Channel Myanmar

Ram Kapoor

Shaadi Ke Side Effects (2014) 5.6
Shaadi Ke Side Effects (2014) Shaadi Ke Side Effects 2014 အိမ်ထောင်ရေး၏ ဘေးထွက်ဆိုးကျိုးများIMDb 5.6/10ရှာရွတ်ရဲ့ နာမည်ကျော် Donရုပ်ရှင်တွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာလည်းဖြစ်သလို သရုပ်ဆောင်နဲ့ အဆိုတော်လည်းဖြစ်တဲ့ နာမည်ကျော်ဟင်ဒီအနုပညာရှင် ဖာဟန်အက်ခ်တာ နုစဉ်အခါက သရုပ်ဆောင်ခဲ့တဲ့ အဟောင်းထဲက ကားကောင်းလေးတစ်ကားပေါ့။မင်းသမီးအနေနဲ့ကလည်း ပါကစ္စတန်အိန္ဒိယနယ်စပ်က ဆောင်ကြာမြိုင်မှာ အရမ်းကြမ်းခဲ့တဲ့ Begum Jaan (2017)က မင်းသမီး ဗစ်ဒ်ယာဘာလန်ဆိုတော့ ညွှန်းနေဖိုတောင်မလိုသလောက်ပါ။ဒီဇာတ်ကားလေးထဲက ဆစ်ဒ်နဲ့ ထရီရှာက သိပ်ချစ်ကြတဲ့ လင်မယားတွေပေါ့။ သူတိုရဲ့အိမ်ထောင်ရေးကလည်း သိပ်ကိုသာယာခဲ့ပါတယ်။ဆစ်ဒ်ရဲ့ လက်ကိုင်ဆောင်ပုဒ်ကတော့ "ကိုယ်မှားရင် ကိုယ်တောင်းပန်တယ်၊ မိန်းမ မှားရင်လည်း ကိုယ်ပဲတောင်းပန်တယ်" တဲ့။ ဒီလိုနဲ့ လေပြည်ပြီး မုန်တိုင်းရောက်ရှိလာပါတော့တယ်။အဲဒါကတော့ ထရီရှာမှာ ကိုယ်ဝန်ရှိလာတာပါပဲ။ ၃-၄ လနေရင် ရာထူးတိုးတော့မယ့် ထရီရှာနဲ့ ခုမှပထမဆုံးအယ်လ်ဘမ်ကို အသံသွင်းဖိုကြိုးစားနေဆဲ တေးရေးဆရာပေါက်စ ဆစ်ဒ်တိုအတွက်တော့ ကလေးယူဖို အဆင်သင့်မဖြစ်သေးပါဘူး။ ဒီလိုနဲ့ ကလေးကိုမယူဖိုဆုံးဖြတ်ကြပြီး ဖျက်ချဖို ဆေးရုံကိုရောက်ရှိလာပါတော့တယ်။ဆရာဝန်တွေက ထရီရှာကို အော်ပရေးရှင်းလုပ်နေစဉ်အတွင်းမှာ ဆစ်ဒ်ကအပြင်မှာ ထိုင်စောင့်နေခဲ့ပါတယ်။ အဲဒီအချိန်မှာ ဆစ်ဒ်ကလွဲလို ဘယ်သူမှ မသိလိုက်တဲ့ကိစ္စတစ်ခု ဖြစ်သွားခဲ့ပါတော့တယ်။ အဲဒီလိုနဲ့ဆစ်ဒ်လည်း ...
movie

Shaadi Ke Side Effects (2014)

