Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Raline Shah
7.1
How to Survive a Marriage? (2024) Catatan Harian Menantu Sinting
How to Survive a Marriage? (2024)IMDb Rating (7.1) မီနာနဲ့ဆာဟတ်တို့ဟာ ငယ်သူငယ်ချင်းဘ၀ကနေစုံမက်လက်ထပ်ခဲ့ကြတဲ့ အသစ်စက်စက်လင်မယားဖြစ်ပါတယ်။လက်ထပ်ပြီးပြီးချင်းမှာ အိမ်ခွဲနေဖို့ကြိုးစားခဲ့ကြပေမယ့် ချက်ချင်းကြီး အိမ်ရှာဖို့ခက်ခဲနေတဲ့အပြင် ယောက္ခမကြီးကလည်း သူတို့လင်မယားငယ်စဉ်ကနေခဲ့တဲ့အိပ်ခန်းကို မီနာတို့လင်မယားနေဖို့အတွက်ကမ်းလှမ်းလာတဲ့အတွက် သဘောတူလက်ခံခဲ့ကြပါတယ်။အဲ့ဒီကစလို့မီနာဟာ သူတို့ရဲ့အိမ်ထောင်ရေးနဲ့နေ့စဉ်ဘ၀ထဲကို ယောက္ခမဖြစ်သူရဲ့ မသိမသာရော သိသိသာသာဝေဖန်စွက်ဖက်မှုတွေကြုံရတော့တာပါပဲ။အဆိုးဆုံးကတော့ မြေးအရမ်းလိုချင်နေတဲ့ ယောက္ခမဖြစ်သူရဲ့ သူတို့လင်မယားရဲ့အိပ်ယာပေါ်က အတွင်းရေးတွေကို နှိုက်နှိုက်ချွတ်ချွတ်စပ်စုတဲ့ဒဏ်ပဲဖြစ်ပါတယ်။အဲ့ဒါတွေကိုမခံစားနိုင်တဲ့အဆုံး အိမ်ခွဲဆင်းဖို့ဆုံးဖြတ်လိုက်ပေမယ့် အဲ့ဒီအိမ်ကိုပါ ယောက္ခမကြီးက အကြောင်းအမျိုးမျိုးနဲ့ရောက်လာပြီး မပြန်နိုင်တော့တာပဲ သောင်တင်နေတဲ့အချိန်မှာတော့..။မီနာနဲ့ဆာဟတ်တို့ရဲ့အိမ်ထောင်ရေးအဆင်ပြေနိုင်ပါ့ဦးမလား? ယောက္ခမကြီးလိုချင်တဲ့ မြေးရတနာကို မီနာတို့လင်မယားမွေးပေးနိုင်ပါ့မလား?မီနာရဲ့ယောက္ခမကြီးအပေါ် သည်းခံစိတ်တွေဘယ်အချိန်မှာထပေါက်ကွဲမလဲ အစရှိတာတွေကို သဘာ၀ကျကျ ပြုံးစရာ ရယ်စရာတွေနဲ့ ရှုစားရမှာဖြစ်ပါတယ်။အင်ဒိုနီးရှားဆိုရင် စုန်းကဝေ၊သရဲကားတွေနဲ့အသားကျနေခဲ့ကြပေမယ့် အခုလိုပေါ့ပေါ့ပါးပါးမိသားစုဟာသဇာတ်ကားလေးက အရသာသစ်တစ်ခုပေးစွမ်းမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)File size…(1.7 GB) / (1 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama Duration….02:02:23 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by ...
