Channel Myanmar

Rajpal Yadav

Aan: Men at Work (2004) 5.7
Aan: Men at Work (2004) Aan: Men at Work (2004) Action, Crime, Drama IMDb 5.7/10 (3.2K)အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ၂၀၀၀ခုနှစ်အလွန်လောက်က ဇာတ်ကားလေးတစ်ကားဖြစ်တဲ့ မှုခင်းကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ဒီဇာတ်ကားလေးမှာ နာမည်ကြီးမင်းသားကြီးတွေဖြစ်ကြတဲ့ အရှေးကူမား..ဆူနီးရှက်တီး..အစ်ရဖန်းခန်း..ဂျက်ကီရှရော့ဖ်စတဲ့ မင်းသားကြီးတွေအပြင် မင်းသမီး ရဗီနားတန်ဒန်နဲ့ လာရာဒက်သားတို့က အဓိကပါဝင်သရုပ်ဆောင်ပေးထားကြပါတယ်။ တခြားသော နာမည်ကြီးဇာတ်ပို့သရုပ်ဆောင်များစွာနဲ့လည်း အားဖြည့်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် လူမှန် မြို့ပြင်ထွက်နေ ဆိုသလို ပူနေးမြို့ကနေ မွန်ဘိုင်းမြို့ကို အရာရှိတစ်ယောက်ဟာ နယ်ပြောင်းတာဝန်ကျလာခဲ့ပါတယ်။ရာထူးတိုးတယ်ဆိုတဲ့ခေါင်းစဉ်နဲ့ပေါ့။ သူ ရောက်လာတဲ့ မွန်ဘိုင်းမြို့ရဲ့အခြေအနေဟာလည်း တစ်မြို့လုံးကို လူမိုက်ဂိုဏ်းအသီးသီးက အုပ်စိုးကျက်စားနေသလို နိုင်ငံရေးသမားတွေ စီးပွားရေးသမားတွေဟာလည်း လူမိုက်တွေနဲ့ပေါင်းပြီး မတရားစွာ ကြီးစိုးနေခဲ့ကြပါတယ်။အင်အားကြီးသူက အနိုင်စတတ်စမြဲ ဒီလောကကြီးမှာ ရဲတွေဟာလည်း ကျီးလန့်စာ စားနေခဲ့ရပါတယ်။ နာမည်သာရှိပေမယ့် စနစ်ဆိုးကြီးကြောင့် လက်ပြန်ကြိုးတုပ်ခံထားရတဲ့ လုပ်ပိုင်ခွင့်နဲ့ ရှေ့လည်းမတိုးသာ နောက်လည်းမဆုတ်သာ အခြေအနေပါ။အဲ့ဒီစနစ်ကြီးကို ဒီအရာရှိနဲ့ သူ့အဖွဲ့က ပြောင်းလဲပစ်ဖို့ ကြံစည်လာတဲ့အခါ တစ်ဖက်က လူမိုက်ဂိုဏ်းအသီးအသီးဟာလည်း ဒီရဲတွေကို ရှင်းထုတ်ပစ်ဖို့ ကြံလာခဲ့ပါပြီ။ဆက်လက်ပြီး ရာဇဝတ်ဘေး ပြေးမလွတ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကိုယ်လိုချင်တဲ့ ဇာတ်သိမ်းနဲ့သွားမလား...။ငွေများတရားနိုင်ဆိုတဲ့ ဇာတ်နာနဲ့သွားမလားဆိုတာကိုတော့ ဖန်သားပြင်ထက်မှာပဲ ဆက်လက်ပြီးရှုစားပေးကြပါဦးနော်...။ File size…3GB ...
movie

Aan: Men at Work (2004)

2004
Khatta Meetha (2010) 5.8
Khatta Meetha (2010) Khatta Meetha (2010) ******************** ဒီဇာတ်ကားလေးကတော့ IMDb rating 5.8အထိရရှိထားပြီး ပရိတ်သတ်အချစ်တော် မင်းသားကြီးအက်ရှေးကုမားရ်နဲ့မင်းသမီးတရီရှာခရစ်ရှ်နန်းတို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ Romance/Comedyအမျိုးအစား ဘောလိဝုဒ် ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း ဆာချင်ဟာ ဘယ်သူတွေဘာပြောပြော ကိုယ့်အလုပ်ကိုပဲကိုယ်အာရုံစိုက်ပြီး မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ ရည်ရွည်ချက်ရှိတဲ့ ရိုးသားကြိုးစားတဲ့ ကန်ထရိုက်တာတစ်ယောက်ပါ။ သူဟာ ဘာလုပ်လုပ် တလွဲတချော်တွေချည်း ဖြစ်ကုန်တဲ့အတွက် သူ့ကို အလုပ်ကလူတွေရော သူ့ရဲ့အိမ်သားတွေကပါ တစ်ခါမှ အကောင်းမပြောကြပါဘူး။ဒီလိုနဲ့ပဲ ကိုယ့်အတွက်ပဲ ကိုယ်သိပြီး ဘဝင်မြင့်တဲ့ ဆာချင်တစ်ယောက် တစ်နေ့မှာတော့ သူ့ရဲ့ အချစ်ဦးကို ပြန်တွေ့လိုက်ရတဲ့ခါ ဘာတွေဆက်ဖြစ်မှာလဲ ...? ဆာချင်တစ်ယောက် သူလုပ်ချင်တာကိုရော အောင်မြင်အောင်လုပ်နိုင်မှာလား ...? အချစ်၊ဟာသနဲ့ အကျင့်ပျက်ချစားမှုတွေအကြောင်း စုံစုံလင်လင်ပါဝင်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပြီး ဘောလိဝုဒ်ချစ်သူများ လုံးဝလက်မလွှတ်သင့်ပါကြောင်း.... ဘာသာပြန်သူတွေကတော့ Intelligence,Soe Kalayarနဲ့ Thaik Sanတို့ပဲဖြစ်ပါတယ် File size…3.13GB  / 1.59GB Quality…1080p WEBRIP /720p Format…mp4 Duration….2h 37m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thaik San & Intelligence & Soe Kalayar
movie