Udaan (2010) 8.1
Udaan (2010) Udaan (2010)**************IMDb....8.1တစ်ချို့သောမိဘတွေဟာ သူတို့ရဲ့ချစ်ခြင်းမေတ္တာ၊သားသမီးအပေါ်ထားတဲ့ စေတနာ၊အကြင်နာတွေကို ကလေးအိပ်ပျော်သွားတဲ့အချိန်ရောက်မှ ခိုးနမ်းရင်း ပြကြတယ်...ဘာဖြစ်လို့ အဲဒီလိုလုပ်ကြလဲမေးရင် သူတို့ရဲ့ပျော့ညံမှုကို သားသမီးတွေ မမြင်စေလိုတာရယ်တစ်ကြောင်း တအားချစ်မှန်းသိရင်ကလေးကို ဆုံးမရခက်မှာစိုးရိမ်လို့ဆိုတဲ့စကားမျိုးဖြေကောင်းဖြေကြပါလိမ့်မယ်....မိဘတစ်ချို့ဟာ ကလေးစကားစပြောတတ်ပြီဟေ့ ဆိုတာနဲ့အများဆုံးဘာသင်လဲဆိုတော့ သားလေး သမီးလေး ကြီးလာရင်ဘာလုပ်မလဲဆိုတဲ့အမေးစကားကို ဆရာဝန်ကြီးလုပ်မယ်...အင်ဂျင်နီယာကြီးလုပ်မယ်ဆိုတဲ့အဖြေစကားပါပဲ....ဧည့်သည်တွေ ဆွေမျိုးတွေကြားထဲမှာ ဒီကလေးတွေရဲ့အဖြေဟာ ဂုဏ်ယူစရာဖြစ်ခဲ့သလိုအရွယ်ရောက်လာရင်လည်း ဒီလိုမျိုးတွေဖြစ်လာဖို့  ပြုစုပျိုးထောင်ပုံသွင်းကြတယ်...တချို့သောကလေးတွေအတွက် အဆင်ပြေပေမဲ့ ၀ါသနာနဲ့နှလုံးသားရဲ့ မြတ်နိုးရာ လမ်းကြောင်းတစ်ခုကို ကိုယ်တိုင်ရှာဖွေတွေ့ရှိသွားတဲ့ကလေးတွေအတွက် အနာဂတ်ဟာ ဝေ၀ါးသွားတတ်တယ်....နားလည်ပေးနိုင်တဲ့မိဘမျိုးဆိုအဆင်ပြေပေမဲ့ အတ္တအနည်းငယ်ကြီးတဲ့မိဘမျိုးရှိသူ ကလေးအတွက်တော့ လမ်းမှားတောင်ရောက်သွားနိုင်ပါတယ်....ဒီကားက အင်ဂျင်နီယာကြီးဖြစ်စေချင်တဲ့ မိဘနဲ့ စာရေးဆရာ ကဗျာဆရာဖြစ်ချင်တဲ့ သားတစ်ယောက်အကြောင်းရိုက်ပြထားတာပါ.....အိန္ဒိယရုပ်ရှင်တွေရဲ့အကောင်းဆုံး (၄၆) ကားစာရင်းထဲပါခဲ့သလို အကောင်းဆုံးရုပ်ရှင်ဆု၊ အကောင်းဆုံးဇာတ်လမ်းဆု၊ အကောင်းဆုံးဇာတ်ပို့ဆုနဲ့အခြေားဆုပေါင်းများစွာရရှိထားပါတယ်.... ဒီကားမဒေါင်းခင်ကြိုပြောလိုတာက မင်းသမီးမပါသလို ခမ်းနားထည်ဝါတဲ့ အကတွေ သမီးရည်းစားအချစ်ခန်းတွေမပါဘူး....ပညာပေးကားတွေရိုက်တဲ့နေရာမှာ အိန္ဒိယကားတွေဟာ အဆန့်အတန်းရှိကြောင်း ခင်ဗျားဟာ ဒီကားကြည့်ပြီး သတိထားမိသွားလိမ့်မယ်...အယ် အစကထဲက သတိထားမိပြီးသားဆိုရင်လည်း ခင်ဗျားတို့ကြိုက်တဲ့ အဆင့်အတန်းရှိပညာပေးကားစာရင်းမှာUdaan ဆိုတဲ့ကားကို စာရင်းထပ်သွင်းလိုက်မှာ ကျွန်တော်ရဲရဲကြီးအာမခံရဲတယ်.... (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Lyric ...
movie

Udaan (2010)

