Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Randy Quaid
7.5
National Lampoon’s Christmas Vacation (1989)
မျှော်လင့်ခြင်းတွေကို ဆောင်ကျဥ်းပေးလာတဲ့နေ့တစ်နေ့ဖြစ်သလို မျှော်လင့်ထားတာတွေကိုပြည့်ဝစေချင်မိတဲ့ နေ့တစ်နေ့လည်းဖြစ်တဲ့ခရစ္စမတ်နေ့လေးကို လူတိုင်း မျှော်လင့်မိကြပါတယ်။လက်ဆောင်တွေ ဖလှယ်ကြတယ်။ချစ်ရသူတွေနဲ့ အားလပ်ရက်အခိုက်အတန့်ကို ဖြတ်သန်းကြတယ်။နှစ်တစ်နှစ်တာရဲ့ အကောင်းဆုံးသောအခါသမယဖြစ်တဲ့ ခရစ္စမတ်နေ့။ ခရစ္စမတ်နေ့နဲ့ ပတ်သက်တဲ့ဇာတ်ကားတွေဟာ ဘယ်တုန်းက ထွက်ခဲ့တဲ့ဇာတ်ကားနေနေ ဘယ်အချိန်ကြည့်ကြည့် ရိုးမသွားတာမို့ဒီဇာတ်ကားလေးထဲမှာလည်း ခရစ္စမတ်ရဲ့ အဓိပ္ပာယ်၊ဒီနေ့လေးကြောင့် နားလည်လာရတဲ့ တန်ဖိုးတွေကိုတလွဲဖြစ်လွန်းတဲ့ ဂရစ်ဝေါမိသားစုအဖြစ်အပျက်လေးကနေတဆင့် ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားလေးမှာ မိသားစုကို သိပ်ချစ်တတ်လွန်းသူကြီး ကလာ့ခ်တစ်ယောက်ခရစ္စမတ်အခိုက်အတန့်မှာ ဘာတွေကိုများ မျှော်မှန်းထားပါလိမ့်။ သူတို့မိသားစုရဲ့ခရစ္စမတ်အခါသမယက စီစဥ်ထားသလို စိတ်ကူးယဥ်ထားသလို ချောချောမွေ့မွေ့နဲ့ကုန်ဆုံးသွားမှာမဟုတ်တာတော့ သေချာတယ်။မှန်းချက်နဲ့ နှမ်းထွက် မကိုက်တဲ့ ကလာ့ခ်ဂရစ်ဝေါတို့ဂရစ်ဝေါမိသားစုရဲ့ ခရစ္စမတ်လေးက ဘယ်လိုအဖြစ်အပျက်တွေနဲ့ ဘယ်လို ခံစားချက်တွေကိုယူဆောင်လာပေးမလဲဆိုတာကို (၁၉၈၉)ခုနစ်တုန်းကထွက်ရှိခဲ့တဲ့ “National Lampoon's ChristmasVacation” ဆိုတဲ့ ဇာတ်ကားလေးမှာ ကြည့်ရှုခံစားလို့ရပြီပဲ ဖြစ်ပါတယ်။File size… 1.99 GB / 837 MB Quality… BluRay 1080p / 720p Format… ...
movie
National Lampoon’s Christmas Vacation (1989)
4.3
The Adventures of Rocky & Bullwinkle (2000)
The Adventures of Rocky & Bullwinkle (2000)IMDb Rating (4.3) / Rotten Tomatoes (42%) "The Adventures of Rocky & Bullwinkle" သည် ၁၉၆၀ ဝန်းကျင်က လူကြိုက်များခဲ့သော ကာတွန်းဇာတ်လမ်းအား အသက်သွင်းထားသော ရုပ်ရှင်ဖြစ်ပါသည်။ဤရုပ်ရှင်တွင် အနေထားခက်ခဲသော ရော့ကီနှင့် ဘူးလင်ကယ်တို့သည် ကာတွန်းကမ္ဘာမှ လက်တွေ့ကမ္ဘာသို့ ရောက်ရှိလာကာ မိုးရွေး၊ ဘိုရစ်နှင့် နတ်တာရှာတို့၏ အမေရိကန်နိုင်ငံအား ထိန်းချုပ်ရန် ကြံစည်မှုကို တားဆီးရန် ရဲအရာရှိကလေးတစ်ဦးနှင့် ပူးပေါင်းလုပ်ဆောင်ရသော ဇာတ်လမ်းဖြစ်ပါသည်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ N Ⓞ NE ဖြစ်ပါတယ်။)File size…(3 GB) / (1.2 GB) Quality….Blu-Ray 1080p / 720p Format…. mp4 Genre….Adventure,Animation,Comedy,Family,fantasy Duration….01:32:12 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by N ...