Khatta Meetha (2010)

2010
Phir Hera Pheri (2006) 7.1
Phir Hera Pheri (2006) Phir Hera Pheri (2006) Comedy, Crime IMDb 7.1/10 (24K)ကဲ ဟိုတလောက CM မှာ တင်ပေးသွားတဲ့ ဟာသကားလေး Hera Pheri ကားလေးရဲ့ အဆက်လေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်...။ထုံးစံအတိုင်း ဒီကားထဲမှာလည်း မင်းသားကြီး အရှေးကူမား..ဆူနီးရှက်တီး မင်းသမီး ဗီပါရှားဘာဆူးနဲ့ ရီမီဆန်တို့ပါဝင်သရုပ်ဆောင်ထားသလို နာမည်ကျော်ဟာသသရုပ်ဆောင်များ ဖြစ်ကြတဲ့ ဂျွန်နီလီဗာ..ပရေရှ်လာဝလ်တို့လည်း ပါဝင်အားဖြည့်ပေးထားပါတယ်...။အဓိကဇာတ်ကောင်တွေကတော့ ရာဂျူး..ရှာမ် နဲ့ ဘာဘူရောင်း...။ပထမကားရဲ့အဆုံးသတ်မှာတုန်းက သူတို့ပိုက်ဆံတွေအများကြီးရသွားပြီး သူဋ္ဌေးတွေဖြစ်သွားကြတယ် ဒီကားမှာလည်း လူ့အလို နတ်မလိုက်နိုင်ဆိုသလို ပိုက်ဆံချမ်းသာသွားသော်ငြားလည်းပဲ လူသားရဲ့ မတော်လောဘက အတောမသတ်နိုင်ဘူးလေလောဘရဲ့နောက်ကို လိုက်မိရင်းနဲ့ အလိမ်ခံရပြီး သူတို့သုံးယောက်စလုံး ပြန်လည် မွဲပြာကျဆင်းရဲသွားပြန်တယ်နဂိုဗီဇကိုက အချောင်လိုချင် အချောင်ချမ်းသာချင်တော့ ဒီကားမှာလည်း မဟုတ်တဲ့ နည်းလမ်းနဲ့ သူတို့ ချမ်းသာဖို့ ကြိုးစားပါတော့တယ်...။ကဲ ဆက်လက်ပြီး ဘယ်လိုအခွီလေးတွေနဲ့ မျက်နှာဖြဲနေရမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ရှုစားတော်မူလိုက်ကြပါဦးနော်...။ File size…3.66GB / 1.67GB Quality…1080p WEBRIP / 720p Format…mp4 Duration….2h 33min Subtitle…. Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Phir Hera Pheri (2006)

Ram Gopal Varma Ki Aag (2007) 1.4
Ram Gopal Varma Ki Aag (2007) Ram Gopal Varma 2007 ------------------------ ကလည်းက ချလည်းချပြီး ဘောလိဝုဒ်ရဲ့အကျော်မော် မင်းသားနှစ်ယောက်ဖြစ်တဲ့ အမီတာဘချမ်းနဲ့ဗီဂျေးတို့ အပြိုင်ကြဲထားတဲ့ အဟောင်းထဲက ဇာတ်ကောင်းတခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားရဲ့ မင်းသားတွေဖြစ်တဲ့ ဟီရိုနဲ့ရာ့ဂ်ျတို့ဟာ လက်ရှိအလုပ်ကပြုတ်လာပြီး မွန်ဘိုင်းကိုရောက်လာခဲ့ကြပါတယ်။ဒီလိုနဲ့ရရာအလုပ်၀င်လုပ်ရင်း ဒုစရိုက်ဂိုဏ်းတစ်ခုနဲ့ ချိတ်ဆက်မိသွားတဲ့အခါမှာ သူတို့သူငယ်ချင်းနှစ်ယောက် ရဲတွေနဲ့ပူးပေါင်းပြီး လူဆိုးတွေကိုဘယ်လိုနှိမ်နှင်းသွားမလဲဆိုတာကို အသည်းတယားယားနဲ့ ကြည့်နေရမှာပါ။ ဇာတ်ကားရဲ့အဓိကဗီလိန်ဖြစ်တဲ့ ဘာ့ဘန်းရဲ့ သရုပ်ဆောင်ချက်တွေကလည်း ကိုယ်တိုင်ပါကြက်သီးထမိလောက်အောင်ကို ပီပြင်လွန်းတဲ့အပြင် မင်းသားနှစ်ယောက်ရဲ့စော်ရှိတ်ပုံတွေကလည်း နှစ်ချို့FAဂေါင်းကြီးတို့အတွက် မနာလိုလွန်းချင်စရာတွေဖြစ်နေမှာပါ။ဒီကားမှာလူသတ်တာ၊ကြမ်းတာ၊ရမ်းတာတင်မကပဲ အပြင်ဘက်မှာ ဘယ်လောက်ပဲကြမ်းတမ်းနေမှာစေ အတွင်းထဲမှာတော့ချစ်တတ်တဲ့စိတ်က လူတိုင်းမှာရှိနေပါတယ်ဆိုတာကိုပါ ရိုက်ပြသွားပါသေးတယ်။ ခေါင်းယမ်းပြီးစကားမပြောပေမယ့် ခါးယမ်းပြီး က သေးတာမို့ အိန္ဒိယကားချစ်သူတွေအတွက် အိန္ဒိယကားအရသာလည်း ခံစားနေရဦးမှာပါ။ File size…2.8GB / 1.4GB Quality…1080p WEBRIP AAC2.0CH / 720p Format…mp4 Duration….2h 51m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Haruko
movie

