Channel Myanmar

Ray Liotta

Muppets from Space (1999)
Muppets from Space (1999) IMDB Rating* - "6.4/10"နာမည်ကြီး Muppets Collections တွေထဲကမှ "Muppets from Space (1999) ဆိုတဲ့ ဇာတ်ကားလေးဟာ လူကြီး‌တွေရော ကလေးတွေအတွက်ပါ ကြည့်လို့ကောင်းမယ့် ကားလေးတစ်ကားဖြစ်ပါတယ်။ ဟာသနဲ့ စွန့်စားခန်းတွေ ပေါင်းစပ်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဂွန်ဇိုဟာ သူ့ကိုယ်သူ ကမ္ဘာမြေပေါ်က တစ်ဦးတည်းသော ဂြိုလ်သားလို့ ယုံကြည်လာပြီး သူ့မိသားစုကို ရှာဖွေဖို့ စွန့်စားခန်းထွက်တဲ့ အကြောင်းကိုအဓိက ရိုက်ပြထားတာပါ။Muppets တို့ရဲ့ ထုံးစံအတိုင်း စတူဒီယိုကျတဲ့ ဇာတ်ရုပ်တွေဖြစ်တဲ့ မစ္စစ် ပစ်ဂီ၊ ကာမစ် စသဖြင့်နာမည်ကြီး ဇာတ်ကောင်တွေလဲ ပါဝင်ပါတယ်။ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားဖြစ်သည့်တိုင်အောင် Muppets တို့ရဲ့ ရိုးရှင်းပြီး နှလုံးသားကို ထိမိစေတဲ့ သံယောဇဉ်က ဒီဇာတ်ကားကို မိသားစုနဲ့အတူ ပြန်လည်ကြည့်ရှုဖို့ အကောင်းဆုံး ရွေးချယ်စရာတစ်ခုအဖြစ် ထင်ရှားစေပါတယ်။ Muppets မကြည့်ဖူးသူတွေ ဒီကားလေးကို ကြည့်ရှုဖို့ ...
movie

Muppets from Space (1999)

Revenge of the Green Dragons (1994) 5.3
Revenge of the Green Dragons (1994) ဒီ ဇာတ်လမ်းမှာတော့ နယူးယောက်မြို့ရဲ့ တရုတ်တန်းတွေမှာကြီးစိုးနေတဲ့ တရုတ်ဂိုဏ်းတွေကြားက ရန်ပွဲတွေအကြောင်း ၊တရုတ်ပြည်မှ တရားမဝင်ခိုပြောင်းရွှေ့နေထိုင်တဲ့မိဘမဲ့ကောင်လေး ဆွန်နီရဲ့ ဘဝအကြောင်း ကို ကြည့်ရှုရမှာဖြစ်ပါတယ် ။ဇာတ်လမ်းအစမှာတော့ တရားမဝင်ပြောင်းရွှေ့နေထိုင်သူတွေကိုစီမံနေရာချပေးရာကနေ မိဘမဲ့ ဆွန်နီကို စတီဗင်တို့ မိသားစုနဲ့ နေရာချပေးခဲ့ပါတယ် ။သူတို့ဟာ အခြေအနေအရပ်ရပ်ကြောင့် အမေရိကန်ကို ရောက်လာပေမယ့်အမေရိကန်ရဲ့ တရုတ်တန်းတွေမှာ ကြီးစိုးနေတဲ့ ဂိုဏ်းတွေရဲ့ အနိုင်ကျင့်မှုကို ခံစားရပါတော့တယ် ။တစ်ရက်မှာတော့ စတီဗင်ဟာ အိမ်ပြန်မလာခဲ့တာကြောင့်ဆွန်နီဟာ ညီအစ်ကိုလို သူငယ်ချင်း စတီဗင်ကို လိုက်ရှာရပါတော့တယ် ။ဖြစ်ချင်တော့ စတီဗင်ကို ဖမ်းသွားတာ နယူးယောက်မြို့ ထိပ်တန်း ဂိုဏ်းတွေထဲကမှအကြမ်းဆုံးဖြစ်တဲ့ နဂါးစိမ်းဂိုဏ်းက ဖမ်းသွားခဲ့တာပါ ။ဆွန်နီဟာ စတီဗင်ကို ရှာမတွေ့ခဲ့ပေမယ့် ရက်အနည်းငယ်အကြာမှာတော့ စတီဗင်ဟာနဂါးစိမ်းဂိုဏ်းဝင်အဖြစ် ပြန်လည်ရောက်ရှိလာပါတော့တယ် ။စတီဗင်ဟာ ဆွန်နီ့ကို နဂါးစိမ်းဂိုဏ်းအတွင်း ခေါ်သွင်းပြီးနောက်မှာတော့သူတို့ ဘာတွေ ဆက်ကြုံတွေ့ရမလဲ ၊ ဘယ်လို ကံကြမ္မာက စောင့်ကြိုနေမလဲ ဆိုတာကို ...
movie

Revenge of the Green Dragons (1994)