movie
The Adventures of Rocky & Bullwinkle (2000)
2000
7.0
Independence Day (1996)
Independence Day (1996) ************************** IMDb.....7.0 (4K available on CM APP) မင်းသားကြီး Will Smith ရဲ့ အကောင်းဆုံးရုပ်ရှင်တွေထဲက တစ်ကားဖြစ်ခဲ့တဲ့Independence Day (1996) ကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။1996 ခုနှစ်က ရုပ်ရှင်ကားမို့ Graphic တွေကို အထင်မသေးလိုက်နဲ့နော်ယနေ့ခေတ် CGI တွေကို ရင်ဘောင်တန်းနိုင်တဲ့ နည်းပညာတွေနဲ့ ရိုက်ကူးတင်ဆက်ထားတဲ့ရုပ်ရှင်ကားကောင်း တစ်ကားဖြစ်ပြီး Best Visual Effect Award ရရှိခဲ့တဲ့ကား ဖြစ်ပါတယ်။ကမ္ဘာမြေကို ဂြိုဟ်သားတွေ သိမ်းပိုက်ဖို့ လာရောက်တိုက်ခိုက်မှုကို အမေရိကန်သမ္မတအနေနဲ့ဘယ်လို ကာကွယ်မလဲ.. Area 51 အကြောင်းလေ့လာချင်သူတွေအတွက်လည်း Area 51ရဲ့မြှပ်ကွက်တွေကို တွေ့မြင်ရမဲ့အပြင်... Pilot တစ်ဦးဖြစ်တဲ့ Will Smith အနေနဲ့ရော ဂြိုလ်သားတွေကိုဘယ်လိုပြန်လည်တိုက်ခိုက်မလဲဆိုတာတွေကို သိချင်တယ်ဆိုရင်တော့ အခုပဲ ဝင်ရောက်ကြည့်ရှုလိုက်ဖို့ တိုက်တွန်းလိုက်ပါတယ်။ (ဘာသာပြန်နဲ့ အညွှန်းကိုတော့ Abby မှ ရေးသားထားပေးပါတယ်။) File Size : ...
movie
Independence Day (1996)
5.8
Not Another Teen Movie (2001)
ကပ္ပတိန်အမေရိကားကြီး Chris Evans ပါဝင်သရုပ်ဆောင်ထားတဲ့အမေရိကန်ကျောင်းသားဟာသ ဇာတ်ကားအမြူးလေးပါ။ ဘတ်ဂျက် ၁၅သန်းပဲကုန်ကျခဲ့ပေမယ့် Box Office 66.5 သန်းပြန်လည်ရရှိခဲ့တဲ့ရုပ်ရှင်ကားဖြစ်ပါတယ်။ American Pie ကားတွေလိုမျိုး ကျောင်းသားလူငယ်ဟာသကားဆိုတဲ့အတိုင်း ၁၈+အခန်းလေးတွေလဲ အများအပြားပါဝင်တယ်။ ရယ်လည်းရယ်ရတယ်ပေါ့နော်။ဇာတ်လမ်းလေးကတော့ ဂျွန်ဟူးဆိုတဲ့အထက်တန်းကျောင်းလေးမှာအခြေတည်ထားတာပါ။ ကျောင်းမှာနာမည်ကြီး Cheer leader ဖြစ်တဲ့ပရစ်ဆယ်လာနဲ့တွဲနေတဲ့ကျောင်းနာမည်ကြီးဘောလုံးကစားသမားဖြစ်တဲ့ ဂျိတ်ခ်ဝိုင်လာ(ChrisEvans)တယောက် ရုတ်တရက် အခြားအူကြောင်ကြောင်ကျောင်းသားတယောက်ကြောင့်ရည်းစားဖြတ်တာခံလိုက်ရပါတယ်။အဲဒါနဲ့ဂျိတ်ခ်ရဲ့သူငယ်ချင်းတယောက်ကကျောင်းမှာ ရိုးအအနဲ့ လူရာသိပ်မသွင်းတဲ့ ဂျေနီဘရစ်ဆိုတဲ့ ကျောင်းသူတယောက်ကို Queenဖြစ်အောင်လုပ်ပေးဖို့လောင်းကြေးထပ်ပါတယ်။ အဲဒီကစပြီးဂျိတ်တယောက် ဂျေနီဘရစ်နဲ့နီးစပ်ဖို့အမျိုးမျိုးကြံပါတော့တယ်။ဒါပေမယ့်ကြားထဲမှာ အစ်မဖြစ်သူကတ်သရင်းကြောင့်ရော၊ဂျေနီရဲ့လူမသိသူမသိအချစ်ဆုံးသူငယ်ချင်း ရစ်ကီလစ်မန်းရော၊ သူ့ရဲ့အတိတ်ကဘောလုံးပွဲအတိတ်ဆိုးတွေကပါအနှောင့်အယှက်ပေးတာကို ကြုံရပါတော့တယ်။အစ်မဖြစ်သူကတ်သရင်းကတော့ သူ့မောင်ကိုတဖြေးဖြေးကူညီပေးရင်း ဂျေနီကို ပုံစံလုံးဝပြောင်းပေးပြီး အလန်းလေးဖြစ်အောင်လုပ်ပေးလိုက်တဲ့အခါမှာတော့.... Chirs Evan အပါအဝင် တကျောင်းလုံးကကောင်တွေ ဘယ်လိုကြွေကျပြီး ဘယ်လိုသောက်တလွဲတွေနဲ့ အခွီတွေလုပ်ကြမလဲဆိုတာ......။"Not another teen movie" ဆိုတဲ့အတိုင်း ခင်ဗျားတို့ကြည့်နေကြ ဆယ်ကျော်သက်ဇာတ်ကားမျိုးလို့တော့ မထင်လိုက်နဲ့ဆိုပြီး အချီကြီးနဲ့စထားပါတယ်... ဒါပေမဲ့ ကျွန်တော်တို့ကြည့်နေကြ ဆယ်ကျော်သက်ဇာတ်ကားတွေဖြစ်တဲ့ Bring It On, American Pie, Cruel Intentions, American Beauty, Never ...
movie
Not Another Teen Movie (2001)
2001
6.8
Quick Change (1990)
Quick Change (1990)~ IMDb - 6.8/10, Rotten Tomatoes - 84% ~တိုတိုပြောရရင်တော့ Bill Murray ရဲ့ ဘဏ်ဓားပြတိုက်တဲ့ကားပဲ။ လူအများစုကတော့ Oceans Eleven တို့၊ The Italian Job တို့၊ Money Heist တို့လို ဘဏ်ဓားပြတိုက်တဲ့ ရုပ်ရှင်တွေ စီးရီးတွေကြည့်ဖူးကြလိမ့်မယ်။ အဲဒီလို ဘဏ်ဓားပြတိုက်တဲ့ကားတွေမှာ အကြမ်းဖျင်း အဆင့် ၃ ဆင့်ရှိတယ်။ အစီအစဉ်အသေးစိတ်ဆွဲမယ်၊ ဓားပြတိုက်မယ်၊ လွတ်အောင်ပြေးမယ်။ အဓိက ဇာတ်လမ်းတည်တဲ့အပိုင်းကတော့ ဓားပြတိုက်တဲ့အပိုင်းပဲ။ ဒီရုပ်ရှင်က အဲဒီလို လမ်းကြောင်းနဲ့ ကွဲတယ်။ အစီအစဉ်ဆွဲတာကို ကျော်ပြီး လာလာချင်းကတည်းက ဓားပြတိုက်တာနဲ့စတယ်။ တခြားရုပ်ရှင်တွေထက် ပိုဒဲ့တိုးသွားတာပေါ့။ ဒီရုပ်ရှင်မှာ အဓိက ဇာတ်လမ်းတည်တာက လွတ်အောင်ပြေးတဲ့အပိုင်း။ ပိုထူးခြားတာက တခြားရုပ်ရှင်တွေထဲကလို CCTV တွေ hack ...
