Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Randall Park
7.3
Ant-Man and the Wasp (2018)
Marvel Cinematic Universe: Phase Three ကတော့ MCU ရဲ့ အကောင်းဆုံးအစိတ်အပိုင်းလို့ဆိုရတဲ့အထိ လူကြိုက်များပြီး ထောင့်စေ့ခဲ့ပါတယ်။Phase 3 မှာတော့ Infinity Stone ခေါ် စကြာဝဠာကျောက်တုံး(၆) တုံးနဲ့ စကြာဝဠာလူကြမ်းကြီး သားနို့စ်နဲ့ မျက်နှာချင်းဆိုင်ဖိုက်ကြတဲ့အထိ ကြမ်းကုန်ကြပါပြီ။ MCU Phase 1/2/3 ကို The Infinity Saga လို့ပေါင်းခေါ်ပြီးတော့ MCU Phase 4/5/6 ကိုတော့ The Multiverse Saga လို့ ပေါင်းခေါ်ကြပါတယ်။ Phase 3 မှာတော့ ရုပ်ရှင် ၁၁ ကားရှိပြီး အောက်ပါအတိုင်း အစဉ်လိုက် ကြည့်ရှုကြရမှာပါ။Captain America: Civil War (2016) Doctor Strange (2016) Guardians of the Galaxy Vol. 2 (2017) Spider-Man: ...
movie
Ant-Man and the Wasp (2018)
2018
4K HEVC IMAX
Valley Girl (2020)
Valley Girl (2020) ******************ဒီဇာတ်ကားလေးကတော့ Musical Romantic Comedy ဇာတ်ကားအမျိုးအစားလေးပါ...အရမ်း Sweet ဖြစ်ပြီးတော့ ရိုထားတဲ့ ကားလေးပါ။ ရယ်လည်းရယ်ရသလို တစ်ကားလုံးမှာလည်း...သီချင်းလေးတွေနဲ့ တကယ် နားထောင်ပြီး ကြည့်ရတာ ပျော်ဖို့ကောင်းတယ်။ တောင်ကြားမြို့လေးထဲမှာရှိတဲ့...ဆယ်ကျော်သက်ကောင်မလေးတွေက ဖက်ရှင်ဆိုလည်းဆင်တူ ဝတ်ကြတယ်။ ဘဝကိုလည်း...ပျော်ပျော်ပဲဖြတ်သန်းကြပေမဲ့ အိမ်ထောင်ဘက်ရွေးချယ်တဲ့အခါမှာတော့ အထက်တန်းစားယောက်ကျားမှ...ဖြစ်ရမယ်ပေါ့။ အဲဒီအထဲမှာမှ ဂျူလီ ဆိုတဲ့ ကောင်မလေးက တစ်မူထူးခြားလှပါတယ်။ ရှေးရိုးစွဲ မဆန်ချင်ဘူး။အချစ်ကို ကိုးကွယ်သလို ဘယ်လိုအတန်းအစားပဲနေနေ ချစ်ခဲ့မယ်ဆိုရင် ဘဝလက်တွဲဖော်အဖြစ်ရွေးချယ်ဖို့...အသင့်ဖြစ်နေသူလေးပါ။ အဲဒီလို ကောင်မလေးနဲ့ မိဘမရှိ လေလွင့်နေတဲ့ ရမ်ဒမ် ဆိုတဲ့ ကောင်လေးတို့ ...ကမ်းခြေမှာ ဆုံတွေ့ခဲ့ကြတယ်။ မတူညီတဲ့ပတ်ဝန်းကျင်က မွေးဖွားခဲ့ကြသလို...အယူအဆတွေမှာလည်း...ကိုယ်စီကွဲပြားကြလေတော့ ရေရှည်မှာ အချစ်ကိုအရင်းတည်တဲ့သူတို့နှစ်ယောက်ဟာ ဟန်ချက်ညီစွာလျှောက်လမ်းဖို့ ...အတော်ခက်တယ်ပြောရမှာပေါ့...ကိုင်းသူတို့ ဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ ဆက်လက်ခံစားကြည့်ကြပါဦး။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Theint Theint ပဲဖြစ်ပါတယ်....File Size : 2.84GB / 1.33GB Quality : ...
movie
Valley Girl (2020)
5.1
Sex Tape (2014)
Sex Tape (2014)မင်းသမီး Cameron Diaz နဲ့ မင်းသား Jason Segel တို့ပါဝင်ပြီး ပွဲကြမ်းထားတဲ့ ဟာသဇာတ်ကားလေးပါ။ဇာတ်လမ်းကတော့ လင်မယားတွေဖြစ်ကြတဲ့ Jay နဲ့ Annie တို့ဟာ ကလေးတွေမရှိတုန်း ငယ်မူပြန် ပွဲကြမ်းကြတာကို Video ရိုက်ထားမိကြပါတယ်... ဒီ Video ကြီးကို အမှတ်မထင်ဘဲ iPad တွေကို Sync လုပ်မိရာကတစ်ဆင့် Cloud ကနေ တခြားလူတွေဆီ ရောက်သွားပါတော့တယ်။ အစက ဒါကို သတိမထားမိသေးပဲ Jay ဖုန်းကို တစ်စုံတစ်ယောက်က အဲ့ဒါနဲ့ပတ်သတ်ပြီး စာပို့တော့မှ သတိထားမိတာပါ။ ဘယ်သူပို့လည်းတော့ မသိပါဘူး။ ဒါကြောင့် Annie နဲ့ Jay တို့ နှစ်ယောက် iPad ပေးထားတဲ့သူတွေဆီသွားပြီး အဲ့ဒီ ဗီဒီယိုဖိုင်ကို ဖျက်ဖို့ကြိုးစားကြရင်း message ကို ဘယ်သူပို့လည်းဆိုတာ စုံစမ်းပါတော့တယ်။သူတို့နှစ်ယောက် iPad တွေ ပြန်ယူဖို့ကြိုးစားကြပုံကို ဟာသရောနှောကာ ရိုက်ကူးတင်ဆက်ထားပြီး အဲ့ဒီ ...