Bee Movie (2007) 6.1
Bee Movie (2007) Bee Movie (2007)****************Cm Animation ပရိသတ်ကြီးကို ၂၀၀၇ ခုနှစ်ကထွက်ရှိထားတဲ့ Bee Movie ဆိုတဲ့ ပျော်စရာကာတွန်းကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ..ဇာတ်ကားလေးထဲမှာ ပျားကလေးတွေ ဘယ်လိုအလုပ်လုပ်ကြတယ်ဆိုတာကိုဗဟုသုတအနေနဲ့ မြင်တွေ့ရမှာဖြစ်ပြီးပျားတွေနဲ့လူတွေသာ စကားပြောဖြစ်ကြရင် ဘယ်လိုတွေဖြစ်လာမလဲဆိုပြီးစိတ်ကူးယဉ်ဇာတ်လမ်းလေးဖွဲ့ထားတာပဲဖြစ်ပါတယ်...ပျားတွေဟာ နှစ်သန်းပေါင်း ၂၇နှစ် ကြာအောင်ကမ္ဘာပေါ်မှာ တစ်ရက်မှ မနားဘဲ အလုပ်လုပ်နေကြတဲ့ အကောင်လေးတွေဖြစ်ပါတယ်…တစ်နေ့မှာ ဘယ်ရီဆိုတဲ့ ပျားကလေးတစ်ကောင်ဟာ ကျောင်းပြီးဘွဲ့ရလို့အလုပ်ခွင်ဝင်ရမယ့် အချိန်ရောက်လာခဲ့ပေမယ့်ပျားတွေလုပ်ရမယ့် သာမန်အလုပ်ကို မလုပ်ချင်ဘဲ စူးစမ်းချင်စိတ်ရှိတဲ့ ဘယ်ရီဟာပျားအုံရဲ့အပြင်ကို ထွက်သွားမိရာကနေ …လူသားတွေနဲ့ တွေ့ဆုံမိတဲ့အခါမှာ ဘယ်လိုစွန့်စားမှုမျိုးတွေ ကြုံရမှာလဲဆိုတာကိုယ်တိုင်ကြည့်ရှုခံစားလိုက်ကြပါဦးနော် ..(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zuel Khant Thwin ပဲဖြစ်ပါတယ်)File Size : 2.38GB / 1.03GB Quality : BluRay 1080p/ 720p Format…mp4 Duration…01:31:00 Genre :  Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Zuel ...
movie

Bee Movie (2007)

1992 (2023) 6.0
1992 (2023)  ဒီဇာတ်ကားလေးကတော့ 2024 မှာထွက်ရှိခဲ့တဲ့ အက်ရှင်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။မာဆာ က လူမည်းဂိုဏ်းလောကအသိုင်းအဝိုင်းမှာ လူလေးစားခံရသူတစ်ယောက်ပါ။သူ့မှာ အန်တွိုင်းလို့ခေါ်တဲ့ သားတစ်ယောက်ရှိပြီး သားအဖနှစ်ယောက်ဆက်ဆံရေးကအဆင်မပြေလှပါဘူး။ မာဆာ က ထောင်ထွက်တစ်ဦးဖြစ်ပြီး သတ္တုစက်ရုံတစ်ခုမှာအလုပ်လုပ်ရင်း ဘဝကို အေးဆေးဖြတ်သန်းနေသူပါ။တစ်ချိန်တည်းမှာပဲ ဓားပြအဖွဲ့တစ်ဖွဲ့က မာဆာ အလုပ်လုပ်နေတဲ့စက်ရုံကဒေါ်လာသန်းနဲ့ချီတဲ့ ပလက်တီနမ်ချောင်းတွေကို ဝင်ပြီး ဓားပြတိုက်ဖို့အတွက်ကြံစည်နေတယ်။ အဲဒီအချိန်မှာပဲတိုက်တိုက်ဆိုင်ဆိုင် အမေရိကန်နိုင်ငံမှာလူမည်းဆိုင်ကယ်သမားကို ရဲတွေက ရိုက်နှက်မှုကြောင့် ဆန္ဒပြပွဲတွေအကြီးအကျယ်ဖြစ်ပြီး ဆူပူအုံကြွမှုတွေဖြစ်လာပါတော့တယ်။ဒီဇာတ်ကားမှာတော့ သားဇောနဲ့ မာဆာ၊ ဆူပူမှုကိုအခွင့်ကောင်းယူကြမဲ့ ဓားပြအုပ်စုတို့ကို အက်ရှင်အခန်းတွေအပြည့်နဲ့ ကြည့်ရှုကြရမှာဖြစ်ပါတယ်။ File size…1.22GB / 698MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 37m Genre ….. Action , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil
movie

1992 (2023)

Narc (2004) 7.1
Narc (2004) Narc ဇာတ်ကားဟာ 2002 မှာထွက်ရှိထားတဲ့Thriller/Crime အမျိုးအစား ဖြစ်ပါတယ်။IMDb7.1 ရရှိထားပြီး Rotten tomatoes 84% ရထားတဲ့ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ တာဝန်ကရပ်‌ဆိုင်းခံထားရတဲ့ရဲအရာရှိ နက်ခ် တဲလစ်ကို ရဲတစ်ယောက်အသတ်ခံရတဲ့အမှုကိုပြန်လိုက်ဖို့ တာဝန်ပေးလိုက်ကြပါတယ်။သူရဲ့တွဲဖက်ပါတနာကတော့ ဟင်နရီအုက်ခ် ဖြစ်ပြီးဆုံးသွားတဲ့ရဲအရာရှိရဲ့ တွဲဖက်ဟောင်းတစ်ယောက်လည်းဖြစ်ပါတယ်။ဟင်နရီအုက်ခ်ဟာ သူ့ရဲ့သူငယ်ချင်းဆုံးသွားတဲ့အပေါ်လက်‌စားပြန်ချေနိုင်ဖို့ ဘာမဆိုလုပ်ဝံ့သူပါ။ဒါကြောင့် crime ဇာတ်ကားကြိုက်တဲ့သူတွေအဖို့ တဲလစ်နဲ့အုက်ခ် တို့လူသတ်မှုနောက်ကွယ်က လျှို့ဝှက်ချက်တွေကို ဘယ်လိုဖော်ထုတ်ကြမယ်၊အဖြေရှာကြမယ်ဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်။  File size… 2.51 GB / 1.05GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 45m Genre ..... Crime /Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Paing Zay Phyo
movie