Ram Gopal Varma Ki Aag (2007)

2007
Taarzan: The Wonder Car (2004) 4.6
Taarzan: The Wonder Car (2004) Taarzan: The Wonder Car (2004)အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ မင်းသားကြီးအဂျေးပါဝင်သရုပ်ဆောင်ထားတဲ့ ကားလေးပဲဖြစ်ပါတယ်ရိုးသားကြိုးစားတဲ့ ကားဒီဇိုင်နာလေး ​​ဒေဗင်ကို ေမာ်တော်ကားထုတ်လုပ်ရေးလုပ်ငန်းတစ်ခုက မကောင်းကြံပြီး သတ်ပစ်လိုက်ကြတယ်အထက်အရာရှိတွေနဲ့ ညှိစားပေါင်းစား ပြီး ဒီအမှုဟာ မတော်တဆမှုအဖြစ် တစ်ခန်းရပ်သွားခဲ့တယ်...12နှစ်ကြာပြီးတဲ့နောက် ဒီလုပ်ငန်းက ပါတနာတွေ တစ်ယောက်ပြီး တစ်ယောက်အသတ်ခံရလာခဲ့ပါတော့တယ်...မျက် မြင်သက်တွေရဲ့ပြောပြချက်အရ သူတို့ကိုကားတစ်စီးက လိုက်သတ်နေပြီး မောင်းနေတဲ့သူကို သဲသဲကွဲကွဲမမြင်ရပါဘူးတဲ့...ဒါဆို ယာဥ်မောင်းမပါတဲ့ ကားတစ်စီးက လူလိုက်သတ်နေတာလား...ဒီအမှုဟာ ထင်သလို မရိုးရှင်းလာတဲ့အခါ ဘယ်လိုအဖြေရှာဖေါ်ထုတ်ကြမလဲ....တကယ့်အဖြစ်မှန်နဲ့ လှည့်ကွက်လေးတွေက ဘယ်လိုဖြစ်နေမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာ ဆက်လက်ရှုစားပေးပါ... File size…2.89GB / 1.37GB Quality…1080p WEB DL AAC2.0CH / 720p Format…mp4 Duration….2h 43m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK  Translated by T.A.Y.L.O.R  
movie

Taarzan: The Wonder Car (2004)

2004
Bhool Bhulaiyaa 2(2022) 7.0
Bhool Bhulaiyaa 2(2022) Bhool Bhulaiyaa 2(2022)အညွှန်း***************************** နံပါတ် ၁ ကတော့ ၂၀၀၇ တုန်းက ထွက်ရှိထားပြီး အဲ့ဒီဇာတ်ကားမှာတော့မင်းသားကြီးအက်ရှေးကူမားက ပါဝင်သရုပ်ဆောင်ထားပါတယ်....နံပါတ် ၁တုန်းကလည်း အောင်မြင်ခဲ့ပြီး ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်နဲ့ထိတ်လန့်စရာကောင်းခဲ့သလို ဟာသလေးတွေနဲ့ ကြည့်ကောင်းခဲ့ပါတယ်....အခု နံပါတ်၂ မှာလည်း မင်းသားကာသစ်ဟာ အက်ရှေးကူမားရဲ့ နံပါတ် ၁ ကိုအမှီလိုက်ဖို့  ကြိုးကြိုးစားစားသရုပ်ဆောင်ထားလို့ ကြည့်လို့ကောင်းခဲ့ပါတယ်....မင်းသမီးကလည်း ကီယာရာလေးဆိုတော့ ပုရိသတွေ အသည်းစွဲပါပဲ...ဒီဇာတ်ကားမှာ မင်းသမီးကြီး တဘူးက အမြွှာညီအစ်မ နှစ်ကိုယ်ခွဲနေရာကနေ သရုပ်ဆောင်ထားပါတယ်...သူမကလည်း မခေသူမို့ ဇာတ်လမ်းဇာတ်ကွက်တွေကို ပိုအရှိန်မြှင့်တင်ပေးနိုင်ခဲ့ပါတယ်...အောက်လမ်းမှော်ပညာတွေသင်ယူတတ်မြောက်ပြီး ထာကူရ်(မြေပိုင်ရှင်/တော်ဝင်)မျိုးရိုးထဲကချွေးမဖြစ်သူဟာ သူ့ရဲ့အတ္တစိတ်နဲ့ မကျွတ်မလွတ်နိုင်ဘဲ စံအိမ်ကြီးထဲမှာ ချိတ်ပိတ်ထားခံရတယ်..ဒါကို မင်းသားနဲ့ မင်းသမီးဟာ မထင်မှတ်ဘဲ သူ့ကို လွှတ်ပေးလိုက်မိပါတယ်....၁၈နှစ်ကြာလောင်ကျွမ်းနေတဲ့ လက်စားချေလိုစိတ် ဒေါသမီးတွေနဲ့ ဒီမကောင်းဆိုးဝါးမကြီးလွတ်မြောက်လာတဲ့အခါမှာတော့ ဒီတ်မိသားစုလုံးကို ဘယ်လိုလက်စားချေလာတော့မလဲ....။ဒီဇာတ်ကားမှာလည်း မထင်မှတ်ထားတဲ့ လှည့်ကွက်လေးတွေနဲ့ မြှုပ်ကွက်လေးတွေပါနေလို့ရင်တဖိုဖိုနဲ့ ကြည့်ရမယ့်အပြင် ဟာသလေးတွေပါလို့ ဖန်သားပြင်ထက် မှာအချိန်ပေးရကျိုးနပ်ပါတယ်လို့ ညွှန်းပေးလိုက်ပါတယ်..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့Taylor ပဲဖြစ်ပါတယ်..File Size ...
movie

