Channel Myanmar

Ray Teal

The Desperate Hours (1955) 7.4
The Desperate Hours (1955)  Casablanca မင်းသားကြီး Humphrey Bogart မဆုံးခင် ၂ နှစ်အလိုမှာ ရိုက်ကူးထားခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဂလန်းဂရစ်ဖင်ဆိုသူ ထောင်သားဟာ လွန်ခဲ့တဲ့ ၄ နှစ်က အဖမ်းခံရချိန် သူ့မေးရိုးကို ချိုးခဲ့တဲ့ရဲကို လက်စားပြန်ချေမယ်လို့ ကြိမ်းဝါးသွားခဲ့တာ သူဟာ သူ့ညီရယ် နောက်ထပ်ထောင်သားတစ်ယောက်ရယ်နဲ့ ထောင်ဖောက်ပြေးလွတ်မြောက်လာချိန် သူ့အကြံ‌စည်တွေအကောင်အထည်ဖော်ဖို့ အဆင်သင့်ဖြစ်ချိန်ထိ ပုန်းနေလိုရမယ့် အိမ်တစ်အိမ်ကို ရွေးလိုက်တယ်။မိသားစု ၄ ‌ယောက်ရှိတဲ့ ဟီလီယတ်မိသားစုကိုပါပဲ။ သူတို့ ၃ ယောက်ဟာ တစ်မိသားစုလုံးကို သေနတ်ကိုင်ခြိမ်းခြောက်ထားပြီး သူ့အကြံအစည်တွေကို အကောင်အထည်ဖော်နေချိန် တချိန်က ဂရစ်ဖင်ကိုဖမ်းခဲ့တဲ့ ရဲသားကြီးကလည်း အပူတပြင်းလိုက်ရှာနေတယ်။ ဟီလီယတ်တို့ မိသားစုဟာလည်း သူတိုတွေလက်ထဲ ပြုသမျှနုနေရပေမဲ့ ခေသူတွေမဟုတ်ကြလေတော့ ..... File size…(3 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:52:00 Genre... Crime, Drama, Thriller Subtitle….Myanmar Subtitle ...
movie

The Desperate Hours (1955)

The Wild One (1953) 6.7
The Wild One (1953)  "The Wild One" (1953) ဟာ အမေရိကန် မှုခင်းဒရာမာရုပ်ရှင်ဖြစ်ပြီး László Benedek မှ ဒါရိုက်တာအဖြစ် ရိုက်ကူးထားကာ Marlon Brando က အဓိကအဖြစ် သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းထဲမှာတော့ Johnny Strabler ဟာ Black Rebels Motorcycle Club လို့ခေါ်တဲ့ မော်တော်ဆိုင်ကယ်ဂိုဏ်းခေါင်းဆောင်တစ်ယောက်ပါ California ပြည်နယ်က Wrightsville မြို့လေးကို သူတို့တွေရုတ်တရက်ဝင်ရောက်လာချိန်မှာပဲ အေးချမ်းနေတဲ့မြို့လေးဟာ မအေးမချမ်းဖြစ်ခဲ့ရပါတယ်။နောက်ပိုင်း ပြိုင်ဘက်မော်တော်ဆိုင်ကယ်ဂိုဏ်းတစ်ခုလည်းဝင်လာပြီး မြိုသူမြိုသားတွေနဲ့ ရဲတွေကြား အကြမ်းဖက်မှုတွေပါ ဖြစ်ပေါ်လာတယ်။ အရှုပ်အထွေးတွေကြားထဲကပဲ Johnny ဟာ Kathie ဆိုတဲ့ကောင်မလေးကို တွေ့ပြီး စိတ်ဝင်စားသွားတယ်။ သူတို့ရဲ့ဆက်ဆံရေးကြောင့် Johnny ရဲ့ စိတ်သဘောထား နူးညံ့မှု၊ မိမိကိုယ်ကို ပြန်သုံးသပ်မှုတွေကိုပါ တွေ့မြင်လာရတယ်။သိုပေမဲ့လူ့အဖွဲအစည်းရဲ့ ဖိအားနဲ့ ယုံကြည်မှု လွှဲမှားမှုတွေကြောင့် ဘယ်လိုဒုက္ခတွေ၊ အဖြစ်ဆိုးတွေဖြစ်လာရမလဲဆိုတာတော့ ဒီ The ...
movie

The Wild One (1953)