movie
Sex Tape (2014)
6.8
Aquaman (2018)
DCEU လို့ သိကြတဲ့ DC Extended Universe ဟာ Aquaman and the Lost Kingdom ရုပ်ရှင်အပြီး ၂၀၂၃ ခုနှစ်မှာတော့ ပိတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder နဲ့အစပြုခဲ့တဲ့ DCEU ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. နဲ့ အနုပညာရှင် ဒါရိုက်တာတွေကြားက အဆင်မပြေမှုတွေအပြင် အခြားကိစ္စရပ်များကြောင့်ပါ ဝိဝါဒကွဲပြဲတဲ့ အစီအစဉ်တွေနဲ့ မတည်ငြိမ်တဲ့ Universe တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် DCEU ဟာ Superman, Batman, Wonder Woman,Aquaman,Flash တို့လို ပရိတ်သတ်သဘောကျတဲ့ဇာတ်ကောင်တွေကိုလဲ တင်ဆက်နိုင်ခဲ့တာမလို့ DC ဖန်တွေအတွက် ကျေနပ်စရာကိစ္စရပ်တွေလဲ ရှိခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုတွေလဲ ရရှိခဲ့ပါတယ်။ဒါကြောင့်မလို့ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ DCEU ရုပ်ရှင်အားလုံးကို BluRay 4K Quality နဲ့သိမ်းထားလို့ရအောင်တင်ဆက်လိုက်ပါတယ်.....DCEU ရုပ်ရှင်အားလုံးကို ဒီမှာ ...
movie
Aquaman (2018)
2018
4K HEVC
6.3
Neighbors (2014)
Neighbors (2014) IMDb-6.3/10 Rotten Tomatoes-73% CM ပရိတ်သတ်ကြီးအတွက် 2014က ထွက်ရှိခဲ့တဲ့ဟာသကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။Seth Rogen, Zac Efron နဲ့ Rose Byrne စတဲ့သရုပ်ဆောင်တွေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ မက်ခ်နဲ့ ကယ်လီတို့ဟာအခုမှကလေးရထားတဲ့ စုံတွဲလေးဖြစ်ပြီး သူတို့ရဲ့လူငယ်ဘဝကုန်ဆုံးသွားခဲ့ပြီလို့ ခံစားနေကြရတဲ့ စုံတွဲလေးပါဆိတ်ငြိမ်ရပ်ကွက်လေးမှာ အိမ်လေးတစ်လုံးဝယ်ပြီးမိသားစုသုံးယောက်အတူ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေကြပါတယ်။တစ်နေ့မှာတော့ သူတို့ ဘေးအိမ်ကို ဒယ်တာ ဆိုင်လ်ဆိုတဲ့တက္ကသိုလ်ကလပ်က ကျောင်းသားတွေအပြုံလိုက်ပြောင်းချလာပါတော့တယ်။ မက်ခ်နဲ့ ကယ်လီတို့လည်း အနှောက်အယှက်မဖြစ်အောင်ပြောဆိုထားပေမဲ့ နေ့တိုင်း ရက်ဆက်ပါတီတွေပေးပြီးဆူညံနေကြတာမလို့ ရဲကိုတိုင်လိုက်တဲ့ကိစ္စကနေစပြီးဒယ်တာဆိုင်လ်အဖွဲ့ဝင်တွေနဲ့ သူတို့နှစ်ယောက်ကြားမှာအချင်းချင်းဒုက္ခတွေပေးကြရင်း နောက်ဆုံးဘယ်ဘက်ကနိုင်သွားမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။အမြင်မသင့်တော်တဲ့ပြကွက်တွေနဲ့ ကြမ်းတမ်းတဲ့အသုံးအနှုံးတွေပါဝင်တာမလို့(၁၈) နှစ်အောက် လူငယ်တွေ ကြည့်ရှုဖို့ မသင့်တော်ပါဘူး။ File size… 1.8 GB / 921 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 37m Genre ..... Comedy Subtitle…. Myanmar Subtitle (Hard ...
movie
Neighbors (2014)
2014
6.0
Aquaman and the Lost Kingdom (2023)
(function(f,b,n,j,x,e){})();အကွာမန်းရုပ်ရှင်ဒုတိယကားထပ်လာပါပြီ။ဒီရုပ်ရှင်ဟာ DCEU ရုပ်ရှင်တွဲတွေရဲ့ ၁၅ ကားမြောက်နဲ့ နောက်ဆုံးကားပဲ ဖြစ်ပါတယ်။ဒါရိုက်တာ ဂျိမ်းဝမ်ပဲ ရိုက်ကူးထားတာဖြစ်ပါတယ်။ အာကွာမန်း၊အွမ်း နဲ့ ဒေးဗစ်ကိန်းတို့နေရာမှာ အရင်သရုပ်ဆောင်တွေပဲ ပြန်ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းဒေးဗစ်ကိန်းဟာ သူ့အဖေအတွက်လက်စားချေဖို့ အာကွာမန်းကိုသတ်နိုင်ဖို့အတွက် အတ္တလန်းတစ်နည်းပညာတွေကိုလိုက်ရှာရင်း အတ္တလန်းတစ်မြို့တော်ဟောင်းကြီးတစ်ခုကို တွေ့သွားပါတယ်။အဲဒီမှာနည်းပညာတွေအပြင် အနက်ရောင် သုံးခွလှံလည်းရှိနေပြီး အဲဒီကနေ စွမ်းအားတွေရလာပါတယ်။ ဒါပေမဲ့ အဲဒီအနက်ရောင်လှံကို ကိုင်ခဲ့တဲ့ ဘုရင်ဟာ ဆိုးသွမ်းလွန်းလို့ အတ္တလန်းတစ်တိုင်းပြည်ရဲ့သမိုင်းတွေကနေပါ ဖျောက်ထားပြီး ရေခဲပြင်အောက်မှာဖမ်းဆီးခံထားရတာဖြစ်ပါတယ်။ ဒေးဗစ်ကိန်းကြောင့် အတ္တလန်းတစ်ရှေးဟောင်းမြို့တော်ရဲ့မကောင်းဆိုးဝါးတွေ နိုးထလာပြီး ကုန်းမြေရောပင်လယ်ကမ္ဘာတွေပါ ပျက်စီးရမဲ့အခြေအနေဖြစ်လာတာကို အာသာကာရီတားဖို့ကြိုးစားရပါတော့တယ်။ ဒါပေမဲ့ဒေးဗစ်ကိန်းကို ရှာနိုင်တဲ့သူကလည်း သူကိုယ်တိုင် အနိုင်တိုက်ပြီးဖမ်းထားတဲ့ သူညီ အွမ်းပဲရှိတာကြောင့် အွမ်းကိုပြန်ခေါ်ပြီး မတည့်တဲ့ညီအစ်ကိုနှစ်ယောက် ဘုံရန်သူကိုတိုက်ဖို့ကြိုးစားရပါတော့တယ်။ File size…( 9.47 GB)/( 2.84 GB) /(2.2 GB) Quality….Webrip 4K HEVC/ 1080p / 720p Format…mp4 Duration….02:04:00 Genre... Action, Adventure, ...