movie
Quick Change (1990)
1990
Home on the Range (2004)
Disney ရဲ့ ဇာတ်ကားဟောင်းလေး တစ်ကားဖြစ်တဲ့ Homeon the Range ဆိုတဲ့ ဟာသ animation ရုပ်ရှင်လေးဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ old but gold ဇာတ်ကားဖြစ်ပြီး ရုပ်ရှင်ရဲ့အမည်Home on the Range က အမေရိကန်တောင်ပိုင်းဒေသရဲ့ ဂန္တဝင်သီချင်းကနေ ယူထားတာဖြစ်ပါတယ်။ အမေရိကရဲ့ Wild Wild West လို့ခေါ်တဲ့ အနောက်ဘက်ဒေသရဲ့ ကောင်းဘွိုင်ခေတ်မှာ အခြေပြုထားတာဖြစ်ပေမဲ့ အဓိကဇာတ်ကောင်တွေက ကောင်းဘွိုင်တွေ မဟုတ်ဘဲ နွားမတွေပါ။ဇာတ်လမ်းအကျဥ်းကတော့ နီဘရာစကားပြည်နယ်တစ်နေရာမှာ ကောင်းကင်ဘုံစားကျက်မြေ ဆိုတဲ့ ယာတောလေးတစ်ခုရှိပြီး အဲဒီခြံမှာနေတဲ့ တိရစ္ဆာန်တွေကို ခြံရှင်ဖြစ်သူ မစ္စပါးလ်က မိသားစုဝင်တွေလို သဘောထားပြီး အတူပျော်ရွှင်စွာ နေထိုင်ကြပါတယ်။ ဒါပေမဲ့ ပြည်နယ်တဝိုက်မှာ အလာမီဒါဆလင်း ဆိုတဲ့ နာမည်ကျော်နွားခိုးသမား လက်ချက်ကြောင့် ခြံရှင်လယ်သမား အတော်များများ ဒုက္ခရောက်နေကြပါတယ်။အလာမီဒါဆလင်းရဲ့ ပယောဂကြောင့် ...
movie
Home on the Range (2004)
The Ice Harvest (2005)
ခရစ္စမတ်ဇာတ်လမ်းလည်းဖြစ်၊ Comedy အမျိုးအစားလည်းဖြစ်ပေမဲ့ Home Alone လို ပျော်ရွှင်ကြည်နူးရမှာမျိုးမဟုတ်ဘဲ မသတီစရာဇာတ်ကောင်တွေက မမျှော်လင့်ထားတဲ့ အခင်းအကျင်းတွေမှာ ရုန်းကန်ရှင်သန်ဖို့ကြိုးစားပုံကို လက်ရာမြောက်စွာ ရိုက်ကူးတင်ဆက်ထားတဲ့ Black Comedy / Crime ရုပ်ရှင်ကောင်းတစ်ခုဖြစ်ပါတယ်။ John Cusack က အဓိကဇာတ်ကောင် Charlie အဖြစ် သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ Charlie က ကလိမ်ကကျစ်ကျတဲ့ ရှေ့နေလူလည်ဖြစ်ပြီး Wichita မြို့မှာနေထိုင်ပါတယ်။ ခရစ္စမတ်အကြိုညမှာ Charlie နဲ့ Vic တို့နှစ်ယောက်သား ဒုစရိုက်လုပ်ငန်းရှင်သူဌေး Bill ဆီက ဒေါ်လာနှစ်သန်းအလစ်သုတ်လာခဲ့ပြီး Bill မရိပ်မိခင် Wichita က လစ်ပြေးဖို့ကြံပေမဲ့ ရာသီဥတုအခြေအနေကြောင့် ချက်ချင်းပြေးလို့မရဘဲ ခရစ္စမတ်အကြိုညကို Wichita မှာပဲကုန်ဆုံးဖို့ဖြစ်လာပါတော့တယ်။ အဲဒီအချိန်မှာပဲ သူတို့နှစ်ယောက်ကို Bill ရဲ့တပည့်လူဆိုး Roy က စုံစမ်းနေတာကို Charlie သိရှိသွားတဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်မလဲ ...