Yudhra (2024) 6
Yudhra (2024) Yudhra ( 2024 )ဒီဇာတ်ကားကတော့ ၂၀၂၄ ခုနှစ်ထွက် ဟင်ဒီစကားပြော Action Thriller အမျိုးအစားဖြစ်ပြီး IMDb 6/10 ရရှိထားပါတယ်။ဇာတ်ကားအကျဉ်းကတော့- ရဲဌာနရဲ့ အတော်ဆုံးအရာရှိနဲ့ သူ့ဇနီးသည်ဟာ ပါတီပွဲကအပြန်မှာ မတော်တဆလား တမင်သက်သက်လားဆိုတာမသိတဲ့ ကားအက်စီဒန့်တစ်ခုဖြစ်ပွားခဲ့ပြီး သေဆုံးသွားကြပါတယ်။ကိုယ်ဝန်နေ့စေ့လစေ့နဲ့မိခင်သေဆုံးသွားပေမယ့် ယုဒရာလေးကိုတော့ ဗိုက်ထဲကခွဲထုတ်ပြီးကယ်တင်နိုင်ခဲ့ပါတယ်။ မမွေးခင်ကတည်းက မိဘမဲ့ဖြစ်သွားခဲ့တဲ့ ယုဒရာလေးကိုတော့ သူ့အဖေရဲ့မိတ်ဆွေတို့က သားလေးတစ်ယောက်လိုမွေးစားခဲ့တယ်။ ယုဒရာလေးဟာ မိဘမဲ့ဖြစ်တာရော ၊ သူ့ရဲ့မွေးဖွားလာပုံတို့ကြောင့်ရော စိတ်မထိန်းနိုင်ဘဲ ရန်လိုတဲ့ ဒေါသအိုးလေးအဖြစ်ကြီးပြင်းလာခဲ့ပါတယ်။ကျောင်းသားလေးဘဝမှာကတည်းက သူ့ရဲ့ပုတ်သင်ညိုကိုသတ်ပစ်တဲ့ ကောင်လေးကို ပြန်သတ်ဖို့လုပ်တာကြောင့် ကျောင်းထုတ်ခံလိုက်ရပြီး ကြီးပြင်းလာတာနဲ့အမျှ ဆိုင်ကယ်ပြိုင်မောင်းတာလိုမျိုး အန္တရာယ်နဲ့ကစားရတဲ့အရသာတွေကို ခုံမင်တဲ့လူဆိုးလေးဖြစ်လာပါတော့တယ်။ အဲဒါကြောင့် သူ့မွေးစားအဖေတွေက မီးနဲ့ကစားရမှ ရင်ခုန်တတ်တဲ့သူ့ရဲ့စိတ်ဓာတ်ကို လမ်းကြောင်းမှန်ပေါ်တင်ပေးဖို့အတွက် အမျိုးသားအရာရှိလေ့ကျင့်ရေးကျောင်းကို ပို့လိုက်ပါတယ်။အဲဒီနောက်မှာတော့ ယုဒရာတစ်ယောက် ထိပ်သီးလူဆိုးဂိုဏ်းတွေနဲ့ ဘယ်လိုအပြိုင်ကြဲမလဲ ၊ မိဘတွေသေဆုံးမှုကိုရော ဖော်ထုတ်ပြီး လက်စားချေနိုင်မလားဆိုတာတွေကို အသတ်အပုတ် အက်ရှင်ခန်းများများနဲ့ ကြည့်ရှုနိုင်မှာဖြစ်ပြီး တခြားပေါကားတွေလိုမဟုတ်ဘဲ သေသေသပ်သပ်ဖြစ်လာတဲ့ဇာတ်ကွက်တွေကြောင့် ကြည့်ရကျိုးနပ်မယ့်ဇာတ်ကားတစ်ခုအနေနဲ့ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ဗျ။( ဘာသာပြန်နဲ့အညွှန်းကတော့ CM Bollywood Team မှပဲဖြစ်ပါတယ် ) File size… 2.4 GB / 1.3 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ ...
movie

Yudhra (2024)