Narc (2004)

Wanderlust (2012) 5.6
Wanderlust (2012) Wanderlust (2012)Paul Rudd ရယ်...Jennifer Aniston နဲ့ အဲ့တုန်းက သူ့ချစ်သူ Justin Theroux တို့ပါဝင်သရုပ်ဆောင်ထားတဲ့ဒီရုပ်ရှင်ကားက Comedy Romance အချစ်ဟာသရုပ်ရှင်ကားလေးဖြစ်ပါတယ်...အလုပ်အကိုင်မရှိတော့လို့ ဓာတ်ကျနေတဲ့ စုံတွဲတစ်တွဲဟာဒီကမ္ဘာမှာ ကိုယ့်ကိုပျော်ရွှင်စေမယ့် တခြားရှင်သန်နေထိုင်မှုပုံစံတမျိုးမျိုးကိုရှာဖွေဖို့ ဆုံးဖြတ်လိုက်ကြပါတယ်..ဒါကြောင့်မလို့ နယူးယောက်ကနေ တင်နက်ဆီ ပြည်နယ်က ဟစ်ပီရွာလေးမှာ သွားနေထိုင်ရင်းမတူကွဲပြားတဲ့လူတွေကြား အလွဲလွဲအချော်ချော်ဖြစ်ကြရင်းအေးချမ်းတဲ့ ချစ်ခြင်းမေတ္တာကို ရှာဖွေတွေ့ရှိကြမလားဆိုတာ...။ File size….(3 GB )/(1.2 GB) Quality….BluRay 1080p / 720p Format…mp4 Duration….01:38:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung
movie

Wanderlust (2012)

Field of Dreams (1989) 7.5
Field of Dreams (1989)  Field of dreams ဟာ 1989 ခုနှစ်က ထွက်ရှိခဲ့တဲ့ အမေရိကန် Sport/ Fantasy drama film ဖြစ်ပြီး IMDB rating 7.5၊ Rotten tomatoes 88% ထိရရှိထားပါတယ်။ ဒါရိုက်တာ Phil Alden Robinson ရဲ့ လက်ရာဖြစ်ပြီး Kevin Costner က ရေးလ်ကင်ဆယ်လာအဖြစ် အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်ရေးလ်ဟာ အမျိုးသမီးဖြစ်သူအန်နီနဲ့ အိမ်ထောင်ကျပြီးတဲ့နောက် အိုင်အိုဝါကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ် အန်နီရဲ့ အကြံအရ သူတို့နှစ်ဦးဟာ ပြောင်းဖူးခင်းတစ်ခင်း ဝယ်ခဲ့ပါတယ် ညနေခင်းတစ်ခုမှာ ရေးလ်ဟာ ထိုပြောင်းခင်းထဲမှ "မင်းအဲဒါကိုဆောက်ရင် သူလာလိမ့်မယ်"ဆိုတဲ့ ထူးဆန်းတဲ့အသံကို ကြားခဲ့ပါတယ်ရေးလ်က ဒီအသံဟာ သူ့ကို ဘေ့‌စ်ဘောကွင်းဆောက်ဖို့ ပြောတာလို့ အခိုင်အမာ ယုံကြည်ခဲ့ပြီး လက်တွေ့အကောင်အထည် ဖော်ပါတော့တယ် ၁၉၁၉ခုနှစ် ကမ္ဘာအဆင့် ဘေ့စ်ဘောပြိုင်ပွဲမှာ တမင်အရှုံးပေးခဲ့တယ်လို့ ...
movie

Field of Dreams (1989)

The Details (2011) 6.1
The Details (2011) The Details (2011) ==================ဒီဇာတ်လမ်းကတော့ လူသိများတဲ့ သရုပ်ဆောင်တွေဖြစ်တဲ့ Tobey Maguire နဲ့ Elizabeth Banks တို့ရဲ့ အိမ်ထောင်ရေးအရှုပ်တော်ပုံ ဟာသဇာတ်လမ်းဖြစ်ပါတယ်။အိမ်ထောင်သက်တမ်းကြာပြီဖြစ်တဲ့ Jeff နဲ့ Nealy တို့ရဲ့ ​နောက်ဖေးခြံဥယျာဥ်မှာ တောကြောင်တွေ လာသောင်းကျန်းလို့ ထောင်ချောက်ဆင်ရာကနေ Jeff တစ်ယောက် ပြဿနာတွေတစ်ခုပြီးတစ်ခု ဆင့်ပွားပေါ်ပေါက်လာတော့တယ်။ အစပိုင်းမှာတော့ ဘာမှမဟုတ်တဲ့အသေးအမွှား​လေးတွေဆိုပေမဲ့ အဲဒီအသေးအမွှားလေးတွေကနေ အိမ်ထောင်ရေးပြဿနာ၊ ဖောက်ပြန်မှုနဲ့ လူသတ်မှုတွေအထိ ဘယ်လိုတောင်ကြီးမားလာမလဲဆိုတာကို The Details မှာ dark humor များစွာဖြင့် ဆက်လက်ကြည့်ရှုနိုင်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thwal Htoo Zin ပါ )File size_(2GB)/(990MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:41:00 Genre_Comedy , Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thwal Htoo Zin
movie

The Details (2011)