Bhool Bhulaiyaa 2(2022)

Bhool Bhulaiyaa (2007) 7.3
Bhool Bhulaiyaa (2007) ကဲဗျာအညွန်းမလာခင် မင်းသားမင်းသမီးအရင်ပြောမယ်�Bollywood မှာလိုင်းစုံရတဲ့မင်းသား Ashay Kumar ကဟာသမင်းသားပေါ့� မင်းသမီးကတော့ Kaho Naa Pyar Hai(လက်ပွားမင်းသား ခေါင်းဆောင်မင်းသားလုပ်ခဲ့တဲ့ ပထမဦးဆုံးကား) ထဲက မင်းသမီးချောလေး Ameesha Petal လေးပေါ့…သူကတော့ဒီကားထဲမှာ အိန္ဒြေရှင်လေး.. ချစ်ဖို့စွန်းကောင်းတယ် �ဇာတ်လမ်းအကျဉ်း…နည်းနည်းပဲပြောပြမယ်… အကုန်ပြောပြရင် ကြည့်ရတာ feel မလာတော့ဘူး… ဇာတ်လမ်းလေးက ဘာသာတရားနဲ့စိတ်ပညာကိုအခြေခံထားတာပါ စိတ်ပညာဆိုအရူးလို့ထင်မှာပေါ့… ထင်နေရင်မှားမယ်…တန်ဖိုးရှိတဲ့အသိပညာဗဟုသုတတွေရမှာပါ… သရဲခြောက်တဲ့နန်းတော်ထဲမှာ စိတ်ရောဂါဝေဒနာရှင်လေးအပြင် သရဲကိုပါ ဆရာဝန်ကဘယ်လိုပညာသားပါပါ ဘာသာရေးအကူအညီလေးနဲ့ကုသွားမယ်ဆိုတာ သိချင်စိတ်တပြင်းပြင်းနဲ့ကြည့်ရှုရမှာပါ… အစပိုင်းမှာလည်းဟာသလေးတွေနဲ့ပါ… ဇာတ်လမ်းတစ်ဝက်ဆို သိတဲ့အတိုင်း climax ရောက်ပြီ… �Ashay Kumar ရဲ့ပညာသားပါပါဟာသနှောပြီးရိုက်ထားတာ ဘယ်လောက်ကောင်းလဲတွေ့ရမှာပါ. သီချင်းကောင်းလေးတွေကိုလည်း ဘာသာပြန်ပေးထားပါတယ် …လုံးဝဂန္တဝင်ပါပဲ.. �ဟာသကြိုက်တဲ့သူ အသည်းနုတဲ့သူ(ကြည့်နေရင်းသရဲကိုသနားလို့ငိုပါငိုစေရမယ်) စိတ်ပညာကိုအထင်သေးတဲ့သူတွေအတွက်ကတော့ Must See ပါ.. ဒီလောက်ပါပဲ…ကျန်တာကိုတော့ဇာတ်လမ်းထဲမှာခံစားပါ (ဘာသာပြန်သူကတော့ Khant Shwe Thaik ပါ)File Size : 0.99 GB Quality : Bluray 720p Running Time : 2hr 39minutes Format : Mp4 Genre : Comedy, Horror, Mystery Translator : Khant Shwe Thaik Encoder :Thanhtike Zaw
movie

Bhool Bhulaiyaa (2007)