Agent Vinod (2012) 5.2
Agent Vinod (2012) James Bond ဇာတ်ကားလို ကြည့်ရှုရမယ့် အိန္ဒိယအေးဂျင့် ဗီနွတ် အဖြစ်  ဆစ်အလီခန်း နဲ့ မင်းသမီးချော ကရီနားကပူရ် တို့ရဲ့ သည်းထိတ်ရင်ဖို အက်ရှင်စပိုင်ဇာတ်ကြမ်းကား တစ်ကားဖြစ်ပါတယ်။Agent Vinod ဟာ ဂျိမ်စ်းဘွန်းလို ရုပ်ချောစတိုင်ကျ လျင်မြန်သွက်လက် ဉာဏ်ကောင်းတဲ့အေးဂျင့်တစ်ယောက်ဖြစ်ပါတယ်သူဟာ သူ့ရဲ့သူငယ်ချင်းလုပ်ဖေါ်ကိုင်ဖက်ဖြစ်တဲ့ ရာဂျန်အသတ်ခံရတဲ့ကိစ္စမှာ အမှုမှန်ကိုဖေါ်ထုတ်ဖို့တာဝန်ပေးထားခြင်းခံရပါတယ်Vinod ဟာ တရားခံကိုဖေါ်ထုတ်ဖို့ကြိုးစားနေရင်းက အမှုကနက်နဲလာပြီးကမ္ဘာတစ်ဝှမ်းမှာဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေကနေတဆင့်ကြီးမားတဲ့ သဲလွန်စတွေကိုခြေရာခံမိပါတော့တယ်...ခြေရာအားလုံးက "424" ဆိုတဲ့အရာပေါ်မူတည်နေပြီး ဒီဇာတ်လမ်းရဲ့အသက် "၄၂၄" ဆိုတဲ့ အဓိပ္ပာယ်က ဘာလဲဆိုတာ အဖြေရှာရမှာပါ။တစ်ကားလုံးမပျင်းရအောင် အပစ်အခတ်အက်ရှင်တွေနဲ့ ဆွဲဆောင်သွားမှာဖြစ်တဲ့အပြင် မင်းသမီးချော ကရီနားကပူရ်းကလဲ လန်ပျံနေအောင်မိုက်တာရှုစားရမှာပါ။ File size…(3.5 GB )/(1.5 GB) Quality….WEB-DL 1080p / 720p Format…mkv/mp4 Duration….02:29:51 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by H&Y
movie

Agent Vinod (2012)

2012
Neeyat (2023) 6.5
Neeyat (2023) Neeyat ( 2023 ) ===============IMDb 6.6/10 မင်းသမီးကြီး Vidya Balan ရဲ့ သည်းထိတ်ရင်ဖိုရုပ်ရှင်သစ် Neeyat ထွက်ရှိလို့လာပါပြီ။ လူသတ်မှုကို အဖြေရှာရတာတွေကြိုက်တဲ့ ပရိသတ်တွေ အကြိုက်တွေ့စေမယ့် ရုပ်ရှင်လေးပဲဖြစ်ပါတယ်။ဇာတ်လမ်းကတော့- အာရှစ်ကပူးရ်ဆိုတဲ့ အိန္ဒိယရဲ့ ဒိတ်ဒိတ်ကြဲ ဘီလျံနာကြီးတစ်ယောက်ဟာ စကော့တလန်မှာရှိတဲ့ ရဲတိုက်ကြီးတစ်ခုမှာ သူ့ရဲ့ရင်းနီးဆုံး မိတ်ဆွေ၊ ဆွေမျိုးတွေနဲ့ မွေးနေ့ပွဲကြီးတစ်ခု ကျင်းပရင်း ဧည့်သည် လူစုံတက်စုံရှိနေတဲ့အချိန်မှာပဲ ဘီလျံနာကြီးဟာ ထူးဆန်းစွာ အသတ်ခံလိုက်ရပါတယ်။ အဲဒီအချိန်မှာ တိုက်တိုက်ဆိုင် သူ့ရဲ့ရဲတိုက်ကို တခြားအမှုတစ်ခု စစ်ဆေးဖို့ရောက်လာတဲ့ မီရာရောင်ဆိုတဲ့ စုံထောက်မလေးက ဘီလျံနာကြီးကို ဘယ်သူသဝာ်လိုက်တာလဲဆိုတာကို ဖော်ထုတ်ဖို့ ကြိုးစားရပါတော့တယ်။ဒီရုပ်ရှင်ဟာဆိုရင် နာမည်ကြီး စုံထောက်ရုပ်ရှင်တစ်ခုဖြစ်တဲ့ Knives Out ရုပ်ရှင်နဲ့ theme တွေ ဇာတ်လမ်းပုံစံတွေ ဆင်သယောင်ရှိပေမဲ့ ဒါရိုက်တာဖြစ်သူကတော့ သူ့ရဲ့ မူရင်းဇာတ်ညွှန်းပါလို့ အတိအလင်းကြေညာထားပါတယ်ဗျ။Knives Out နဲ့ ပုံစံဆင်ပေမဲ့ ဇာတ်လမ်းကွဲပြားတဲ့အပြင် Knives out ကြည့်နေရသလိုစိတ်လှုပ်ရှားမှုမျိုးပေးတာကြောင့် အိန္ဒိယရုပ်ရှင်ပရိသတ်တွေအပြင် သည်းထိတ်ရင်ဖိုရုပ်ရှင်ပရိသတ်တွေပါ အကြိုက်တွေ့မယ့် ရုပ်ရှင်ကောင်းလေးပဲဖြစ်ပါတယ်...။ ( ဒီရုပ်ရှင်ရဲ့ ...
movie