movie
The Ice Harvest (2005)
7.7
Brokeback Mountain (2005)
BrokeBack Mountain (2005) ===================== IMDb Rating - 7.7/10Crouching Tiger, Hidden Dragon (2000)လို အနောက်နိုင်ငံတွေမှာ ရှေးဦးအကြီးအကျယ်အောင်မြင်ခဲ့တဲ့ တရုတ်သိုင်းရုပ်ရှင်ရဲ့ ဒါရိုက်တာ.... Director ... Ang Leeက ရိုက်ကူးပြီး သရုပ်ဆောင်အနုပညာမှာ မှော်ဝင် စားလွန်းတဲ့ လူလွန်မသားသရုပ်ဆောင်နှစ်ယောက်ဖြစ်တဲ့ Hearth Ledger နဲ့ Jake Gyllanhaal တို့က Mian Castအဖြစ် သရုပ်ဆောင်ထားပါတယ်။ Nominee 8ခုဝင်ထားပြီး အော်စကာသုံးခုရထားတဲ့ Ang Leeကို အော်စကာ ရစေခဲ့တဲ့ကားလည်း ဟုတ်ပါတယ်။ Homophobia တွေမနှစ်မြို့လောက်မယ့် LGBTကားဆိုတာ ကိုတော့ သတိချပ်စေချင်ပါတယ်။ဒီရုပ်ရှင်မှာ သရုပ်ဆောင်ထားတဲ့ Hearth Ledgerနဲ့ Jake တို့ဟာ Homo တွေမဟုတ်ပေမယ့် Homoတွေရဲ့ခံစားချက်တို့ကို ကောင်းကောင်းကြီး ပြ သွားနိုင်ခဲ့သလို Real World က သူတို့ကြားက ရင်းနှီးမှုကြောင့်လည်း ဒီကား ဟာ ပိုအသက်ဝင်တယ် ဆိုကြပါတယ်။ချစ်သူနဲ့လက်ထပ်ဖို့ စရိတ်စကရအောင် Brokebackတောင်ပေါ်မှာ အလုပ် လုပ်မယ့် Ennis Del ...
movie
Brokeback Mountain (2005)
2005
The Adventures of Pluto Nash (2002)
The Adventures of Pluto Nash (2002) Genre - Sci-fi, Action၂၀၀၀ ပြည့်နှစ်တွေက Nutty Professor တို့ Norbit တို့နဲ့နာမည်ကြီးခဲ့တဲ့ ဟာသမင်းသား Eddie Murphy ရဲ့၂၀၀၂ ခုနှစ်တုန်းက သိပ္ပံစိတ်ကူးယဉ်ကားလေး ဖြစ်ပါတယ်။ဇာတ်လမ်းလေး ပြောရမယ်ဆို လူတွေဟာအနာဂတ်မှာ လပေါ်မှာကိုလိုနီလုပ် နေထိုင်နေကြပါပြီ။မှောင်ခိုသမားအနေနဲ့ အသက်မွေးဝမ်းကြောင်းပြုခဲ့တဲ့ ပလူတိုတစ်ယောက်ထောင်ထဲကနေထွက်လာတဲ့အခါ ကလပ်လေးတစ်ခုကို တည်ထောင်ပြီးအောင်မြင်စွာ အလုပ်ဖြစ်နေခဲ့ပါတယ်။အဲဒီအချိန်မှာပဲ ခရိုနီလူတစ်စုက သူ့ကလပ်ကို ၁၀ သန်းအတင်းပေးပြီး လာဝယ်ပါတယ်ပလူတိုကလည်း ရောင်းစားဖို့ မဟုတ်ကြောင်း ငြင်းလိုက်ပြီး နှင်ထုတ်လိုက်ပါတော့တယ်။ဒါပေမဲ့ မကြာခင်မှာပဲ ကလပ်တစ်ခုလုံးကို ဖောက်ခွဲပြီးပလူတိုရဲ့ အသက်ကို ရန်ရှာလာတဲ့အထိ ဖြစ်လာချိန်မှာတော့ပလူတိုတစ်ယောက် သူ့ကို ဒုက္ခပေးခဲ့တဲ့ ဒီပဟေဠိလူသားကိုစက်ရုပ်အဖော်ရယ် စားပွဲထိုးမလေးရယ် အတူတကွ ဘယ်လိုရှာဖွေဖော်ထုတ်ပြီးဘယ်လိုတွေ စွန့်စားခန်း ထွက်ကြမယ်ဆိုတာကို ပေါ့ပေါ့ပါးပါး ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်ဗျ File size… 2.6 GB ...