The River Murders (2011) 5.2
The River Murders (2011)  လူရယ်လို့ ဖြစ်လာရင် အချစ်နဲ့ မကင်းနိုင်ကြပါဘူး။တစ်ချို့တွေက ဘယ်လိုပဲ ကြိုးစား ကြိုးစား ဂေါ်မစွံတဲ့လူတွေရှိသလို တချို့တွေကျပြန်တော့လည်း တော်ကီတစ်ပေါက်လျှမ်းလျှမ်းတောက် ကောင်မလေးတွေ ကြွေဆင်းရလောက်အောင်အပြောကောင်းကောင်းနဲ့ ရည်းစားမှိုလိုပေါက်အောင်ထားနိုင်တဲ့သူတွေလည်း ရှိပါတယ်။ဒီဇာတ်ကားလေးမှာဆိုရင် ရည်းစား အယောက်ရေ တစ်ရာရောက်လုနီးပါးထိ မြာပွေခဲ့တဲ့ ရဲစုံထောက် ဂျက်ဗာဒွန်ကိုတွေ့ရမှာပါ။ သူတကယ်ချစ်မိသွားခဲ့တဲ့ကောင်မလေးကိုလက်ထပ်ထားပြီး ၈နှစ်အကြာ သူတို့မြို့မှာ မုဒိန်းကျင့်လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ သေဆုံးသူ အမျိုးသမီးကဂျက်နဲ့ ယခင်က ဇာတ်လမ်းရှိခဲ့ဖူးသူ တစ်ယောက်ဖြစ်ပြီးအသတ်ခံလိုက်ရဲတဲ့ နေရာကလည်း သူတို့ နောက်ဆုံးချိန်းတွေ့ခဲ့ဖူးတဲ့ နေရာမှာပါ။ ကံဆိုးချင်တော့ မိခင်ဖြစ်သူ အသတ်ခံရပြီးဆက်တိုက်ဆိုသလို အခြား အမျိုးသမီးတစ်ဦးလည်း ထပ်မံမုဒိန်းကျင့် အသတ်ခံရပြန်ပါတယ်။တရားခံက ဂျက်နဲ့ ဘယ်လိုဆက်စပ်မှု ရှိနေလို့ ဂျက်နဲ့ ဇာတ်လမ်းရှိခဲ့ဖူးသူ မှန်သမျှကို မုဒိန်းကျင့် လူသတ်မှုတွေ ကျူးလွန်နေတာလဲ။ဂျက်ဗာဒွန် ကရော တရားခံကို ဖော်ထုတ်နိုင်ပါ့မလား။ File size…1.51GB / 780MB Quality…WEB-Rip 1080p  / 720p Format…mp4 Duration….1h 32m Genre ...
movie

The River Murders (2011)

Crossing Over (2009)
Crossing Over (2009) ဒီတစ်ခါကတော့ IMDb 6.7ရရှိထားတဲ့ Indiana Jonesမင်းသားကြီး Harrison Fordရဲ့ Crime, Dramaကားလေးတစ်ကားပါပဲဇာတ်လမ်းအညွှန်းကတော့ မင်းသားကြီး Harrison Ford ဟာ Max Brogan ဆိုတဲ့ ရဲတစ်ယောက်ပါ။ တစ်နေ့မှာ သူ့ရဲ့တပ်ဖွဲ့နဲ့ အမေရိကန်နိုင်ငံအတွင်းမှာ တရားမဝင်‌ဘဲနေနေတဲ့ လူတွေကို လိုက်လံဖမ်းဆီးတဲ့နေရာမှာ ဖမ်းမိတဲ့မိန်းကလေးတစ်ယောက်က သူ့သားလေးကို ကူညီဖို့အကူအညီတောင်းတဲ့အခါ သူက သဘောကောင်းလွန်းနေသူဖြစ်တာကြောင့်ကူညီဖို့ကြိုးစားပါတော့တယ်။တစ်ခုပြောချင်တာက ဒီဇာတ်ကားမှာ Harrison Fordဟာ အဓိကပါဝင်ပေမဲ့ သူ့တစ်ယောက်တည်းအကြောင်းမဟုတ်ပါဘူး။ အမေရိကန်နိုင်ငံထဲမှာနေနေကြတဲ့ တခြားနိုင်ငံကလာတဲ့လူတွေရဲ့ အခက်အခဲတွေ အတွေ့အကြုံတွေကိုလဲ ၄, ၅မျိုးခွဲပြီးတစ်ခါတည်း ရိုက်ပြထားပါတယ် ပြီးတော့လည်း ထိုအကြောင်းတွေဟာ တစ်ယောက်နဲ့တစ်ယောက် ဆက်စပ်နေတာမို့ ပုံမှန်မဟုတ်တဲ့ ခံစားချက်တစ်မျိုးနဲ့ကြည့်ရမှာပဲဖြစ်ပါတယ်။ ပြီးတော့ ဒီဇာတ်ကားထဲမှာ ၁၈ယောက်ရှိမှကြည့်လို့ရတဲ့ အခန်းအချို့လဲပါဝင်တာမို့လို့ မိသားစုနဲ့တော့ အတူမကြည့်ပါနဲ့လို့ ပြောချင်ပါတယ်ခင်ဗျာ။ File size…(1.8 GB)/(881 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre...Crime, Drama  Subtitle….Myanmar ...
movie

Crossing Over (2009)