Neeyat (2023)

2023
4K HEVC
Karthik Calling Karthik (2010) 7.1
Karthik Calling Karthik (2010) Karthik Calling Karthik (2010) Drama, Mystery, Romance IMDb 7.1/10 (12K)ဒီတစ်ခါမှာတော့ မင်းသား ဖရ်ဟန်းအခ်သရ်နဲ့ မင်းသမီးဒီပီကားပါဒူကွန်တို့ တွဲဖက်သရုပ်ဆောင်ထားတဲ့ ဆိုက်ကိုကားကောင်းလေးတစ်ကားကို တင်ဆက်ပေးပါတော့မယ်ဇာတ်လမ်းက ဆန်းဆန်းလေးပါပဲ...ကာသစ်ဆိုတဲ့ကောင်လေးဟာ လူတွေရဲ့ခိုင်းဖက်..အပြစ်ပြောစရာ အသုံးမကျတဲ့ ကြောင်တောင်တောင်ကောင်လေးတစ်ယောက်ပေါ့ ဘယ်နေရာမှာ မှားမှား သူ့အမှားဆိုပြီး လူတွေက သတ်မှတ်ချင်ကြတဲ့ကောင်လေးပါအားလုံးနဲ့အဆင်ပြေအောင် နေချင်ပေမယ့် သူ့ရဲ့သိမ်ငယ်စိတ်တွေက သူ့ကိုယ်သူ ဖိနှိပ်အားငယ်စေခဲ့ပါတယ်ဒီဖြစ်ရပ်တွေကနေ သူ လွတ်မြောက်ချင်နေခဲ့ပါတယ်ဒီလိုနဲ့ သူ့ဆီကို တစ်ရက် မနက် ၅နာရီ ဖုန်းတစ်ကောဝင်လာပါတယ်ဖုန်းကိုင်မိတော့ ဆက်လာတဲ့သူဟာ ဘယ်သူမှမဟုတ်ဘဲ သူကိုယ်တိုင်ပဲ ဖြစ်နေပါတယ်ဟုတ်ပါတယ် ဆက်တဲ့သူကလည်း သူကိုယ်တိုင်ဖြစ်တဲ့ ကာသစ်ပါပဲအဲ့ဒီနောက်ပိုင်း သူ့ဘဝကြီးဟာ ထင်မှတ်မထားလောက်အောင် ပြောင်းလဲသွားခဲ့ပါတယ်ကဲ သူ့ဘဝမှာ ဘယ်လိုဆန်းကျယ်တဲ့ဖြစ်ရပ်တွေ ဆက်ဖြစ်လာမလဲဆိုတဲ့ ကျန်တဲ့အပိုင်းကိုတော့ ဇာတ်ကားထဲမှာ ဆက်လက်အဖြေရှာကြည့်ကြနော် File size…2.26GB   / 792MB Quality…1080p HQ  BluRay  /720p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor 
movie

Karthik Calling Karthik (2010)

