Channel Myanmar

Ray Acevedo

825 Forest Road (2025) 5.8
825 Forest Road (2025)  ဒီတစ်ခါမှာတော့ Horror ဇာတ်ကားတွေကိုကြိုက်နှစ်သက်တဲ့ပရိသတ်တွေအတွက်ဇာတ်ကားသစ်လေးတစ်ကားကို ယူဆောင်လာပါပြီ။ဒါရိုက်တာ Stephen Cognetti က ရိုက်ကူးထားတာဖြစ်ပြီးတော့ Joe Falcone, Elizabeth Vermilyea,Kathryn Miller စတဲ့သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ မိသားစုအတွင်း အဖြစ်အပျက်ဆိုးတစ်ခုကိုကြုံခဲ့ရတဲ့ Chuck Wilson ဟာမိန်းမဖြစ်သူ Maria, ညီမဖြစ်သူ Isabelle တို့နဲ့အတူဘဝသစ်စတင်ဖို့်အတွက် Ashland Falls ဆိုတဲ့မြို့လေးဆီကို ပြောင်းလာပါတယ်။ ဒါပေမယ့် မြို့လေးဟာတကယ်တမ်းတော့ ကျိန်စာသင့်နေတာပါ။၁၉၄၀ ခုနှစ်လောက်တုန်းက ကိုယ့်ကိုကိုယ်အဆုံးစီရင်ပြီးတော့ ဝိညာဉ်ဖြစ်သွားတဲ့ Helen Foster ဟာဒီမြို့လေးကို ခြောက်လှန့်နေပါတယ်။ တဖြည်းဖြည်းနဲ့သူတို့ကိုလည်း ဝိညာဉ်က စတင်ခြောက်လှန့်လာပါတော့တယ်။ မိသားစုကိုကာကွယ်ဖို့အတွက် Chuck ဟာမြေပုံပေါ်မှာမရှိတော့တဲ့ Helen ရဲ့အိမ်ဖြစ်တဲ့ 825Forest Road ကိုရှာဖွေရင်း သူ့မိသားစုကိုကယ်တင်နိုင်ဖို့အတွက် ဝိညာဉ်ဆိုးနဲ့ရင်ဆိုင်ပုံကို ခြောက်ခြားဖွယ်ကြည့်ရှုကြရမှာပါ။ဇာတ်လမ်းက ရိုးရိုးလေးနဲ့ စိတ်ဝင်စားဖို့ကောင်းပြီးတော့ကြည့်လို့ကောင်းတဲ့ သည်းထိပ်ရင်ဖို Horror ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။  File size… (1.14 GB) ...
movie

825 Forest Road (2025)

Attack of the Meth Gator (2023)
Attack of the Meth Gator (2023)  ထူးထူးဆန်းဆန်း  ဘက်ဂျက်ကားလေးကြည့်ချင်တဲ့သူတွေအတွက် Attack Of The Meth Gator လို့ခေါ်တဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။နိုင်ငံခြားမှာ Meth(မက်သ်) လို့ခေါ်တဲ့မူးယစ်ဆေးတွေကိုလူသုံးများကြပြီး ဒီကားထဲမှာပါတဲ့ မိကျောင်းက အဲ့ဒီမက်သ်တွေအများကြီးကို စားလိုက်တဲ့အတွက် ဟိုက်ပြီးတော့ လူတွေလိုက်သတ် မက်သ်တွေလိုက်ရှာနေတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ဘယ်ကနေဘယ်လိုစဖြစ်တာလည်းဆိုတော့ ဖလော်ရီဒါမှာရှိတဲ့ကျွန်းတစ်ကျွန်းမှာ မက်သ်တွေကို ကိုယ်တိုင်ချက်လုပ်ပြီးရောင်းနေတဲ့ လူနှစ်ယောက်ကို ရဲတွေလိုက်ဖမ်းရာကနေရေကန်ထဲကို ဆင်းပြေးရင်း မိကျောင်းအစားခံလိုက်ရတာဖြစ်ပါတယ်။မိကျောင်းစားထားတဲ့အထဲမှာ မက်သ်တွေပါ ပါပြီးထူးထူးဆန်းဆန်း အဲ့ဒါကြောင့်ပဲ မိကျောင်းကြီးက အကောင်ကြီးလာပြီး ပိုလည်း အားကြီးလာပါတော့တယ်။ဒါပေမယ့် မူးယစ်ဆေးတွေရဲ့ ထုံးစံအတိုင်းပဲ အဲ့ဒီမိကျောင်းကြီးက မက်သ်တွေကိုထပ်တောင့်တလာပြီး ကျွန်းပေါ်မှာရောနေရာအနှံ့မှာပါ လိုက်ရှာပါတော့တယ်။အဲ့ဒါကြောင့် ဒီလိုကြီးမားတဲ့ မိကျောင်းကြီးကိုရှင်းပစ်ဖို့အတွက် ကျွန်းပေါ်ကရဲမှူးက တခြားတစ်နေရာမှာ တာဝန်ထမ်းဆောင်နေတဲ့ DEA အရာရှိဖြစ်တဲ့ သူ့သားဒန်တေးကိုပြန်ခေါ်ခဲ့ရပါတော့တယ်။ဒီလိုနဲ့ အဲ့ဒီမိကျောင်းကြီးကို ရှင်းပစ်ဖို့အပြင် ဒီလိုပြဿနာတွေဖြစ်အောင် ဖန်တီးနေတဲ့ မက်သ်ချက်တဲ့ဓာတ်ခွဲခန်းတွေကိုပါ ဘယ်လိုအမြစ်ဖြတ်သွားမယ်ဆိုတာကို ကြည့်ရှုရမဲ့ဇာတ်ကားပဲဖြစ်ပါတယ်.. File size…1.84GB / 969MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 26m Genre ...
movie

Attack of the Meth Gator (2023)