Paheli (2005) 6.7
Paheli (2005) Paheli (သို့မဟုတ် ) ပဟေဠိဆန်တဲ့ ချစ်ခြင်း °°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°° တစ်ခါတလေ မိန်းကလေးများ အိပ်မက်ဆန်ဆန် တွေးဖူးကြပါသလား။ နတ်သားလေး နတ်သက်ကြွေပြီး ကိုယ့်ဆီ လှမ်းလာခဲ့တယ် လို့ပေါ့။ ဒါမှမဟုတ် တစ္ဆေတစ်ကောင် က ကိုယ့်ကို ချစ်တယ်လို့ ကော တွေးခဲ့ဖူးပါသလား။ ဒါပေမဲ့ ဒီမေးခွန်းဟာ အူကြောင်ကြောင် နိုင်လွန်းပါတယ်။ဒီကားလေး ကို မညွှန်းခင်မှာတော့ ယုတ္တိ တန်သည် မတန်သည် ဝိ၀ါဒတွေ ချန်ထားခဲ့ဖို့လိုပါတယ်။ တကယ်တော့ ဒီကားလေးမှာ တစ္ဆေတစ်ကောင် ရဲ့ အချစ်ဇာတ်လမ်းကို ရိုက်ကူးထားတာမို့ပါ။ဇာတ်လမ်းအစမှာဖြင့် ကုန်သည်လေး ကီရှန်နဲ့ အလွန်လှတဲ့ လက်ရ်ှချီ တို့ လက်ထပ်ပုံနဲ့ စတင်တင်ဆက်ခဲ့ပါတယ်။ ကီရှန်က ဖခင်ရဲ့အမိန့်အောက်ရိုကျိုးရတဲ့သားငယ် တစ်ယောက်။ လက်ရ်ှချီ ကလည်း မိသားစုရဲ့သဘောအတိုင်း အမြဲခေါင်းငြိမ့်ခဲ့တဲ့ သမီးတစ်ယောက်။ ဒီလိုနဲ့ ကီရှန်ဟာ သတို့သမီးလောင်းကို ခေါ်ပြီး အိမ်ကို ပြန်လာခဲ့ပါတယ်။ နေကလည်း ပြင်းသထက်ပြင်းတာမို့ အချို့နေရာတွေမှာ ...
movie

Paheli (2005)

Company (2002) 8
Company (2002) Company (2002) ဇာတ်လမ်းအညွှန်း*****************************ဒီကားလေးကတော့ ဘောလီးဝုဒ်နာမည်ကျော် ရုပ်ရှင်စတားတွေကိုယ်တိုင် ပါဝင်ရိုက်ကူးထားတဲ့ မှုခင်းအက်ရှင် ဇာတ်ကားကောင်းလေး တစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဈေးလမ်းထဲက သာမန်လူမိုက်တွေဖြစ်နေပေမဲ့ ရည်မှန်းချက်ကြီးတဲ့ ချန်ဒူ တို့အဖွဲ့ဟာ မွန်ဘိုင်းမြို့ရဲ့ အကြီးဆုံးဂိုဏ်းတစ်ခုရဲ့ ခေါင်းဆောင်ဖြစ်တဲ့ မာလစ်ခ်ဘာဟီ ဆီမှာ အလုပ်လုပ်ဖို့ရောက်လာခဲ့ပါတယ်။ နှစ်ပေါင်းများစွာ ဂိုဏ်းစတားတစ်ယောက်လုပ်လာတဲ့ မာလစ်ခ် ကလည်း အလုပ်လုပ်ရာမှာ စေ့စပ်တိကျပြီး ရဲစွမ်းသတ္တိအပြည့်ရှိတဲ့ ချန်ဒူ ကိုတခြားသူတွေထက် မျက်နှာသာပေးရင်း တဖြည်းဖြည်းညီအစ်ကိုရင်းချာပမာ ဖြစ်လာခဲ့ကြပါတယ်။နဂိုကမှ ဂုဏ်သတင်းကြီးလှတဲ့ မာလစ်ခ်တို့ဂိုဏ်းမှာ ချန်ဒူလို အရည်ချင်းရှိတဲ့ သစ္စာခံတစ်ယောက်ရောက်လာတဲ့အခါ ကျားကိုတောင်ပံတပ်ပေးလိုက်သလို တစ်နယ်လုံးမှာ ပြိုင်စံရှားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်လာပါတော့တယ်။ မာလစ်နဲ့ချန်ဒူ မွန်ဘိုင်းဒုစရိုက်လောကမှာ အတိုက်အခိုက်တွေကိုဖြေရှင်းနေချိန် တစ်ဖက်မှာလည်း ဘရိန်းကောင်းလွန်းပြီး သူတာဝန်ကျတဲ့နေရာတိုင်းမှာ ရာဇဝတ်မှုဖြစ်ပွားနှုန်းတွေကျကုန်တယ်လို့ နာမည်ကျော်လှတဲ့ရဲမှူးကြီးဟာ မွန်ဘိုင်းကိုရောက်လာပြီး မာလစ်ခ် တို့ကို ထောင်ထဲထည့်ဖို့ ကြိုးစားပါတော့တယ်။ ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ကျောရိုးတည်ထားပြီး နာမည်ကြီးသရုပ်ဆောင်တွေ ပါဝင်ထားတဲ့အတွက် ကြည့်ရှုခံစားနိုင်စေဖို့ တင်ဆက်ပေးလိုက်ရပါတယ် (ဇာတ်လမ်းအညွှန်းနှင့် ဘာသာပြန်သူကတော့ Thar Htet ပဲဖြစ်ပါတယ်) File ...
movie

Company (2002)