Thappad (2020) 7.1
Thappad (2020) IMDb (7.1/10) /Rotten Tomatoes 92%Q - ညီမယောက်ျားနဲ့ ဘာဖြစ်လို့ ကွာရှင်းပြတ်စဲချင်တာလဲ A - သူ ပါးတစ်ချက်ရိုက်လိုက်လို့ပါQ - ပါးရိုက်တာ အကြောင်းပြချက်မဟုတ်ပါဘူး တခြားကိစ္စရှိဦးမှာပေါ့ ဘာလဲ သူ့မိသားစုကြောင့်လား A - ဟင့်အင်းQ - သူ ညီမအပေါ် ဖေါက်ပြန်နေလို့လား A - ဟင့်အင်းQ - ညီမက သူ့အပေါ်မှာ ဖေါက်ပြန်နေလို့လား A - ဟင့်အင်းQ - လိင်မှုကိစ္စကြောင့်လား A - ဟင့်အင်းQ - ဒါဆို ပါးတစ်ချက်ရိုက်လိုက်ရုံပဲပေါ့အမျိုးသမီးတစ်ယောက်က သူ့ယောက်ျား သူ့ကို ပါးတစ်ချက်ရိုက်လိုက်တဲ့အပေါ် ကွာရှင်းပြတ်စဲချင်ပါတယ်တဲ့ဒီစကားအတွက် အတွေးပေါင်းစုံ မေးခွန်းပေါင်းစုံထွက်ကျလာပေလိမ့်မယ်လင်နဲ့မယား လျှာနဲ့သွားပဲ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ဟာကိုရှိပါသေးတယ် အရိုးကွဲအောင်ရိုက်မှ အသည်းစွဲအောင်ချစ်တာတဲ့ဘာတဲ့အတွေးအခေါ်ပေါင်းစုံ ဒီတော့ ဒီကားကို ယောက်ျားလေးမိန်းကလေး လူပျိုအပျို အိမ်ထောင်သည်အားလုံးကို ကြည့်စေချင်ပါတယ်တစ်ယောက်အမြင်တစ်မျိုးစီရလိမ့်မယ်လို့ မျှော်လင့်ပါတယ် ကျွန်တော် ဇာတ်လမ်းကို မညွှန်းပေးတော့ဘူးBollywood ကားကြည့်ချင်ပေမယ့် အယောက် ...
movie

Thappad (2020)

2020
4K HEVC Web-DL
Bahut Hua Sammaan(2020) 7.3
Bahut Hua Sammaan(2020) Bahut Hua Sammaan(2020)IMDb rating 7.3 ရရှိထားတဲ့ Hindi-Drama ဇာတ်ကားတစ်ကားဖြစ်ပါတယ် ဇာတ်လမ်းအကျဥ်း ဘဝရဲ့ အနာဂတ်ကို တွေးပြီး စိတ်ညစ်နေကြတဲ့ ကောင်လေးနှစ်ယောက်ကိုသူတို့နေတဲ့ အဆာင်နားက လူကြီးတစ်ယောက်က ဘဏ်ဓားပြတိုက်ဖို့ အကြံပေးလိုက်ပါတယ်။ သူတို့နှစ်ယောက်ကလည်း အဖိုးကြီးရဲ့ အစီစဥ်ကို စိတ်ဝင်စားသွားပြီးအမှန်တကယ် အကောင်အထည်ဖော်ဖို့ ကြိုးစားကြပါတယ်။ဘဏ်ဖောက်တဲ့ အစီစဥ်အောင်မြင်နိုင်ပါ့မလား.... ဘဏ်ထဲ မှာ သူတို့မျှော်လင့်ထားတဲ့အရာတွေရှိနေမလား.... ဘယ်လိုပြဿနာတွေက ဆီးကြိုနေမလဲ.....ဆိုတာ ကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုပေးကြပါ။ ဘာသာပြန်သူကတော့ Thaik San ပဲဖြစ်ပါတယ်။ File Size :(992MB) and (428MB) Quality : WEB-DL 720p Format…mp4 Duration…02:05:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Thaik San Encoded by Phyo Pyae
movie

Bahut Hua Sammaan(2020)