Channel Myanmar

Raymond Ablack

The Broken Hearts Gallery (2020)
The Broken Hearts Gallery (2020) The Broken Hearts Gallery (2020) ********************************ချစ်သူနဲ့ပတ်သက်တဲ့ အမှတ်တရတွေကိုသိမ်းဆည်းတတ်တဲ့ ကောင်လေး၊ ကောင်မလေးတွေ...CM ပရိသတ်ကြီးထဲမှာရှိကြမယ်လို့ထင်ပါတယ်။ လမ်းခွဲပြတ်စဲသွားချိန်မှာတောင် ဒီအမှတ်တရတွေကို...မဖျက်ဆီးရက်တဲ့အခါ နာကျင်ခံစားကြရမှာပါ။ အဲဒီလိုရှေ့မဆက်နိုင်ဘဲ နာကျင်နေရတာတွေကိုကုစားဖို့...Hear Broken Gallery လာပါပြီ။ စွန့်ပစ်ဖို့လည်းခက် ဖက်တွယ်ဖို့လည်းနာကျင်နေရရင်...ဒီဇာတ်ကားလေးကိုသတိရလိုက်ပါနော်။ Comedy, Romance ဖြစ်တဲ့ ဒီကားလေးမှာ...Stranger Thing စီးရီးထဲက ဆွဲဆောင်မှုရှိတဲ့ ဘီလီက နစ်ခ်အနေနဲ့ပါ၀င်သရုပ်ဆောင်ထားပါတယ်။ဒီတစ်ခါတော့ Charming type လေးအနေနဲ့ပါ၀င်ထားလို့ အဆုံးထိစိတ်၀င်တစားကြည့်ရှုရမယ့် ကားလေးပါ။ဇာတ်လမ်းအကျဉ်း -------------တွဲသမျှကောင်လေးတိုင်းရဲ့အမှတ်တရတွေကို သိမ်းထားတတ်တဲ့ကောင်မလေး လူစီ...လူစီက ပြခန်းတွေကိုစီမံရတာ၀ါသနာပါတဲ့ ကောင်မလေးတစ်ယောက်‌ပေါ့။ တစ်နေ့တော့...သူ့ချစ်သူနဲ့ပြတ်စဲသွားတဲ့အချိန်မှာ ဒီအမှတ်တရပစ္စည်းတွေကို လွှင့်မပစ်နိုင်မယ့်အတူတူ...ထားစရာနေရာရှာပါတော့တယ်။ အဲဒီမှာပဲ ဟိုတယ်ဖွင့်ဖို့ကြိုးစားနေတဲ့ နစ်ခ်နဲ့ဆုံပါတော့တယ်။သူတို့နှစ်ယောက်ဆုံပြီးတဲ့နောက် ဘာဆက်ဖြစ်မယ်ဆိုတာ စိတ်၀င်စားစွာနဲ့ကြည့်ရှုရမှာပါ။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Aye Mon Kyaw ပဲဖြစ်ပါတယ်...File Size : 2.04GB / 920MB Quality : 1080p 5.1ch / 720p Duration : ...
movie

The Broken Hearts Gallery (2020)

2020
Buffaloed (2019) 6.2
Buffaloed (2019) 2019 ထွက် ဟာသရုပ်ရှင်ကောင်းတစ်ခုလောက် ကြည့်လိုက်ရအောင်။ မင်းသမီးက Peg ဆိုတဲ့ ဉာဏ်အရမ်းကောင်းတဲ့ကောင်မလေးပေါ့။ Wall Street မှာ အလုပ်လုပ်နိုင်ဖို့ ငွေကြေးပိုင်းဆိုင်ရာဘွဲ့တွေလိုချင်လို့ ကောလိပ်ကောင်းကောင်းကိုရအောင်တတ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျောင်းလခမတတ်နိုင်တော့ ငွေရှာဖို့ မဟုတ်တရုတ်တွေလုပ်ရင်းနဲ့ ထောင် ၄ လ ကျသွားရော။ ထောင်ကလွတ်တဲ့အချိန်မှာ မြေအောက်လောက အကြွေးတောင်းအဖွဲ့တွေနဲ့ တွေ့ပြီး အကြွေးတောင်း လူလည်မကြီးဖြစ်လာရနေ ဖျံအချင်းချင်း လူလည်ကျ ကတုံးပေါ်ထိပ်ကွက်ကြပုံတွေကို ဟာသဆန်ဆန်နဲ့ စိတ်ဝင်စားစရာကြည့်ရမှာပါပဲ။ ဒီခေတ်ကြီးထဲမှာ လုပ်စားဖို့ အကွက်စုံလေးတွေလေ့လာချင်ရင်တော့ ဒီရုပ်ရှင်က ခင်ဗျားတို့အတွက်ပါပဲ။File size…(1.87GB)/(953MB)/(457 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:35:00 Genre...Comedy / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mash Island 
movie

Buffaloed (2019)

