Channel Myanmar

Ravi Singh

Tiyaan (2017) 6.4
Tiyaan (2017) Tiyaan (2017)"ဗျာဒိတ်" ====================၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ မာလျာလမ်စကားပြော ဘာသာရေး လျှို့ဝှက်သည်းဖို အက်ရှင်ရုပ်ရှင်တစ်ခုကို ပရိသတ်တွေအတွက် ရှာဖွေတင်ဆက်ပေးလိုက်ပါတယ်။ဒီရုပ်ရှင်ထဲမှာ နာမည်ကြီး မာလျာလမ်မင်းသားတွေဖြစ်ကြတဲ့ အင်ဒရာဂျိသ်ဆူကူမာရန်နဲ့ ပရီသ်ဗီရာ့ဂျ်ဆူကူမာရန်တို့အပြင် မင်းသားကြီး မိုဟန်လာလ်ကလည်း နောက်ခံစကားပြောသူအနေနဲ့ ပါဝင်ထားပါသေးတယ်။ဇာတ်လမ်းကတော့ အေဒီ ၉ ရာစုလောက်တုန်းက တောင်တန်းတွေပေါ်မှာ တရားကျင့်နေတဲ့ ဂုရုကြီးတွေရဲ့ ဂုရုကြီးက သူသိထားတဲ့တရားတွေဟောဖို့ အိန္ဒိယမြောက်ပိုင်းလွင်ပြင် ကန္တာရထဲကို ဆင်းလာတယ်။အဲဒီကန္တာရထဲမှာ သူ့အဆုံးအမကိုလိုက်နာတဲ့သူတွေရဲ့ မျိုးနွယ်တွေ နေထိုင်ကြတယ်။ ဂီရီကတော့ အဲဒီမျိုးနွယ်ထဲကဆင်းသက်လာတဲ့ ကျမ်းတတ်ပုဂ္ဂိုလ်တစ်ယောက်၊ သူ့ကို တစ်ရွာလုံးက လေးစားကြတယ်။ဘာသာပေါင်းစုံ အတူတူနေကြတဲ့ သူတို့ရွာလေးကို မဟာရှေဆိုတဲ့ဘုရားကို ကိုးကွယ်တဲ့ လူကုန်ထံတစ်ယောက်က ဘုရားကျောင်းဆောက်ဖို့အတွက်ဆိုပြီး လူမိုက်တွေနဲ့ တစ်ရွာလုံးကို ရွှေ့ခိုင်းတယ်။ဂီရီက အဲဒီပြဿနာကို ဖြေရှင်းဖို့ကြိုးစားရင်းနဲ့ မိုဟာမက်ဆိုတဲ့ မူဆလင်လူငယ်တစ်ယောက်နဲ့အတူ ဘာသာရေးအဓိကရုဏ်းတစ်ခုထဲ အတူပိတ်မိသွားပြီး လွတ်မြောက်ဖို့ ကြိုးစားကြရပုံတွေကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…2.4 GB / 1.4 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h ...
movie

Tiyaan (2017)

Class of ’83(2020) 7.0
Class of ’83(2020) Class of '83(2020)ဒီဇာတ်ကားကတော့ Crime Drama Thriller အမျိုးအစားဖြစ်ပြီးIMDb rating 7.0 ထိရရှိထားပါတယ် ဇာတ်လမ်းအကျဥ်း ရဲသင်တန်းကျောင်းတစ်ခုမှာဗိရှ်နူးဝရ်ဒေးတို့ရဲသင်တန်းသား ၅ယောက်ရဲ့အမှတ်က အနိမ့်ဆုံးအဆင့်ကိုရောက်နေပါတယ်။ သူတို့ရဲ့စာသင်ခန်းကို ဘုံဘေကနာမည်ကြီးအရာရှိဟောင်း ဒီန်ဆရာကလာသင်ပေးမယ်ဆိုပြီးမျှော်လင့်နေခဲ့ကြပေမယ့် ဒီန်ဆရာက​တော့လုံးဝစာလာမသင်ပါဘူး။ တစ်နေ့တော့ သူတို့ထဲကသုံးယောက်ရဲ့မွှေချက်ကြောင့် ဒီန်ဆရာရောက်လာပြီး စာလာသင်ပါတော့တယ်။ ဒီန်ဆရာက ဒုစရိုက်ဂိုဏ်းတစ်ချို့ကိုလိုက်လံဖမ်းဆီးရင်း ပြဿနာတစ်ခုကြောင့်နယ်ပြောင်းပြစ်ဒဏ်ကျခံနေရသူဖြစ်ပြီး ဒီ ၅ယောက်ရဲ့ ဖြောင့်မတ်ခြင်း ရိုးသားခြင်းနဲ့အချင်းချင်းသစ္စာရှိခြင်းတို့ကိုသဘောကျသွားပြီး သူတို့ကိုသီးခြားလေ့ကျင့်ပေးခဲ့ပါတယ်။ သူတို့တွေရဲအရာရှိဖြစ်လာကြတဲ့အခါ ဒီန်ဆရာလိုပဲ ဒစရိုက်သမားတွေကိုဖမ်းဆီးနိုင်ပါ့မလား....ဆရာကျလွန်းတဲ့ လူဆိုးတွေရဲ့လှည့်ကွက်တွေကိုရော ကျော်ဖြတ်နိုင်ပါ့မလား.... ဒီန် ဆရာရဲ့ရည်ရွယ်ချက်ကရော အမှန်တကယ်ဖြစ်လာနိုင်ပါ့မလား.... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Thaik San ပဲဖြစ်ပါတယ်။File Size : (900 MB) and (358 MB) Quality : WEB-DL 720p Format…mp4 Duration…01:30:00 Genre : Crime , Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Thaik San Encoded by Phyo Pyae
movie

Class of ’83(2020)