movie
Aquaman and the Lost Kingdom (2023)
4K HEVC
Snatched (2017)
အန်မလီဟာ ကောင်လေးနဲ့အတူ အီကွေဒေါကိုခရီးသွားဖို့အတွက် ခရီးစဉ်အစအဆုံးကို ငွေချေပြီးသားပါ..သွားခါနီးမှာပဲ ဘဝတက်လမ်းကြောင့်ဆိုပြီးလမ်းခွဲခံလိုက်ရပါတယ်။အန်မလီတစ်ယောက် ရည်းစားနဲ့ပြတ်၊ အလုပ်ကလည်းပြုတ်၊သူငယ်ချင်းလည်းတစ်ယောက်မှမရှိတဲ့အပြင်ဝယ်ထားတဲ့ ခရီးစဉ်ကလည်း ငွေပြန်အမ်းလို့မရတဲ့ခရီးစဉ်ဖြစ်နေတာကြောင့်အမေနဲ့အတူတူ ခရီးစဉ်ကိုသွားဖို့ဖြစ်လာပါတယ်။ခပ်ပေါ့ပေါ့တွေးပြီး နေတတ်တဲ့အန်မလီနဲ့ ဂရုတစိုက် အားလုံးကို အသေးစိတ်တတ်တဲ့အန်မလီ့အမေတို့ခရီးတစ်ခုတည်းအတူသွားတဲ့အခါ ဖြစ်လာတတ်တဲ့အလွဲလေးတွေအပြင်အယုံလွယ်တတ်တဲ့ အန်မလီကြောင့် သားအမိနှစ်ယောက်ပြန်ပေးဆွဲခံခဲ့ရတဲ့အခါမှာ ဘယ်လိုမျိုး ပြန်လွတ်အောင်ကြံဆောင်ကြမလဲ ဘယ်လိုအခက်အခဲတွေနဲ့တွေ့မလဲဆိုတာလေးတွေကိုဟာသလေးတွေနှောပြီး ရိုက်ကူးထားတဲ့အပြင်သားအမိနှစ်ယောက်ကြား ခံစားချက်လေးတွေပါကြည့်ရှုရမယ့်ဟာသအက်ရှင်ကားလေးပဲဖြစ်ပါတယ်။ File size… 1.7 GB / 828 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 39m Genre ..... Action , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Jia
movie
Snatched (2017)
2017
6.2
Trainwreck (2015)
စိတ်ပိုင်းဆိုင်ရာအရ ငယ်စဉ်မှာ မိသားစုနဲ့ပတ်သက်ပြီး စိတ်ဒဏ်ရာခံစားခဲ့ရတဲ့ကလေးတွေဟာ သူတို့စိတ်ထဲမှာ ဒဏ်ရာ ရခဲ့တာကို စွဲလမ်းနေတတ်ပြီး အသက်ကြီးလို့ လက်တွဲဖော်ရွေးတဲ့အခါမှာလည်း ကိုယ့်အပေါ် မကောင်းတဲ့လူ၊ နာကျင်စေတတ်တဲ့လူတွေကပဲ ရွေးချယ်နေတတ်ကြတယ်လို့ ဆိုကြပါတယ်။ Amy Townsend ကတော့ အဖေနဲ့ အမေရဲ့ အိမ်ထောင်ရေးအကွဲအပြဲကြား“တစ်လင်တစ်မယား စနစ်ဆိုတာ လက်တွေ့မဆန်ဘူး”ဆိုတဲ့စကားနဲ့ ကြီးပြင်းလာရတဲ့ ကောင်မလေးပါ။ရည်းစားတွေ တစ်ယောက်ပြီးတစ်ယောက် တွဲတတ်ပေမဲ့ဘယ်သူ့ကိုမှ အတည်မတွဲဘဲ အပေါ်ယံပေါ့ပျက်ပျက်ပဲ ဆက်ဆံတတ်ပါတယ်။ S’nuff မဂ္ဂဇင်းတိုက်မှာ အယ်ဒီတာအနေနဲ့ အလုပ်လုပ်နေတဲ့Amy တစ်ယောက် အားကစားသမားတွေကို ခွဲစိတ်ပေးနေတဲ့နာမည်ကြီးဆရာဝန် ဒေါက်တာ Aaron ကိုအင်တာဗျူးလုပ်ဖို့ တာဝန်ပေးခံရတဲ့အခါမှာတော့….. ဒီရုပ်ရှင်ရဲ့ ဇာတ်ညွှန်ကို Amy Schumer ရေးထားပြီးAmy Townsend အဖြစ် ကိုယ်တိုင်သရုပ်ဆောင်ထားပါတယ်။ နာမည်ကြီးခွဲစိတ်ဆရာဝန် Dr. Aaron အဖြစ်Bill Hader က သရုပ်ဆောင်ထားပါတယ်။ Action မင်းသားကြီး John Cena လဲ ရည်းစားတွေထဲကတစ်ယောက် အဖြစ် ပါဝင်သရုပ်ဆောင်ပေးထားပါသေးတယ်။ ဇာတ်ကွက်အနေနဲ့ မထူးဆန်းပေမဲ့ ပေါ့ပေါ့ပါးပါး ရယ်မောပြီးဘဝအမောတွေ ပြေစေမယ့် Rom-Com ...