Stay the Night (2022) 6.5
Stay the Night (2022) Stay The Night (2022) ------------------------------------- Introvert တစ်ယောက်ဖြစ်တဲ့အပြင် အချစ်ရေးမှာလည်း သတ်မှတ်ထားတဲ့ စံနှုန်းတွေတအားမြင့်တဲ့ ၂၇ နှစ်အရွယ် HR Adviser ဂရေ့စ်ဟာ အလုပ်မှာရော အချစ်ရေးမှာပါကံခေသူလေးပေါ့။ တစ်နေ့မှာတော့ အလုပ်မှာအဆင်မပြေပါဘူးဆိုနေ ရည်းစားရှုပ်တဲ့ သူ့အခန်းဖော်သူငယ်ချင်းကြောင့် အိမ်ကိုပြန်လို့မရသေးဘဲ ဘာလုပ်ရမှန်းမသိဖြစ်နေတုန်း အသင်းကနေထုတ်ခံရလို့ စိတ်ဓာတ်ကျပြီး ဘားလာထိုင်တဲ့ ကာတာနဲ့တွေ့ပြီးတဲ့နောက်မှာတော့ ပထမဆုံးတွေ့ဖူးတဲ့ လူနှစ်ယောက်က အချင်းချင်းနားလည်ပေးနိုင်ပြီး အပြန်အလှန်ကူညီပေးကြရာကနေ သံယောဇဥ်တွေဖြစ်လာတဲ့အခါမှာတော့...ဂရေ့စ်လည်း သူအမြဲတမ်းစိတ်ကူးယဥ်ခဲ့ရတဲ့ ပြီးပြည့်စုံတဲ့ RS ကို ကာတာနဲ့မှ ဘယ်လိုရှာတွေ့သွားမလဲဆိုတာကို ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုခံစားလို့ရမယ့်ဇာတ်ကားလေးပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Robin ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance Quality…. 1080p | 720p | 480p File size… 830MB | 435MB | 224MB Format… mp4 Duration…. 1h 29min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Robin Encoder ..... ...
movie

Stay the Night (2022)

2022
Love in the Villa (2022) 5.3
Love in the Villa (2022) Love in the Villa (2022) =================အချစ်ဟာ ဆန်းကြယ်ပါတယ်။ နဖူးစာရွာလည်ဆိုသလိုမျိုး တစ်ခါတရံ ကမ္ဘာ့မြောက်ဘက်အခြမ်းကလူနဲ့ တောင်ဘက် အခြမ်းကလူလည်း ဆုံစည်းနိုင်တယ်။ ဒါပေမဲ့ ဆန်းကြယ်တဲ့ အချစ်တွေမှာ ရှုပ်ထွေးခြင်းနဲ့ ခက်ခဲခြင်းတွေက နှောင့်ယှက် တတ်စမြဲပဲမဟုတ်လား။ဒီ Love in the Villa ဆိုတဲ့ ဇာတ်ကားလေးမှာတော့ ကလေး တွေကိုစာသင်တဲ့ ဆရာမလေး ဂျူးလီဟာ ရိုမီရိုနဲ့ ဂျူးလိယက်ရဲ့ ပင်တိုင်ပရိသတ်တစ်ယောက်၊ ရူးသွပ်လွန်းလို့ အီတလီနိုင်ငံအထိ ခြေဆန့်ပြီး ခရီးထွက်ချင်သူ။ တစ်နေ့ ခရီးထွက်ဖို့ စီစဥ်ပြီးချိန်မှာ အတူမျှဝေလို့ရမယ့် ချစ်သူကလည်း အသင့်ရှိနေပါတယ်။ ခရီးမှာ ဘယ်တွေသွားမယ်၊ ဘယ်လိုသွားမယ်၊ ဘယ်လိုရိုမယ် သေချာစီစဉ် ထားတာပေါ့။ကံဆိုးချင်တော့ ခရီးမထွက်ခင်လေးတင် ချစ်သူက ပြတ်စဲသွားတဲ့အခါ အချစ်မြို့တော်ကိုသွားမယ့် ဂျူးလီတစ်ယောက် ကံဆိုးခြင်းများစွာကို ဆက်တိုက်ကြုံရင်း ငှားနေမယ့် အချစ်စံအိမ်လေးမှာ လွဲချော်မှုတစ်ခုကြောင့် ချာလီဆိုသူတစ်ဦးနဲ့ ဆုံကြတဲ့အခါ။ ဟာသလေးတွေ၊ အလွဲလေးတွေနဲ့ ချစ်ကြည်နူးခြင်းတွေ အစရှိတာတွေအားလုံးကို ဒီကားထဲမှာ စောင်ကိုက်ရင်း ကြည့်ရမှာ ဖြစ်ပါကြောင်းပြောရင်းတင်ဆက်လိုက်ပါရစေ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mugiwara Ya ဖြစ်ပါတယ်) File Size..........(1.95 GB) / ...
movie

Love in the Villa (2022)

2022