Powder Blue (2009)
Powder Blue (2009)  ဒီတစ်ခါမှာတော့ IMDb 6.2ထိရရှိထားတဲ့ Thriller/Drama ဇာတ်ကားလေးကို တင်ဆက်ပေးသွားမှာပါဖြစ်ပါတယ် ဒီဇာတ်ကားလေးကတော့ Los Angeles က လူလေးယောက် အကြောင်းကို ရိုက်ကူးထားတာပါခရစ္စမတ်မှာ ဒေါ်လာငါးသောင်းထည့်ထားတဲ့အိတ်တစ်လုံးနဲ့ သူ့ကိုသတ်ပေးမယ့်သူ လိုက်ရှာနေတဲ့ ဖာသာဖြစ်ခဲ့ဖူးသူ ချာလီ...... ကိုမာဖြစ်နေတဲ့ သားလေးရဲ့ ဆေးရုံစရိတ်အတွက် အဖော်အချွတ်မယ်လုပ်ပြီး ပိုက်ဆံရှာနေတဲ့ ဂျွန်နီ...... အဖေဆုံးသွားပြီး အကြွေးပိနေ‌တဲ့ သုဘရာဇာ ကွာရတီ....... ၂၅နှစ်ထောင်ကျပြီးနောက် ထောင်က လွတ်လာတဲ့ ဂျက်.......သူတို့လေးယောက်ရဲ့ ဘဝတွေက ဘာတွေဆက်ဖြစ်ဦးမလဲဆိုတာကို ကြည့်ရှုသွားရမှာဖြစ်ပါတယ် File size…(1.7 GB)/(810 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban 
movie

Powder Blue (2009)

Dangerous Waters (2023) 5.1
Dangerous Waters (2023) Dangerous water (2023) =================စွန့်စားခန်း thriller ကားကောင်းကောင်းမျှော်နေသူတွေအတွက် အရမ်းမိုက်တဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ပင်လယ်ပြင်ကို မွေးနေ့အပျော်ခရီး ရွက်လွှင့်ထွက်လာခဲ့တဲ့ ရို့စ် ၊ အယ်မာနဲ့ ဒဲရက် စတိုက်တို့ ၃ ယောက်ဟာ... တဖြည်းဖြည်းနဲ့ရေစီးကြောင်းပြောင်း လဲမှုကြောင့် ဘာမြူဒါတြိဂံနားအထိရောက်သွားပါတယ်။ကမ်းမမြင်လမ်းမမြင် ပင်လယ်ပြင်မှာ ခရီးဆက်ရင်း လူသူမနေနဲ့ စွန့်ပစ်ကျွန်းကြီးကိုရောက်သွားတဲ့အခါမှာတော့ ဆန်းကြယ်မှုတွေနဲ့ အပြည့်ဖြစ်နေခဲ့ပြီး သူတို့ ၃ ယောက်ကြားမှာလည်း မပြီးပြတ်သေး တဲ့ ပြဿနာလေးတွေကိုဖြေရှင်းရင်း သမုဒ္ရရာကြီး‌ကနေ ဘယ်လို လွတ်မြောက်သွားမလဲဆိုတာကို စိတ်၀င်တစားစောင့်ကြည့်ရမှာ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်)File Size..........(1.5 GB) / (560 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 41Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......Thiha Yan Naing Encoder..........SWM
movie

Dangerous Waters (2023)

2023
Stretch (2014) 6.5
Stretch (2014)  ဒီဇာတ်ကားက ၂၀၁၄တုန်းကထွက်ခဲ့တဲ့ ဟာသဇာတ်မြူးအက်ရှင်ဇာတ်ကားဖြစ်ပြီး သရုပ်​ဆောင်တွေကလည်း Patrick Wilson,Chris Pineနဲ့ Jessica Albaဆို​တော့ ရှယ်ပါပဲ။ Rating​တွေကIMDb 6.5နဲ့ RT 88%ပါ။ LAမှာ သူ​ဌေး​တွေပဲစီးနိုင်တဲ့ ဇိမ်ခံကားအ​ကောင်းစားကြီး​မှာ ဒရိုက်ဘာလုပ်​နေတဲ့ ကယ်ဗင်တစ်​ယောက်ရည်းစားကပစ်၊ အလုပ်က အဆင်မ​ပြေ၊ ဖဲ​ကြွေး​​က တပုံတပင်နဲ့ဒိုင်​တွေဓါးကြိမ်းကြိမ်းတာကို ခံ​နေရတဲ့အချိန် မ​မျှော်လင့်ထားဘဲဘီလျံနာ သူ​ဌေးတစ်​ယောက်အတွက် အငှားယာဉ်​မောင်းလိုက်ပြီးတင်​နေတဲ့ဖဲကြွေး​တွေကို အ​ကြေဆပ်နိုင်ဖို့ အခွင့်ကြုံလာပါတယ်။ဒါ​ပေမဲ့ သူ့ရဲ့clientသူ​ဌေးက နောက်​ကြောင်း​တွေအပြည့်နဲ့ သူ​ဌေးဖြစ်​​နေတဲ့အခါ ကယ်ဗင်တစ်​ယောက် ဆွမ်းခံရင်း ငှက်သင့်တဲ့ဘဝရောက်သွားပါ​တော့တယ်။ File size…1.42GB / 642MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 34m Genre ….. Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX
movie

Stretch (2014)