movie
Trainwreck (2015)
2015
Dinner for Schmucks (2010)
လောကကြီးမှာ လူတစ်စုက တစ်ပါးသူရဲ့ ကံဆိုးမှုတွေကို လှောင်ပြောင်ဖို့သက်သက်နဲ့ တကူးတကပိုက်ဆံအကုန်ကျခံပြီး ပွဲလုပ်ကြတဲ့သူတွေရှိတဲ့အကြောင်းကို Comedy နှောပြီး မီးမှောင်ထိုးပြထားတဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ ကောင်မလေးဖြစ်သူ ဂျူလီကို သူ့အပေါ် အထင်ကြီးလာအောင် ဒါမှ သူ့လက်ထပ်ခွင့်ကို လက်ခံမှာဆိုပြီး တွေးတဲ့ တင်မ်ဟာ ရာထူးတိုးဖို့အတွက် အထက်လူကြီးတွေ စီစဉ်နေကျ “Dinner for Winners” ဆိုတဲ့ ညစာစားပွဲကို သူတို့အခေါ် ထူးခြားကွဲပြားတဲ့သူ (အတည်ကတော့ အရူးတွေပေါ့) ဆိုတဲ့သူတစ်ယောက်ကို ခေါ်လာဖို့ ဆုံးဖြတ်ခဲ့တယ်။ အဲအကြောင်းကို ကောင်မလေးဖြစ်သူသိသွားတဲ့အခါမှာတော့ မလုပ်ဖို့ တားရာကနေ ကတောက်ကဆဖြစ်ကြတော့တယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲနေ့မှာ တင်မ်က ဘာရီဆိုတဲ့ ကြွက်တွေကို ရုပ်လုံးကြွဖန်တီးတဲ့ သူကို ကားနဲ့ တိုက်မိသွားခဲ့ရာကနေ ဘာရီဟာ သူ့ရဲ့ ဒင်နာကို ခေါ်သွားနဲ့ “ထူးခြားကွဲပြားတဲ့သူ” ဖြစ်လာခဲ့တယ်။ဒီထဲမှာတော့ ဘာရီရဲ့ အလွဲလွဲအချော်ချော်လုပ်ရပ်တွေ ဆိုပေမဲ့ မိတ်ဆွေဖြစ်သူအပေါ်ထားတဲ့ ...
movie
Dinner for Schmucks (2010)
6.8
Totally Killer (2023)
Totally Killer (2023)~ IMDb - 6.8/10, Rotten Tomatoes - 85% ~ဒီကားလေးကတော့ ဒီရက်ပိုင်းမှ ပူပူနွေးနွေးထွက်ရှိလာတဲ့ ဟာသဟော်ရာအမျိုးအစားလေးပါ။ Scream တို့၊ "Happy Death Day"တို့ကြည့်ရတဲ့ Vibe မျိုးပြန်ခံစားကြည့်ချင်ရင် ဒီကားက သေချာပေါက်အလွတ်မခံသင့်တဲ့ကားပါပဲ။ Castတွေအနေနဲ့ ဆိုရင်လည်း "Chilling Adventures of Sabrina" ရဲ့ Kiernan Shipka, "Marvel's Cloak & Dagger" ရဲ့ Olivia Holt တို့က အဓိက Cast တွေအနေနဲ့ပါ၀င်ပြီး Randall Park နဲ့ Lochlyn Munro တို့လို ထင်ရှားတဲ့သူတွေလည်း ပါ၀င်ပါသေးတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဗာနွန်ဆိုတဲ့မြို့ငယ်လေးက (၁၉၈၇)ခုနှစ် ဟောလိုး၀င်းရာသီမှာ ၁၆နှစ်အရွယ် ကောင်မလေးသုံးယောက် အသတ်ခံရလိုက်ပြီးနောက်ပိုင်း ကျီးလန့်စာစားနေနေရပါတယ်။ အဲဒါပြီးနောက်မှာတော့ လူသတ်သမားကငြိမ်နေပေမဲ့ ...
movie
Totally Killer (2023)
2023
4K HEVC
6.7
Shortcomings (2023)
လူတွေနဲ့ ဆက်ဆံတဲ့နေရာမှာ နေရာတကာလိုက်ပြီးတော့ လူ့ဂွစာလုပ်နေတဲ့ဘယ်သူနဲ့မှ အဆင်မပြေကြတဲ့လူတွေက ဒီလောကမှာအများကြီးပါပဲ။အဲ့လိုလူအများစုကလည်း သူတို့အမှားကိုသူတို့မသိကြပဲနဲ့ ဘယ်သူနဲ့မှအဆင်မပြေတာကတခြားလူတွေရဲ့ အပြစ်ကြောင့်လို့ပဲ ထင်တတ်ကြပါတယ်။ တကယ်လို့ကိုယ်လည်းအဲ့လိုလူဖြစ်နေတယ်ဆိုတာကို စိတ်ထဲမှာသိနေတယ်ဆိုရင်တော့ အမြန်ဆုံးပြင်လိုက်တာအကောင်းဆုံးပါပဲ။ ဒီကားထဲမှာလည်း အရာရာကိုဘုကလန့်လိုက်တိုက်နေပြီးလူမျိုးရေးတွေအရမ်းခွဲခြားပြီး လူ့ဂွစာဖြစ်နေတဲ့ ဘန်ကိုတွေ့ရမှာပဲဖြစ်ပါတယ်။အဓိကအဆင်မပြေဖြစ်နေတာကတော့ သူ့ကောင်မလေးမီကိုနဲ့ပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်ကအမြဲတမ်း ရုပ်ရုင်အကြောင်းတွေ တစ်ယောက်နဲ့ တစ်ယောက်အတွေးအမြင်တွေနဲ့ပတ်သတ်ပြီး အမြဲတမ်းရန်ဖြစ်နေတတ်ကြပါတယ်။တစ်နေ့မှာတော့ မီကိုနဲ့ ဘန်နဲ့ ပြဿနာအကြီးအကျယ်တက်ကြပြီး မီကို တစ်ယောက်သူအရမ်းသွားချင်နေတဲ့ နယူးယောက်မြို့တော်ကို ထွက်သွားပါတော့တယ်။ဒီလိုနဲ့ဘန်လဲနောက်ဆော်တစ်ယောက်နဲ့ ကောက်တွဲခဲ့ပေမဲ့ သူ့ရဲ့အကျင့်စရိုက်တွေကြောင့်အဆင်မပြေလို့ ဆော်ပစ်ခံရတဲ့အပြင် သူ့အလုပ်ကပါပိတ်သိမ်းသွားရတဲ့အတွက်မီကိုရှိရာ နယူးယောက်မြို့ကိုလိုက်သွားပါတော့တယ်။ဒီလိုနဲ့ သူအဲ့ဒီကိုရောက်သွားတဲ့အချိန်မှာ သူ့အတွက်ပိုဆိုးတဲ့ ကံကြမ္မာတစ်ခုကိုတွေ့ခဲ့ရပါတော့တယ်။လူဆိုတာအဲ့လိုမျိုးမကောင်းတဲ့ စွမ်းအင်တွေကိုသယ်ဆောင်ထားနေရင်တော့ ကိုယ့်အပေါ်မှာမကောင်းတဲ့ အရာတွေပဲဖြစ်နေမှာပါ။ဒီတော့ ဘဝမှာသူများတွေအတွက် ကန့်လန့်တိုက်တဲ့လူ့ဂွစာဖြစ်မနေပဲ ပျော်ရွှင်တတ်တဲ့စိတ်ထားလေးထားပြီး ပျော်ရွှင်စွာနေထိုင်နိုင်ကြဖို့ဒီကားလေးကိုကြည့်ပြီးပညာယူသင့်ပါတယ်။ File size…1.76 GB / 617MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 32m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard ...
movie
Shortcomings (2023)
6.3
Strays (2023)
Strays (2023)CM က ခွေးကားအသစ်လေးတင်ထားတယ် ကလေးတွေကိုပြဖို့ဒေါင်းဦးမယ်တော့ မတွေးလိုက်နဲ့နော်။ ဒီခွေးကားက လူကြီးတွေကြည့်ပြီး အထာတွေပေါက် စခွီထရမယ့်ကားပါ။ စကားအသုံးအနှုန်းကြမ်းတမ်းမှု အဆဲအဆိုအစုံ မူးယစ်ဆေး လိင်ကိစ္စအားလုံးပါဝင်တာကြောင့် R-Rated ဖြစ်ပါတယ် ဇာတ်လမ်းလေးကလဲ ကြည်နူးစရာပါပဲ။ ခွေးတစ်ကောင်က သူ့သခင်ဟူးမန်းရဲ့ဒစ်ကို ကိုက်ဖြတ်မယ်ဆိုပြီး သူ့ဟူးမန်းဆီကို ပြန်တဲ့ အိမ်ပြန်ခရီးပါ။ ဒီလိုပြောလို့ ခွေးက ဆိုးလှချည်းလားလို့ မထင်ပါနဲ့။ ဒီခွေးလေးနာမည်ကတော့ ရက်ဂျီပါ။ သူ့သခင်ဒေါ့ဂ်က သူ့ကိုတစ်စက်မှမချစ်ပါဘူး။ သူ့ရည်းစားရဲ့ခွေးကို ရည်းစားနဲ့ပြတ်သွားတော့ တမင်ညစ်ပြီးယူထားလိုက်တာပါပဲ။ ရက်ဂျီကတော့ အဲ့ဒါကိုနားမလည်ဘဲ သူ့ဟူးမန်းက ကမ္ဘာပေါ်မှာ အကောင်းဆုံး သူ့ကို အချစ်ဆုံးလို့ထင်နေတာပါပဲ။ ဒေါ့ဂ်ကမလုပ်မရှိ အကိုင်မရှိ စော်ပစ်ကောင်လဲဖြစ်နေတော့ တစ်နေကုန် ထိုင် fap နေတဲ့သူပါ။ ရက်ဂျီကိုလဲအကြိမ်ကြိမ်အခါခါစွန့်ပစ်ဖို့ကြိုးစားပေမယ့် ရက်ဂျီက ဒါကဂိမ်းတစ်ခုလို့ထင်နေတော့ အိမ်ကိုအရောက်ပြန်ပြန်လာနေပါလေရော။ တစ်နေ့တော့ ရက်ဂျီကို အဝေးကြီးထိခေါ်သွားပြီးစွန့်ပစ်လိုက်တာမှာ ရက်ဂျီက တခြားလမ်းဘေးခွေးတွေနဲ့ပေါင်းမိမှပဲ သူ့သခင်က ဘယ်လောက်ဆိုးမှန်း သူ့ကိုစွန့်ပစ်သွားမှန်းသဘောပေါက်လိုက်ပါတယ်။ အဲ့တော့သူ့သခင်ကို လက်စားချေဖို့အတွက် သူ့သခင် အကြိုက်ဆုံးအချစ်ဆုံး တစ်နေကုန်ကိုင်ကိုင်နေတဲ့ ဒစ်ကို ကိုက်ဖြတ်မယ်ဆိုပြီး အငြိုးအတေးနဲ့ ပြန်လာတဲ့ ခွေးကလေး ရက်ဂျီ နဲ့ သူ့ဘော်ဒါအသစ်လမ်းဘေးခွေးတစ်သိုက်ရဲ့ အိမ်ပြန်ခရီးမှာ ဘာဆတွ ...