Billu(2009) 6.3
Billu(2009) Billu (2009)ဒိဇာတ်ကားလေးကတော့ IMDb rating 6.2အထိရရှိထားပြီး ရှာရွတ်ခန်းနဲ့ အီရ်ဖာန်းခန်းတို့ရဲ့ Musical/Dramaအမျိုးအစား ဘောလိဝုဒ်ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း*********************အရမ်းနာမည်ကြီး မင်းသားတစ်ယောက်ဖြစ်တဲ့ ရှာဟိရ်ခန်း(ရှာရွတ်ခန်း)ဟာရွာလေးတစ်ရွာမှာ ရုပ်ရှင်ရိုက်ချင်တဲ့ စိတ်ကူးကို အကောင်အထည်ဖော်တဲ့အချိန်မှာအဲ့ဒီရွာမှာရှိတဲ့ အဆင်းရဲဆုံး ဆံသဆရာ ဘိလ္လူး(အီဖာရ်န်းခန်း) နဲ့သူငယ်ချင်းတွေဖြစ်တယ်ဆိုတဲ့ ကောလဟာကတဆင့် သူတို့ရဲ့လူနေမှုဘ၀ကိုပါရိုက်ခတ်မှုတွေကြုံလာရပါတော့တယ်။ တကယ်ပဲ သူတို့ကြားမှာ ဆက်နွယ်မှုတွေများ ရှိမလား။ရုပ်ရှင်လာရိုက်ကြတဲ့အခါ ဘာတွေများ ဆက်ဖြစ်ကြမလဲဆိုတာတော့ ရုပ်ရှင်ထဲမှာဆက်လက်စီးမျောကြပါ။ Legendary ခန်း နှစ်ယောက်ဖြစ်ပြီး Musical/Dramaအမျိုးအစားမို့လို့ ဘောလိဝုဒ် ပရိတ်သတ်တွေ လက်မလွှတ်သင့်ပါကြောင်းအညွှန်းနဲ့ဘာသာပြန်တွေကတော့ Sai Thurein Lynn, Thaik San နဲ့ Lwin Htoo Aung တို့ပဲ ဖြစ်ပါတယ်။My response File size…2.21GB /  1.2GB Quality…1080p Blu Ray HEVC AAC 5.1CH Format…Mp4 Duration….2h 17mins Subtitle….Myannmar Subtitle (Hard  Sub) Encoder….YK Translated by ...
movie

Billu(2009)

2021
HEVC 1080p BluRay
Bhoot Police(2021) 6.5
Bhoot Police(2021) Bhoot Police(2021)အညွှန်း***********************နာမည်ကြီးသရုပ်ဆောင်များစွာဖြစ်တဲ့Saif Ali Khan,Jacqueline Fernandez , Yami Gautam တို့ပါဝင်တဲ့Comedy , Horror ကားကြီးလာပါပြီဗျား.... ဗီဘိုဟီနဲ့ ချီရန်ဂျီတို့ဟာ သူ့အဖေအမွေပေးခဲ့တဲ့ တန်တရာအတတ်နဲ့ ကောင်းတဲ့နေရာမှာအသုံးမချဘဲ လူတွေကိုနှစ်ပေါက်တစ်ပေါက်ရိုက်ကာလိမ်စားနေကြပါတယ်။ တစ်နေ့မှာတော့ တောင်ကုန်းပေါ်က ရွာလေးတစ်ရွာမှာနေတဲ့ မာယာဆိုတဲ့ကောင်မလေးတစ်ယောက် ရောက်လာပြီး သူတို့နှစ်ယောက်ရဲ့အဖေ အူလ(တ်) ဘာဘာနဲ့ တွေ့ချင်တယ်လို့ ပြောပါတယ်။ အူလ(တ်) ဘာဘာနဲ့ ဘာကြောင့်တွေ့ချင်ရသလဲမေးတဲ့အခါမှာတော့မာယာတို့ရွာမှာ အရင်က သရဲတစ်ကောင် သောင်းကျန်းဖူးကြောင်း အဲဒီသရဲကို အူလ(တ်) ဘာဘာက နှင်ထုတ်ပေးခဲ့တဲ့အတွက်ထွက်ပြေးသွားကြောင်း အခုတစ်ခါလည်း အဲဒီသရဲ သောင်းကျန်းနေလို့ဘာဘာကိုလာပင့်တာဖြစ်ကြောင်း သိလိုက်ရပါတယ်။ အူလ(တ်) ဘာဘာမရှိတော့ပေမဲ့ လူတွေဆီကသရဲအကြောင်းပြပြီးလိမ်စားနေကြတဲ့ သူ့ရဲ့သားတွေက သရဲအလကားနှင်ပေးမယ်ဆိုပြီး မာယာနဲ့လိုက်လာပါတယ်။ အဲ့ဒီနောက်မှာတော့.....ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့...... ဘာသာပြန်သူတွေကတော့ Thaik Sanနဲ့ Nyi Koeဖြစ်ပါတယ်။ File Size : (2.4GB)(1.2GB) and 499MB Quality : WEB-DL 720p Format…mp4 Duration…02:08:00 Genre : Comedy , Horror Subtitle : ...
movie

Bhoot Police(2021)