Revolver (2005) 6.3
Revolver (2005)  ဒီဇာတ်လမ်းကတော့ ဒါရိုက်တာ Guy Ritchie ရိုက်ကူးခဲ့ပြီးAction၊ Crime၊ Drama၊ Mystery၊ Thriller အကုန်ခံစားရမယ့်ရှုပ်ထွေးနက်နဲတဲ့ movieတစ်ခုဗျ...။တချို့ကျလည်း နားလည်ဖို့ခက်လို့ သုံးခေါက်လောက်ကြည့်သင့်တဲ့ကားလို့ဆိုကြပါသတဲ့...။ ဒါကြောင့် ခေါင်းကိုကောင်းကောင်းစားမယ့် ရုပ်ရှင်မျိုးပါ...။မင်းသားကလည်း အားလုံးသိပြီးသား Transporter မင်းသားဂျေဆင် စတက်သန်ပါ...။ ဇာတ်လမ်းအကျဥ်းကတော့ မစ္စတာဂရင်းဟာ ဂန်းစတား ခေါင်းဆောင်အလောင်းအစားဘုရင် မစ္စတာဒီရဲ့ အကွက်ဆင်ကောင်းမှုကြောင့် ထောင်ထဲမှာ၇ နှစ်လောက်အောင်းလိုက်ရပါတယ်...။ကံကောင်းတယ်ပဲဆိုရမလား ထောင်ထဲမှာ တိုက်ပိတ်ခံရရင်း ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားနှစ်ယောက်နဲ့ ကြုံဆုံခွင့်ရခဲ့ပါတယ်...။တစ်ယောက်က စစ်တုရင်ဆရာကြီး...နောက်တစ်ယောက်က အယုံသွင်းလှည့်ဖြားတတ်တဲ့လူလိမ်ဆရာကြီး...။ထောင်ထဲမှာ ၇နှစ်လုံးလုံး အဲ့ဆရာကြီးနှစ်ယောက်ဆီက ပညာတွေ အခွင့်သင့်သလိုသင်ယူရင်း၊ လက်စားချေနိုင်မယ့်နေ့ကို စောင့်မျှော်ရင်း ၇ နှစ်တာကုန်ဆုံးပြီး ထောင်ကထွက်လာခဲ့ပါတယ်...။စစ်တုရင်ပညာနဲ့ လှည့်စားမှုအတတ်ပေါင်းလိုက်တော့ အတော်အစွမ်းထက်သွားပါလေရော...။ထောင်ကအထွက် ထောင်ထဲမှာသင်ယူခဲ့တဲ့ပညာတွေနဲ့ နှစ်နှစ်လောက် လောင်းကစားလုပ်ရင်းငွေကိုရှာ၊ ကြွယ်ဝချမ်းသာလာပြီးတဲ့နောက် ဂန်စတားခေါင်းဆောင်မစ္စတာဒီနဲ့ ပညာချင်းပြန်ပြိုင်ပါတော့တယ်....။ဒီဇာတ်လမ်းက တွေ့နေကျ action၊ crime တွေနဲ့မတူဘဲ သူ့ထက်ငါဆရာပညာချင်းပြိုင်တဲ့ပုံစံအပြင် plot twist ခပ်ဆန်းဆန်းကိုမြင်တွေ့ရမှာပါ....။တွေးတောရင်းကြည့်ရမယ့်ကားမို့ အများကြီးမညွှန်းတော့ပါဘူးဗျာ...။ဒါရိုက်တာ Guy ...
movie

Revolver (2005)

The Son of No One (2011) 5.1
The Son of No One (2011)  ရဲတစ်ယောက်ဖြစ်တဲ့ အဖေဖြစ်သူ ဆုံးပါးသွားပြီးနောက်မှာအဘွားနဲ့အတူ ဆေးသမားတွေပေါတဲ့ပတ်ဝန်းကျင်မှာ နေခဲ့ရတဲ့ဂျွန်နသန်ဝွိုက်တစ်ယောက်... တစ်နေ့မှာ ဆေးသမားတစ်ယောက်ကို မတော်တဆ သေနတ်နဲ့ပစ်သတ်လိုက်မိပြီးသူငယ်ချင်း ဗင်နီ၊ဗစ်ကီတို့နဲ့ အလောင်းကို သွားပစ်လိုက်ပါတယ်၊ဖြစ်ချင်တော့ အဲဒီဆေးသမားကိုသတ်လိုက်တာကို သူတို့တိုက်ကလူတစ်ယောက်က သိသွားပြီး နောက်ရက်မှာ ဂျွန်နသန်ကိုငွေညှစ်ပါတယ်... အဲဒီလူကိုလည်း မတော်တဆလှေကားပေါ်ကတွန်းချမိပြီး ‌သတ်လိုက်မိပါတယ်... ဒီလူသတ်မှုနှစ်ခုကို စုံစမ်းရတဲ့သူကတော့ ဂျွန်နသန့်အဖေရဲ့တွဲဖက်တစ်ယောက်ဖြစ်တဲ့ စုံထောက်စတန်းဖို့ပဲဖြစ်ပါတယ်။စတန်းဖို့က လူသတ်မှုကို ဖုံးပေးပြီး အမှုပိတ်လိုက်ပါတယ်...ဒီလိုနဲ့ နှစ်တွေ အများကြီးကြာပြီးတဲ့နောက်မှာ ဂျွန်နသန်ကလည်းရဲတစ်ယောက်ဖြစ်လာခဲ့ပြီး မိသားစုဘဝလေးနဲ့ အေးချမ်းနေတဲ့အချိန်မှာ အတိတ်ကအရိပ်မည်းကြီးက တစ်ခါပြန်ပေါ်လာပြန်ပါတယ်..အတိတ်ကကိစ္စတွေကို ဂျွန်နသန်တစ်ယောက် ဘယ်လိုဖြေရှင်းမလဲ..အတိတ်ကကိစ္စတွေကို တစ်ခါပြန်ဖော်တဲ့သူကရော ဘယ်သူဖြစ်မလဲ..စုံထောက်စတန်းဖို့ကရော ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေတာလဲ..ဒါတွေကို 2011တုန်းက ထွက်ရှိခဲ့တဲ့ The son of no oneဇာတ်ကားလေးထဲမှာ ကြည့်ရှုအဖြေရှာကြည့်လိုက်ကြပါဦး..  File size…1.61GB / 559MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 30m Genre ..... Action , Crime , Drama Subtitle….Myanmar ...
movie