movie
Strays (2023)
2023
4K HEVC
6.4
Ant-Man and the Wasp: Quantumania (2023)
Ant-Man and the Wasp: Quantumania (2023) ================================ IMDb Rating - 6.4/10ကဲ မာဗယ်ရဲ့ ပုရွက်ဆိတ်လူသားရုပ်ရှင် အသစ်လာပါပြီ။ ဇာတ်လမ်းကတော့ Endgame တိုက်ပွဲကြီးအပြီးမှာ အေး အေးချမ်းချမ်းနေနေကြတဲ့ စကော့၊ ဟုပ်၊ ကတ်စီ၊ ဟင်နရီ နဲ့ ဂျဲနက်တို့ မိသားစုဟာ မတော်တဆမှုတစ်ခုကြောင့် ကွမ်တမ် လောကကြီးထဲကို ရောက်သွားပြီး ကွန်ကရာ ခန်း ဆိုတဲ့ ရန်သူ ကြီးတစ်ယောက်နဲ့ ရင်ဆိုင်ရတာပါ။ခန်းဟာ အချိန်ခရီးသွားနိုင်၊ နည်းပညာအသစ်အဆန်းတွေတီ ထွင်နိုင်ပြီး၊ အဗန်ဂျာတွေကိုသတ်နိုင်လောက်တဲ့အထိ စွမ်းအား ကြီးတဲ့သူပါ။ ကမ္ဘာတွေ၊ အချိန်စီးကြောင်းတွေ၊အပြိုင်စကြဝဠာ တွေကိုဖြတ်ပြီး ခရီးသွားရင်း ကမ္ဘာတွေကို ဖျက်ဆီးနေသိမ်း ပိုက်နေတဲ့သူတစ်ယောက်ပါပဲ။ အဲတော့ ဒီရန်သူကြီးနဲ့ စကော့ တို့မိသားစုဘယ်လိုရင်ဆိုင်ကြမလဲဆိုတာတော့ ကိုယ်တိုင်ပဲ ကြည့်ရှုရမှာဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Action, Adventure, Comedy Quality….4k HEVC | 1080p | 720p | 480p File size…6GB | 2.12 ...
movie
Ant-Man and the Wasp: Quantumania (2023)
2023
4K HEVC
6.3
The Night Before (2015)
The Night Before (2015) ================= IMDb Rating - 6.3/10ဟာသရုပ်ရှင်ကောင်းများနဲ့ Chill ချင်ကြတဲ့ ရုပ်ရှင်ပရိသတ်များ အတွက် ၂၀၁၅ ခုနှစ်က ထွက်ရှိထားတဲ့ ခရစ္စမတ်ကာလကို အခြေ တည်ထားတဲ့ ဟာသရုပ်ရှင်ကောင်း တစ်ခု တင်ဆက်ပေးလိုက်ပါတယ်။ Rotten Tomatoes 69%, IMDb Rating 6.3/10 ရရှိထားပါတယ်။ Hangover လိုမျိုး ဟာသရုပ်ရှင်ကြိုက်တယ်ဆိုရင်တော့ လက်လွတ် မခံဖို့ အကြံပေးချင်ပါတယ်။ (Warning: ညစ်ညမ်းဟာသတစ်ချို့ ပါဝင်တာမို့ မိသားစုနဲ့အတူ မကြည့်ရှု့ သင့်တဲ့ ဇာတ်ဝင်ခန်းတချို့ ပါဝင်ပါတယ်)ခရစ်၊ အီသန်နဲ့ အိုင်ဆက်တို့ဟာ အရမ်းကို ခင်မင်ကြတဲ့ သူငယ်ချင်း သုံးယောက်ပါ။ အီသန်ဟာ ငယ်ရွယ်စဉ်မှာပဲ မိဘနှစ်ပါးလုံးကို ခရစ္စမတ် ကာလမှာ ဆုံးရှုံးလိုက်ရပါတယ်။ ဒါနဲ့ပဲ ခရစ်နဲ့ အိုင်ဆက်တို့လည်း အီသန့်ကို အတတ်နိုင်ဆုံး ကူညီပေးဖို့အတွက် ခရစ္စမတ်နေ့မှာ အတူတူ ရှိနေပေးကြ ပါတယ်။ ဒီလိုနဲ့ပဲ သူတို့သုံးယောက်အတွက် ခရစ္စမတ်ဓလေ့လေး တစ်ခု ဖြစ်လာပါတယ်။ တစ်ခုသော ခရစ္စမတ်မှာတော့ Nutcracker ball ...
movie
The Night Before (2015)
2015
5.7
The People We Hate at the Wedding (2022)
The People We Hate at the Wedding (2022)(1080p ရပါပြီ)ဒိုနာရဲ့ဘဝမှာ ဟန်နရစ်နဲ့ ဘေလ်ဆိုတဲ့ ခင်ပွန်းသည်နှစ်ဦးနဲ့ ချစ်ခင်ပေါင်းသင်းခဲ့ပြီး အယ်လိုဝီ ၊ အယ်လစ် နဲ့ ပေါလ်လို့အမည်ရတဲ့ သားသမီးသုံးဦးဖြစ်ထွန်းခဲ့ပါတယ်။ ယခင်ယောက်ျားနဲ့ ရခဲ့တဲ့ သမီးဖြစ်သူ အယ်လိုဝီဟာ ကျောင်းပိတ်ရက်တိုင်း သူနေထိုင်ရာ အင်္ဂလန်ကနေ အမေရိကန်အထိလာပြီး သူ့ရဲ့မောင်ငယ် ညီမငယ်တွေနဲ့ အချိန်ကုန်ဆုံးလေ့ရှိတယ်။ဒီလိုနဲ့ ငယ်စဉ်အချိန်မှာ ရင်းနှီးပျော်ရွှင်ခဲ့ကြတဲ့ အမေတူအဖေကွဲ မောင်နှမသုံးဦးဟာ လောကကြီးအလည် ရှင်သန်ကြီးပြင်းလာတာနဲ့အမျှ တဖြည်းဖြည်း ဝေးကွာလာခဲ့ကြပြီး ဒါကိုသတိထားမိတဲ့ အစ်မကြီးဖြစ်သူ အယ်လိုဝီက သူ့မင်္ဂလာပွဲမှာ သူ့ရဲ့မိသားစုဝင်တွေကို ဖိတ်ကြားပြီး မိသားစုပြန်လည်ပေါင်းစည်းဖို့ စီစဉ်ခဲ့ပါတယ်။အသက်အရွယ်ရလာတာနဲ့အမျှ စကားပြောလာတဲ့ ကြွယ်ဝချမ်းသာမှု၊ အဆင့်အတန်းတွေရဲ့ ကွာဟမှုကြောင့် ဖြစ်ပေါ်လာခဲ့တဲ့ သူတို့မောင်နှမသုံးဦးကြားက ကတောက်ကဆလေးတွေဟာ အချင်းချင်းထိခိုက်နစ်နာစရာတွေပါ ဖြစ်လာခဲ့ပါတယ်။ဒီလိုနဲ့ ပေါင်းစည်းဖို့ကြံကာမှ သံယောဇဉ်ကုန်စရာတွေပါ ဖြစ်လာခဲ့ကြတဲ့ သူတို့မိသားစုတစ်ခု အင်္ဂလန်မှာ ...