movie
The Adventures of Pluto Nash (2002)
2002
5.9
Hard Rain (1998)
Hard Rain (1998) IMDb-5.9/10 CM ပရိသတ်တွေအတွက် မင်းသားကြီးမော်ဂန် ဖရီးမန်း ပါဝင်သရုပ်ဆောင်ထားတဲ့ရုပ်ရှင်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ မိုးတွေသည်းထည်စွာဆက်တိုက်ရွာသွန်းနေမှုကြောင့် ဟန့်တင်ဘာ့မြို့လေးမှာ ရှိနေတဲ့ဆည်ကြီးကို ဖွင့်ချနေရပြီး လူတွေကိုလည်း ဘေးလွတ်ရာကိုရွေ့ပြောင်းခိုင်းထားရပါတယ်။ ဒီအချိန်မှာပဲ ဘဏ်ကလည်း သူတို့ရဲ့ ဘဏ်ခွဲမှာရှိနေတဲ့ ဒေါ်လာ သုံးမီလီယံကို တွမ်နဲ့ သူ့ရဲ့ဦးလေးချာလီ တို့ မောင်းတဲ့ကျည်ကာကားနဲ့နေရာရွေ့ပြောင်းဖို့လုပ်ရပါတော့တယ်။ဒီလိုနဲ့ရေကတအားတက်လာတာကြောင့် လမ်းတွေလည်းရေမြုပ်ကုန်ပြီး တွမ်တို့ရဲ့ကျည်ကာကားကလည်း မြို့အထွက်မှာတင်ပိတ်မိသွားတဲ့အတွက် အကူအညီခေါ်နေချိန်မှာ ဒေါ်လာသုံးမီလီယံကို ရွေ့ပြောင်းမယ်လို့သတင်းအတိအကျရထားတဲ့ ဂျင်မ်တို့ရဲ့အဖွဲ့ကရောက်လာပြီး ပိုက်ဆံတွေကိုမောင်ပိုင်စီးဖို့ကြိုးစားတဲ့အခါမှာ ဘယ်လိုတွေဆက်ဖြစ်လာမလဲ၊ တွမ်ကရော ပိုက်ဆံတွေကိုကာကွယ်နိုင်မှာလား၊ လူတွေရဲ့ ပြောင်းလဲလွယ်တတ်တဲ့စိတ်ဆိုတာကရော ဘယ်လိုမျိုးလဲ၊ နောက်ဆုံးမှာ ဂျင်မိတို့အဖွဲ့ပိုက်ဆံတွေရသွားမလား ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ ။ File size… 2.89 GB / 1.35 GB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 37m Genre ..... Action , Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by TMMT
movie
Hard Rain (1998)
1998
6.0
Days of Thunder 1990
ဒီကားက 1990တုန်းကထွက်ရှိခဲ့တဲ့ Tom cruise ရဲ့ Sport Action အမျိုးအစား movie လေးပါ Tom cruiseက Cole Trickle အနေနဲ့ပါ၀င်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဥ္းကတော့ ကယ်လီဖိုးနီယား အီးဂဲလ်ရော့ခ် မြို့ကလာတဲ့ ကိုးလ်ထရစ်ကဲလ်ဆိုတဲ့ open-wheel ကားတွေပဲမောင်းဖူးတဲ့ကောင်လေးဟာ တစ်နေ့မှာတော့ နာမည်ကြီးအထင်ကရဖြစ်တဲ့ ဒေတိုးနားမီတာ၅၀၀ပြိုင်ပွဲကြီးကိုပါဝင်ဖို့ဖြစ်လာခဲ့ပါတယ်ပြိုင်ပွဲဝင်ကားကိုဒေတိုးနားကဖြစ်ခဲ့တဲ့ဘက်ဒီဘရက်သာတန်ရဲ့မတော်တဆမှုအကြောင်း စုံစမ်းစစ်ဆေးမှုတွေမခံချင်လို့အလုပ်ထွက်လိုက်တဲ့ ကားဆရာကြီး ဟယ်ရီဟော့ဂ်နဲ့တွေ့ဆုံပြီး သူဆင်ပေးတဲ့ကားနဲ့ ပြိုင်ပွဲဝင်ခဲ့ပါတယ် ပြိင်ပွဲဝင်ရင်းမတော်တဆမှုဖြစ်ပီးဆေးရုံရောက်လာတဲ့အခါ ဒေါက်တာလူဝစ်ကီနဲ့တွေ့ဆုံခဲ့ပါတယ် ကားမောင်းပြိုင်ရင်းဘယ်လိုအခက်အခဲတွေကြုံတွေ့မယ်ဆိုတာကိုစိတ်လှုပ်ရှားစွာ စောင့်ကြည့်ရမဲ့ဇာတ်ကားလေး တစ်ကားပါ File Size : 600 Mb and 300mb Quality : webrip 720p/480p Format…mp4 Duration…1hr 47min Genre : Action, Drama, Sport Subtitle : Myanmar Subtitle (Hard Sub) Translated by Nyein Lai Wai Encoded by Littleneo
movie
Days of Thunder 1990