းသားတွေဖြစ်တဲ့ ဘီလ်နဲ့စတန်တို့သူငယ်ချင်းနှစ်ယောက်ဟာ အယ်လာဘားမားကိုဖြတ်မောင်းလာရင်း ကုန်စုံဆိုင်တစ်ခုမှာဈေးဝင်ဝယ်ဖြစ်ပါတယ်။ သူတို့ထွက်သွားပြီးတဲ့နောက်မှာ စတိုးဆိုင်စာရေးလုယက်သတ်ဖြတ်ခံရပေမယ့်သူတု့ိမသိခဲ့ကြပါဘူး။တစ်ခုရှိတာက ဘီလ်ဟာ တူနားငါးသေတ္တာတစ်ဘူးကိုအလစ်သုတ်လာမိပါတယ်။နောက်ကရဲတွေလိုက်လာတဲ့အချိန်မှာရောသူတို့ကိုဖမ်းပြီး ရဲစခန်းမှာစစ်မေးနေတဲ့အချိန်မှာကော တူနားငါးသေတ္တာတစ်ဘူးအလစ်သုတ်မှုကြောင့်လို့ထင်ခဲ့ပေမယ့် တကယ်တမ်းမှာ သူတို့ကို စတိုးဆိုင်စာရေးသတ်မှုနဲ့ကြံရာပါအဖြစ် စွပ်စွဲဖမ်းဆီးထားတာပါ။သူတို့က ဝန်ခံမိရက်သားဖြစ်နေတဲ့အပြင် အထောက်အထားတွေအရလည်းသူတို့ကိုပဲညွှန်ကြနေတဲ့အတွက် အယ်လာဘားမားရဲ့ အလွန်တင်းကျပ်ပြီးကြမ်းတမ်းတဲ့ဥပဒေအရပြစ်မှုထင်ရှားရင် သေဒဏ်နဲ့မလွဲမသွေကြုံရတော့မယ့်အခြေအနေမှာ သူတို့အတွက်ကယ်တင်ရှင်ပေါ်လာပါတော့တယ်။ အဲ့ဒီလူကတော့ဘီလ်ရဲ့ကာဆင်တစ်ယောက်ဖြစ်တဲ့ ဗင်နီဆိုတဲ့ရှေ့နေပါပဲ။ရှေ့နေကျောင်းကိုခြောက်နှစ်တက်ခဲ့တဲ့၊ ဘယ်လိုတရားခွင်အတွေ့အကြုံမျိုးမှမရှိတဲ့၊အယ်လာဘားမားအကြောင်း သူတို့အမှုအကြောင်းကို ဘာတစ်ခုမှမသိပဲ ဒိအမှုကနေ သူတို့ကို ဘယ်လိုကယ်တင်မလဲဆိုတာက စိတ်ဝင်စားစရာအကောင်းဆုံးအချက်ဖြစ်နေလို့ဇာတ်လမ်းထဲမှာဆက်လက်ရှုစားကြပါ။ ဟာသကားဖြစ်နေပေမယ့် ပေါတဲ့ဘက်ကိုမသွားပဲ သဘာဝကျကျဟာသတွေ၊ခိုင်မာတဲ့ဇာတ်လမ်း၊ဇာတ်အိမ်တွေနဲ့တည်ဆောက်ထားတဲ့ Underrated ဟာသဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ အကောင်းဆုံးအချက်ကတော့ ဗင်နီရဲ့ဇနီးလောင်းအဖြစ်သရုပ်ဆောင်ထားတဲ့ Marisa Tomei (tom holland spidey's aunty may) ပါပဲ။နုရွလှပနေတဲ့ အန်တီမေငယ်ငယ်လေးကို တမူထူးခြားတဲ့ဇာတ်ရုပ်နဲ့တွေ့မြင်ရမှာဖြစ်ပါတယ်။ File size…(2 GB)/(1 GB)/(610 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:01:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias
movie
My Cousin Vinny (1992)
6.1
The Sentinel(2006)
ဒီဇာတ်ကားက ဂန္ဓ၀င်မင်းသားကြီး Michael Douglas ရဲ့ဇာတ်ကားလေးပါ။ ပိထ်ဂါရစ်ဆန် နဲ့ ဘရက်ကင်ရစ်ခ်ျ တို့ဟာ သမ္မတ လုံခြုံရေးတပ်ဖွဲ့မှာ တာ၀န်ထမ်းဆောင်လာခဲ့တာ နှစ်ပေါင်းများစွာရှိနေပါပြီ။ သူတို့နှစ်ယောက်ဟာ ခင်မင်တာကြာပြီဖြစ်တဲ့ သူငယ်ချင်းနှစ်ယောက်ဖြစ်ပေမယ့် ပုဂ္ဂိုလ်ရေးကိစ္စကြောင့် စိတ်၀မ်းကွဲနေကြတဲ့သူတွေဖြစ်ပါတယ်။ တစ်ရက်မှာတော့ လုံခြုံရေးအဖွဲ့ရဲ့ အဖွဲ့၀င်တစ်ဦးဟာ သမ္မတကိုလုပ်ကြံဖို့စီစဉ်နေတာသိလိုက်ရတော့ လုံခြုံရေးအဖွဲ့တစ်ခုလုံး သို့လော သို့လော ဖြစ်ကုန်ကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ယုံမရတော့တဲ့အနေအထားကြောင့် မုသားဖော်စက်နဲ့ တစ်ဦးချင်းစစ်ဆေးရာမှာ ပိထ် လိမ်နေတယ်လို့သိလိုက်ရပါတယ်။ ဒါပေမယ့် ပိထ်ကအဖမ်းမခံဘဲ အကွက်ချခံရကြောင်းပြောပြီး တရားခံအစစ်ကိုရှာဖို့ကြိုးစားပါတော့တယ်။ ပိထ်ဟာ သူပြောသလို အကွက်ချခံရတာလား ကိုယ်တိုင်ကပဲလုပ်ကြံရေးသမားဖြစ်နေတာလား.... File size…1.69GB / 708.9MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 48m Genre ..... Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka
movie
The Sentinel(2006)
5.9
(18+)Nine 1/2 Weeks (1986)
Nine Half Weeks ဆိုတဲ့ဇာတ်ကားလေးကတော့ မိသားစုေတွနဲ့ အတူကြည့်ဖို့ မသင့်တဲ့လူကြီးတွေကို လူကြီးပညာသင်တဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။1986 ခုနှစ်လောက်က Cinematography နဲ့ ခန္ဓာကိုယ်ရဲ့ အနုပညာကောက်ကြောင်းတွေကိုဘယ်လိုရိုက်ပြထားလဲဆိုတာကို ကြည့်ရှုလေ့လာရင်း ပညာတွေအများကြီးတိုးပွားစေမယ့် ဇာတ်ကားလေးပါ။လိင်ကိစ္စဆိုတာ ကြာလာတာနဲ့ တစ်ယောက်နဲ့တစ်ယောက်စိတ်လှုပ်ရှားမှုတွေ လျော့ကျသွားတတ်ပါတယ်..ဒါပေမယ့် ဘယ်လိုနည်းမျိုးတွေနဲ့ စိတ်လှုပ်ရှားမှုတွေကို ပြန်ပြီးရှာဖွေပြီး သာယာမှုကိုပြန်ရှာဖွေမလဲ။ကိုယ့်ရဲ့ ပါတနာကို လွှမ်းမိုးတဲ့နေရာမှာလဲ အတိုင်းအတာဆိုတာ ဘယ်လောက်ရှိလဲ။သာယာမှုတွေ အလွန်မှာရော ဘယ်လိုဆိုးကျိုးတွေ စောင့်ကြိုနေလဲဆိုတာကိုတော့ ဒီဇာတ်ကားလေးကို ကိုယ်တိုင်ကြည့်ရှုခံစားကြည့်လိုက်ကြပါ။ File size…3.2GB / 1.2GB Quality…1080p BluRay AAC5.1Ch / 720p Format…mp4 Duration….1h 57mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thu Ra Hein
movie
(18+)Nine 1/2 Weeks (1986)
1986
7.3
Lincoln (2012)
Lincoln (2012) ============ IMDb Rating = 7.3/10 Directed By Steven Spielbergအေဘရာဟမ်လင်ကွန်းဆိုတဲ့ နာမည်ကြားရင် ၁၆ဆက်မြောက် အမေရိကန်သမ္မတဆိုတဲ့ဂုဏ်ပုဒ်ထက် ငွေဝယ်ကျွန်စနစ်ကို တိုက်ဖျက်ခဲ့သူဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ပိုသိကြတယ်။ ဂျော့ဝါရှင်တန် သောမတ်ဂျက်ဖာဆန်၊ အေဘရာဟမ်လင်ကွန်း၊ သီအိုဒိုးရုစဘဲ့စတဲ့ Mount Rushmoreမှာ ထွင်းထုထားတဲ့ အကြီးကျယ်ဆုံးအမေရိကန်သမ္မတ လေးယောက်ထဲကတစ်ယောက်။ သူကသစ်လုံးအိမ်ကလေးကနေ သမ္မတဖြစ်လာသူ၊ အသွားအပြန်ရထားပေါ်စာဖတ်ရင်းလေ့လာခဲ့တဲ့သူ စသဖြင့် အချက်တွေနဲ့လည်း နာမည်ကျော်တယ်။ တစ်ချိန်တည်းမှာပဲ အမေရိကန်သမိုင်းရဲ့ လုပ်ကြံသတ်ဖြတ် ခံရတဲ့လေးဦးတည်းသော သမ္မတတွေထဲက တစ်ယောက်ဖြစ်တယ်။ ဒီရုပ်ရှင်ဟာ သူ့နာမည်ကြီးတပ်ထားပေမဲ့ သူ့အတ္ထုပ္ပတ္တိကို ရိုက်ပြထားတာတော့ မဟုတ်ဘူး။ ငွေဝယ်ကျွန်စနစ်ကို ဖျက်သိမ်းဖို့ ဘယ်လိုဘယ်ပုံ အားလုံးကြိုးပမ်းခဲ့ရလဲဆိုတဲ့ အကြောင်းအရာဘက် ပိုသွားတယ်။ အဲ့ဒီကာလအကြောင်းသိထားမှပဲ ဒီရုပ်ရှင်ကြည့်ရတာ ပိုအဆင်ပြေလောက်မယ်။ လုပ်ကြံမခံရခင်အထိ ၁၈၆၁- ၁၈၆၅ လင်ကွန်းရဲ့ သမ္မသက်တမ်းတစ်လျှောက်ဟာ ပြည်တွင်းစစ် ဖြစ်ရာကာလနဲ့ အတူတူပဲ။ ပြည်တွင်းစစ်ဟာ တောင်ပိုင်းပြည်နယ် ၁၁ခုက ခွဲထွက်ဖို့ကြိုးစားရာက စခဲ့တယ်။ အဲ့ဒီတောင်ပိုင်းပြည်နယ်တွေကို ကွန်ဖက်ဒရိတ်စီလို့ ခေါ်ပြီး ...
movie
Lincoln (2012)
2012