movie
The People We Hate at the Wedding (2022)
2022
6.4
PAW Patrol: The Movie (2021)
Paw Patrol : The Movie (2021)IMDb - 6.4/10CM Fanများအတွက် Paw Patrol : The Movieဆိုတဲ့ ဒီနေ့ထွက် animation ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။အသစ်ထွက်တဲ့ရုပ်ရှင်တိုင်း action, horror, dramaတွေပဲ ဖြစ်နေလို့ ငြီးငွေ့နေကြတဲ့ ပရိတ်သတ်တို့အတွက် အချိန်တစ်နာရီခွဲလောက် စိတ်ကြည်နူးပျော်ရွှင်စေနိုင်မယ့် animationလေးဖြစ်မှာ အသေအချာပါပဲ ဇာတ်လမ်းအကျဥ်းကတော့ Paw Patrolလေးတို့ရဲ့ ရန်သူတော်ကြီး Humdingerတစ်ယောက် Adventure Cityဆိုတဲ့မြို့လေးမှာ မြို့တော်ဝန်သွားလုပ်ပြီး ဒီကမ္ဘာကြီးကိုအန္တရာယ်ကျရောက်စေမယ့် စမ်းသပ်မှုတစ်ခုကို လုပ်ဖို့ ကြိုးစားလာပါတယ်ရန်သူတော်ကြီးရဲ့အဖျက်လုပ်ငန်းကို အဖွဲ့ခေါင်းဆောင် Ryderနဲ့ သူ့ရဲ့အဖွဲ့ဝင် ပါပီလေးတို့တသိုက် ဘယ်လိုခေတ်မှီနည်းပညာတွေ၊ စက်ပစ္စည်းတွေနဲ့ ရအောင်တားကြမလဲ?အဖွဲ့ဝင်ပါပီလေးတစ်ကောင်ရဲ့ အတိတ်ဇာတ်ကြောင်းကနေ ..... အဖွဲ့အပေါ် ဘယ်လောက်ထိရိုက်ခတ်မှုရှိမလဲ?Patrol အဖွဲ့ဝင်အသစ်လေးက ဘယ်သူဖြစ်မလဲဆိုတာကို...ချစ်စရာကောင်းတဲ့ ကာတွန်းဇာတ်ကောင်လေးတွေနဲ့ ရယ်စရာ၊ပျော်စရာ၊ သနားစရာ ရသမျိုးစုံကိုခံစားရင်း ကြည့်ရှုရမှာပါ။ Animationဇာတ်ကားလေးဖြစ်တာမို့ ကိုယ့်မိသားစုနဲ့၊ သားသားမီးမီးတို့နဲ့တူတူ ကြည့်ဖို့အတွက်လည်း အဆင်ပြေပါတယ်။ချစ်ရတဲ့မိသားစုနဲ့အတူ ပျော်ရွှင်ကြည်နူးစရာအချိန်တစ်နာရီခွဲခန့်ကို ဒီ Animationကားလေးနဲ့ တူတူကုန်ဆုံးလိုက်ပါReview - JimxFile size…1.7GB and 1Gb and ...
movie
PAW Patrol: The Movie (2021)
2021
6.5
The Interview (2014)
The Interview (2014)#ရုပ်ရှင်မိတ်ဆက်မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကို သရော်တဲ့ဇာတ်ကားတွေထဲ ဒီကားကတော့ အတော်နာမည်ကြီးပါတယ်။၂၀၁၄ တုန်းက Sony က ပြမယ်ပြောလိုက် မပြဘူးပြောလိုက် လုပ်နေရာက နေ Youtube, Google Play စတဲ့ အွန်လိုင်း Video Hosting တွေကနေ စတင် ငှားရမ်း ပြသရာကနေ ရုံတင်ခဲ့တဲ့ဇာတ်ကားပါ။ဇာတ်လမ်းက James Franco က Talk Show Host တစ်ယောက်ဖြစ်ပြီး Seth Rogen က Producer ဖြစ်ပါတယ်။ သူတို့ရဲ့ Show က အတည်ပေါက် Interview မဟုတ်ပဲနဲ့ ဟာသဆန်ဆန်ဖြစ်နေတာကြောင့် လူတွေလေးစားလောက်မယ့် Interview မျိုးလုပ်ချင်နေပါတယ်။ တစ်နေ့မှာ စာစောင်တစ်ခုက ဆောင်းပါးမှာ Kim Jong-un က သူတို့ Show ရဲ့ ပရိတ်သတ်ဖြစ်တယ်လို့ သိသွားရာကနေ Interview ...