Hungama 2 (2021) 4.8
Hungama 2 (2021) Disney+Hotstar က ဖြန့်ချိတဲ့ အသစ်စက်စက် Bollywood ရုပ်ရှင်ဇာတ်ကားလေးကို တင်ဆက်လိုက်ပါတယ်...ဒီဇာတ်ကားက ၂၀၀၃ ခုနှစ်က နာမည်ကျော်ကြားလူကြိုက်များခဲ့တဲ့ Hungama ဇာတ်ကားရဲ့ Sequel အနေနဲ့ထွက်ရှိလာတာပါ...ဇာတ်လမ်းကတော့.....သူဌေးကြီး မစ္စတာဘဂျာဂျ်နဲ့ အငြိမ်းစားထောင်မှူးမစ္စတာကပူရ်တို့က အရမ်းကိုခင်မင်ကြတဲ့သူငယ်ချင်းတွေဖြစ်ကြပြီးသူတို့သားသမီးတွေကို လက်ထပ်ပေးဖို့အထိပါ စီစဉ်ထားကြတဲ့သူတွေဖြစ်ပါတယ်...မစ္စတာကပူရ်ရဲ့သားဖြစ်သူ အာကာရှ်ဟာ ကုမ္ပဏီဝန်ထမ်းတစ်ယောက်ဖြစ်ပြီးတူတွေတူမတွေနဲ့ ဘဝကိုပေါ့ပေါ့ပါးပါး အေးအေးဆေးဆေး ဖြတ်သန်းနေသူတစ်ယောက်ပါ...ဒါပေမယ့် အေးဆေးနေရမယ့်ရက်တွေ ကုန်ဆုံးသွားချိန်ကတော့ သူ့ရဲ့ငယ်ရည်းစားဆိုသူက သူ့ရဲ့ကလေးဆိုသူကိုရင်ခွင်ပိုက်လို့ အိမ်ကိုရောက်ချလာတဲ့အချိန်ပါပဲ...ငယ်တုန်းကရှုပ်ထားတဲ့ ရည်းစားရဲ့ ကလေးက သူ့ကလေးအစစ်အမှန်လား....နှစ်ဖက်မိဘသဘောတူထားတဲ့ ဂုဏ်သိက္ခာအိမ်ထောင်ရေးကိုရော ဘယ်လိုရှေ့ဆက်ရမလဲဆိုတာ...ဟာသအသောလေးတွေနဲ့ ခပ်သွက်သွက်တင်ဆက်ထားတဲ့ အချစ်ဟာသဇာတ်လမ်လေးပါ။ရုပ်ရှင်ရုံတွေမှာ မိသားစုလိုက် အပန်းဖြေကြည့်ရှုရမယ့် ဇာတ်လမ်းမျိုးဖြစ်ပြီးစိတ်ညစ်စရာများလှတဲ့ ခုကာလမှာ ခဏတာဖြစ်ဖြစ် အပန်းဖြေဖို့ လက်လွတ်မခံသင့်တဲ့ဇာတ်ကားပါ။  File size…(2.6 GB) / (1.3 GB) / (700 MB) Quality…WEB-DL 1080p /720p/ 360p Format…mp4 Duration….02:36:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by May Zin ...
movie

Hungama 2 (2021)

Hello Charlie (2021) 5.6
Hello Charlie (2021) "ဘာမှမလုပ်တဲ့လူက မလုပ်ရင်လည်းမလုပ်ဘူး လုပ်ပြီဟေ့ဆိုရင်လည်း အချီကြီးမှ"ဒီဇာတ်ကားလေးကတော့ ဟာသဇာတ်မြူးကားလေး..ချာလီဆိုတဲ့ကောင်လေးဟာ အဖေ့အကြွေးကို ဆပ်ဖို့ဆိုပြီး မြို့တက်အလုပ်လာရှာတဲ့ကောင်လေးပေါ့ဗျာ..ဘာလုပ်လုပ်တလွဲလုပ်တတ်လွန်းလို့ အလုပ်တိုင်းကနေ အထုတ်ခံရတယ်..ဦးလေးဖြစ်သူအိမ်မှာ ကပ်နေတယ်ဦးလေးက ကုန်ကားမောင်းတယ်ဆိုပါတော့..တစ်ရက်ဦးလေးက ရွာကပွဲလေးတစ်ခုကို သွားတက်ရင်း အိမ်မှာတစ်ယောက်တည်း ကျန်ခဲ့တဲ့ ချာလီအဖို့ မက်လောက်စရာအလုပ်တစ်ခုရောက်လာခဲ့ပါတယ်..ဘာလုပ်လုပ်တလွဲဖြစ်နေတဲ့ ကိုယ့်အတွက် အပ်လာတဲ့အလုပ်ကလည်း ဦးလေးမသိအောင် ခိုးလုပ်ရမှာဖြစ်တဲ့အတွက် သိုသိုသိပ်သိပ်လုပ်ရင်းနဲ့မှ အရှုပ်ထုပ်တွေနဲ့ တိုင်ပတ်လာတဲ့အခါတော့... ချာလီတစ်ယောက် ဘယ်လိုတွေနှစ်ပါးသွားကမလဲဆိုတာ....။မင်းသမီးလေးလဲ အလန်းလေးမို့ ပေါ့ပေါ့ပါးပါးပျော်ပျော်ရွှင်ရွှင်ကြည့်ရှုဖို့ သင့်တော်တဲ့ဇာတ်ကားလေးပါ။  File size…(1.7 GB) / (999 MB) / (500 MB) Quality…WEB-DL 1080p /720p/ 480p Format…mp4 Duration….01:42:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Thuya
movie

Hello Charlie (2021)