The Son of No One (2011)

Fool’s Paradise(2023) 6.0
Fool’s Paradise(2023) Fool's Paradise(2023)*********************ဒီဇာတ်လမ်းလေးကတော့ ရုပ်ရှင်လောကအကြောင်း‌ သရော်ထားတဲ့ Comedyကားလေးပါ။ အနုပညာလောကရဲ့ ကျော်ကြားမှုတွေ၊ ဂုဏ်‌တွေ၊ ငွေတွေနောက်လိုက်ကြတဲ့သူတွေရဲ့ ဇာတ်ကြောင်းဘဝတွေပါ။ အနုပညာရှင်တွေဆိုတာ နေ့ချင်းညချင်းနာမည်ထကြီး၊ နေ့ချင်းညကြီးပဲ ခွက်ပျောက်ဖြစ်သွားတဲ့သဘောရှိပါတယ်။ ဒီလောကထဲမှာပဲ နာမည်ကြီးစဥ်က ကပ်ဖားယပ်ဖားလုပ်ပြီး အရှိန်အဝါမှေးမှိန်သွားမှ ပစ်ချတတ်တဲ့အေဂျင်စီတွေရဲ့ သဘောကိုလည်း မြင်တွေ့နိုင်ပါတယ်။ ဇာတ်လမ်းကြောင်းအနေနဲ့ စကားလည်းမပြောတတ်၊ ဉာဏ်ရည်ကလည်း ငါးနှစ်ကလေးသာသာကျပ်မပြည့်တဲ့သူတစ်ယောက် အနုပညာလောကကြီးမှာနာမည်ကြီးဖြစ်လာပုံကိုရိုက်ကူးပြထားတာပါ။ တစ်ကားလုံးမှာမှ စကားက လေးလုံးပဲပြောသွားပါတယ်။သူ့ကို အမှီပြုပြီး ဖြတ်ခုတ်တွေ၊ ကပ်ဖားတွေ၊ အချောင်စားချင်တဲ့သူတွေအကြောင်းမြင်တွေ့ရမှာပါ။ Mr. Beanလို စကားမပြောဘဲ ဝါးလုံးကွဲရယ်ရအောင်လုပ်ပြတဲ့ကားမျိုးတော့မဟုတ်ပါဘူး။ သရော်ကားဖြစ်တာနဲ့အညီ လူတွေရဲ့ စိတ်နေစိတ်ထားတွေ၊ တစ်ပတ်ရိုက်အကွက်တွေ မြင်တွေ့ရမယ့်ကားမျိုးပါ။File Size : (2.2GB)and (703MB) Quality :WEB-DL1080p5.1Ch, 720p Format…mp4 Duration…01:38:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie

Fool’s Paradise(2023)

Sin City: A Dame to Kill For (2014) 6.5
Sin City: A Dame to Kill For (2014) Sin City: A Dame to Kill For ( 2014 )2005က ထွက်ခဲ့တဲ့ Sin City (https://channelmyanmar.to/sin-city-2005/) ရဲ့ တိုက်ရိုက် အဆက်လို့ပြောလို့ရတယ်။ (အဆက်လို့တော့ လုံးလုံးပြောမရတာက ခေါင်းစီးအခန်းဖြစ်တဲ့ A Dame To Kill For က ပထမကားက ဒွိုက်ရဲ့ဇာတ်လမ်း မတိုင်ခင်က ဇာတ်လမ်းဖြစ်နေလို့ပါပဲ။ ပြောရရင် ဒီကဇာတ်တွေအားလုံးက တစ်ဇာတ်ကလွဲ ကျန်တာတွေက ပထမဇာတ်တွေကို ပြန်ဆက်ထားတဲ့ prequel တွေ sequel တွေချည်းပဲ။ ပထမကားရဲ့ အရသာကို ပြန်မီအောင်တော့လုပ်ထားတယ်။ ဒါပေမဲ့ ပထမကားလောက် လူမဆန်ခြင်းမျိုးတွေတော့ တွေ့ရမှာမဟုတ်ဘူး။ ဒါပေမဲ့လည်း သူ့နည်းသူ့ဟန်နဲ့ အီဗာဂရင်းနဲ့ ဂျက်စီကာအယ်ဘာရဲ့ အလှတွေနဲ့ သွေးသံရဲရဲတွေကို ပေါင်းစပ်ထားတဲ့ ခပ်ကြမ်းကြမ်းကားတော့ ဖြစ်နေတုန်းပဲ။ ပထမကားမှာတုန်းက တစ်ခန်းတစ်ခန်းချင်းစီကို သူ့အခန်းနာမည်နဲ့ စာတန်းထိုးပေးထားလို့ ...
movie

Sin City: A Dame to Kill For (2014)