movie
The Interview (2014)
6.5
Straight Up(2019)
Straight Up(2019)ဇာတ်လမ်းအကြောင်းကို မသွားခင် ကိုယ့်ကိုကိုယ် ဆန်းစစ်ကြည့်ရအောင်။ သင်ဟာ LGBT တွေကို ဘယ်လိုမြင်လဲ။ သင့်ရဲ့ မသိစိတ်ထဲမှာ Gay% Straight% ဘယ်လောက်စီရှိမယ်ထင်လဲ။ လုံးဝ Straight ပါလို့ အာမခံလား။ အဲဒါဆို တခါတလေ ယောက်ျားလေးချင်းပဲဖြစ်ဖြစ် မိန်းကလေးချင်းပဲဖြစ်ဖြစ် မိမိရဲ့ပုခုံးပေါ် ဒါမှမဟုတ် ပေါင်ပေါ်ကို ရုတ်တရတ် လက်အတင်ခံလိုက်ရတဲ့အချိန်မှာ စိတ်ထဲဘယ်လိုဖြစ်သွားဖူးလဲ။ သောက်ရင်းစားရင်း မူးမူးနဲ့ ဘော်ဒါအချင်းချင်းကိုပဲဖြစ်ဖြစ် အခြားဝိုင်းက လိင်တူတစ်ယောက်ကိုပဲဖြစ်ဖြစ် နမ်းမိသွားတာမျိုး အဲ့ဒီလို အလားတူကိစ္စမျိုး အဲ့ထက်ဆိုးတဲ့ ကိစ္စမျိုးရှိခဲ့ဖူးလား။ နောက်နေ့မနက်မှာ အဲဒီလုပ်ရပ်ကို ပြန်အမှတ်ရမိရင်း ငါများ Gay သွားပြီလားလို့ စိုးရိမ်စိတ်ပေါ်ဖူးကြတယ်မလား။ ဒါမှမဟုတ် မိမိက Gay ပါလို့ ဝိုင်းသမုတ်ကြတဲ့ ပတ်ဝန်းကျင်ရောက်ရင် မသိစိတ်ထဲက အနည်းငယ်သော Gay % က တိုးပွားပေါက်ကွဲထွက်လာပြီး လုံးဝ Gay သွားမယ်လို့ထင်မိလား။ တွန်းရော ...
movie
Straight Up(2019)
7.2
Long Shot (2019)
ဟာသဒရာမာ ကားကောင်းတွေကို မျှော်လင့်တောင့်တနေတဲ့ ပရိတ်သတ်တွေအတွက်၂၀၁၉ ထဲ ပူပူနွေးနွေး ထွက်ရှိထားတဲ့ Long Shot ဆိုတဲ့ ဇာတ်ကားလေး တင်ဆက်ပေးပါရစေဖရက် ဖလာစကီ ဆိုတဲ့ သတင်းထောက်တစ်ဦးဟာ သူတို့သတင်းစာတိုက်ကို ခရိုနီ ကုမ္ပဏီကြီးက ဝယ်သွားလို့ဒေါသတွေထွက် မကျေမနပ်ဖြစ်ပြီး သတင်းစာတိုက်ကနေ အလုပ်ထွက်လာခဲ့ပြီး အလုပ်လက်မဲ့တစ်ဦးဖြစ်နေခဲ့ပါတယ်ချားလော့ ဖီးဒ်ဆိုတဲ့ အမျိုးသမီးကတော့ လှပပြီး ထက်ထက်မြက်မြက်ရှိတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အတွင်းရေးမှူးတစ်ယောက်ဖြစ်ရုံမကနောက်တက်မယ့် သမ္မတနေရာအတွက် လက်ရှိသမ္မတက ထောက်ခံမှုပေးထားတဲ့ ဒိတ်ဒိတ်ကျဲ အမျိုးသမီးတစ်ဦးပေါ့သာမာန်သတင်းထောက်လေးတစ်ဦးနဲ့ နိုင်ငံရဲ့အစိုးရအဖွဲ့ဝင် ဒိတ်ဒိတ်ကြဲ အမျိုးသမီးတစ်ဦးတို့ဟာတစ်ညမှာ အမှတ်မထင်တွေ့ဆုံခဲ့ကြပြီး ဘာတွေများဆက်ဖြစ်ကြမှာပါလိမ့်….။မပြုံးဘဲ ဝါးလုံးကွဲ ရယ်ရမယ့်ဟာသများနဲ့ အမေရိကန်နိုင်ငံရေးကို သရော်ထားပြီး ရင်ထိတ်စရာမျက်ရည်လည်စရာ ခံစားချက်ပေါင်းစုံရောပြွန်းနေမယ့် ဇာတ်ကားလေးကို Seth Rogen နဲ့ Charlize Theron ...
movie
Long Shot (2019)
2019
6.9
Always Be My Maybe (2019)
Always Be My Maybe ၂၀၁၉ Netflix ရဲ့ Asian Americanကားကောင်းတစ်ကောင်း စာရင်းဝင်ပါတယ်ဇာတ်လမ်းအကျဉ်းကိုပြောပြရင်တော့ ထက်မြက်တဲ့မိန်းမဆိုတာဆာရှာထရန်လို လူမျိုးကိုပြောတာပါကိုယ့်ဒူးကိုယ်ချွန်အောင်မြင်လာတဲ့ နာမည်ကြီးစာဖိုးမှုးဆာရှာနဲ့သူ့ငယ်သူငယ်ချင်းလည်းမက ချစ်သူလည်းမကျခဲ့တဲ့ မားကပ်စ် ...မားကပ်စ်ကတော့ မိခင်ဆုံးသွားပြီးနောက် ပုံစံခွက်ထဲက ရုန်းမထွက်ချင်တော့တဲ့သူပတ်ဝန်းကျင်အသစ်ကိုဝင်ဆန့်ရတာကြောက်နေတဲ့သူ...သူတို့နှစ်ယောက် အထက်တန်းကျောင်းပြီး ကွဲသွားကြရာမှ၁၆နှစ်ကြာမှပြန်ဆုံတွေ့ကြတဲ့အခါမှာတော့....Romance Comedy အမျိုးအစားဖြစ်ပြီး သီချင်းအမိုက်စားတွေနဲ့ အတူGuest Star ကလည်း နယ်နယ်ရရ မဟုတ်တဲ့Keanu Reeves မို့ လက်မလွှတ်သင့်ပါ ကြောင်း တိုက်တွန်းလိုက်ပါတယ်နော်File Size : ( 851 MB) & (380 MB)Quality :Web Rip 720pRunning Time :1hr 41 minFormat : Mp4Genre : Comedy , RomanceSubtitle : Myanmar Subtitle (Hard ...
movie
Always Be My Maybe (2019)
2019
1
2
Next