movie
How to Survive a Marriage? (2024) Catatan Harian Menantu Sinting
2024
7
Polis Evo 2 (2018)
Polis Evo 2 (2018) IMDb - 7/10ဒီရုပ်ရှင်ကတော့ Polis Evo (2015)ရဲ့အောင်မြင်မှုနဲ့အတူ နောက်ဆက်တွဲရုပ်ရှင်အဖြစ် ဆက်လက်ထွက်ရှိလာခဲ့တာပါ။ မလေးရင်းဂစ် ရှစ်သန်းကျော်သုံးပြီး နှစ်ဆယ့်သုံးသန်းကျော်ပြန်ဝင်ခဲ့တဲ့ ရုံတင်ကားတစ်ကားပဲဖြစ်ပါတယ်။ မလေးရှားရုပ်ရှင်ဇာတ်လမ်းကောင်းတွေစာရင်းမှာ နံပါတ်တစ်ဆယ်အတွင်းချိတ်ခဲ့တဲ့ ရုံတင်ကားတွေထဲက တစ်ကားပါပဲ။ပထမဇာတ်လမ်းထဲမှာ ကိုင်နဲ့ ဆာနီတို့ အင်စပက်တာကြီးနှစ်ယောက် မူးယစ်ဂိုဏ်းတစ်ခုကို ချေမှုန်းပြီးတဲ့နောက် ဒီဇာတ်လမ်းမှာတော့ အကြမ်းဖက်အဖွဲ့အစည်းတစ်ခုနဲ့ ရင်ဆိုင်ရမှာပါ။ မူးယစ်ဆေးထုတ်လုပ်မှုကိုဝင်စီးရင်း အကြမ်းဖက်ခေါင်းဆောင်ကို ဖမ်းမိရာကစ သူတို့ခေါင်းဆောင် ပြန်လွှတ်ပေးဖို့အရေး ကျွန်လေးတစ်ကျွန်းပေါ်က ရွာသူရွာသားတွေကို ဓားစာခံလုပ်ပြီး တောင်းဆိုပါတယ်။ ဒီမှာပဲ အမှုတစ်ခုကိုလိုက်နေတဲ့ ကိုင်နဲ့ ဆာနီတို့က အဲဒီကျွန်းလေးပေါ်ရောက်နေရက်နဲ့ ကြုံတော့ အရင်ရုပ်ရှင်လို အခွီတွေ အက်ရှင်တွေနဲ့ ကြည့်ပျော်စေဦးမှာပါဗျ။(aungmo3han ဘာသာပြန်ထားပါတယ်)Genre..... Action, Adventure, Crime Quality…. 1080p | 720p File size… 1.7GB | 919MB Format… mp4 Duration…. 2h 5min Subtitle…. Myanmar Subtitle (Hardsub) Translator ..... aungmo3han Encoder ..... Aaron
movie
Polis Evo 2 (2018)
2018
7.2
5 cm (2012)
ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးတို့ကို စိတ်ဓာတ်ခွန်အားဖြစ်စေမယ့်ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဘဝမှာ လက်လျှော့အရှုံးပေးချင်တဲ့ အချိန်တွေကို ကြုံဖူးကြတယ်ဟုတ်။ဒါဆိုရင်တော့ ဒီဇာတ်ကားလေးက ပရိသတ်ကြီးတို့ရဲ့ စိတ်ဓာတ်ကိုမြှင့်တင်ပေးမှာ အသေအချာပါပဲ။ဇာတ်ကားနာမည်ကတော့ 5CM လို့ခေါ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ သူငယ်ချင်း ၅ ယောက်ကခင်လာတာကြာပြီးတော့ အမြဲလိုလို အတူအချိန်ဖြုန်းဖြစ်ကြတယ်။အတူတူစားကြသောက်ကြ လည်ကြပတ်ကြနဲ့ပေါ့။ တစ်နေ့မှာတော့အဲဒီ ၅ ယောက်ထဲက ဂျန်တာ့ဆိုတဲ့တစ်ယောက်က သူတို့တွေcomfort zone က ရုန်းထွက်ဖို့လိုတယ်၊ နေ့တိုင်းတွေ့နေရင် ရိုးအီသွားမယ်၊ဒါကြောင့် သူတို့တွေ ခဏလောက် ခွဲနေရအောင်ဆိုပြီး အကြံပြုလာခဲ့တယ်။ကျန်တဲ့ ၄ ယောက်ကလည်း သူပြောတာကို ထောက်ခံကြပြီး ၃ လအဆက်အသွယ်မလုပ်ကြဖို့ သဘောတူလိုက်ကြတယ်။ ၃ လအတွင်းမှာကိုယ့်ဘဝကိုယ် တိုးတက်ပြောင်းလဲစေမယ့်အရာတွေကို လုပ်ကြတော့တာပေါ့။၃ လပြည့်လို့ ပြန်တွေ့ကြတဲ့အခါ သူတို့ ၅ ယောက်က ခရီးတစ်ခုထွက်ကြပါတယ်။ ဂျာဗားရဲ့ အမြင့်ဆုံးတောင်ထိပ်ဖြစ်တဲ့ မဟာမယ်ရူတောင်ကို တက်ကြတာပေါ့။ ဒီတောင်တက်ခရီးက ဘယ်လောက်တောင် ခက်ခဲကြမ်းတမ်းပြီးတော့ သူငယ်ချင်း ...
movie
5 cm (2012)