Coolie No. 1(2020)
Coolie No. 1(2020) Coolie No. 1 (2020)အညွှန်း *************************ရာဂျုးကူလီက ငယ်ငယ်တုန်းက မမျှော်လင့်ပဲ သူ့အမေနဲ့ ရထားဘူတာတစ်ခုမှာ ရှင်ကွဲကွဲသွားခဲ့ပါတယ်။ဘူတာက လူတစ်ယောက်က သူ့ကို ကူလီထမ်းပြီး ဘဝကို ပျော်ပျှော်ရွှင်ရွှင်နဲ့ ရှေ့ဆက်ဖို့ သင်ကြားပေးခဲ့သတဲ့။ဒီလိုနဲ့ သူကြီးလာတော့ ဘူတာမှာ လူတကာရဲ့ အထုပ်တွေကိုသယ်ရင်း အလုပ်လည်းကြိုးစားသလို ဉီးဆောင်နိုင်စွမ်းလည်းရှိလေတော့ရာဂျုးကူလီ နံပါတ် ၁ ဆိုပြီး နာမည်ကြီးနေပါတော့တယ်။ မစ္စတာရိုဇာရီယိုဆိုတဲ့ လောဘကြီးသူဋ္ဌေးရဲ့ အိမ်ကိုလည်း ပုဏ္ဏားတစ်ယောက်ကမင်္ဂလာကိစ္စကမ်းလှမ်းဖို့ သားရှင်မိသားစုနဲ့အတူ ရောက်လာတယ်။ ရိုဇာရီယိုက "အစားအသောက်ပစ္စည်းဝယ်ရင်တောင် လေယာဉ်နဲ့ထွက်ဝယ်တဲ့သူမျိုး၊နိုင်ငံတစ်နိုင်ငံက ပိုက်ဆံလိုရင်တောင် သူ့အရှေ့လက်လာဖြန့်ရမယ့်သူမျိုးကိုပဲ သားမက်တော်နိုင်မယ်"လို့လေလုံးထွားလိုက်ပါတယ်။ပုဏ္ဏားကြီးဟာ သူ့သက်တမ်းတစ်လျှောက် ဒီလိုမျိုးမကြုံဘူးတော့အရမ်းရှက်သွားတယ်...ဒါ့ကြောင့် ဘဝင်လေဟပ်နေတဲ့မိသားစုကို လက်စားချေဖို့ လွန်စွာမှာ နိမ့်ကျတယ်လို့ယူဆတဲ့ ရာဂျူးကူလီနံပါတ် ၁ ကို အကူအညီတောင်းပြီး ရွှေဇွန်းကိုက်တဲ့သမီးတော်ကို ရဖို့ကြိုးစားပါတော့တယ်...ကူလီသမားကို သူဌေးကြီးပုံစံဖြစ်အောင် ပုဏ္ဏားကြီးဘယ်လိုကြိုးစားမလဲ...သူတို့ဘယ်လိုအကွက်ချကြမလဲ..အောင်မြင်နိုင်ပါ့မလား....ဆိုတာကိုတော့... တော်တော်လေး ရယ်ရတဲ့ ဇာတ်ကားဖြစ်လို့ Comedyကားကြိုက်သူများ လက်မလွှတ်သင့်ပါကြောင်း .... ဘာသာပြန်သူကတော့ Thaik San ပဲ ဖြစ်ပါတယ်....File Size ...
movie

Coolie No. 1(2020)

HEVC 1080p 5.1
Judwaa 2 (2017) 4.1
Judwaa 2 (2017) လန်ဒန်မှာ ကြီးပြင်းတဲ့ ပရမ်ကတော့ ခပ်အေးအေးနဲ့ရိုးအတဲ့အတွက် သူများနှိပ်စက်ခံဖြစ်ပေ မယ့်လို့ မွမ်ဘိုင်းက ရာဂျာကတော့ ရန်ဖြစ်သတ်ပုတ်တဲ့နေရာမှာ ဆရာကျတဲ့ဖိုက်တာ တစ်ယောက် ပါ။ ဒီလိုနဲ့ တစ်ရက်မှာတော့ရာဂျာတစ်ယောက် လန်ဒန်ကို သွားဖို့ ဖြစ်လာခဲ့ပြီး မွမ်ဘိုင်းမှာနေ နေကျ ဆံပင်အရှည်ပုံစံမဟုတ်ဘဲ ဆံပင်တွေ ဘာတွေသပြီးသွား တာမို့ ပရမ်နဲ့ပိုလို့တောင်တူပါ တယ်။တစ်ရက်မှာတော့ ညီအစ်ကိုနှစ်ယောက် ထိပ်တိုက်ဆုံမိခဲ့ကြ ပြီး အမြွှာညီအစ်ကိုမှန်းသိသွားခဲ့ ကြပါတယ်။ နှစ်ယောက်တွေ့ပြီး နောက်မှာ ထူးခြားတာတစ်ခုက တစ်ယောက်ယောက်ထိခိုက်ဒဏ် ရာရရင်ပဲဖြစ်ဖြစ်၊ တစ်ခုခုဖြစ် ရင်နောက်တစ်ယောက်မှာအတူတူ လာပြီးဖြစ်တာလည်း ရယ်မောရ စေမှာပါ။ပရမ်နဲ့ ရာဂျာကို လူတွေမှားကြတဲ့ ဇာတ်ကွက်တွေထဲမှာ အရယ်ရဆုံးကတော့ အမြွှာနှစ် ယောက်ရဲ့ ချစ်သူတွေ လူမှားကြတာပါ။ ဘောလိဝုဒ်ဇာတ်ကား တွေရဲ့ ထုံးစံအတိုင်း မြူးမြူးကြွကြွအကတွေနဲ့ ကြည်နူးစရာဇာတ် ကွက်လေးတွေကိုလည်း အကြိုက်တွေ့ကြမှာပါ။အမြွှာညီအစ်ကိုနှစ်ယောက် ပြန်ဆုံပြီးနောက်မှာတော့ မိသားစု ကို အန္တရာယ်ပေးမယ့်သူတွေကို အတူရင်ဆိုင်ကြတာကိုလည်း ...
movie

Judwaa 2 (2017)

2017