1080p HEVC
Control(2004) 6.2
Control(2004) အကျင့်ဟောင်းတွေဆိုတာက ဖျောက်ဖို့ခက်ပါတယ်။ ဒါပေမဲ့ လူတွေရဲ့အကျင့်ဆိုးတွေကိုပျောက်သွားစေမဲ့ ဆေးဆိုတာပေါ်လာခဲ့ရင်ရော ဘယ်လိုဖြစ်သွားမလဲ။ လီ‌ရေးလ်ဟာ ကလေးဘဝတုန်းကကြုံခဲ့ရတဲ့စိတ်ဒဏ်ရာတွေကြောင့် အသက်ကြီးလာတဲ့အခါမှာလည်း လူဆိုးတယောက်ဖြစ်လာခဲ့ပါတယ်။ တစ်နေ့မှာ သူကျူးလွန်ခဲ့တဲ့ လူသ-တ်မှုတွေကြောင့် သူ့ကို ဆေးထိုးသ-တ်ဖို့ တရားရုံးကအမိန့်ချမှတ်လိုက်ပါတယ်။ ဒီလိုနဲ့သေဒဏ်ကိုကျခံခဲ့လိုက်ရပေမဲ့လည်း သူကတကယ်မသေသေးပဲ သူ့ရဲ့ဘဝမှာကောင်းတာတစ်ခုလောက်လုပ်ဖို့ အခွင့်အရေးပေးလာခဲ့ပါတယ်။ အဲတာကတော့ အန်နာဂရက်စ်ဆိုတဲ့ စိတ်ကို ပြောင်းလဲစေပြီး အပြုအမူတွေကိုပါပြောင်းလဲပေးတဲ့ ဆေးစမ်းသပ်ချက်မှာပါဝင်ပေးဖို့ပါ။ ဆေးကလည်းအသစ်ဖြစ်တဲ့အပြင် အခုမှလူတွေအပေါ်မှာစတင်စမ်းသပ်မှာဖြစ်လို့ ဘယ်လိုဘေးထွက်ဆိုးကျိူးတွေရှိလည်းဆိုတာကိုမသိရသေးတဲ့ဆေးပါ။ ဒီလိုနဲ့ သူ့အတွက်လည်းရွေးချယ်စရာမရှိတဲ့အခြေအနေဖြစ်နေတာမလို့ စမ်းသပ်ခံလုပ်ပေးဖို့ သဘောတူလိုက်ရပြီး ဆေးကတကယ်ပဲ အာနိသင်သက်ရောက်မလား၊ ဘေးထွက်ဆိုးကျိုး တွေရှိပြီးသူ့ရဲ့အတိတ်ဟောင်းကလိုက်ပြီး ခြောက်လှန့်နေဦးမလား ဆိုတာကို အကြမ်းအရမ်းအက်ရှင်ခန်းတွေနဲ့ကြည့်ရှုကြရမှာပါ။Goodfellas မှာသရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Ray Liotta နဲ့ Green Goblin နေရာမှာသရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Williem Dafoe တို့ပါဝင်သရုပ်ဆောင်ထားတဲ့ အက်ရှင်ကားလေးဖြစ်လို့ ကြည့်ရှုလိုက်ကြပါဦးဗျ။ File size…1.95GB / 717.5MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 44m Genre ..... Action ...
movie

Control(2004)

Cocaine Bear (2023) 6.4
Cocaine Bear (2023) Cocaine Bear (2023)ဖြစ်ရပ်မှန်တစ်ခုကို အခြေခံထားတဲ့ ဟာသ ဟော်ရာ ရုပ်ရှင်ကားသစ်တစ်ကားဖြစ်ပါတယ်။ ကိုကိန်း ၇၅ ပေါင်လောက်ကို စားမိခဲ့တဲ့ ဝက်ဝံနက်ကြီးတစ်ကောင်းအကြောင်းပါပဲ။ မူရင်းအဖြစ်အပျက်မှာတော့ ယနေ့ခေတ်တန်ကြေးနဲ့ ဒေါ်လာ သန်း ၅၀ ဖိုးလောက်ရှိတဲ့ ကိုကိန်းတွေကို စားပစ်ပြီး ဝက်ဝံက ဆေးလွန်သေသွားခဲ့တာပါ။ ဒါပေမဲ့ ဒီရုပ်ရှင်ထဲမှာတော့ ဆေးကွဲပြီးသောင်းကျန်းပြပါလိမ့်မယ်ဗျာ။ ဒါရိုက်တာကတော့ Hunger Games နဲ့ Pitch Perfect ရုပ်ရှင်တွေမှာ သရုပ်ဆောင်လုပ်ခဲ့တဲ့ မင်းသမီး Elizabeth Banks ပဲ ဖြစ်ပါတယ်။၁၉၈၅ ခုနှစ်တုန်းက သွန်တန်ဆိုတဲ့ဘိန်းမှောင်ခိုသမားတစ်ယောက်ဟာ ကိုကိန်းတွေအပြည့်ပါတဲ့ အိတ်တစ်လုံးနဲ့ လေယာဉ်ပေါ်ကနေ လေထီးနဲ့ခုန်ချခဲ့ပေမဲ့ လေထီးမပွင့်ဘဲ သေဆုံးသွားခဲ့ပါတယ်။ အဲဒီ ကိုကိန်းမှုန့်တွေကို ဝက်ဝံတစ်ကောင်က စားမိသွားပြီး သောင်းကျန်းတဲ့ ဒဏ်ကို၊ ရဲတွေ၊ ခရီးသွားတွေ နဲ့ ဘိန်းဖြူတွေပြန်လိုက်ယူတဲ့ဘိန်းမှောင်ခိုအဖွဲ့တွေ ကောင်းကောင်းကြီးခံရပုံကို ရိုက်ပါထားတာပါပဲ။ ဟာသဆိုပေမဲ့ ကိုက်တာဖြတ်တာပြတ်တာတွေနဲ့ ဆဲတာတွေပါလို့ R rated သတ်မှတ်ထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... ...
movie

Cocaine Bear (2023)